သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းငါးဖမ်းလှေပေါ် ရောင်းစားခံထားရသူ မြန်မာ ၁၉ ဦး ကယ်တင်နိုင်


ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ (MAT)
ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ (MAT)

ထိုင်းနဲ့ မလေးရှားနိုင်ငံနယ်စပ် ထိုင်းနိုင်ငံဘက်ခြမ်း ပတ်သနီခရိုင်ထဲက ငါးဖမ်းလှေတွေပေါ်မှာ လူကုန်ကူးသူတွေက ရောင်းစားခံ ထားရတဲ့ မြန်မာနိုင်ငံသား ၁၉ ဦးကို ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့က ထိုင်းရဲတပ်ဖွဲ့ အကူအညီနဲ့ တနင်္ဂနွေညနေ ပိုင်းမှာ သွားရောက်ကယ်ဆယ်ခဲ့ပါတယ်။ ဆက်သွယ် မေးမြန်းထားတဲ့ ဗွီအိုအေ ထိုင်းအခြေစိုက်သတင်းထောက် မအေးမာက သတင်းပေးပို့ထားပါတယ်။

မြန်မာနိုင်ငံ၊ မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်တွင်း ကျေးရွာတွေကနေ ထိုင်းနိုင်ငံမှာ အလုပ်လုပ်ဖို့သွားကြတဲ့ အသက် ၁၃ နှစ်က နေ အသက် ၃၅ နှစ်အရွယ် ရှိတဲ့ လူ ၁၉ ဦးဟာ ထားဝယ် ကော့သောင်းလမ်းကနေတဆင့် ထိုင်း-မလေးနယ်စပ် ပတ်သနီခရိုင်ထဲက ငါးဖမ်းလှေတွေပေါ်မှာ ရောင်းစားခံခဲ့ရတာပါ။
တခြားအလုပ်သွားရှာရင်း ငါးဖမ်းလှေပေါ် ဘယ်လိုရောက်သွားရတယ်ဆိုတာ အသက် ၂၁ နှစ်အရွယ် လူငယ်တဦးက ရှင်းပြပါတယ်။

“ဒီကိုလာဖို့ ကျနော်တို့ကို အိမ်အထိလာခေါ်တယ်ခင်ဗျ။ကျနော်တို့ကို ဘာအလုပ်လုပ်ရမလဲလို့ ကျနော်တို့မေးတော့ သူပြောတယ် ကျနော်တို့လုပ်ငန်းသည် စက်ရုံမှာ အလုပ်လုပ်ရမယ်တဲ့ ၁ လ ၈၅၀၀ ရမယ် စားပြီး၊သောက်ပြီးတဲ့။ နောက်ကျနော်တို့ကို ထားဝယ်အထိခေါ်လာပြီး အဲဒါကတယောက် ထားဝယ်ထိခေါ်လာပေးပြီး သူပြန်သွားတယ်ခင်ဗျ။ တည်းခိုခန်းတခုမှာထားတယ် ထားပြီးတော့ ကျနော်တို့ အဲဒီမှာတစ်ည အိပ်ရတယ်ခင်ဗျ။ နောက်မနက်မိုးလင်းတော့ လူ ၁ ယောက်လာပြောတယ် မင်းတို့တနေရာသွားဖို့အတွက် လူတယောက်လာခေါ်မယ်လို့ပြောတယ်။ ပြောတော့ အဲဒီမှာပဲစောင့်ပြီး နောက်ကားတစီးနဲ့ဆက်သွားတယ်ခင်ဗျ။ ကျနော်တို့နောက်တော့ ဒီလှေဆိပ်ကိုရောက်လာတယ်ခင်ဗျ။”

အသက် ၁၃ နှစ်အရွယ် ကလေးတဦးကတော့ မိဘက ဆင်းရဲနွမ်းပါးတဲ့အတွက် အလုပ်လုပ်ဖု့ိ လိုက်လာခဲ့ကြောင်း၊ ကျောင်း မနေဘူးတဲ့အတွက် ဒီလိုအဖြစ်မျိုး ဖြစ်လာလိမ့်မယ်ဆိုတာ မတွေးတတ်ခဲ့ကြောင်း၊ ငါးဖမ်းလှေပေါ်ကိုရောက်မှ ကြောက် စိတ်ဖြစ်မိတယ်လို့ ပြောပြပါတယ်။

“ကျနော်တို့ကို စက်ရုံမှာအလုပ်လုပ်မယ်ဆိုပြီးခေါ်လာတာ ။ အဖေကတော့ မလွှတ်ဘူး သားလိုက်လာချင်လို့ လိုက်လာတာလေ။ ဒီရောက်တော့မှ လှေနဲ့ထွက်ရမယ်ဆိုတော့ ကြောက်တာပေါ့နော်။”

ငါးဖမ်းလှေပေါ်ကို ၆ ယောက်အုပ်စုအဖြစ် ပွဲစားကခေါ်သွားတဲ့ လူငယ်တဦးကလည်းစက်ရုံအလုပ်ရမယ်ဆိုလို့ လာခဲ့ကြောင်း၊ အလုပ်အကိုင်ရှားပါးမူအဆင်မပြေမူတွေကြောင့်ထိုင်းနိုင်ငံထဲကိုထွက်ပြိးအလာလာလုပ်တာဖြစ်ကြောင်းပြောပြပါတယ်။

“ဟုတ်ကဲ့။ အားလုံးပေါင်းဆိုရင်တော့ ၁၀ ရက်ကျော်၊ ၁၁ ရက်လောက်ရှိပြီ။ ကျနော်တို့က လိုက်ကိုမလိုက်ချင်တာ လှေကို ကြောက်လည်းကြောက်တယ်လေ တခါမှလည်းမလိုက်ဖူးဘူး။

သူတိုကို သွားရောက်ကယ်ဆယ်ခဲ့တဲ့ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲက ကိုစိုင်းအေးကတော့ ထိုင်းအာဏာပိုင်တွေနဲ့ ညှိနိုှင်းရာမှာ သူတို့ကို ကယ်ဆ ယ်ရေးစခန်းမှာထားပြိး အမူရင်ဆိုင်ခိုင်းပြီး မှနေရပ်ရင်းကိုပြန်ပိုပေးမယ်လို့ပြောဆိုကြောင်း အခုလိုပြောပြပါတယ်။

“အားလုံးကျနော်တို့ အခု စာရင်းရတာကတော့ ၁၉ ယောက်ပဲရှိသေးတယ်။ နောက်ပြီးတော့ ဒီက နယ်မြေအကြီးဆုံးနဲ့ စကားပြောတဲ့အခါကျတော့ သူတို့ကို လူကုန်ကူးမှုမြောက်တယ်၊ မမြောက်ဘူးဆိုတာကို သူတို့ကိုပြန်လည်ပြီးတော့ စစ်ဆေးမယ်။ နောက်ပြီးတော့ ပွဲစားတွေကိုဖမ်းမယ်။ နောက်ပြီးတော့ ပေးခဲ့တဲ့ ကုန်ကျစားရိတ်တွေကိုပြန်လည်ပေးအပ်မယ်။ နောက်ပြီးတော့ တရားရင်ဆိုင်ဖို့အတွက်ကို သူတို့ကို စီစစ်ပေးမယ် ဆိုပြီးလုပ်နေတယ်။ ကျနော်ကတော့ သူတို့ဘက်ကနေ ရသင့်ရထိုက်တဲ့အခွင့်အရေးတွေ ရအောင်ပြန်လုပ်ပေးမယ်ဆိုရင်လည်း ကျနော်တို့ မြန်မာပြည်သားအတွက်တော့ တဘက်က နစ်နာမှုမရှိဘူးဆိုပေမယ့်လည်း တဘက်က နစ်နာမှုတွေတွေ့ရမှာလည်း ကျနော်တို့က စိုးရိမ်တာပေါ့နော်။ ကျနော်တို့လူတွေကို ကျနော်တို့ဖြစ်စေချင်တာကတော့ ကျနော်တို့လူတွေကို ကယ်ထုတ်လို့ရပြီဆိုရင် ကျနော်တို့ မြန်မာပြည်ကို ပြန်ခေါ်သွားမယ်။ ထိုင်းအထဲမှာတော့ ထားလို့မရဘူး သူတို့မှာ မှတ်ပုံတင်တွေလုပ်ထားတာမရှိတဲ့အတွက် ပတ်စပို့တွေ မရှိတဲ့အတွက် ထားလို့မရဘူးဖြစ်နေတယ်။ သူတို့ထိုင်းဥပဒေအရဆိုရင်လည်း သူတို့အနေနဲ့ မှား နေတဲ့အနေအထားမှာ ရောက်နေတယ်ဆိုတော့ မြန်မာပြည်ကိုပဲ ပြန်ပို့ဖို့ကို စဉ်းစားကြတာပေါ့နော်။”

လောလောဆယ်တော့ လှေပေါ်က ကယ်ဆယ်လာတဲ့ မြန်မာနိုင်ငံသား ၁၉ ဦး ကို ပတ်သနီ ရဲစခန်းထဲမှာပဲထားပြီး စစ်ဆေးမေးမြန်းမှု တွေဆက်လုပ်နေပါတယ်။ အခုလူ ၁၉ ဦး ကတော့ ထိန်းသိမ်းရေး စခန်းမှာထားပြီး အမူရင်ဆိုင်ရမယ့် ကာလ တလခန့်သာကြာမြင့်မယ်လို့ ထိုင်းအာဏာပိုင်တွေက
ပြောဆိုခဲ့ပြီး တလတာ ကာလမှာ တနေ့ကိုဘတ်ငွေ ၅၀ ရရှိမှာဖြစ်ပြီး အလုပ်လုပ်ချင်တယ်ဆိုရင်တနေ့ ၃၀၀ ဘတ် ရရှိမယ်လို့ဆိုပါတယ် ။
ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားအဖွဲဟာ အဖွဲအစည်းတည်ထောင်ထားတဲ့
၁၂နှစ်တာကာလအတွင်းမှာ လူကုန်ကူးခံရသူ ၈ထောင်လောက်ကိုကယ်ဆယ်နိုင်ခဲ့ပါတယ် ဒါပေမဲ့ နေရပ်ရင်းအမြန်ဆုံးပြန်ပ့ိုနိုင်ရေးသာအကောင်းဆုံးဖြစ်ပြီး
အမူရင်ဆိုင်နေတဲ့ကာလ ကြာရှည်ပြီ လူကုန်ကူးခံရသူတွေဟာ ထိမ်းသိမ်းရေးစခန်းထဲမှာနှစ်နဲချီကြာပြိးနေထိုင်ရတာမျိုးတွေမဖြစ်သင့်ဘူးလိုပြောဆိုပါတယ်

နိုင်ငံတော်အတိုင်ပင်ခံပုဂိုလ်ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၃ရက်တာထိုင်းနိုင်ငံခရီးစဉ်အတွင်းမှာတော့ ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများအဖွဲ့က မြန်မာပြည်သားတွေ သန်းနဲ့ချီအလုပ်လုပ်ကိုင်နေတဲ့ ထိုင်းနိုင်ငံတွင်းမှာလူကုန်ကူးမူ တွေဖြစ်ရင်ကာကွယ်တားဆီးနိုင်အောင်ကယ်ဆယ်မူတွေလုပ်နိုင်အောင်မြန်မာပြည်သားအများစုနေထိုင်တဲ့နေရာတွေမှာ လူကုန်ကူးမူတားဆီးရေးအတွက်တာဝန်ခံတွေထားပြီး ရုံးတွေဖွင့်လှစ်ပြီး ကူညီဆောင်ရွက်ပေးဖို့တောင်းဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG