သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျပည္ပ MoU အလုပ္အကိုင္အတြက္ အလုပ္သမားကဒ္ ထုတ္ေပးတာ ယာယီ ရပ္နား


ထိုင္းႏိုင္ငံရွိ စက္ရံုတခုတြင္ အလုပ္လုပ္ေနေသာ ျမန္မာ အမ်ိဳးသားတဦး (မွတ္တမ္းဓာတ္ပံု - စက္တင္ဘာ ၁၃၊ ၂၀၁၈)

(Zawgyi/Unicode)

ထိုင္း၊ မေလးရွားနဲ႔ ကိုရီးယားကို အလုပ္သြားလုပ္မယ့္သူေတြအတြက္ အလုပ္သမားသက္ေသခံကဒ္ျပား ထုတ္ေပးတာကို မနက္ျဖန္ မတ္လ ၁၈ ရက္ကစၿပီး ယာယီရပ္နား လိုက္တယ္လို႔ အစိုးရက ျပည္ပအလုပ္အကိုင္ အက်ိဳးေဆာင္ လိုင္စင္ရေအဂ်င္စီေတြကို ဒီကေန႔ အသိေပး ေၾကညာလိုက္ပါတယ္။

ကမာၻ႔ကပ္ေရာဂါအေနနဲ႔ ကူးစက္လာတဲ့ ကို႐ိုနာဗိုင္းရပ္စ္ Covid-19 ကို တားဆီးဖို႔ လူစုလူေဝးနဲ႔ လုပ္ရတဲ့ အစည္းအေဝး၊ ပြဲလမ္းသဘင္ေတြ ရပ္ဆိုင္းဖို႔ ႏိုင္ငံေတာ္ သမၼတ႐ုံးက မတ္လ ၁၃ ရက္က ထုတ္ျပန္ၿပီးေနာက္ပိုင္း အခုလို အလုပ္သမား၊ လူဝင္မႈႀကီးၾကပ္ေရးႏွင့္ ျပည္သူ႔အင္အားဝန္ႀကီးဌာနရဲ႕ ေနာက္ဆက္တြဲ ေၾကညာခ်က္ထြက္ေပၚလာတာလည္း ျဖစ္ပါတယ္။

ဒီေၾကညာခ်က္ဟာ ဧၿပီလ ၃၀ ရက္အထိ သက္ေရာက္ႏိုင္မယ္လို႔ အၾကမ္းဖ်င္းသတ္မွတ္ထားေၾကာင္း အလုပ္သမား၊ လူဝင္မႈႀကီးၾကပ္ေရးႏွင့္ ျပည္သူ႔အင္အား ဝန္ႀကီးဌာန အၿမဲတမ္းအတြင္းဝန္ ဦးမ်ိဳးေအာင္က ဗြီအိုေအကို ေျပာပါတယ္။

“ထိုင္းမွာလည္း ကန႔္သတ္မႈေလးေတြ ရွိေနတယ္။ မေလးရွားဆိုလည္း ပိတ္ဖို႔လုပ္ေနတယ္။ ဂ်ပန္မွာလည္း တခ်ိဳ႕ေနရာေတြက ေရာဂါပိုးေတြ ေတြ႕ေနတယ္။ အခု အလုပ္သမား လႊတ္ေနတဲ့ ႏိုင္ငံအေတာ္မ်ားမ်ားမွာက ပိုးေတြ႔ေနတယ္ဆိုတဲ့အခါက်ေတာ့ ဒါကို စဥ္းစားဆုံးျဖတ္၊ တို႔ဒီဘက္ကလည္း အက်ိဳးအျပစ္ေတြ စဥ္းစားတာေပါ့။ အဓိကေတာ့ ဒီအခ်ိန္မွာေပၚေပါက္ေနတဲ့ ကမာၻ႔ ကပ္ေဘးႀကီးဆိုတဲ့ဟာကို ဘယ္လိုေက်ာ္လႊားရမလဲဆိုတာ ဒီအေပၚမွာ မူတည္ၿပီး စဥ္းစားတာေပါ့။”

ဒီေၾကညာခ်က္ဟာ ျပည္ပႏိုင္ငံေတြအားလုံးအတြက္ အက်ဳံးဝင္ပါတယ္။ အိမ္နီးခ်င္း ထိုင္းႏိုင္ငံကို တရားဝင္လုပ္သားေစလႊတ္မႈ MoU နဲ႔သြားမယ့္ အလုပ္သမားေတြလည္း ရန္ကုန္၊ ျမဝတီ၊ ေကာ့ေသာင္း၊ ဘားအံ စတဲ့ၿမိဳ႕ေတြမွာ အလုပ္အကိုင္ သက္ေသခံကဒ္ျပားကို မနက္ျဖန္ကစၿပီး ထုတ္ယူႏိုင္မွာ မဟုတ္ေတာ့ပါဘူး။

“၁၈ ရက္ မနက္ျဖန္က စၿပီးေတာ့ MoU အလုပ္သမားေတြ ထိုင္းႏိုင္ငံ မဲေဆာက္တို႔၊ ဘန္ေကာက္တို႔မွာ သြားအလုပ္လုပ္တဲ့ MoU အလုပ္သမားေတြ ရွိတယ္။ တရားဝင္သြားတဲ့ အလုပ္သမားေတြေပါ့... အဲအလုပ္သမားေတြ မနက္ျဖန္ကစၿပီး ယာယီရပ္ဆိုင္းထားမယ္ ဆိုတာေတာ့ရွိတယ္။”

ျမဝတီၿမိဳ႕နယ္ အုပ္ခ်ဳပ္ေရးမႈး ဦးၿဖိဳးေဇာ္ကိုကို ေျပာသြားတာျဖစ္ပါတယ္။

အစိုးရရဲ႕ ဒီကေန႔ေၾကညာခ်က္ကို သုံးႏိုင္ငံက အလုပ္သမား သံအရာရွိ႐ုံးနဲ႔ ျပည္ပအလုပ္အကိုင္ ဝန္ေဆာင္မႈ လုပ္ငန္းရွင္မ်ားအဖြဲ႕ခ်ဳပ္ အျပင္ တျခား ဆက္စပ္ အဖြဲ႔အစည္းေတြကို ဒီကေန႔ မတ္လ ၁၇ ရက္မွာ ေပးပို႔ခဲ့တာလည္း ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode]

ပြည်ပ MoU အလုပ်အကိုင်အတွက် အလုပ်သမားကဒ် ထုတ်ပေးတာ ယာယီ ရပ်နား

ထိုင်း၊ မလေးရှားနဲ့ ကိုရီးယားကို အလုပ်သွားလုပ်မယ့်သူတွေအတွက် အလုပ်သမားသက်သေခံကဒ်ပြား ထုတ်ပေးတာကို မနက်ဖြန် မတ်လ ၁၈ ရက်ကစပြီး ယာယီရပ်နား လိုက်တယ်လို့ အစိုးရက ပြည်ပအလုပ်အကိုင် အကျိုးဆောင် လိုင်စင်ရအေဂျင်စီတွေကို ဒီကနေ့ အသိပေး ကြေညာလိုက်ပါတယ်။

ကမ္ဘာ့ကပ်ရောဂါအနေနဲ့ ကူးစက်လာတဲ့ ကိုရိုနာဗိုင်းရပ်စ် Covid-19 ကို တားဆီးဖို့ လူစုလူဝေးနဲ့ လုပ်ရတဲ့ အစည်းအဝေး၊ ပွဲလမ်းသဘင်တွေ ရပ်ဆိုင်းဖို့ နိုင်ငံတော် သမ္မတရုံးက မတ်လ ၁၃ ရက်က ထုတ်ပြန်ပြီးနောက်ပိုင်း အခုလို အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနရဲ့ နောက်ဆက်တွဲ ကြေညာချက်ထွက်ပေါ်လာတာလည်း ဖြစ်ပါတယ်။

ဒီကြေညာချက်ဟာ ဧပြီလ ၃၀ ရက်အထိ သက်ရောက်နိုင်မယ်လို့ အကြမ်းဖျင်းသတ်မှတ်ထားကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင်က ဗွီအိုအေကို ပြောပါတယ်။

“ထိုင်းမှာလည်း ကန့်သတ်မှုလေးတွေ ရှိနေတယ်။ မလေးရှားဆိုလည်း ပိတ်ဖို့လုပ်နေတယ်။ ဂျပန်မှာလည်း တချို့နေရာတွေက ရောဂါပိုးတွေ တွေ့နေတယ်။ အခု အလုပ်သမား လွှတ်နေတဲ့ နိုင်ငံအတော်များများမှာက ပိုးတွေ့နေတယ်ဆိုတဲ့အခါကျတော့ ဒါကို စဉ်းစားဆုံးဖြတ်၊ တို့ဒီဘက်ကလည်း အကျိုးအပြစ်တွေ စဉ်းစားတာပေါ့။ အဓိကတော့ ဒီအချိန်မှာပေါ်ပေါက်နေတဲ့ ကမ္ဘာ့ ကပ်ဘေးကြီးဆိုတဲ့ဟာကို ဘယ်လိုကျော်လွှားရမလဲဆိုတာ ဒီအပေါ်မှာ မူတည်ပြီး စဉ်းစားတာပေါ့။”

ဒီကြေညာချက်ဟာ ပြည်ပနိုင်ငံတွေအားလုံးအတွက် အကျုံးဝင်ပါတယ်။ အိမ်နီးချင်း ထိုင်းနိုင်ငံကို တရားဝင်လုပ်သားစေလွှတ်မှု MoU နဲ့သွားမယ့် အလုပ်သမားတွေလည်း ရန်ကုန်၊ မြဝတီ၊ ကော့သောင်း၊ ဘားအံ စတဲ့မြို့တွေမှာ အလုပ်အကိုင် သက်သေခံကဒ်ပြားကို မနက်ဖြန်ကစပြီး ထုတ်ယူနိုင်မှာ မဟုတ်တော့ပါဘူး။

“၁၈ ရက် မနက်ဖြန်က စပြီးတော့ MoU အလုပ်သမားတွေ ထိုင်းနိုင်ငံ မဲဆောက်တို့၊ ဘန်ကောက်တို့မှာ သွားအလုပ်လုပ်တဲ့ MoU အလုပ်သမားတွေ ရှိတယ်။ တရားဝင်သွားတဲ့ အလုပ်သမားတွေပေါ့... အဲအလုပ်သမားတွေ မနက်ဖြန်ကစပြီး ယာယီရပ်ဆိုင်းထားမယ် ဆိုတာတော့ရှိတယ်။”

မြဝတီမြို့နယ် အုပ်ချုပ်ရေးမှုး ဦးဖြိုးဇော်ကိုကို ပြောသွားတာဖြစ်ပါတယ်။

အစိုးရရဲ့ ဒီကနေ့ကြေညာချက်ကို သုံးနိုင်ငံက အလုပ်သမား သံအရာရှိရုံးနဲ့ ပြည်ပအလုပ်အကိုင် ဝန်ဆောင်မှု လုပ်ငန်းရှင်များအဖွဲ့ချုပ် အပြင် တခြား ဆက်စပ် အဖွဲ့အစည်းတွေကို ဒီကနေ့ မတ်လ ၁၇ ရက်မှာ ပေးပို့ခဲ့တာလည်း ဖြစ်ပါတယ်။

XS
SM
MD
LG