သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မိုဒီကျမ်းသစ္စာကျိန်ဆိုပွဲ မြန်မာအပါအဝင် BIMSTEC ခေါင်းဆောင်တွေကို ဖိတ်ကြား


အိန္ဒိယဝန်ကြီးချုပ် Narendra Modi နှင့် နိုင်ငံတော်အတိုင်ပင်ခံ
အိန္ဒိယဝန်ကြီးချုပ် Narendra Modi နှင့် နိုင်ငံတော်အတိုင်ပင်ခံ

အခုကျင်းပပြီးစီးတဲ့ အိန္ဒိယရွေးကောက်ပွဲမှာ အနိုင်ရပြီး ဒုတိယအကြိမ် ဝန်ကြီးချုပ်သက်တမ်းအတွက် မေလ ၃၀ မှာ ကျင်းပမယ့် ကျန်းသစ္စာကျိန်ဆိုပွဲ အခန်းအနားကို တက်ရောက်ဖို့ ဝန်ကြီးချုပ် Narendra Modi က BIMSTEC အဖွဲ့ဝင် ၆ နိုင်ငံက ခေါင်းဆောင်တွေကို ဖိတ်ကြားလိုက်ပါတယ်။

ဒေသတွင်း တောင်ပိုင်းနဲ့ အရှေ့တောင်အာရှက BIMSTEC ၆ နိုင်ငံ ဖြစ်တဲ့ မြန်မာ၊ နိပေါ၊ ဘူတန်၊ ဘင်္ဂလားဒေ့ရှ်၊ ထိုင်း၊ သီရိလင်္ကာ နိုင်ငံတွေက ခေါင်းဆောင်တွေ အပြင် Shanghai Cooperation Organisation ဥက္ကဌ ဖြစ်တဲ့ Kyrgyzstan နဲ့ Mauritius နိုင်ငံတွေကိုပါ ဖိတ်ကြား လိုက်တာ ဖြစ်ပါတယ်။

ဒါဟာ အိန္ဒိယရဲ့ အိမ်နီးချင်းပထမဦးစားပေး မူဝါဒ အရ ဖိတ်ကြားတာ ဖြစ်ကြောင်း အိန္ဒိယ နိုင်ငံခြားရေးဌာန MEA ပြောခွင့်ရ Raveesh Kumar ကပြောပါတယ်။ ဖိတ်ကြားထားတဲ့ ခေါင်းဆောင်တွေထဲက မြန်မာနိုင်ငံက အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သီရိလင်္ကာ ဝန်ကြီးချုပ် Ranil Wichremesinghe ၊ ထိုင်းနိုင်ငံက ဝန်ကြီးချုပ် Prayut Chanocha ၊နိပေါဝန်ကြီးချုပ် K P Sharma Oli နဲ့ ဘူတန် ဝန်ကြီးချုပ် Lotay Tshering တို့က တက်ရောက်ဖို့ အလားအလာ ရှိကြပါတယ်။

မြန်မာနိုင်ငံက ဒေါ်အောင်ဆန်းစုကြည် ကတော့ ဇွန်လမှာ ဟန်ဂေရီနဲ့ ချက် သမ္မတ နိုင်ငံတွေကို သွားရောက်ဖို့ စီစဉ်ထားတဲ့အတွက် ဒီအခန်း အနားကို တက်ရောက်မယ် ဆိုတာကို အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ ်Sheik Hasina ကလည်း အရှေ့အာရှကို မေလ ၂၈ ရက်နေ့ ကစတင်ပြီး ၁၂ ရက်ကြာ ခရီးထွက်ခွါဖို့ ရှိတဲ့အတွက် သူ့ကိုယ်စား Liberation War ရေးရာ ဝန်ကြီး A K M Mozammel Huq ကို ကိုယ်စား စေလွှတ်ဖို့ ရှိပါတယ်။

ပါကစ္စတန် ဝန်ကြီးချုပ် Imran Khan ကတော့ တနင်္ဂနွေနေ့က အိန္ဒိယ ဝန်ကြီးချုပ် Modi ကို တယ်လီဖုန်း ဆက်သွယ်ပြီး ဂုဏ်ပြုစကား ပြောကြားခဲ့ပေမယ့် တက်ရောက်ဖို့ မရှိပါဘူး။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG