သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

MNDAA တဖက်သတ် အပစ်ရပ်ကြေညာ


စစ်ကောင်စီတပ်စခန်းတွေကိုသိမ်းပိုက်ခဲ့တဲ့ MNDAA တပ်သားများ (ဇန်နဝါရီ ၆၊ ၂၀၂၄)
စစ်ကောင်စီတပ်စခန်းတွေကိုသိမ်းပိုက်ခဲ့တဲ့ MNDAA တပ်သားများ (ဇန်နဝါရီ ၆၊ ၂၀၂၄)

တရုတ်နိုင်ငံရဲ့ ကြားဝင်စေ့စပ်မှုအောက်မှာ ‌နိုင်ငံရေးအရတွေ့ဆုံဆွေးနွေးမှာဖြစ်ပြီး၊ ဒီဇင်ဘာလ ၃ ရက်နေ့ကစလို့ တဖက်သတ်အပစ်အခတ်ရပ်စဲမယ်လို့ MNDAA ကိုးကန့်တပ်က ကြေညာပါတယ်။ စစ်ကောင်စီတပ်တွေကို အစပြု တိုက်ခိုက်မှာမဟုတ်သလို၊ စစ်ကောင်စီဘက်ကလည်း ဝေဟင်နဲ့ မြေပြင်ထိုးစစ်တွေကို ရပ်စဲပေးရမယ်လို့လည်း MNDAA က တောင်းဆိုပါတယ်။ တွေ့ဆုံဆွေးနွေးမယ်ဆိုရင် အဆင်မြင့်ကိုယ်စားလှယ်အဖွဲ့ကို စေလွှတ်ပြီး နှစ်ဖက် ပဋိပက္ခအမြင်ကွဲလွဲမှုတွေကို နိုင်ငံရေးနည်းအရ ဖြေရှင်းဖို့ မျှော်လင့်ထားတယ်လို့လည်း ဆိုပါတယ်။ ဒါပေမယ့် မိမိကိုယ်ကို ခုခံကာကွယ်ခွင့်ကိုတော့ ကိုင်စွဲထားမယ်လို့ MNDAA က ထုတ်ပြန်ပါတယ်။

MNDAA ဦးဆောင်တဲ့ မြောက်ပိုင်းညီနောင်သုံးဖွဲ့ဟာ ၁၀၂၇ စစ်ဆင်ရေးနဲ့အတူ ရှမ်းပြည်မြောက်ပိုင်း မြို့အတော်များများကို ထိန်းချုပ်ထားတာပါ။ ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့ကိုလည်း MNDAA တပ်တွေ ထိန်းချုပ်ထားပြီး၊ စစ်ကောင်စီဘက်ကတော့ အဲဒီဒေသတွေကို လေကြောင်းတိုက်ခိုက်မှုတွေ လုပ်နေပါတယ်။ တရုတ်နိုင်ငံကတော့ ရှမ်းမြောက်ဒေသ တိုက်ပွဲတွေ ရပ်စဲဖို့ သက်ဆိုင်ရာအဖွဲ့အစည်းတွေကို ဖိအားပေးတိုက်တွန်းနေသလို၊ MNDAA နဲ့အတူ TNLA တအောင်းတပ်ကလည်း နိုင်ငံရေးဆွေးနွေးဖို့ တရုတ်နိုင်ငံရဲ့ ကြားဝင်စေ့စပ်မှုကို လက်ခံတယ်လို့ ပြောထားကြပါတယ်။

MNDAA ခေါင်းဆောင် ဖုန်တာရွှန်းကို တရုတ်အာဏာပိုင်တွေက အကျယ်ချုပ်ထိန်းသိမ်းထားတယ်လို့ သတင်းတွေ ထွက်ခဲ့ပေမယ့်၊ တရုတ်နိုင်ငံခြားရေးဌာနကတော့ MNDAA ခေါင်းဆောင်ကို ဖမ်းဆီးထားတာမရှိပဲ တရုတ်နိုင်ငံတွင်း ဆေးကုသမှုခံယူနေတာပါလို့ တုံ့ပြန်ထားပါတယ်။ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိဟာ ဩဂုတ်လအတွင်း နေပြည်တော်ကို လာရောက်ခဲ့ပြီးတဲ့နောက်၊ ရှမ်းမြောက်ဒေသတွင်း တိုက်ပွဲတွေရပ်ဖို့ သက်ဆိုင်ရာတိုင်းရင်းသားအဖွဲ့အစည်းတွေကို ဖိအားပေး တိုက်တွန်းခဲ့တာပါ။

MNDAA တဖက်သတ် အပစ်ရပ်ကြေညာ
please wait

No media source currently available

0:00 0:01:34 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG