သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ခိုလှုံသူတွေကို အပစ်တင်တဲ့ အိန္ဒိယပြည်ထဲရေးဝန်ကြီးကို ကူကီးအဖွဲ့တွေ ဝေဖန်


အိန္ဒိယနိုင်ငံ မဏိပူပြည်နယ်တွင်းက တင်းမာမှုတွေဟာ မြန်မာနိုင်ငံက ကူကီ မျိုးနွယ်စုဝင် ရွှေ့ပြောင်း ဝင်ရောက်လာသူတွေနဲ့လည်း သက်ဆိုင်ကြောင်း ပြည်ထဲရေးဝန်ကြီး Amit Shah က ပါလီမန်မှာ ပြောဆိုခဲ့တဲ့အပေါ် အိန္ဒိယနဲ့ မြန်မာနှစ်ဘက်စလုံးက ကူကီးအဖွဲ့တွေက ကြာသပတေးနေ့မှာ ပြင်းပြင်းထန်ထန်တုံ့ပြန်ခဲ့ကြကြောင်း the Hindu စာစောင်က ဖော်ပြပါတယ်။

မဏိပူမျိုးနွယ်စုများ ဖိုရမ် - ဒေလီ (MTFD) ကတော့ ဝန်ကြီး Shah ရဲ့ မှတ်ချက်ဟာ စိတ်ပျက်အားလျော့ဖွယ်လို့ ပြောဆိုလိုက်သလို တိုင်းရင်း မျိုးနွယ် ခေါင်းဆောင်များ ဖိုရမ် - ITLF ကတော့ အကူအညီမဲ့ ချို့တဲ့တဲ့ ဒုက္ခသည်တွေကို အပြစ်ဖို့တာဟာ လုံးဝ လွဲမှားတယ်လို့ ပြောဆိုလိုက်ပါတယ်။ ဒါ့ပြင် ဝန်ကြီး Shah ထည့်သွင်း ပြောဆိုခဲ့တဲ့ ကူကီး ဒီမိုကရပ်တစ်တပ်ဦးဆိုတဲ့ ကူကီးတပ်ဖွဲ့ နိုင်ငံတွင်းမှာမရှိဘူးဆိုပြီးလည်း ကူကီးအမျိုးသားအစည်းအရုံး (မြန်မာပြည်) အဖွဲ့ကလည်း အိန္ဒိယ အောက်လွှတ်တော်သဘာပတိ Om Birla ထံကို စာရေးသားပေးပို့ခဲ့ပါတယ်။

အိန္ဒိယနိုင်ငံ မဏိပူကမျိုးနွယ်စုပြဿနာလို တခြားသောပြဿနာ အနှောင့်အယှက်တွေကြောင့် ပြင်းထန်တဲ့ဖိအားတွေ ကြုံနေရပေမဲ့ မြန်မာနိုင်ငံတွင်းက စစ်ကောင်စီကိုတိုက်ခိုက်နေရတဲ့ သူတို့အနေနဲ့ အိန္ဒိယနိုင်ငံတွင်းမှာ အားကောင်းလာရေး ကြိုးစားဖို့မတတ်နိုင်ပါဘူးလို့လည်း ကူကီးအမျိုးသား အစည်းအရုံး (မြန်မာပြည်) KNO ကလည်း စာထဲမှာ ထည့်သွင်း ရေးသားထားပါတယ်။ KNO ရဲ့ ကူကီး အမျိုးသား တပ်မတော်ဟာ မြန်မာနိုင်ငံတွင်းက စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ တခုတည်းသော ကူကီးတပ်ဖွဲ့ဖြစ်သလို အိန္ဒိယ အနေနဲ့ မြန်မာနိုင်ငံကထွက်ပြေးလာတဲ့ ကူကီးပြည်သူတွေကို ယာယီခိုလှုံခွင့် ပေးတဲ့အပေါ်မှာလည်း ကျေးဇူးတင်ကြောင်း ဖော်ပြထားပါတယ်။

အိန္ဒိယနိုင်ငံတွင်းမှာ သူတို့ ကူကီတပ်ဖွဲ့တွေ လှုပ်ရှားနေတာမရှိကြောင်း၊ အောက်လွှတ်တော် သဘာပတိအနေနဲ့ ဒီအချက်ကို အိန္ဒိယပါလီမန်မှာ ရှင်းလင်းပေးဖို့လည်း KNO ဥက္ကဋ္ဌက ပန်ကြားထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG