သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတဦးဝင်းမြင့် အိန္ဒိယကို ရောက်ရှိ


သမ္မတဦးဝင်းမြင့် အိန္ဒိယကို ရောက်ရှိ
သမ္မတဦးဝင်းမြင့် အိန္ဒိယကို ရောက်ရှိ

မြန်မာသမ္မတ ဦးဝင်းမြင့်ဟာ ဒေလီမြို့ အိန္ဒိယ သမ္မတအိမ်တော် Rashtrapati Bhavan မှာ ကြာသပတေးနေ့က ကျင်းပတဲ့ အိန္ဒိယဝန်ကြီးချုပ် Narendra Modi ရဲ့ ဒုတိယသက်တမ်း ဝန်ကြီးချုပ်အဖြစ် ကျမ်းသစ္စာကျိန်ဆိုပွဲ အခမ်းအနားကို တက်ရောက်ခဲ့ပါတယ်။

ကျမ်းသစ္စာကျိန်ဆိုပွဲကို သီရိလင်္ကာနိုင်ငံသမ္မတ မိုင်သရီ ပါလဆီရီစီနာ၊ ကာဂျစ်စတန်နိုင်ငံသမ္မတ ဆော်ရွန်ဘေးဂျန်ဘီကို့ဗ်၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံသမ္မတ မိုဟာမက် အဗ္ဗဒူလ် ဟာမစ်၊ နီပေါနိုင်ငံဝန်ကြီးချုပ် ကေပီရှာမာအိုလီ၊ ဘူတန်နိုင်ငံဝန်ကြီးချုပ် ဒေါက်တာလိုတေးရှားရင်း၊ မော်ရစ်ရှပ်နိုင်ငံဝန်ကြီးချုပ် ပရာဗင့်ကူးမားဂျက်နော့၊ ထိုင်းနိုင်ငံဝန်ကြီးချုပ်ရဲ့ အထူးကိုယ်စားလှယ် စိုက်ပျိုးရေးနှင့်သမဝါယမဝန်ကြီး ဂရီဆာဒါ ဘွန်းရေ့စ်တို့လည်း တက်ရောက်ကြတာပါ။

ကျမ်းသစ္စာကျိန်ဆိုပွဲအပြီးတွင် နိုင်ငံတော်သမ္မတဦးဝင်းမြင့်ဟာ အိန္ဒိယသမ္မတနိုင်ငံ ဝန်ကြီးချုပ် Narendra Modi နဲ့တွေ့ဆုံပြီး ဂုဏ်ယူဝမ်းမြောက်ကြောင်း ပြောကြားခဲ့တယ်လို့ သမ္မတရုံး ဝက်ဘ်ဆိုက်မှာ ဖေါ်ပြထားပါတယ်။

အစောပိုင်းတုန်းက အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ Raveesh Kumar က အိန္ဒိယနိုင်ငံရဲ့ အရှေ့ဒေသမှာ လှုပ်ရှားမယ့် မူဝါဒ - Act East Policy မှာ အရေးပါတဲ့ ပုဂ္ဂိုလ်ကြီးဖြစ်တဲ့ သမ္မတကြီး ဦးဝင်းမြင့်ဟာ ဝန်ကြီးချုပ် Modi နဲ့ ကောင်စီအဖွဲ့ဝင် ဝန်ကြီးတွေရဲ့ ကျမ်းသစ္စာ ကျိန်ဆိုပွဲ အခမ်းအနားကို တက်ရောက်ဖို့ ဒေလီကို ရောက်လာပြီဖြစ်ကြောင်း တွစ်တာမှာ ရေးပါတယ်။ သမ္မတဦးဝင်းမြင့်ဟာ မြန်မာ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကိုယ်စား တက်ရောက်လာတာ ဖြစ်ပါတယ်။

ဒီကျမ်းသစ္စာ ကျိန်ဆိုပွဲကို အိန္ဒိယသမ္မတ Ram Nath Kovind က ကြီးမှုးကျင်းပတာဖြစ်ပြီး မြန်မာ၊ ဘင်္ဂလားဒေ့ရှ်၊ ဘူတန်၊ နီပေါ၊ သီရိလင်္ကာနဲ့ ထိုင်း နိုင်ငံတွေပါဝင်တဲ့ BIMSTEC နိုင်ငံတွေက ခေါင်းဆောင်တွေ တက်ရောက်ကြပါတယ်။ Modi ရဲ့ ၂၀၁၄ ပထမအကြိမ် ဝန်ကြီးချုပ် ကျမ်းသစ္စာ ကျိန်ဆိုပွဲတုန်းက မြန်မာကို ဖိတ်ကြားခြင်း မရှိပါဘူး။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG