သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ေဒါက္တာေအးေမာင္ကို လႊတ္ေတာ္ကိုယ္စားလွယ္အျဖစ္က ပယ္ဖ်က္တဲ့ အေပၚ ဘယ္လိုေဝဖန္ၾကလဲ


၂၀၁၈ ခုႏွစ္ ေဒါက္တာေအးေမာင္ကို ရခိုင္ျပည္နယ္ စစ္ေတြတရားရံုးမွာ ရံုးထုတ္ခဲ့တဲ့ ျမင္ကြင္း (မတ္ ၀၇၊ ၂၀၁၈)

[Zawgyi/Unicode]

ေဒါက္တာေအးေမာင္ကို ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္အျဖစ္က ရပ္ဆိုင္းလိုက္ၿပီး ေနာက္ထပ္ ေ႐ြးေကာက္ပြဲေတြမွာလည္း ကိုယ္စားလွယ္ေလာင္းအျဖစ္ ေ႐ြးေကာက္ခံပိုင္ခြင့္ မရွိေတာ့ေၾကာင္း ေကာ္မရွင္က ထုတ္ျပန္ခ်က္ဟာ တိုင္းရင္းသား စည္းလုံးညီၫႊတ္ေရးႏွင့္ အမ်ိဳးသားရင္ၾကားေစ့ေရးကို ထိခိုက္လာႏိုင္တယ္လို႔ ေဝဖန္ေနၾကတဲ့ အေၾကာင္းကို ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ မအိမ့္သႏၱာထြန္းက ေျပာျပေပးပါမယ္။

ရခိုင္အမ်ိဳးသားပါတီရဲ႕ ဥကၠ႒ေဟာင္း၊ အမ္းၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ေဒါက္တာေအးေမာင္ကို ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္အျဖစ္ ဆက္လက္ ရပ္တည္ပိုင္ခြင့္မရွိေတာ့ေၾကာင္းႏွင့္ ေနာက္ထပ္ေ႐ြးေကာက္ပြဲေတြမွာလည္း ကိုယ္စားလွယ္ေလာင္းအျဖစ္ ေ႐ြးေကာက္ခံပိုင္ခြင့္ မရွိေၾကာင္း ျပည္ေထာင္စုေ႐ြးေကာက္ပြဲ ေကာ္မရွင္က ေမလ ၁၈ရက္ တနလာၤေန႔က ထုတ္ျပန္ပါတယ္။

ႏိုင္ငံေရး အက်ဥ္းသားအျဖစ္ ေထာင္ဒဏ္က်ခံေနရတဲ့ ေဒါက္တာေအးေမာင္ကို ခုလိုလုပ္လိုက္တာက တိုင္းရင္းသားစည္းလုံးညီၫႊတ္ေရးႏွင့္ အမ်ိဳးသားျပန္လည္သင့္ျမတ္ေရး ေဆာင္႐ြက္ရာမွာ ထိခိုက္မႈေတြ ရွိလာႏိုင္တယ္လို႔ ႏိုင္ငံေရးေလ့လာသုံးသပ္သူေတြက ဆိုပါတယ္။ ေဒါက္တာေအးေမာင္ကို စြဲခ်က္တင္ ေထာင္ခ်ခဲ့တဲ့ျပစ္မႈကလည္း ႏိုင္ငံေရးျပႆနာနဲ႔ ဆက္စပ္ေနတာမို႔ ၊ ဒါကို အခုလို ႏိုင္ငံေရးက ဖယ္ရွားတာထက္ ႏိုင္ငံေရးအရ ညႇိႏႈိင္းအေျဖထုတ္တာမ်ိဳး သူတို႔က ပိုလိုလားတာပါ။

ႏိုင္ငံေရး စိန္ေခၚမႈေတြကို ႏိုင္ငံေရးနည္းလမ္းအရသာ ျပန္လည္ ေျဖရွင္း သင့္ၿပီး ျပည္ေထာင္စုေ႐ြးေကာက္ပြဲ ေကာ္မရွင္အေနနဲ႔ ခုလိုထုတ္ျပန္လိုက္တဲ့ ေၾကညာခ်က္ကို ျပန္လည္ဆန္းစစ္သုံးသပ္သင့္တယ္လို႔ ႏိုင္ငံေရးေလ့လာသုံးသပ္သူ ေဒါက္တာ ရန္မ်ိဳးသိမ္းက ေျပာပါတယ္။

“က်ေနာ္တို႔ ႏိုင္ငံရဲ႕ ဒီမိုကေရစီ အေျပာင္းအလဲမွာ အားလုံးပါဝင္ခြင့္ရွိတဲ့ ေ႐ြးေကာက္ပြဲစနစ္က ေနၿပီးေတာ့ ဒီမိုကေရစီ ဖက္ဒရယ္ ျပည္ေထာင္စု တည္ေဆာက္ေရးဆိုတဲ့ လမ္းေၾကာင္းကို ပိုၿပီးေတာ့ အားေကာင္းခိုင္မာေအာင္တည္ေဆာက္ဖို႔ လိုအပ္တယ္လို႔ ျမင္ပါတယ္။ ဒါအျပင္ က်ေနာ္တို႔ ႏုိင္ငံရဲ႕ ဒီ ေခါင္းေဆာင္ေတြ အဆုံးအျဖတ္လုပ္တဲ့ သူေတြ အေနနဲ႔ ႏိုင္ငံေရး ျပႆနာေတြကို ႏိုင္ငံေရး အၾကပ္အတည္း စိန္ေခၚမႈေတြကို ႏိုင္ငံေရးနည္းလမ္းအရ ခ်ည္းကပ္ၿပီးေတာ့ ပြင့္ပြင့္လင္းလင္း မ်က္ႏွာစုံညီ ညႇိႏႈိင္းေဆြးေႏြး အေျဖရွာတဲ့ လမ္းေၾကာင္းကို ပိုၿပီးေတာ့ အားေကာင္းေအာင္လုပ္သင့္ တယ္လို႔ က်ေနာ့္အေနနဲ႔ တိုက္တြန္းလိုပါတယ္။”

လက္ရွိ ရခိုင္မွာ ျဖစ္ေနတဲ့ ျပႆနာေတြကို အေျဖရွာတဲ့ ေနရာမွာ ရခိုင္ျပည္သူေတြေ႐ြးခ်ယ္တဲ့ လႊတ္ေတာ္ကိုယ္စားလွယ္ေတြရဲ႕ အခန္းက႑ကို ေရွ႕တန္းတင္ၿပီး ထည့္သြင္းစဥ္းစားဖို႔ လိုအပ္တယ္လို႔ ေဒါက္တာ ရန္မ်ိဳးသိမ္းက သုံးသပ္ပါတယ္။

အမ်ိဳးသားျပန္လည္သင့္ျမတ္ေရး ေဆာင္႐ြက္ေနတဲ့ ကာလမွာ ခုလို ထုတ္ျပန္လိုက္တာက ျပန္လည္သင့္ျမတ္ေရး ေဆာင္႐ြက္တဲ့ ေနရာမွာ အေရးႀကီးတဲ့ ယုံၾကည္မႈဆိုင္ရာ ျပသနာေတြ အမ်ားႀကီး ျဖစ္လာႏိုင္တယ္လို႔ ႏိုင္ငံေရး အက်ဥ္းသားမ်ား ကူညီေစာင့္ေရွာက္ေရးအသင္း တြဲဖက္အတြင္းေရးမွဴး ဦးဘိုၾကည္က ေျပာပါတယ္။

“အခုကာလက အမ်ိဳးသားျပန္လည္သင့္ျမတ္ေရးကို တည္ေဆာက္ေနတဲ့ ကာလျဖစ္တယ္ေပါ့ေႏွာ္။ အမ်ိဳးသားျပန္လည္သင့္ျမတ္ေရးကို တည္ေဆာက္ေနတဲ့ ကာလျဖစ္တယ္ဆိုလို႔ရွိရင္ ႏိုင္ငံေရး အက်ဥ္းသားေတြကိ ခ်ိဳ႕ယြင္းခ်က္မရွိ လႊတ္ေပးဖို႔လိုတယ္။ ၿပီးတဲ့အခါက်ေတာ့ သူတို႔ရဲ႕ မူလတာဝန္ဝတၱရားေတြကို ျပန္လည္ထမ္းေဆာင္ခြင့္ျပဳဖို႔လိုတယ္။ အဲ့လိုမွသာ အမ်ိဳးသားျပန္လည္သင့္ျမတ္ေရးအတြက္ အေထာက္အကူျဖစ္မွာပါ။ အဲ့လိုမဟုတ္ဘဲနဲ႔ အခုလိုမ်ိဳး ပယ္ဖ်က္လိုက္တဲ့ အခါက်ေတာ့ အမ်ိဳးသားျပန္လည္သင့္ ျမတ္ေရးတည္ေဆာက္တဲ့အခါမွာ အေရးႀကီးတဲ့ ယုံၾကည္မႈဆိုင္ရာ ျပႆနာေတြ အမ်ားႀကီး ျဖစ္လာႏိုင္တယ္။ ျဖစ္လာႏိုင္ၿပီးတဲ့ အခါက်ေတာ့ အေထာက္အကူျပဳတဲ့ လုပ္ရပ္မဟုတ္ဘူးေပါ့။ ႏိုင္ငံေရးအက်ဥ္းသားေတြရွိေနသ၍ အမ်ိဳးသားျပန္လည္သင့္ျမတ္ေရးျဖစ္ႏိုင္မွာ မဟုတ္ပါဘူး။”

ေဒါက္တာေအးေမာင္
ေဒါက္တာေအးေမာင္

ရခိုင္အမ်ိဳးသားပါတီရဲ႕ ဒုတိယ ဥကၠ႒ ေဒၚေအးႏုစိန္က အခုလုပ္ရပ္ဟာ ႏိုင္ငံေရးအရ အယူအဆမတူညီမႈေတြကို ဖိႏွိပ္တာျဖစ္တယ္လို႔ ယူဆပါတယ္။

“က်မတို႔ဘက္ကေတာ့ အေထြအထူး ေျပာစရာေတာ့ မရွိပါဘူး။ ဒါေပမဲ့ အဲ့ဒီေၾကညာခ်က္မွာကို ေ႐ြးေကာက္ပြဲ ဥပေဒမွာ ပါရွိတဲ့ ဥပေဒျပဌာန္းခ်က္ကို ဒီလို အေနအထားအရေပါ့ေလ ေဒါက္တာ ေအးေမာင္ဟာ ျပည္နယ္လႊတ္ေတာ္၊ ျပည္သူ႔လႊတ္ေတာ္၊ အမ်ိဳးသားလႊတ္ေတာ္မွာ ေ႐ြးေကာက္ပြဲေတြမွာ ေနာက္ထပ္ ဝင္ေရာက္ပိုင္ခြင့္ မရွိဘူးဆိုတာမ်ိဳးကိုပါ ထည့္ၿပီးေတာ့ ျပည္သူသိေအာင္ ထုတ္ျပန္လိုက္တာကေတာ့ လြန္လြန္ကဲကဲ ဖိႏွိမ့္ ႏွိပ္ကြက္တဲ့ အေနအထားကို သိေစခ်င္ပုံရတဲ့ ေဆာင္႐ြက္ခ်က္လို႔ ေျပာခ်င္ပါတယ္။ တစ္နည္းအားျဖင့္ ႏိုင္ငံေရးမွာ အေတြးအေခၚ အယူအဆ မတူၾကရင္ေတာ့ အားနည္းတဲ့ဘက္ကေတာ့ နစ္နာတဲ့ အေျခအေနကို ေရာက္သြားခဲ့ရတယ္ေပါ့ေလ။”

ေဒါက္တာေအးေမာင္ဟာ ရခိုင္အမ်ိဳးသားပါတီ ANP ကို ပူးတြဲထူေထာင္ခဲ့သူ တဦးျဖစ္သလို၊ ရခိုင္လူထုအၾကားမွာ ထင္ရွားတဲ့ ႏိုင္ငံေရးေခါင္းေဆာင္တဦးလည္းျဖစ္ပါတယ္။ သူဟာ ၂၀၁၀ ေ႐ြးေကာက္ပြဲမွာ ရခိုင္ျပည္နယ္ အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္တဦးအျဖစ ္အေ႐ြးခံခဲ့ရေပမဲ့ ၂၀၁၅ ေ႐ြးေကာက္ပြဲမွာေတာ့ ရႈံးနိမ့္ခဲ့ပါတယ္။ ဒါေပမဲ့ ၂၀၁၇ ၾကားျဖတ္ေ႐ြးေကာက္ပြဲမွာ အမ္းၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္အျဖစ္ အေ႐ြးခ်ယ္ခံခဲ့ရပါတယ္။ အစိုးရနဲ႔ ရခိုင္ေဒသခံေတြအၾကား တင္းတင္းမာမာျဖစ္ေနတဲ့အခ်ိန္ ၂၀၁၈ ခုႏွစ္ဆန္း စစ္ေတြမွာလုပ္တဲ့ စာေပေဟာေျပာပြဲတခုမွာ ႏိုင္ငံေတာ္ကိုဆန႔္က်င္ေျပာဆိုတယ္ဆိုၿပီး ဖမ္းဆီးခံခဲ့ရတာျဖစ္ပါတယ္။

ေဒါက္တာေအးေမာင္ကို ႏိုင္ငံေတာ္ ပုံကန္မႈ ပုဒ္မ ၁၂၂၊ ႏိုင္ငံေတာ္ အၾကည္ညိဳပ်က္ေစမႈ ပုဒ္မ ၅၀၅(ခ) တို႔နဲ႔ ေထာက္ဒဏ္ ႏွစ္ ၂၀ ခ်မွတ္ခဲ့ပါတယ္။

စီရင္ခ်က္ ခ်မွတ္လိုက္တဲ့ ၂၀၁၉ ခုႏွစ္ မတ္လ ၁၉ ရက္ေန႔ကေန စလို႔ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္အျဖစ္ ဆက္လက္ ရပ္တည္ပိုင္ခြင့္ မရွိေတာ့ေၾကာင္းႏွင့္ ျပည္သူ႔လႊတ္ေတာ္ ကိုယ္စားလွယ္အျဖစ္ ေ႐ြးေကာက္တင္ေျမႇာက္ခံထားရသူအျဖစ္ကေန ပယ္ဖ်က္လိုက္ေၾကာင္း၊ ေနာက္ထပ္ျပဳလုပ္မယ့္ ေ႐ြးေကာက္ပြဲေတြမွာလည္း ကိုယ္စားလွယ္အျဖစ္ ပါဝင္ယွဥ္ၿပိဳင္ခြင့္ မရွိေတာ့ေၾကာင္း ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္က ေၾကညာလိုက္တာျဖစ္ပါတယ္ရွင္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ဒေါက်တာအေးမောင်ကို လွှတ်တော်ကိုယ်စားလှယ်အဖြစ်က ပယ်ဖျက်တဲ့ အပေါ် ဘယ်လိုဝေဖန်ကြလဲ

ဒေါက်တာအေးမောင်ကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ်က ရပ်ဆိုင်းလိုက်ပြီး နောက်ထပ် ရွေးကောက်ပွဲတွေမှာလည်း ကိုယ်စားလှယ်လောင်းအဖြစ် ရွေးကောက်ခံပိုင်ခွင့် မရှိတော့ကြောင်း ကော်မရှင်က ထုတ်ပြန်ချက်ဟာ တိုင်းရင်းသား စည်းလုံးညီညွှတ်ရေးနှင့် အမျိုးသားရင်ကြားစေ့ရေးကို ထိခိုက်လာနိုင်တယ်လို့ ဝေဖန်နေကြတဲ့ အကြောင်းကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မအိမ့်သန္တာထွန်းက ပြောပြပေးပါမယ်။

ရခိုင်အမျိုးသားပါတီရဲ့ ဥက္ကဋ္ဌဟောင်း၊ အမ်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင်ကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဆက်လက် ရပ်တည်ပိုင်ခွင့်မရှိတော့ကြောင်းနှင့် နောက်ထပ်ရွေးကောက်ပွဲတွေမှာလည်း ကိုယ်စားလှယ်လောင်းအဖြစ် ရွေးကောက်ခံပိုင်ခွင့် မရှိကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က မေလ ၁၈ရက် တနလာၤနေ့က ထုတ်ပြန်ပါတယ်။

နိုင်ငံရေး အကျဉ်းသားအဖြစ် ထောင်ဒဏ်ကျခံနေရတဲ့ ဒေါက်တာအေးမောင်ကို ခုလိုလုပ်လိုက်တာက တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေး ဆောင်ရွက်ရာမှာ ထိခိုက်မှုတွေ ရှိလာနိုင်တယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူတွေက ဆိုပါတယ်။ ဒေါက်တာအေးမောင်ကို စွဲချက်တင် ထောင်ချခဲ့တဲ့ပြစ်မှုကလည်း နိုင်ငံရေးပြဿနာနဲ့ ဆက်စပ်နေတာမို့ ၊ ဒါကို အခုလို နိုင်ငံရေးက ဖယ်ရှားတာထက် နိုင်ငံရေးအရ ညှိနှိုင်းအဖြေထုတ်တာမျိုး သူတို့က ပိုလိုလားတာပါ။

နိုင်ငံရေး စိန်ခေါ်မှုတွေကို နိုင်ငံရေးနည်းလမ်းအရသာ ပြန်လည် ဖြေရှင်း သင့်ပြီး ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အနေနဲ့ ခုလိုထုတ်ပြန်လိုက်တဲ့ ကြေညာချက်ကို ပြန်လည်ဆန်းစစ်သုံးသပ်သင့်တယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာ ရန်မျိုးသိမ်းက ပြောပါတယ်။

“ကျနော်တို့ နိုင်ငံရဲ့ ဒီမိုကရေစီ အပြောင်းအလဲမှာ အားလုံးပါဝင်ခွင့်ရှိတဲ့ ရွေးကောက်ပွဲစနစ်က နေပြီးတော့ ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးဆိုတဲ့ လမ်းကြောင်းကို ပိုပြီးတော့ အားကောင်းခိုင်မာအောင်တည်ဆောက်ဖို့ လိုအပ်တယ်လို့ မြင်ပါတယ်။ ဒါအပြင် ကျနော်တို့ နိုင်ငံရဲ့ ဒီ ခေါင်းဆောင်တွေ အဆုံးအဖြတ်လုပ်တဲ့ သူတွေ အနေနဲ့ နိုင်ငံရေး ပြဿနာတွေကို နိုင်ငံရေး အကြပ်အတည်း စိန်ခေါ်မှုတွေကို နိုင်ငံရေးနည်းလမ်းအရ ချည်းကပ်ပြီးတော့ ပွင့်ပွင့်လင်းလင်း မျက်နှာစုံညီ ညှိနှိုင်းဆွေးနွေး အဖြေရှာတဲ့ လမ်းကြောင်းကို ပိုပြီးတော့ အားကောင်းအောင်လုပ်သင့် တယ်လို့ ကျနော့်အနေနဲ့ တိုက်တွန်းလိုပါတယ်။”

လက်ရှိ ရခိုင်မှာ ဖြစ်နေတဲ့ ပြဿနာတွေကို အဖြေရှာတဲ့ နေရာမှာ ရခိုင်ပြည်သူတွေရွေးချယ်တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ အခန်းကဏ္ဍကို ရှေ့တန်းတင်ပြီး ထည့်သွင်းစဉ်းစားဖို့ လိုအပ်တယ်လို့ ဒေါက်တာ ရန်မျိုးသိမ်းက သုံးသပ်ပါတယ်။

အမျိုးသားပြန်လည်သင့်မြတ်ရေး ဆောင်ရွက်နေတဲ့ ကာလမှာ ခုလို ထုတ်ပြန်လိုက်တာက ပြန်လည်သင့်မြတ်ရေး ဆောင်ရွက်တဲ့ နေရာမှာ အရေးကြီးတဲ့ ယုံကြည်မှုဆိုင်ရာ ပြသနာတွေ အများကြီး ဖြစ်လာနိုင်တယ်လို့ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း တွဲဖက်အတွင်းရေးမှူး ဦးဘိုကြည်က ပြောပါတယ်။

“အခုကာလက အမျိုးသားပြန်လည်သင့်မြတ်ရေးကို တည်ဆောက်နေတဲ့ ကာလဖြစ်တယ်ပေါ့နှော်။ အမျိုးသားပြန်လည်သင့်မြတ်ရေးကို တည်ဆောက်နေတဲ့ ကာလဖြစ်တယ်ဆိုလို့ရှိရင် နိုင်ငံရေး အကျဉ်းသားတွေကိ ချို့ယွင်းချက်မရှိ လွှတ်ပေးဖို့လိုတယ်။ ပြီးတဲ့အခါကျတော့ သူတို့ရဲ့ မူလတာဝန်ဝတ္တရားတွေကို ပြန်လည်ထမ်းဆောင်ခွင့်ပြုဖို့လိုတယ်။ အဲ့လိုမှသာ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် အထောက်အကူဖြစ်မှာပါ။ အဲ့လိုမဟုတ်ဘဲနဲ့ အခုလိုမျိုး ပယ်ဖျက်လိုက်တဲ့ အခါကျတော့ အမျိုးသားပြန်လည်သင့် မြတ်ရေးတည်ဆောက်တဲ့အခါမှာ အရေးကြီးတဲ့ ယုံကြည်မှုဆိုင်ရာ ပြဿနာတွေ အများကြီး ဖြစ်လာနိုင်တယ်။ ဖြစ်လာနိုင်ပြီးတဲ့ အခါကျတော့ အထောက်အကူပြုတဲ့ လုပ်ရပ်မဟုတ်ဘူးပေါ့။ နိုင်ငံရေးအကျဉ်းသားတွေရှိနေသ၍ အမျိုးသားပြန်လည်သင့်မြတ်ရေးဖြစ်နိုင်မှာ မဟုတ်ပါဘူး။”

ရခိုင်အမျိုးသားပါတီရဲ့ ဒုတိယ ဥက္ကဋ္ဌ ဒေါ်အေးနုစိန်က အခုလုပ်ရပ်ဟာ နိုင်ငံရေးအရ အယူအဆမတူညီမှုတွေကို ဖိနှိပ်တာဖြစ်တယ်လို့ ယူဆပါတယ်။

“ကျမတို့ဘက်ကတော့ အထွေအထူး ပြောစရာတော့ မရှိပါဘူး။ ဒါပေမဲ့ အဲ့ဒီကြေညာချက်မှာကို ရွေးကောက်ပွဲ ဥပဒေမှာ ပါရှိတဲ့ ဥပဒေပြဌာန်းချက်ကို ဒီလို အနေအထားအရပေါ့လေ ဒေါက်တာ အေးမောင်ဟာ ပြည်နယ်လွှတ်တော်၊ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်မှာ ရွေးကောက်ပွဲတွေမှာ နောက်ထပ် ဝင်ရောက်ပိုင်ခွင့် မရှိဘူးဆိုတာမျိုးကိုပါ ထည့်ပြီးတော့ ပြည်သူသိအောင် ထုတ်ပြန်လိုက်တာကတော့ လွန်လွန်ကဲကဲ ဖိနှိမ့် နှိပ်ကွက်တဲ့ အနေအထားကို သိစေချင်ပုံရတဲ့ ဆောင်ရွက်ချက်လို့ ပြောချင်ပါတယ်။ တစ်နည်းအားဖြင့် နိုင်ငံရေးမှာ အတွေးအခေါ် အယူအဆ မတူကြရင်တော့ အားနည်းတဲ့ဘက်ကတော့ နစ်နာတဲ့ အခြေအနေကို ရောက်သွားခဲ့ရတယ်ပေါ့လေ။”

၂၀၁၈ ခုႏွစ္ ေဒါက္တာေအးေမာင္ကို ရခိုင္ျပည္နယ္ စစ္ေတြတရားရံုးမွာ ရံုးထုတ္ခဲ့တဲ့ ျမင္ကြင္း (မတ္ ၀၇၊ ၂၀၁၈)
၂၀၁၈ ခုႏွစ္ ေဒါက္တာေအးေမာင္ကို ရခိုင္ျပည္နယ္ စစ္ေတြတရားရံုးမွာ ရံုးထုတ္ခဲ့တဲ့ ျမင္ကြင္း (မတ္ ၀၇၊ ၂၀၁၈)

ဒေါက်တာအေးမောင်ဟာ ရခိုင်အမျိုးသားပါတီ ANP ကို ပူးတွဲထူထောင်ခဲ့သူ တဦးဖြစ်သလို၊ ရခိုင်လူထုအကြားမှာ ထင်ရှားတဲ့ နိုင်ငံရေးခေါင်းဆောင်တဦးလည်းဖြစ်ပါတယ်။ သူဟာ ၂၀၁၀ ရွေးကောက်ပွဲမှာ ရခိုင်ပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်တဦးအဖြစ ်အရွေးခံခဲ့ရပေမဲ့ ၂၀၁၅ ရွေးကောက်ပွဲမှာတော့ ရှုံးနိမ့်ခဲ့ပါတယ်။ ဒါပေမဲ့ ၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲမှာ အမ်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် အရွေးချယ်ခံခဲ့ရပါတယ်။ အစိုးရနဲ့ ရခိုင်ဒေသခံတွေအကြား တင်းတင်းမာမာဖြစ်နေတဲ့အချိန် ၂၀၁၈ ခုနှစ်ဆန်း စစ်တွေမှာလုပ်တဲ့ စာပေဟောပြောပွဲတခုမှာ နိုင်ငံတော်ကိုဆန့်ကျင်ပြောဆိုတယ်ဆိုပြီး ဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။

ဒေါက်တာအေးမောင်ကို နိုင်ငံတော် ပုံကန်မှု ပုဒ်မ ၁၂၂၊ နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(ခ) တို့နဲ့ ထောက်ဒဏ် နှစ် ၂၀ ချမှတ်ခဲ့ပါတယ်။

စီရင်ချက် ချမှတ်လိုက်တဲ့ ၂၀၁၉ ခုနှစ် မတ်လ ၁၉ ရက်နေ့ကနေ စလို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဆက်လက် ရပ်တည်ပိုင်ခွင့် မရှိတော့ကြောင်းနှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံထားရသူအဖြစ်ကနေ ပယ်ဖျက်လိုက်ကြောင်း၊ နောက်ထပ်ပြုလုပ်မယ့် ရွေးကောက်ပွဲတွေမှာလည်း ကိုယ်စားလှယ်အဖြစ် ပါဝင်ယှဉ်ပြိုင်ခွင့် မရှိတော့ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေညာလိုက်တာဖြစ်ပါတယ်ရှင်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG