သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိန္ဒိယမှာ တံတား ကျိုးကျရာက အနည်းဆုံးလူ ၈၀ ကျော်သေဆုံး


(Zawgyi / Unicode)

အိန္ဒိယနိုင်ငံ အနောက်ပိုင်း Gujarat ပြည်နယ်အတွင်း တနင်္ဂနွေနေ့တုန်းက ကေဘယ်ကြိုးတံတား ပြိုကျခဲ့တဲ့အတွက် အနည်းဆုံး လူ ၈၀ ကျော် သေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့တယ်လို့ အိန္ဒိယ တာဝန်ရှိသူတွေက ပြောဆိုပါတယ်။လူ ၈၁ ယောက် သေဆုံးတာကို အတည်ပြုနိုင်ပြီး မြစ်ထဲကို ကျခဲ့တဲ့ အတော်များများကိုလည်း ပြန်လည် ဆယ်ယူနိုင်ခဲ့ပါတယ်။ဒါပေမယ့် ဒဏ်ရာရသူ ဒါဇင်နဲ့ချီ ရှိတယ်လို့ ပြည်နယ်ဆေးရုံက တာဝန်ရှိသူ Atul Prajapati ကို ကိုးကားပြီး ရိုက်တာသတင်းက ဖော်ပြပါတယ်။

Morbi မြို့က Machhu မြစ်မှာရှိတဲ့ ကိုလိုနီခေတ် လက်ကျန် တံတားဟောင်းကြီးအနီး ဒေဝါလီ ပွဲတော် အားလပ်ရက် လာရောက်တဲ့သူ ၄၀၀ လောက်ရှိနေပြီး ပြိုကျချိန် တံတားပေါ်မှာ လူ ၁၅၀ လောက်ရှိနေတယ်လို့ ဒေသဆိုင်ရာ အာဏာပိုင်တွေက ပြောဆိုပါတယ်။
အရှည် မီတာ ၂၃၀ ရှိတဲ့ ဒီတံတားကို ၁၉ ရာစု အင်္ဂလိပ်လက်ထက်က ဆောက်လုပ်ခဲ့တာဖြစ်ပြီး သမိုင်းဝင် တံတားအဖြစ် ထိန်းသိမ်းထားခဲ့တာပါ။ လွန်ခဲ့တဲ့ ၆ လလောက်က ပြုပြင်ထိန်းသိမ်းဖို့ တံတားကို ပိတ်ထားပေမယ့် ပြီးခဲ့တဲ့ရက်သတ္တပတ် ထဲကမှ အများပြည်သူ လည်ပတ်ကြည့်ရှုနိုင်ဖို့ ပြန်လည် ဖွင့်လှစ်ပေးခဲ့တာပါ။

Gujarat ပြည်နယ်ဟာ ဝန်ကြီးချုပ် မိုဒီရဲ့ ဇာတိပြည်နယ်ဖြစ်ပြီး သူဟာ အဲဒီ ပြည်နယ်အတွင်း ၃ ရက်ကြာ အလည်အပတ် ရောက်ရှိနေပါတယ်။ ဒီတံတားပြိုကျတဲ့ ကိစ္စအတွက် အရေးပေါ် ကယ်ဆယ်ရေးလုပ်ငန်းတွေ ချက်ချင်း လုပ်ဆောင်ဖို့ ပြည်နယ်အစိုးရ တာဝန်ရှိသူတွေကို ဝန်ကြီးချုပ် မိုဒီက ညွှန်ကြားခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

(Unicode)

အိန်ဒိယမှာ တံတား ကြိုးကရြာက အနညျးဆုံးလူ ၈၀ ကြောျသဆေုံး




XS
SM
MD
LG