သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆေးရုံဆေးခန်းနဲ့ ဆေးဝန်ထမ်းတွေကို ကာကွယ်ပေးဖို့ MSF ပန်ကြား


၁၀၂၇ စစ်ဆင်ရေး စတင်တဲ့ အောက်တိုဘာလ ၂၇ နောက်ပိုင်း တိုက်ပွဲတွေကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူ ၂ သိန်းကျော် ထပ် တိုးလာလို့ ကုလသမဂ္ဂက ထုတ်ပြန်ထား
၁၀၂၇ စစ်ဆင်ရေး စတင်တဲ့ အောက်တိုဘာလ ၂၇ နောက်ပိုင်း တိုက်ပွဲတွေကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူ ၂ သိန်းကျော် ထပ် တိုးလာလို့ ကုလသမဂ္ဂက ထုတ်ပြန်ထား

လက်နက်ကိုင် ပဋိပက္ခတွေ တိုးလာနေတဲ့ မြန်မာနိုင်ငံတဝန်း အရပ်ဒေသတွေမှာ ဆေးဘက်ဆိုင်ရာ အဆောက်အအုံတွေ၊ လူနာတွေနဲ့ ဆေးဝန်ထမ်းတွေ ထိခိုက်မှု မရှိရအောင် အကာအကွယ်ပေးကြဖို့ နယ်စည်းမထား ဆရာဝန်များအဖွဲ့ MSF က တိုက်တွန်း ပန်ကြားလိုက်ပါတယ်။

လက်နက်ကိုင် ပဋိပက္ခတွေ တိုးလာနေတဲ့ မြန်မာနိုင်ငံတဝန်း အရပ်ဒေသတွေမှာ ဆေးဘက်ဆိုင်ရာ အဆောက်အအုံတွေ၊ လူနာတွေနဲ့ ဆေးဝန်ထမ်းတွေ ထိခိုက်မှု မရှိရအောင် အကာအကွယ်ပေးကြဖို့ နယ်စည်းမထား ဆရာဝန်များအဖွဲ့ MSF က တိုက်တွန်း ပန်ကြားလိုက်ပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ ရှမ်းပြည်မြောက်ပိုင်း ပန်ဆိုင်းဆေးရုံကို ဒရုန်းထိမှန်တာကို ထောက်ပြပြီး လက်ရှိ ပဋိပက္ခတွေ တိုးလာနေချိန်မှာ ဆေးဘက်ဆိုင်ရာ အဆောက်အအုံတွေ အကာအကွယ် မရတာဟာ စိုးရိမ်စရာ အခြေအနေ ဖြစ်လာနေတယ်လို့ MSF က သတိပေးပါတယ်။

ရှမ်းမြောက်တိုက်ပွဲတွေ ပြင်းထန်လာတဲ့ အောက်တိုဘာလကုန် လောက်ကစလို့ ပန်ဆိုင်းဆေးရုံကို ဆက် မလည်ပတ်နိုင်တဲ့အတွက် သောကြာနေ့က ဒရုန်း တိုက်ခိုက်ခံရမှုအတွင်း ထိခိုက် ဒဏ်ရာရမှုတော့ မရှိခဲ့ကြောင်း နိုဝင်ဘာလ ၁၈ ရက် နေ့စွဲနဲ့ထုတ်ပြန်တဲ့ MSF ကြေညာချက်မှာ ဖော်ပြထားပါတယ်။ လက်နက်ကိုင် ပဋိ့က္ခတွေကြောင့် အထူးသဖြင့် ရှမ်း၊ ကချင်နဲ့ ရခိုင်ပြည်နယ်တွေမှာ MSF ရဲ့ ကျန်းမာရေး စောင့်ရှောက်မှု အကူအညီပေးရေး လုပ်ငန်းတွေ ရပ်ဆိုင်းထားရတာ၊ ဒါမှမဟုတ် အကန့်အသတ်နဲ့ လုပ်ဆောင်ရတာလို ထိခိုက်မှုတွေရှိနေပြီး ဒေသခံလူထုတွေရဲ့ ကျန်းမာရေး လိုအပ်ချက်တွေအတွက် စိုးရိမ်စရာ ဖြစ်လာတဲ့အကြောင်းလည်း ပြောပါတယ်။

မြန်မာနိုင်ငံတဝန်း တိုက်ပွဲတွေ ပြင်းထန်လာတာနဲ့အမျှ ဆေးဘက်ဆိုင်ရာနဲ့ လူသားချင်း စာနာမှု အကူအညီ လိုအပ်ချက်တွေ ပိုများလာနေချိန်မှာ ပဋိပက္ခတွေအတွင်း လူနာနဲ့ ဆေးဘက်ဆိုင်ရာ ဝန်ထမ်းတွေရဲ့ ဘေးအန္တရာယ် ကင်းရှင်းရေး ကာကွယ်ပေးဖို့နဲ့ နှစ်ဘက်တိုက်ပွဲတွေကြား ပိတ်မိနေတဲ့ လူထုတွေအတွက် လိုအပ်တဲ့ အကူအညီတွေ ပေးနိုင်အောင် ခွင့်ပြုပေးဖို့ကိုလည်း ပဋိပက္ခမှာ ပါဝင်နေတဲ့ အဖွဲ့အစည်းတွေ အားလုံးကို MSF က ကြေညာချက်ထဲမှာ ပန်ကြားထားပါတယ်။

XS
SM
MD
LG