သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ဗီယက္နမ္၀န္ႀကီးခ်ဳပ္ ျမန္မာခရီးစဥ္ စတင္


ဗီယက္နမ္၀န္ႀကီးခ်ဳပ္ ျမန္မာျပည္ေရာက္ရွိ (MOI)

(Zawgyi/Unicode)

ဗီယက္နမ္၀န္ႀကီးခ်ဳပ္ Nguyen Xuan Phuc ဦးေဆာင္တဲ့ အဆင့္ျမင့္ကုိယ္စားလွယ္အဖြဲ႔ဟာ ျမန္မာႏုိင္ငံမွာ ၃ ရက္ၾကာ တရား၀င္ လည္ပတ္ဖုိ႔အတြက္ မေန႔ ဒီဇင္ဘာ ၁၆ ရက္ေန႔က ေနျပည္ေတာ္ကုိ ေရာက္ရွိသြားပါၿပီ။ ဗီယက္နမ္၀န္ႀကီးခ်ဳပ္ရဲ႕ ဒီဇင္ဘာ ၁၆ ကေန ၁၈ ရက္ေန႔အထိ ခရီးစဥ္အတြင္း ႏုိင္ငံေတာ္သမၼတ ဦး၀င္းျမင့္၊ ႏုိင္ငံေတာ္အတုိင္ပင္ခံပုဂၢဳိလ္ ေဒၚေအာင္ဆန္းစုၾကည္ တုိ႔အျပင္ လႊတ္ေတာ္ေခါင္းေဆာင္ေတြနဲ႔လည္း ေတြ႔ဆုံဖုိ႔ ရွိပါတယ္။

ခရီးစဥ္အတြင္း ဗီယက္နမ္နဲ႔ ျမန္မာအၾကား ၂၀၁၉ ခုႏွစ္ကေန ၂၀၂၄ ခုႏွစ္အထိ ၅ ႏွစ္တာ ပူးေပါင္းေဆာင္ရြက္ေရးဆုိင္ရာ သေဘာတူ စာခ်ဳပ္ကုိ လက္မွတ္ေရးထုိးဖုိ႔ရွိေၾကာင္း ဗီယက္နမ္သတင္းေတြမွာ ေဖာ္ျပထားပါတယ္။ ျမန္မာဟာ က႑စုံမွာ ဘက္စုံ ပူးေပါင္း ေဆာင္ရြက္ေရးဆုိင္ရာ အေရးပါတဲ့ႏုိင္ငံတခုအျဖစ္ ဗီယက္နမ္ဘက္က တုိးျမင့္ သတ္မွတ္သြားဖုိ႔ ရည္ရြယ္ထားတာ ျဖစ္ပါတယ္။

ဗီယက္နမ္နဲ႔ ျမန္မာအၾကား ဘက္စုံပူးေပါင္းေဆာင္ရြက္မယ့္ႏုိင္ငံေတြအျဖစ္ ၂၀၁၇ ခုႏွစ္မွာ တုိးျမင့္ သတ္မွတ္လုိက္ၿပီးတဲ့ေနာက္ပုိင္း ႏွစ္ႏုိင္ငံ ဆက္ဆံေရးရဲ႕ က႑အသီးသီးမွာ တုိးတက္မႈေတြ သိသိသာသာရွိလာခဲ့တယ္လုိ႔ ဆုိပါတယ္။ အစုိးရ ၂ ခုအၾကား ပူးေပါင္းေဆာင္ရြက္မႈေတြ အားေကာင္းေနသလုိဘဲ ႏွစ္ႏုိင္ငံ ျပည္သူေတြအၾကားမွာလည္း ဆက္ဆံေရးေတြ တုိးျမင့္ ေကာင္းမြန္လာခဲ့တာမွာ ၂၀၁၆ ခုႏွစ္ကထက္ႏုိင္းယွဥ္လုိက္ရင္ ျမန္မာႏုိင္ငံမွာ ဗီယက္နမ္က ရင္းႏွီးျမွဳပ္ႏွံမႈေတြဟာ ၂ ဆတုိးၿပီး လုပ္ငန္းက႑ေပါင္း ၂၀၀ အထိ ရွိလာတယ္လုိ႔ ဆုိပါတယ္။

ဗီယက္နမ္က ျမန္မာႏုိင္ငံမွာ ရင္းႏွီးျမွဳပ္ႏွံထားတဲ့ သိသာထင္ရွားတဲ့ လုပ္ငန္းတခုကေတာ့ တယ္လီကြန္ျမဴနီေကးရွင္း ျဖစ္ပါတယ္။ ျမန္မာႏုိင္ငံမွာ မႏွစ္ကစတင္ ဖြင့္လွစ္လုိက္တဲ့ Mytel ကုမၸဏီမွာ ဗီယက္နမ္ကာကြယ္ေရး၀န္ဌာနက ပုိင္ဆုိင္တဲ့ Viettel ကုမၸဏီက ၄၉% ရင္ႏွီးျမဳပ္ႏွံထားပါတယ္။ Mytel မွာ ျမန္မာစစ္တပ္ ဦးပုိင္စီးပြားေရးကုမၸဏီ လက္ေအာက္ခံ Star High ကုမၸဏီက ၂၈% ပုိင္ဆုိင္ၿပီး၊ က်န္ ၂၃% ကေတာ့ ျမန္မာစီးပြားေရးကုမၸဏီ ၁၁ ခုနဲ႔ စုဖြဲ႔ထားတဲ့ ျမန္မာအမ်ဳိးသား တယ္လီကြန္ ဦးပုိင္ကုမၸဏီက ပုိင္ဆုိင္ပါတယ္။

ဒ့ါအျပင္ ႏွစ္ႏုိင္ငံအၾကား ကမၻာလွည့္ခရီးသြားလုပ္ငန္းဟာလည္း အခုေနာက္ပုိင္းမွာ သိသိသာသာ တုိးတက္လာေနတာမွာ ျမန္မာႏုိ္င္ငံက ခရီးသြားေတြအၾကား ဗီယက္နမ္ကုိ သြားလည္တာ အေတာ္ေလး ေရပန္းစားေနပါတယ္။

ဗီယက္နမ္၀န္ႀကီးခ်ဳပ္ ျမန္မာခရီးစဥ္ စတင္
please wait

No media source currently available

0:00 0:01:10 0:00
တိုက္႐ိုက္ လင့္ခ္


.................

ဗီယက်နမ်ဝန်ကြီးချုပ် မြန်မာခရီးစဉ်စတင်

(Unicode)

ဗီယက်နမ်ဝန်ကြီးချုပ် Nguyen Xuan Phuc ဦးဆောင်တဲ့ အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ဟာ မြန်မာနိုင်ငံမှာ ၃ ရက်ကြာ တရားဝင် လည်ပတ်ဖို့အတွက် မနေ့ ဒီဇင်ဘာ ၁၆ ရက်နေ့က နေပြည်တော်ကို ရောက်ရှိသွားပါပြီ။ ဗီယက်နမ်ဝန်ကြီးချုပ်ရဲ့ ဒီဇင်ဘာ ၁၆ ကနေ ၁၈ ရက်နေ့အထိ ခရီးစဉ်အတွင်း နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တို့အပြင် လွှတ်တော်ခေါင်းဆောင်တွေနဲ့လည်း တွေ့ဆုံဖို့ ရှိပါတယ်။

ခရီးစဉ်အတွင်း ဗီယက်နမ်နဲ့ မြန်မာအကြား ၂၀၁၉ ခုနှစ်ကနေ ၂၀၂၄ ခုနှစ်အထိ ၅ နှစ်တာ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ သဘောတူ စာချုပ်ကို လက်မှတ်ရေးထိုးဖို့ရှိကြောင်း ဗီယက်နမ်သတင်းတွေမှာ ဖော်ပြထားပါတယ်။ မြန်မာဟာ ကဏ္ဍစုံမှာ ဘက်စုံ ပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ အရေးပါတဲ့နိုင်ငံတခုအဖြစ် ဗီယက်နမ်ဘက်က တိုးမြင့် သတ်မှတ်သွားဖို့ ရည်ရွယ်ထားတာ ဖြစ်ပါတယ်။

ဗီယက်နမ်နဲ့ မြန်မာအကြား ဘက်စုံပူးပေါင်းဆောင်ရွက်မယ့်နိုင်ငံတွေအဖြစ် ၂၀၁၇ ခုနှစ်မှာ တိုးမြင့် သတ်မှတ်လိုက်ပြီးတဲ့နောက်ပိုင်း နှစ်နိုင်ငံ ဆက်ဆံရေးရဲ့ ကဏ္ဍအသီးသီးမှာ တိုးတက်မှုတွေ သိသိသာသာရှိလာခဲ့တယ်လို့ ဆိုပါတယ်။ အစိုးရ ၂ ခုအကြား ပူးပေါင်းဆောင်ရွက်မှုတွေ အားကောင်းနေသလိုဘဲ နှစ်နိုင်ငံ ပြည်သူတွေအကြားမှာလည်း ဆက်ဆံရေးတွေ တိုးမြင့် ကောင်းမွန်လာခဲ့တာမှာ ၂၀၁၆ ခုနှစ်ကထက်နိုင်းယှဉ်လိုက်ရင် မြန်မာနိုင်ငံမှာ ဗီယက်နမ်က ရင်းနှီးမြုပ်နှံမှုတွေဟာ ၂ ဆတိုးပြီး လုပ်ငန်းကဏ္ဍပေါင်း ၂၀၀ အထိ ရှိလာတယ်လို့ ဆိုပါတယ်။

ဗီယက်နမ်က မြန်မာနိုင်ငံမှာ ရင်းနှီးမြုပ်နှံထားတဲ့ သိသာထင်ရှားတဲ့ လုပ်ငန်းတခုကတော့ တယ်လီကွန်မြူနီကေးရှင်းဘဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ မနှစ်ကစတင် ဖွင့်လှစ်လိုက်တဲ့ Mytel ကုမ္ပဏီမှာ ဗီယက်နမ်ကာကွယ်ရေးဝန်ဌာနက ပိုင်ဆိုင်တဲ့ Viettel ကုမ္ပဏီက ၄၉% ရင်နှီးမြုပ်နှံထားပါတယ်။ Mytel မှာ မြန်မာစစ်တပ် ဦးပိုင်စီးပွားရေးကုမ္ပဏီ လက်အောက်ခံ Star High ကုမ္ပဏီက ၂၈% ပိုင်ဆိုင်ပြီး၊ ကျန် ၂၃% ကတော့ မြန်မာစီးပွားရေးကုမ္ပဏီ ၁၁ ခုနဲ့ စုဖွဲ့ထားတဲ့ မြန်မာအမျိုးသား တယ်လီကွန် ဦးပိုင်ကုမ္ပဏီက ပိုင်ဆိုင်ပါတယ်။

ဒ့ါအပြင် နှစ်နိုင်ငံအကြား ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းဟာလည်း အခုနောက်ပိုင်းမှာ သိသိသာသာ တိုးတက်လာနေတာမှာ မြန်မာနိုင်ငံက ခရီးသွားတွေအကြား ဗီယက်နမ်ကို သွားလည်တာ အတော်လေး ရေပန်းစားနေပါတယ်။

XS
SM
MD
LG