သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိန္ဒိယဝန်ကြီးချုပ် Narendra Modi ကျမ်းသစ္စာကျိန်ဆို 


အိန္ဒိယ ဝန်ကြီးချုပ် Narendra Modi အနေနဲ့ ဒုတိယသက်တမ်း ဝန်ကြီးချုပ် တာဝန်ဆက်ယူဖို့ နယူးဒေလီမြို့တော်က သမ္မတ အိမ်တော်မှာ မနေ့ကပဲ ကျမ်းကျိန်လိုက်ပါပြီ။ အိန္ဒိယမှာ စီးပွားရေးတိုးတက်လာနေချိန်မှာ ဝန်ကြီးချုပ် Modi အနေနဲ့ ရွေးကောက်ပွဲမဲ အပြတ်အသတ်နဲ့ အနိုင်ရခဲ့ပြီး ဆယ်စုနှစ်တွေအတွင်း နိုင်ငံရဲ့ အာဏာအရှိဆုံး ခေါင်းဆောင်အနေနဲ့ ခုလို ကျမ်းသစ္စာကျိန်ဆိုနိုင်ခဲ့တာပါ။

ဒီကျမ်းသစ္စာကျိန်ပွဲကို သမ္မတ အိမ်တော်ရှေ့လဟောပြင်မှာ ကျင်းပရာမှာ မြန်မာနိုင်ငံ သမ္မတ ဦးဝင်းမြင့်နဲ့ အာရှ အိမ်နီးချင်းတွေဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ်၊ ဘူတန်၊ နီပေါနဲ့ သီရိလင်္ကာက ခေါင်းဆောင်တွေ အပါအဝင် နိုင်ငံပေါင်း (၈) နိုင်ငံက ခေါင်းဆောင်တွေနဲ့ ပရိသတ်စုစုပေါင်း ၈၀၀၀ ခန့် တက်ရောက်ခဲ့ကြပါတယ်။

ခုလို အာရှအိမ်နီးချင်း နိုင်ငံအများစု အဓိက ဖိတ်ကြားခဲ့တာက တရုတ်နိုင်ငံအနေနဲ့ ဒေသတွင်းမှာ ဦးဆောင်မူရဖို့ ကြိုးပမ်းနေချိန်မှာ အိန္ဒိယ အနေနဲ့လည်း ဒေသတွင်းရှိ အိမ်နီးချင်းနိုင်ငံတွေကို အဓိကဦးစားပေးတာကို ပြသလိုက်တာလို့ သုံးသပ်သူတွေက ဆိုပါတယ်။

ဒါပေမဲ့ ပါကစ္စတန်ကိုတော့ မဖိတ်ဘဲထားခဲ့ပါတယ်။ နိုင်ငံတော်လုံခြုံရေး အကြောင်းပြချက်အောက်မှာ ပါကစ္စတန်နဲ့ တိုက်ပွဲဆင်ခဲ့အပြီး ပါကစ္စတန် ဝန်ကြီးချုပ် Imran Khan ကို ခုလို မဖိတ်ကြားခဲ့တာက အရင် (၅) နှစ် Modi ကျမ်းကျိန်တုန်းက ပါကစ္စတန် ဝန်ကြီးချုပ် Nawaz Sharif ကို ဖိတ်ကြားခဲ့တဲ့ မူဝါဒနဲ့တော့ အခု ကွာခြားသွားခဲ့ပါပြီ။

ဒါကြောင့် သုံးသပ်သူတွေကတော့ ဖေဖော်ဝါရီတုံးက အိန္ဒိယရဲ့ ကက်ရှ်မီးယားမှာ အသေခံဗုံးကွဲမူအပြီး ဒီ နှစ်နိုင်ငံ စစ်ဖြစ်လုနီးပါး ဖြစ်ခဲ့ရတဲ့ တင်းမာမူတွေ လျော့ကျဖို့၊ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ မကြာခင်ပြန်ဖြစ်လာမယ့် အနေအတားကတော့ နည်းနေတယ်လို့ ဆိုပါတယ်။

အိန္ဒိယဝန်ကြီးချုပ် Narendra Modi ကျမ်းသစ္စာကျိန်ဆို
please wait

No media source currently available

0:00 0:00:51 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG