သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီရန်ရထားမှောက် ၄၀ ကျော်သေဆုံး


အီရန်နိုင်ငံ မြောက်ဘက် အလယ်ပိုင်းဒေသ Semnan ပြည်နယ်တွင်း ရထားမှောက် ၄၀ ကျော်သေဆုံး။ ( နိုဝင်ဘာ ၂၅၊ ၂၀၁၆)
အီရန်နိုင်ငံ မြောက်ဘက် အလယ်ပိုင်းဒေသ Semnan ပြည်နယ်တွင်း ရထားမှောက် ၄၀ ကျော်သေဆုံး။ ( နိုဝင်ဘာ ၂၅၊ ၂၀၁၆)

အီရန်နိုင်ငံ မြောက်ဘက် အလယ်ပိုင်းဒေသ Semnan ပြည်နယ် အတွင်းမှာ သောကြာနေ့က ရထားတစီး တိမ်းမှောက်ခဲ့တဲ့အတွက် လူ ၄၃ ယောက် ထပ်မနည်း သေဆုံးခဲ့ပါတယ်။ ရထားတိမ်းမှောက်ပြီးနောက်ပိုင်း တခြားလူ ၁၀၀ ကျော်ကိုလည်း ဆေးရုံတွေဆီကို ပို့ဆောင်ခဲ့ရပါတယ်။

အီရန်နိုင်ငံ အစိုးရရုပ်မြင်သံကြားဌာနမှာပြသခဲ့တဲ့ လမ်းချော်သွားတဲ့ ရထားတွဲ ၄ တွဲ ထဲက ၂ တွဲဟာ မီးလောင်နေတာကို တွေ့ရပါတယ်။ မီးလောင်နေတဲ့ ရထားတွဲတွေ အနားမှာတော့ ကယ်ဆယ်ရေးအဖွဲ့တွေက ကူညီကယ်ဆယ်ရေး လုပ်ငန်းတွေ လုပ်ဆောင်နေပါတယ်။

စက်ပိုင်းဆိုင်ရာချွတ်ယွင်းချက်တွေကြောင့် ဘူတာတခုမှာရပ်နေတဲ့ အမြန်ရထားတစင်းကို ခရီးသည်တင်ရထားတစင်းက ဝင်ရောက်တိုက်ခဲ့တဲ့အတွက် အီရန်နိုင်ငံမြို့တော် Tehran နဲ့ ဒုတိယ မြို့ဖြစ်တဲ့ Mashhad မြို့ကြားက အဓိက ရထားလမ်းပေါ်မှာ အခုလို မတော်တဆမှုဖြစ်ခဲ့တာဖြစ်ပါတယ်။

ထိခိုက်ပျက်စီးမှုတွေဒီထက်မကများလာနိုင်ဖွယ်ရှိတယ်လို့ ပြည်နယ်အုပ်ချုပ်ရေးမှူး Mohammad Reza Khabbaz က အစိုးရရုပ်မြင်သံကြားဌာနကို ပြောပါတယ်။ အခုလို ရထားမတော်တဆမှုဖြစ်ရတာဟာ အလွန်အေးတဲ့ ရာသီဥတုကြောင့်လည်း ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

အီရန်ရထားမှောက် ၄၀ ကျော်သေဆုံး
please wait

No media source currently available

0:00 0:00:52 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG