သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်မြောက်ပိုင်း မြို့နယ်တချို့က လုပ်ငန်းတွေ MSF ယာယီ ရပ်ဆိုင်း


ရခိုင်မြောက်ပိုင်း မြို့နယ်တချို့က လုပ်ငန်းတွေ ယာယီရပ်ဆိုင်းကြောင်း နယ်စည်းမထား ဆရာဝန်များအဖွဲ့ MSF ရဲ့ ကြေညာချက်မှာပါရှိသည့် ဓါတ်ပုံ
ရခိုင်မြောက်ပိုင်း မြို့နယ်တချို့က လုပ်ငန်းတွေ ယာယီရပ်ဆိုင်းကြောင်း နယ်စည်းမထား ဆရာဝန်များအဖွဲ့ MSF ရဲ့ ကြေညာချက်မှာပါရှိသည့် ဓါတ်ပုံ

ရခိုင်ပြည်နယ် ရသေ့တောင်၊ ဘူးသီးတောင်နဲ့ မောင်တောမြို့နယ်တွေမှာ လူသားချင်းစာနာကူညီမှု လုပ်ငန်းတွေကို ရပ်ဆိုင်းလိုက်တယ်လို့ ပြင်သစ်အခြေစိုက် နယ်စည်းမထား ဆရာဝန်များအဖွဲ့ MSF ကပြောကြားလိုက်ပါတယ်။ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ တိုက်ပွဲတွေ ပိုပြင်းထန်လာတာ၊ မဆင်မခြင် အကြမ်းဖက်မှုတွေနဲ့ လူသားချင်းစာနာ ကူညီမှုတွေ လုပ်ဖို့မရလောက်အောင် ကန့်သတ်မှုတွေကြောင့် လုပ်ငန်းတွေ ယာယီရပ်ဆိုင်းထားတယ်လို့ ဒီနေ့ ဇွန်လ ၂၇ ရက်နေ့စွဲနဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်းက ရခိုင်တိုင်းရင်းသားနဲ့၊ ရိုဟင်ဂျာတွေအပြင် လူနည်းစုအသိုင်းအဝိုင်းတွေ အားလုံးအတွက် လိုအပ်နေတဲ့ ကျန်းမာရေးစောင့်ရှောက်မှုရရှိအောင် MSF က ရွေ့လျားဆေးခန်း ၁၄ ခုနဲ့ လိုက်လံကုသပေးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။ ရက်အကန့်အသတ်မရှိ MSF ရဲ့ လုပ်ငန်းတွေကို ရပ်ဆိုင်းထားလိုက်တဲ့အတွက် အဲဒီသူတွေအနေနဲ့ ကျန်းမာရေးဆိုင်ရာ စောင့်ရှောက်မှု လုံးဝရတော့မှာ မဟုတ်တာကိုလည်း ထောက်ပြထားပါတယ်။

ပဋိပက္ခတွေအတွင်း လူ့အသက်တွေနဲ့ ပိုင်ဆိုင်မှုတွေ တမင်ဖျက်ဆီးခံနေရတာ၊ အတင်းအကြပ် စစ်သားစုဆောင်းခံရတာ၊ အိုးအိမ်စွန့် ဘေးလွတ်ရာ ပြေးနေကြရပေမဲ့ လုံခြုံတဲ့နေရာ မရှိဖြစ်နေကြတာနဲ့ လူသားချင်းစာနာတဲ့ အကူအညီကန့်သတ်မှုတွေကို ရင်ဆိုင်နေကြရတဲ့ ရခိုင်မြောက်ပိုင်းက ဒေသခံတွေအတွက် MSF အနေနဲ့ အလွန်ကို စိုးရိမ်တယ်လို့ MSF ကပြောပါတယ်။

ရခိုင်ပြည်နယ် အလယ်ပိုင်းနဲ့ မြောက်ပိုင်းဒေသတွေမှာ MSF ရဲ့ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတွေကို ၂၀၂၃ ခုနှစ်ထဲက ပုံမှန် မလုပ်နိုင်ခဲ့တာဖြစ်ပါတယ်။ ၂၀၂၄ ခုနှစ် ဧပြီလ ၁၅ ရက်နေ့ကတော့ ဘူသီးတောင်မြို့နယ်ထဲမှာရှိတဲ့ MSF ရုံးနဲ့ ဆေးခန်း မီးရှို့ခံရတာကိုလည်း မှတ်တမ်းတင်ထားတယ်လို့ MSF ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG