သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာအပါအဝင် ရောင်းစားခံ သတို့သမီး ၁၀၀၀ ကျော် တရုတ်ရဲတပ်ဖွဲ့ ကယ်တင်

တရုတ်နိုင်ငံမှာ အမျိုးသားတွေနဲ့ လက်ထပ်ဖို့ ရောင်းစားခံရတဲ့ အရှေ့တောင်အာရှနိုင်ငံတွေက အမျိုးသမီး ၁,၀၀၀ ကျော်ကို ပြီးခဲ့နှစ်မှာ ကယ်တင်နိုင်ခဲ့တယ်လို့ တရုတ်အစိုးရက ဒီကနေ့ ပြောကြားလိုက်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ် ဂျူလိုင်လကနေ ဒီဇင်ဘာလအထိ မြန်မာ၊ ထိုင်း၊ Cambodia, Laos နဲ့ Vietnam နိုင်ငံတွေက ရဲတပ်ဖွဲ့တွေနဲ့ ပူးတွဲပြုလုပ်ခဲ့တဲ့ နှိမ်နှင်းမှုအတွင်း ကလေး ၁၇ ယောက်ကိုလည်း ကယ်တင်နိုင်ခဲ့ကြောင်း တရုတ်နိုင်ငံ အများပြည်သူလုံခြုံရေး ဝန်ကြီးဌာနက ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

တရုတ်အမျိုးသားတွေနဲ့ လက်ထပ်ရမယ်ဆိုပြီး အမျိုးသမီးတွေကို လိမ်ညာဖမ်းဆီး၊ ရောင်းချမှုနဲ့ နိုင်ငံခြားသား ၂၆၀ အပါအဝင် မသင်္ကာသူ ၁,၃၀၀ကျော်ကိုလည်း ဖမ်းဆီးခဲ့တယ်လို့ ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။

မကြာခင်နှစ်ပိုင်းတွေအတွင်း ပြည်တွင်းနဲ့ နိုင်ငံခြားရာဇဝတ်သားတချို့ဟာ အိမ်နီးချင်းနိုင်ငံတွေက အမျိုးသမီးတွေကို အလုပ်အကိုင်ရမယ်၊ အိမ်ထောင်ပြုရမယ်ဆိုတဲ့ ကတိအတုတွေပေးပြီး ဖြားယောင်းသွေးဆောင်ခဲ့သလို၊ တချို့ဆို ဖမ်းဆီးပြီး ရောင်းချခံရတယ်လို့ အများပြည်သူလုံခြုံရေးဝန်ကြီး Guo Lin က ပြောကြားပါတယ်။

မဲခေါင်မြစ်ဝှမ်းဒေသက ကြပ်တည်းတဲ့ အမျိုးသမီးငယ်တွေဟာ ဘဝသစ်တည်ထောင်မယ်ဆိုတဲ့ ယုံကြည်ချက်နဲ့ တရုတ်အမျိုးသားတွေနဲ့ လက်ထပ်ပေါင်းဖို့ မက်လုံးတွေကို ယုံကြည်နေကြပါတယ်။

တချို့က လိမ်ညာခံရပြီး အနိုင်ကျင့်ခံရတဲ့ အခြေအနေကြုံကြရသလို တရုတ်လူဝင်မှု ကြီးကြပ်ရေးဥပဒေတွေနဲ့ ဖမ်းဆီးခံရမှုအပြင် ပြည့်တန်ဆာလုပ်ငန်းတွေမှာ အသုံးချခံကြရပါတယ်။

မြန်မာအပါအဝင် ရောင်းစားခံ သတို့သမီး ၁၀၀၀ ကျော် တရုတ်ရဲတပ်ဖွဲ့ ကယ်တင်
please wait

No media source currently available

0:00 0:01:12 0:00
တိုက်ရိုက် လင့်ခ်

This item is part of
XS
SM
MD
LG