သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

MNDAA ခေါင်းဆောင် တရုတ်နိုင်ငံမှာ ထိန်းသိမ်းခံရကြောင်း သတင်းထွက်


 MNDAA ကိုးကန့်တပ်ရဲ့ခေါင်းဆောင် ဦးဖုန်တာရွှင်
MNDAA ကိုးကန့်တပ်ရဲ့ခေါင်းဆောင် ဦးဖုန်တာရွှင်

ရှမ်းပြည်နယ်၊ လားရှိုးမြို့ကနေ ဆုတ်ခွာဖို့ ငြင်းဆန်နေတဲ့ MNDAA ကိုးကန့်တပ်ရဲ့ခေါင်းဆောင် ဦးဖုန်တာရွှင်ကို တရုတ်နိုင်ငံက ထိန်းသိမ်းထားတယ်ဆိုတဲ့ သတင်းတွေ ထွက်နေပါတယ်။
ဦးဖုန်တာရွှင်နဲ့ရော မိသားစုနဲ့ပါ ရင်းနှီးသူ တိုင်းရင်းသားခေါင်းဆောင်တဦးကတော့ ထိန်းသိမ်းခံရတယ်ဆိုတာ လတ်တလော အတည်မပြုနိုင်သေးကြောင်းနဲ့ မကြာသေးခင်အထိ အဆက်အသွယ်ရခဲ့ပြီး၊ လွတ်လွတ်လပ်လပ် စကားပြောခွင့် ရခဲ့တယ်လို့ ပြောပါတယ်။ ကျန်းမာရေးအတွက် ကူမင်းမြို့မှာ ဆေးကုသမှုခံယူနေပြီး၊ မကြာသေးခင် ရက်တွေက မိသားစုနဲ့ ဆက်သွယ် ပြောဆိုမှုတွေ ရှိခဲ့တယ်လို့လည်း ပြောပါတယ်။
တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှာ တရုတ်နိုင်ငံခြားရေးဌာန အာရှရေးရာ အထူးကိုယ်စားလှယ် မစ္စတာ တိန့်ရှီကျွင်းနဲ့ တွေ့ဆုံပြီးနောက် ထိန်းသိမ်းလိုက်တာဖြစ်ကြောင်း အတည်မပြုနိုင်တဲ့ သတင်းတွေ ထွက်ပေါ်နေပေမဲ့ တရုတ်၊ မြန်မာ အာဏာပိုင်တွေက တစုံတရာ ပြောဆိုတာတော့ မတွေ့ရသေးပါဘူး။

တချိန်တည်းမှာပဲ ထိန်းသိမ်းထားတယ်ဆိုတဲ့ သတင်းမမှန်ဘူးဆိုပြီး MNDAA ကို ကိုးကားပြီး ပြည်တွင်းသတင်းတချို့မှာလည်း ဖော်ပြနေပါတယ်။ MNDAA ကတော့ သတင်းနဲ့ ပတ်သက်လို့ တရားဝင် ထုတ်ပြန်တာတော့ မတွေ့ရသေးပါဘူး။

ပြီးခဲ့တဲ့ သြဂုတ်လက ဝခေါင်းဆောင်တွေနဲ့ တွေ့ဆုံရာမှာ၊ တရုတ်အစိုးရ အထူးကိုယ်စားလှယ် တိန့်ရှိကျွင်း က MNDAA အဖွဲ့အနေနဲ့ လားရှိုးမြို့က ဆုတ်ခွာပေးဖို့နဲ မလိုက်နာရင် အရေးယူမယ်လို့ သတိပေးခဲ့ကြောင်းသတင်းတွေလည်း ထွက်ပေါ်ခဲ့တာပါ။

Forum

XS
SM
MD
LG