သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရေကြီးမြေပြိုမှုကြောင့် အိန္ဒိယနိုင်ငံ ဟိမဝန္တာဒေသမှာ ၂၀ ကျော်သေ


အိန္ဒိယနိုင်ငံမှာ မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးမြေပြိုမှုတွေကြောင့် ပြိုကျသွားတဲ့ အိမ်တလုံး (သြဂုတ် ၁၄၊ ၂၀၂၃)
အိန္ဒိယနိုင်ငံမှာ မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးမြေပြိုမှုတွေကြောင့် ပြိုကျသွားတဲ့ အိမ်တလုံး (သြဂုတ် ၁၄၊ ၂၀၂၃)

အိန္ဒိယနိုင်ငံမှာ မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးမြေပြိုမှုတွေကြောင့် အနည်းဆုံး လူ ၂၄ ဦး သေဆုံးခဲ့ကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။ ၉ ဦးကတော့ ဘုရားကျောင်းပြိုကျတဲ့အထဲမှာ ပါသွားကြတာပါ။ နောက်ထပ် ဒါဇင်ပေါင်းများစွာဟာလည်း ပျောက်ဆုံးနေတယ်လို့ တာဝန်ရှိသူတွေက ဒီနေ့ပဲ ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ဘုရားကျောင်းပြိုကျလို့ သေဆုံးသူ ၉ ဦးအပါအဝင် လူပေါင်း ၁၆ ယောက် သေဆုံးခဲ့ကြောင်း Himachal Pradesh ပြည်နယ် အကြီးအကဲ Sukhvinder Singh Sukhu ကပြောပါတယ်။ ရက်အတန်ကြာ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မော်တော်ကားတွေ၊ အဆောက်အအုံတွေ ပြိုကျပျက်စီးကာ မြောက်ပိုင်း Uttarakhand နဲ့ Himachal Pradesh ပြည်နယ်တွေက တံတားတွေ ပျက်စီးခဲ့ပါတယ်။

အပျက်အစီးတွေကို ရှင်းလင်းပြီး ပိတ်မိနေသူတွေကို ကယ်ဆယ်ဖို့ လုပ်ဆောင်နေတယ်လို့လည်း Himachal Pradesh ပြည်နယ် အကြီးအကဲရဲ့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ ဒေသခံတွေကို အိမ်ပြင်မထွက်ကြဖို့နဲ့ မြစ်၊ ချောင်းတွေ အနီးအနားမှာ သွားလာတာကို ရှောင်ကြဉ်ကြဖို့ Himachal Pradesh ပြည်နယ် အကြီးအကဲက မေတ္တာရပ်ခံထားသလို၊ ပြည်နယ်အတွင်းရှိ စာသင်ကျောင်းတွေကိုလည်း ပိတ်ထားရတယ်လို့ ပြောပါတယ်။

ရေကြီးမြေပြိုမှုကြောင့် အိန္ဒိယနိုင်ငံ ဟိမဝန္တာဒေသမှာ ၂၀ ကျော်သေ
please wait

No media source currently available

0:00 0:00:45 0:00
တိုက်ရိုက် လင့်ခ်
XS
SM
MD
LG