သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုက်တာသတင်းထောက် ၂ ဦးအတွက် ဆုတောင်းပေးကြဖို့ မလေးသတင်းထောက် တိုက်တွန်း


မလေးရှား သတင်းထောက် Mok Choy Lin ထိန်းသိမ်းခံရစဉ် (ဒီဇင်ဘာလ ၄ ရက်နေ့)
မလေးရှား သတင်းထောက် Mok Choy Lin ထိန်းသိမ်းခံရစဉ် (ဒီဇင်ဘာလ ၄ ရက်နေ့)

မြန်မာနိုင်ငံ အကျဉ်းထောင်အတွင်းမှာ ထိန်းသိမ်းခံနေရဆဲဖြစ်တဲ့ Reuters သတင်းထောက်နှစ်ဦးအတွက် အားလုံးဝိုင်းဝန်း ဆုတောင်းပေးကြဖို့ ပြီးခဲ့တဲ့ ရက်ပိုင်းကမှ မြန်မာအကျဉ်းထောင်ကနေ ပြန်လည်လွတ်မြောက်လာတဲ့ မလေးရှားနိုင်ငံသူ သတင်းထောက် Mok Choy Lin က တောင်းဆိုလိုက်ပါတယ်။

ရိုက်တာ သတင်းထောက်နှစ်ဦးဖြစ်ကြတဲ့ ကိုသက်ဦးမောင် (ခေါ်) ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ဟာ ဒီဇင်ဘာလ ၁၂ ရက်နေ့က မြန်မာအာဏာပိုင်တွေရဲ့ ဖမ်းဆီးတာကို ခံခဲ့ကြရတာဖြစ်ပါတယ်။ သူတို့ကို အရေးကြီးလုံခြုံရေး စာရွက်၊ စာတမ်းတွေ တရားမဝင်သတင်းယူမှုနဲ့ မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက်များ အက်ဥပဒေနဲ့ ဖမ်းဆီးထိန်းသိမ်းခဲ့တာဖြစ်ကြောင်း မြန်မာအစိုးရက ပြောပါတယ်။

တူရကီအခြေစိုက် ရေဒီယိုနဲ့ ရုပ်မြင်သံကြားဌာန (TRT) ရဲ့ သတင်းထောက်တွေဖြစ်ကြတဲ့ မလေးရှားနိုင်ငံသူ Mok Choy Lin နဲ့ စင်ကာပူနိုင်ငံသား Lau Hon Meng တို့ဟာ ပြီးခဲ့တဲ့ သောကြာနေ့ညတုန်းက စင်ကာပူနိုင်ငံ Changi လေဆိပ်ကို ပြန်လည်ရောက်ရှိလာခဲ့ကြတာပါ။ သူတို့နှစ်ဦးဟာ မြန်မာနိုင်ငံရဲ့ လွှတ်အဆောက်အုံတွေကို Done နဲ့ ရိုက်ကူးဖို့ ကြိုးစားခဲ့တဲ့အမှုနဲ့ ၂၀၁၇ အောက်တိုဘာလ ၂၇ ရက်နေ့မှာ ဖမ်းဆီး ထောင်ချခံခဲ့ကြရတာ ဖြစ်ပါတယ်။

မန္တလေးမြို့အနီးက ရမည်းသင်း အကျင်းထောင်ကနေ ရန်ကုန်လေဆိပ်ကို မြန်မာလူဝင်မှုကြီးကြပ်ရေးတွေက ပို့ဆောင်ခဲ့ပြီးနောက် စင်္ကာပူနိုင်ငံကို မနေ့ညက ပြန်လည်ရောက်ရှိလာခဲ့တယ်လို့ စနေနေ့တုန်းကပဲ Choy Lin က သူမရဲ့ လူမှုကွန်ယက် ဖေ့စ်ဘွတ်ပေါ်မှာ ရေးတင်ခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ ၂ လကြာ ထိန်းသိမ်းခံရစဉ်အတွင်း လိုရင်းကို တော်တော်နဲ့မရောက်ပဲ ကွေ့ပတ်သွားလာလုပ်ဆောင်ခဲ့ရတဲ့ မြန်မာနိုင်ငံရဲ့ တရားရေးစနစ်နဲ့ပတ်သက်လို့ ရုပ်ရှင်ဇာတ်လမ်းကောင်းတပုဒ် ဖန်တီးနိုင်မယ်တယ်လို့လည်း သူမက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG