သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရှမ်းမြောက်ဒေသ စစ်ဒဏ်သင့် အမျိုးသမီးနဲ့ ကလေးငယ်များ


တိုက်ပွဲပြင်းထန်နေတဲ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ရက်သတ္တပတ် အနည်းငယ်အတွင်း အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူ ၅၀,၀၀၀ အထိတိုးလာပြီး ဒီအထဲမှာ အမျိုးသမီးနဲ့ ကလေးငယ်တွေ အများအပြား ပါဝင်ပါတယ်။ ရှမ်းမြောက်ဒေသက စစ်ဘေးဒဏ်သင့် အမျိုးသမီးနဲ့ ကလေးငယ်တွေရဲ့ အခြေအနေကို အမျိုးသမီးကဏ္ဍမှာ မခင်ဖြူထွေးက တင်ပြထားပါတယ်။

မြောက်ပိုင်း ညီနောင် တိုင်းရင်းသားမဟာမိတ်တပ်ဖွဲ့ ၃ ဖွဲ့နဲ့ စစ်ကောင်စီ တပ်တွေကြား တိုက်ပွဲ ပြင်းထန်နေတဲ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ရက်သတ္တပတ် အနည်းငယ်အတွင်း အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူ ၅၀,၀၀၀ အထိ တိုးလာပြီး ဒီအထဲမှာ အမျိုးသမီးနဲ့ ကလေးငယ်တွေ အများအပြား ပါဝင်ပါတယ်။ တကိုယ်ရည်သန့်ရှင်းရေးနဲ့ ကျန်းမာရေးဆိုင်ရာ အကူအညီတွေ မရကြသလို၊ ရုပ်ပိုင်း စိတ်ပိုင်း လုံခြုံမှုမရှိတာ အပါအဝင် စစ်ပွဲတွေရဲ့ နောက်ဆက်တွဲ သက်ရောက်မှု ဝန်ထုတ်ဝန်ပိုးတွေ၊ ထိခိုက်နာကျင်မှုတွေကို အမျိုးသမီးနဲ့ ကလေးငယ်တွေက ပိုပြီး ခံစားနေကြရတယ်လို့ စစ်ဘေး ဒုက္ခသည်တွေကို ကူညီပေးနေတဲ့ တအာင်းအမျိုးသမီးအဖွဲ့က အကြံပေး မလွေးပိုးငယ်က ပြောပါတယ်။ ရှမ်းမြောက်ဒေသက စစ်ဘေးဒဏ်သင့် အမျိုးသမီးနဲ့ ကလေးငယ်တွေရဲ့ အခြေအနေကို ဆက်သွယ်မေးမြန်းပြီး ဒီသီတင်းပတ် အမျိုးသမီးကဏ္ဍမှာ မခင်ဖြူထွေးက တင်ပြထားပါတယ်။

XS
SM
MD
LG