သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

 စစ်ကောင်စီ ရဲ့ မုံရွာ လယ်ဇင်းရွာ နယ်မြေရှင်းလင်းရေး လုပ်ရပ် (ဒေသခံများ)


အရာတော် မြို့ (မှတ်တမ်းဓါတ်ပုံ)
အရာတော် မြို့ (မှတ်တမ်းဓါတ်ပုံ)

စစ်ကိုင်းတိုင်း မုံရွာမြို့နယ် လယ်ဇင်စံပြကျေးရွာထဲကို မနက် ၅ နာရီခွဲလောက် စစ်ကောင်စီ အင်အား ၅၀ ဝန်းကျင်လောက် ဩဂုတ်လ ၂၆ ရက် မနက်အစောပိုင်းက ရောက်လာပြီး နယ်မြေရှင်းလင်းရေးလုပ်တဲ့အတွက် အရပ်သားတဦး ထိခိုက်သေဆုံးခဲ့တယ်လို့ မျက်မြင်သက်သေတွေက ပြောပါတယ်။ ဒီအကြောင်း ရန်ကုန်ကလာတဲ့သတင်းကို အလိမ္မာ ပြောပြမှာပါ။

စစ်ကောင်စီ ရဲ့ မုံရွာ လယ်ဇင်းရွာ နယ်မြေရှင်းလင်းရေး လုပ်ရပ် (ဒေသခံများ)

{{Zawgyi/Unicode}}
စစ်ကိုင်းတိုင်း မုံရွာမြို့နယ် လယ်ဇင်စံပြကျေးရွာထဲကို မနက် ၅ နာရီခွဲလောက် စစ်ကောင်စီ အင်အား ၅၀ ဝန်းကျင်လောက် ဩဂုတ်လ ၂၆ ရက် မနက်အစောပိုင်းက ရောက်လာပြီး နယ်မြေရှင်းလင်းရေးလုပ်တဲ့အတွက် အရပ်သားတဦး ထိခိုက်သေဆုံးခဲ့တယ်လို့ မျက်မြင်သက်သေတွေက ပြောပါတယ်။ ဖမ်းဆီးခေါ်ဆောင်လာတဲ့ ရွာသား ၂ ဦးလည်း အသတ်ခံခဲ့ရတဲ့အကြောင်း ဒေသခံတွေနဲ့ စစ်တပ်ပြန်ထွက်သွားတဲ့အချိန် သဂြိုင်္လပေးခဲ့ရသူတွေက ပြောပါတယ်။ ဒီအကြောင်း ရန်ကုန်ကလာတဲ့သတင်းကို အလိမ္မာ ပြောပြမှာပါ။

မနက်လင်းအားကြီး လယ်ဇင်ရွာထဲကို စစ်ကောင်စီတပ်တွေ ရုတ်တရက်ဝင်လာချိန်မှာ မြင်လိုက်တဲ့ သူတွေက ဘးလွတ်ရာထွက်ပြေးဖို့ တခြားရွာသားတွေကို သတိပေး ဆော်သြခဲ့ကြပါတယ်။ ထွက်ပြေးတဲ့ ရွာသားတွေထဲက အမျိုးသားတဦးကို သေနတ်နဲ့ ပစ်သတ်ခဲ့တယ်လို့ မျက်မြင်သက်သေ ဒေသခံတဦးက ပြောပါတယ်။

"လယ်ဇင်အနောက်ဘက်က ရွာထောင်ဆိုတဲ့ရွာရဲ့ အနောက်ဘက်မှာ ပညာဒီပံကျောင်းဆိုတာရှိတယ်။ အဲဒီဘေးကနေ ဝင်ချလာကြတာ။ ကျနော်တို့လည်း ရွာထဲကလူတွေကို ဒီမှာဝင်လာပြီ၊ သေချာတယ်၊ ပြေးကြတော့ဆိုပြီး လိုက်တော့ပြောတယ်။ ဒါပေမဲ့ ရွာထောင် နဲ့ လယ်ဇင် နဲ့ က မတအားနီးလွန်းတော့ အကုန်လုံးကို တရွာလုံး လိုက်မပြောနိုင်ဘူးဗျ။ ကျနော်တို့နဲ့ နီးစပ်တဲ့နေရာလောက်လေး လိုက်ပြောတာ နဲ့ တင် အချိန်ကကုန်သွားတာ။ အဲဒီအချိန်မှာ သူတို့က ရွာထဲရောက်လာတယ်။ လယ်ဇင် ဇာတ်ခုံကွင်းထဲက လက်ဖက်ရည်ဆိုင်မှာ ထိုင်နေသူတွေက အဲလိုကြားတော့ ပြေးကြတာ။ ပြေးတဲ့လူတယောက်က သူခြေဦးတည့်ရာပြေးရင်းနဲ့ တန်းတိုးတော့ နောက်ပြန်ဆုတ်ပြေးလာတာ။ မပြေးနဲ့ မပြေးနဲ့ဆိုပြီး လှမ်းပစ်လိုက်တာ အဲဒီလူတယောက်ကတော့ နေရာမှာတင်ပဲ သတ်ပစ်ခံထားရတာ၊ ခြေထောက်မှာလည်း ဓားဒဏ်ရာတွေ တွေ့တယ်ဗျ။"

လယ်ဇင်စံပြကျေးရွာထဲကို ဝင်လာချိန်မှာ စစ်ကောင်စီတပ်သားတွေက အရပ်သား ၂ ဦးကိုလည်း ဖမ်းခေါ်လာတယ်လို့ ပြောပါတယ်။ သူတို့ နှစ်ဦးလုံးက လယ်ဇင်ဒေသခံ မဟုတ်ပေမယ့် ရွာထဲက အထက်တန်းကျောင်းအနီးမှာ မီးရှို့သတ်ဖြတ်ထားခဲ့တယ်လို့ ရွာသားတွေက ပြောပါတယ်။ ဒီကနေ့မှာ အသတ်ခံလိုက်ရသူ ၃ ဦးလုံးကို စစ်ကောင်စီတပ်သားတွေ ရွာထဲကနေ ပြန်ထွက်သွားချိန်မှာ သင်္ဂြိုလ်ပေးခဲ့တယ်လို့ မီးသဂြိုင်္လဖို့ ဆောင်ရွက်ပေးခဲ့သူတဦးက ပြောပါတယ်။

"သူတို့ဖမ်းခေါ်လာတာ ၂ ယောက်ဗျ။ လယ်ဇင်အထက်တန်းကျောင်းထဲမှာပဲ ဖမ်းခေါ်လာသူ ၂ ယောက်ကို ကျောင်းဆောင်ကြီးရဲ့ အရှေ့ဘက်ပြေးမှာ သူတို့ရိုက်နှက်ထားတဲ့ အရာတွေ တွေ့တယ်ပေါ့နော်။ သွေးကွက်တွေ ဘာတွေ တွေ့ပြီးတော့ အဲဒီနေရာကနေ ဒရွတ်တိုက်ဆွဲပြီးတော့ ကျောင်းဆောင်ကြီးရဲ့ မလှမ်းမကမ်းလေးမှာပဲ ၂ ယောက်လုံးကို မီးရှို့ပြီးတော့ သတ်ထားခဲ့တာဗျ၊ ယောကျ်ားလေးချည်းပဲ။ ဒီနေ့ သေဆုံးသူ ၃ ယောက်လုံးကို ကျနော်တို့ကိုယ်တိုင်ပဲ သင်္ဂြိုလ်ပေးလိုက်တယ်။"

လယ်ဇင်ရွာအတွင်း တိုက်ပွဲနဲ့ အရပ်သားတွေ ထိခိုက်ဒဏ်ရရတာတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာ မရှိသလို သီးခြားအတည်ပြုချက်တော့ မရသေးပါဘူး။

မုံရွာမြို့နယ်က လယ်ဇင်စံပြကျေးရွာဆီ စစ်ကောင်စီတပ်ဖွဲ့တွေ ရောက်လာပြီး ကျေးရွာအတွင်း သေနတ်နဲ့ပစ်ခတ် ခြောက်လှန့်တာ၊ ဒေသခံတွေကို ဖမ်းဆီးခေါ်ဆောင်သွားတာတွေ မကြာခန လုပ်လေ့ရှိပါတယ်။ ဒါကြောင့်လည်း ရွာသားတချို့ အိမ်မပြန်ရဲပဲ ဘေးလွတ်ရာကို ထွက်ပြေးတိမ်း ရှောင်နေကြရပါတယ်။

တိုက်ရိုက် လင့်ခ်

..............................


{{Zawgyi/Unicode}}







XS
SM
MD
LG