Zawgyi/ Unicode
(Zawgyi)
ကိုဗစ္ ၁၉ ေရာဂါရွိမရွိ အျမန္စမ္းသပ္ႏုိင္တဲ့နည္းေတြ အေၾကာင္း ေျမာက္ကာရိုလုိင္းနားျပည္နယ္ Greenville Vidant Medical Center ရဲ့ အဏုဇီဝ ဓါတ္ခြဲခန္းအႀကီးအကဲ ေဒါက္တာျဖဴျမတ္သြယ္ ကို ေမးျမန္းၿပီး တင္ျပေပးပါမယ္။
ေဒါက္တာျဖဴျမတ္သြယ္။.။“အျမန္စမ္းသပ္တာက ၂ နည္းေပါ့ေနာ္။ ၂ နည္း ဆိုတာက စမ္းသပ္တဲ့ ဘယ္ဟာကို ရွာသလဲ ဆိုတာေပၚမူတည္တာေပါ့။ ဟိုအရင္ကတည္းက swab အာေခါင္တုိ႔ဖတ္ ကိုသံုးၿပီးရွာတဲ့ PCR (Polymerase chain reaction ) ဥစၥာမွာ စမ္းသပ္တာလည္း အျမန္သံုးတဲ့ ပလက္ေဖါင္းေတြ ေပၚလာပါတယ္။ အဲဒါက တခု။ ေနာက္တခုကက်ေတာ့ Antigen test လို႔ ေခၚတယ္။ Antigen. ဆိုတာက ဗုိင္းရပ္စ္ရဲ့ အေပၚယံက ပရိုတိန္းကို စမ္းတာေပါ့ေနာ္။ အဲဒါကလည္း အျမန္စမ္းတဲ့ နည္းတခု။ အဲဒါကေတာ့ ေနာက္ပိုင္း ေပၚတာေပါ့ေနာ္။ လြန္ခဲ့တဲ့ ၂ လ - ၃ လေလာက္က ကုမၸဏီေတြ တခုၿပီး တခု ေပၚလာတာ ေပါ့ေနာ္။ အဲလို ၂ မ်ိဳးေပါ့ေနာ္။ အဓိကကေတာ့။
ေမး။. ။“အခု ဒီမွာတကၠသိုလ္ေတြ ျပန္ဖြင့္ေနၿပီေပါ့ေနာ္။ ဒီတကၠသိုလ္ေတြမွာ saliva test လို႔ေခၚတဲ့ သြားရည္တို႔ တံေတြးတို႔ကေနၿပီးေတာ့ စမ္းသပ္တာေတြလည္း သံုးတယ္ ေျပာပါတယ္။ အဲဒီစမ္းသပ္မႈက ျမန္တယ္လို႔လည္း ေျပာပါတယ္။ အဲဒီ စမ္းသပ္မႈနဲ႔ ပတ္သက္ၿပီးေတာ့ တကယ့္ ဒီမွာ ဓါတ္ခြဲခန္းမွာပညာရွင္ေတြ သံုးၾကသလား သိခ်င္ပါတယ္။
ေဒါက္တာျဖဴျမတ္သြယ္။.။“ဒီစမ္းသပ္မႈက Saliva direct လို႔ေခၚတာ - ဒါၿပီးခဲ့တဲ့တေလာကမွာ Yale တကၠသိုလ္က ေနၿပီးေတာ့ နည္း - protocol ကို FDA ကေနapproved လုပ္ အတည္ျပဳေပးတယ္ ဆိုတာပါ။ အဲဒီကေနၿပီးေတာ့ နံမယ္ႀကီးသြားတာပါ။ တကယ္တမ္းက်ေတာ့ ဒီစမ္းသပ္မႈ တံေတြးကို သံုးၿပီးေတာ့ စမ္းသပ္မႈက တခ်ိဳ႕ ေက်ာင္းေတြမွာေတာ့ Yale ရဲ့ နည္း - Protocol ကို သံုးၿပီးေတာ့ လုပ္ၾကတယ္။ ဒါေပမယ့္ အဲဒီေလာက္ ႀကီး အျမန္ႀကီးေတာ့ မဟုတ္ဖူးေပါ့ေနာ္။ ၿပီးေတာ့ အခု ေလာေလာဆယ္က ဒီ scientific community သိပၸံဆိုင္ရာ အသိုင္းအဝိုင္းမွာ အေျခအတင္ ေျပာေနၾကတာက ဒီ တံေတြးက universal မျဖစ္ဖူး ေပါ့ေနာ္။ Swab အာေခါင္တု႔ိဖတ္ လိုမ်ိဳး သပ္သပ္မွတ္မွတ္ တညီတညာထည္း မဟုတ္တဲ့ အတြက္ေၾကာင့္ မို႔လို႔ ဓါတ္ခြဲခန္းေတြ အားလံုးကလည္း ဒီစမ္းသပ္မႈ tests ကို မလုပ္ႏုိင္ေသးပါဘူး။ ေနာက္ Yale ရဲ့ နည္း - Protocol က လည္း ဒီေလာက္ အျမန္ႀကီးမဟုတ္ပါဘူး။ ဆိုေတာ့ ဓါတ္ခြဲခန္းေတြ တခုနဲ႔ တခု ကြာပါတယ္။ ဆိုေတာ့ ေတာ္ေတာ္မ်ားမ်ား မသံုးၾကေသးပါဘူး။”
ေမး။.။“ဒီ တံေတြးနဲ႔ စမ္းသပ္တာအတြက္ မေျပာခင္ ေစာေစာက ေျပာတဲ့ အျမန္သံုးလို႔ရတဲ့ နည္း ၂ နည္း ေပါ့ေနာ္။ အဲဒီ ၂ နည္းထဲက ပထမနည္း ကို ရွင္းျပေပးပါ။ PCR လို႔ေခၚတဲ့ နည္းကို ရွင္းျပေပးပါ။”
ေဒါက္တာျဖဴျမတ္သြယ္။.။“ PCR ကို သံုးတဲ့နည္းကေတာ့ ပထမဆံုးထြက္တာ။ ၿပီးေတာ့ ဒါက standard ေပါ့ေနာ္။ gold standard အေကာင္းဆံုးစံ လို႔ ေခၚရမွာေပါ့။ အခုေလာေလာဆယ္ ဆိုရင္ေတာ့။ ဘာျဖစ္လို႔လည္း ဆိုေတာ့ သူ့႕ရဲ့ sensitivity တိက်မႈက အရမ္းေကာင္းတာကိုး။ PCR နဲ႔စမ္းတဲ့ sample နမူနာ ကလည္း ႏွာေခါင္းကေန ယူတဲ့ swab အာေခါင္တုိ႔ဖတ္ကို ယူတာေပါ့ေနာ္။ အဲဒါက ဗုိင္းရပ္စ္ရဲ့ RNA ကို ပြါးတာေပါ့။ ပြါးၿပီးေတာ့ အပူခ်ိန္နဲ႔ လိုက္ၿပီး ပြါးတဲ့ PCR နည္းေပါ့ေနာ္။ အဲဒါက အျမန္နည္းေတြ ေပၚလာပါတယ္။ မိနစ္ ၄၀၊ တကယ္လို႔ ပိုးရွိတယ္ positive ျဖစ္တယ္ဆိုရင္ ၅ မိနစ္ ၁၀ မိနစ္ အတြင္းမွာ positive ျဖစ္တာကို ျပတယ္ေပါ့ေနာ္။ အဲဒီ အျမန္နည္းေတြ ေပၚလာပါတယ္။ ဒါကတခု။ အဲဒါ PCR ပါ။”
ေမး။.။“ေနာက္တခုကေကာ။ antigen ဆုိတဲ့နည္း အဲဒါလည္း ရွင္းျပေပးပါ။”
ေဒါက္တာျဖဴျမတ္သြယ္။.။“ Antigen ဆိုတာက က်ေတာ့ ဗိုင္းရပ္စ္ရဲ့ RNA ကို သံုးတာ မဟုတ္ပဲနဲ႔ ဗိုင္းရပ္စ္ တခုမွာ ဆိုရင္ အျပင္မွာ ေပါ့ေနာ္။ ပရိုတိန္းေတြ ရွိတာေပါ့ေနာ္။ သူက မ်က္ႏွာျပင္က ပရိုတိန္းကို စမ္းသပ္တာေပါ့ေနာ္။ ဒီဟာကေတာ့ amplified ျဖစ္တာ မဟုတ္တဲ့ အတြက္ေၾကာင့္ sensitivity တိက်မႈကေတာ့ နဲနဲေတာ့ နည္းတယ္။ ဒါေပမယ့္ ျမန္တယ္ ေပါ့ေနာ္။ ဒါကAntigen test ။ ဒါက PCR ေနာက္ပိုင္းမွာမွ ေပၚလာတာ။ ျမန္ေတာ့ျမန္တယ္ တိက်မႈေတာ့ နဲနဲ နည္းတယ္။ ဒါေပမယ့္လို႔ ျမန္ျမန္စမ္းသပ္ႏိုင္တဲ့ အတြက္ေၾကာင့္မို႔လို႔ screening ေတြ ဘာေတြလုပ္ဖုိ႔ ၊point of care ေပါ့ေနာ္။ clinic ေတြ ဘာေတြမွာ လုပ္လို႔ေတာ့ အဲဒီလိုမ်ိဳး လြယ္တယ္။ အဲဒါက တမ်ိဳးပါ။ Antigen test ပါ။”
ေမး။.။“ေဒါက္တာျဖဴျမတ္သြယ္တို႔ ဓါတ္ခြဲခန္းေတြမွာ ဒီ ၂ မ်ိဳးကိုပဲ အဓိက ထား စမ္းတာလား။ တျခားဘာနည္း စမ္းသပ္လဲ ေျပာျပေပးပါ။”
ေဒါက္တာျဖဴျမတ္သြယ္။ ။“ဒီ ၂ မ်ိဳးကိုပဲ အဓိက စမ္းတာပါ။ အဓိကက ဓါတ္ခြဲခန္း အႀကီးႀကီးေတြမွာ ကေတာ့ ဒီ PCR နည္းကိုပဲ အဓိက စမ္းတာေပါ့ေနာ္။ PCR မွာမွ ပထမေျပာတဲ့ အျမန္လုပ္တဲ့ PCR က လက္ဝင္တဲ့ အတြက္ေၾကာင့္မို႔လို႕ ခြဲစိတ္ရမယ့္ surgery လုပ္ရမယ့္ လူနာတို႔ဘာတို႔ ဆိုရင္ အျမန္ PCR ကိုသံုးတယ္။ out patient ျပင္ပလူနာ တို႔ဘာတို႔ ဆိုရင္ batch (အတြဲလိုက္) နဲ႔လုပ္တဲ့ PCR ။ အဲဒါကေတာ့ ဒီ swab ကရတဲ့ နမူနာကို သံုးတယ္။ က်ေနာ္တို႔ ဒီေဆးရံုေတြရဲ့ out patient clinic ျပင္ပလူနာဌာန ေတြ ရွိတယ္။ အဲဒီမွာေတာ့ Antigen test ေတြ ထားထားတာ ေပါ့ေနာ္ clinic ေတြမွာ။ ဒီ ၂ ခုကိုပဲအဓိက ထားတယ္။ ေလာေလာဆယ္ကေတာ့ အဲဒီ lab ထဲမွာ တံေတြးစံနစ္ကို စမ္းသပ္ဖုိ႔ အတြက္ကို experiment စမ္းသပ္မႈေတြ လုပ္ေနပါတယ္။”
ေမး။.။“Saliva test လို႔ေခၚတဲ့ တံေတြးနမူနာစမ္းတဲ့ နည္းေလးကို ေျပာျပေပးပါ။ ဘယ္ေနရာက နမူနာယူၿပီးေတာ့ ဘယ္လိုပံုစံနဲ႔ စမ္းတယ္ဆိုတာ”
ေဒါက္တာျဖဴျမတ္သြယ္။.။“Saliva နည္းက ေကာင္းတာ တခုကေတာ့ ကုိယ့္ဟာကိုယ္ တံေတြးကို collect လုပ္ရံု - စုေပးရံုပဲ ေပါ့ေနာ္။ lab ဓါတ္ခြဲခန္းေတြ ဘာေတြကေန ၿပီးေတာ့ နမူနာ sample ကို ယူစရာမလိုပဲနဲ႔ ရိုးရိုး သန္႔ရွင္းတဲ့ ခြက္ထဲမွာ တံေတြးကိုယူ။ ယူၿပီးေတာ့ ဥပမာ - Yale Protocol ရဲ့ နည္းနဲ႔ အေျခခံၿပီး ယူတာဆိုလို႔ရွိရင္ ဒီ တံေတြးနမူနာကိုextraction လို႔ ေခၚတာေပါ့ေနာ္။ extract လုပ္တယ္ ဆိုတာ ဒီ နမူနာကေနၿပီးေတာ့ ဗိုင္းရပ္စ္ရွိရင္ ဗိုင္းရပ္စ္ကို extract လုပ္တယ္ ထုတ္ယူတယ္။ အဲဒီကေနမွ ႏ်ဴကလီရစ္ အက္ဆစ္ ၊ RNA ကိုပဲ တခါ ျပန္ထုတ္တာေပါ့ေနာ္။ တံေတြးထဲမွာRNA ရွိရင္ ဗိုင္းရပ္စ္ရဲ့ RNA ကိုပဲ ထုတ္ၿပီးေတာ့ အဲဒါကို PCR methods နည္းကိုပဲ ျပန္သံုးတာျဖစ္ပါတယ္။”
ေမး။..။“တံေတြးထဲမွာ ပါတဲ့ ဗိုင္းရပ္စ္ကို ထုတ္ယူတာပဲ ေပါ့ေနာ္။”
ေဒါက္တာျဖဴျမတ္သြယ္။. ။“ဟုတ္တယ္။ ဟုတ္ပါတယ္။”
ေမး။. ။“ဒီ တံေတြးနမူနာယူတာက သိပ္ၿပီးေတာ့ မတိက်ဘူးလို႔ ေျပာတာ အဲဒါ ဘာေၾကာင့္ ေျပာႏိုင္တာပါလဲ။”
ေဒါက္တာျဖဴျမတ္သြယ္။. ။“ဘာလို႔လည္း ဆိုေတာ့ အဲဒါက တံေတြး ဘယ္လိုေထြးလဲ ဆိုတာေပၚ မူတည္ပါတယ္။ အမွန္ဆိုု တံေတြးက ပံုမွန္ဆိုရင္ ဒီ လ ွ်ာေအာက္ကေနၿပီးေတာ့ ရိုုးရိုး တံေတြးအၾကည္ျဖစ္ရမယ္။ အဲဒါ ဆိုလို႔ရွိရင္ sample ကိုစမ္းသပ္ရတာကလည္း အဆင္ေျပတယ္ ေပါ့ေနာ္။ အခုက တံေတြးက မတိက်ဘူး ဆိုတာက လူနာေတြက တံေတြး ေထြးနည္းကို မသိတဲ့ အတြက္ေၾကာင့္မို႔လို႔ တံေတြးခ်ည္းပဲ ဒီအတိုင္း အၾကည္ခ်ည္းပဲ ရရမယ့္ အစား ေခ်ာင္းဆိုးပလိုက္တာတို႔၊ အဲဒီလိုမ်ိဳး။ အဲဒီအခါက်လို႔ရွိရင္ ခၽြဲေတြ ပါလာတာတို႔ အဲဒီလိုမ်ိဳးေတြ ပါလာတဲ့ အတြက္ေၾကာင့္ test စစ္ေဆးမႈ လုပ္တဲ့ တကယ္တမ္းအခ်ိန္ က်ေတာ့ အခက္အခဲ ျဖစ္တာေပါ့။ အဲဒီအခ်က္ေၾကာင့္မို႔လို႔ျဖစ္တာလဲ ပါပါတယ္ ေပါ့ေနာ္။ ၿပီးေတာ့ ဗိုင္းရပ္စ္က ဘယ္ေလာက္ေလာက္ ပါးစပ္အာေခါင္မွာ ေနလဲ၊ အဲဒီမွာ ေနတာက သိပ္ၿပီးေတာ့concentrate မျဖစ္တဲ့ အတြက္ေၾကာင့္လည္း ျဖစ္ႏိုင္ပါတယ္။ ဒါဆိုေတာ့ saliva test က variation အရမ္း မ်ားပါတယ္။ ဒီ ႏွာေခါင္းကေန အတြင္းပိုင္းကို ထုိးတဲ့ swab sample အာေခါင္တို႔ဖတ္ နမူနာ ထက္ စာလို႔ ရွိရင္ေပါ့ေနာ္။”
ေမး။.။“တံေတြးနမူနာ မယူပဲနဲ႔ တျခား ပိုတိက်ေကာင္းမြန္တဲ့နည္း ဘယ္နည္းက သံုးလို႔ အေကာင္းဆံုးလည္း ေျပာျပေပးပါ။”
ေဒါက္တာျဖဴျမတ္သြယ္။. ။“ပထမဆံုး ထြက္တဲ့ ဒီႏွာေခါင္း အဆံုးအထိထိုးယူရတဲ့ swab ႏွာေခါင္းတို႔ဖတ္ ကိုသံုးတာက အတိက်ဆံုး။ ဒါေပမယ့္ ဒီ sample ကို ေကာက္ယူတဲ့လူက ေကာက္တာနည္းမမွန္ လို႔ရွိရင္ ဘယ္ေလာက္ပဲ စမ္းသပ္တာက တိက်ဆံုး ဆိုေပမယ့့္လည္း ဒါက ပိုးမေတြ႔တဲ့ negative ေတြလည္း ျဖစ္ႏုိင္တယ္ ေပါ့ေနာ္။”
ေဒါက္တာျဖဴျမတ္သြယ္ပါ။
(Unicode)
ကိုဗစ် ၁၉ ရောဂါရှိမရှိ အမြန်စမ်းသပ်နိုင်တဲ့နည်းတွေ အကြောင်း မြောက်ကာရိုလိုင်းနားပြည်နယ် Greenville Vidant Medical Center ရဲ့ အဏုဇီဝ ဓါတ်ခွဲခန်းအကြီးအကဲ ဒေါက်တာဖြူမြတ်သွယ် ကို မေးမြန်းပြီး တင်ပြပေးပါမယ်။
ဒေါက်တာဖြူမြတ်သွယ်။. ။“အမြန်စမ်းသပ်တာက ၂ နည်းပေါ့နော်။ ၂ နည်း ဆိုတာက စမ်းသပ်တဲ့ ဘယ်ဟာကို ရှာသလဲ ဆိုတာပေါ်မူတည်တာပေါ့။ ဟိုအရင်ကတည်းက swab အာခေါင်တို့ဖတ် ကိုသုံးပြီးရှာတဲ့ PCR (Polymerase chain reaction ) ဥစ္စာမှာ စမ်းသပ်တာလည်း အမြန်သုံးတဲ့ ပလက်ဖေါင်းတွေ ပေါ်လာပါတယ်။ အဲဒါက တခု။ နောက်တခုကကျတော့ Antigen test လို့ ခေါ်တယ်။ Antigen. ဆိုတာက ဗိုင်းရပ်စ်ရဲ့ အပေါ်ယံက ပရိုတိန်းကို စမ်းတာပေါ့နော်။ အဲဒါကလည်း အမြန်စမ်းတဲ့ နည်းတခု။ အဲဒါကတော့ နောက်ပိုင်း ပေါ်တာပေါ့နော်။ လွန်ခဲ့တဲ့ ၂ လ - ၃ လလောက်က ကုမ္ပဏီတွေ တခုပြီး တခု ပေါ်လာတာ ပေါ့နော်။ အဲလို ၂ မျိုးပေါ့နော်။ အဓိကကတော့။
မေး။. ။“အခု ဒီမှာတက္ကသိုလ်တွေ ပြန်ဖွင့်နေပြီပေါ့နော်။ ဒီတက္ကသိုလ်တွေမှာ saliva test လို့ခေါ်တဲ့ သွားရည်တို့ တံတွေးတို့ကနေပြီးတော့ စမ်းသပ်တာတွေလည်း သုံးတယ် ပြောပါတယ်။ အဲဒီစမ်းသပ်မှုက မြန်တယ်လို့လည်း ပြောပါတယ်။ အဲဒီ စမ်းသပ်မှုနဲ့ ပတ်သက်ပြီးတော့ တကယ့် ဒီမှာ ဓါတ်ခွဲခန်းမှာပညာရှင်တွေ သုံးကြသလား သိချင်ပါတယ်။
ဒေါက်တာဖြူမြတ်သွယ်။. ။“ဒီစမ်းသပ်မှုက Saliva direct လို့ခေါ်တာ - ဒါပြီးခဲ့တဲ့တလောကမှာ Yale တက္ကသိုလ်က နေပြီးတော့ နည်း - protocol ကို FDA ကနေ approved လုပ် အတည်ပြုပေးတယ် ဆိုတာပါ။ အဲဒီကနေပြီးတော့ နံမယ်ကြီးသွားတာပါ။ တကယ်တမ်းကျတော့ ဒီစမ်းသပ်မှု တံတွေးကို သုံးပြီးတော့ စမ်းသပ်မှုက တချို့ ကျောင်းတွေမှာတော့ Yale ရဲ့ နည်း - Protocol ကို သုံးပြီးတော့ လုပ်ကြတယ်။ ဒါပေမယ့် အဲဒီလောက် ကြီး အမြန်ကြီးတော့ မဟုတ်ဖူးပေါ့နော်။ ပြီးတော့ အခု လောလောဆယ်က ဒီ scientific community သိပ္ပံဆိုင်ရာ အသိုင်းအဝိုင်းမှာ အခြေအတင် ပြောနေကြတာက ဒီ တံတွေးက universal မဖြစ်ဖူး ပေါ့နော်။ Swab အာခေါင်တု့ိဖတ် လိုမျိုး သပ်သပ်မှတ်မှတ် တညီတညာထည်း မဟုတ်တဲ့ အတွက်ကြောင့် မို့လို့ ဓါတ်ခွဲခန်းတွေ အားလုံးကလည်း ဒီစမ်းသပ်မှု tests ကို မလုပ်နိုင်သေးပါဘူး။ နောက် Yale ရဲ့ နည်း - Protocol က လည်း ဒီလောက် အမြန်ကြီးမဟုတ်ပါဘူး။ ဆိုတော့ ဓါတ်ခွဲခန်းတွေ တခုနဲ့ တခု ကွာပါတယ်။ ဆိုတော့ တော်တော်များများ မသုံးကြသေးပါဘူး။”
မေး။. ။“ဒီ တံတွေးနဲ့ စမ်းသပ်တာအတွက် မပြောခင် စောစောက ပြောတဲ့ အမြန်သုံးလို့ရတဲ့ နည်း ၂ နည်း ပေါ့နော်။ အဲဒီ ၂ နည်းထဲက ပထမနည်း ကို ရှင်းပြပေးပါ။ PCR လို့ခေါ်တဲ့ နည်းကို ရှင်းပြပေးပါ။”
ဒေါက်တာဖြူမြတ်သွယ်။. ။“ PCR ကို သုံးတဲ့နည်းကတော့ ပထမဆုံးထွက်တာ။ ပြီးတော့ ဒါက standard ပေါ့နော်။ gold standard အကောင်းဆုံးစံ လို့ ခေါ်ရမှာပေါ့။ အခုလောလောဆယ် ဆိုရင်တော့။ ဘာဖြစ်လို့လည်း ဆိုတော့ သူ့ရဲ့ sensitivity တိကျမှုက အရမ်းကောင်းတာကိုး။ PCR နဲ့စမ်းတဲ့ sample နမူနာ ကလည်း နှာခေါင်းကနေ ယူတဲ့ swab အာခေါင်တို့ဖတ်ကို ယူတာပေါ့နော်။ အဲဒါက ဗိုင်းရပ်စ်ရဲ့ RNA ကို ပွါးတာပေါ့။ ပွါးပြီးတော့ အပူချိန်နဲ့ လိုက်ပြီး ပွါးတဲ့ PCR နည်းပေါ့နော်။ အဲဒါက အမြန်နည်းတွေ ပေါ်လာပါတယ်။ မိနစ် ၄၀၊ တကယ်လို့ ပိုးရှိတယ် positive ဖြစ်တယ်ဆိုရင် ၅ မိနစ် ၁၀ မိနစ် အတွင်းမှာ positive ဖြစ်တာကို ပြတယ်ပေါ့နော်။ အဲဒီ အမြန်နည်းတွေ ပေါ်လာပါတယ်။ ဒါကတခု။ အဲဒါ PCR ပါ။”
မေး။. ။“နောက်တခုကကော။ antigen ဆိုတဲ့နည်း အဲဒါလည်း ရှင်းပြပေးပါ။”
ဒေါက်တာဖြူမြတ်သွယ်။. ။“ Antigen ဆိုတာက ကျတော့ ဗိုင်းရပ်စ်ရဲ့ RNA ကို သုံးတာ မဟုတ်ပဲနဲ့ ဗိုင်းရပ်စ် တခုမှာ ဆိုရင် အပြင်မှာ ပေါ့နော်။ ပရိုတိန်းတွေ ရှိတာပေါ့နော်။ သူက မျက်နှာပြင်က ပရိုတိန်းကို စမ်းသပ်တာပေါ့နော်။ ဒီဟာကတော့ amplified ဖြစ်တာ မဟုတ်တဲ့ အတွက်ကြောင့် sensitivity တိကျမှုကတော့ နဲနဲတော့ နည်းတယ်။ ဒါပေမယ့် မြန်တယ် ပေါ့နော်။ ဒါက Antigen test ။ ဒါက PCR နောက်ပိုင်းမှာမှ ပေါ်လာတာ။ မြန်တော့မြန်တယ် တိကျမှုတော့ နဲနဲ နည်းတယ်။ ဒါပေမယ့်လို့ မြန်မြန်စမ်းသပ်နိုင်တဲ့ အတွက်ကြောင့်မို့လို့screening တွေ ဘာတွေလုပ်ဖို့ ၊ point of care ပေါ့နော်။ clinic တွေ ဘာတွေမှာ လုပ်လို့တော့ အဲဒီလိုမျိုး လွယ်တယ်။ အဲဒါက တမျိုးပါ။ Antigen test ပါ။”
မေး။. ။“ဒေါက်တာဖြူမြတ်သွယ်တို့ ဓါတ်ခွဲခန်းတွေမှာ ဒီ ၂ မျိုးကိုပဲ အဓိက ထား စမ်းတာလား။ တခြားဘာနည်း စမ်းသပ်လဲ ပြောပြပေးပါ။”
ဒေါက်တာဖြူမြတ်သွယ်။ ။“ဒီ ၂ မျိုးကိုပဲ အဓိက စမ်းတာပါ။ အဓိကက ဓါတ်ခွဲခန်း အကြီးကြီးတွေမှာ ကတော့ ဒီ PCR နည်းကိုပဲ အဓိက စမ်းတာပေါ့နော်။ PCR မှာမှ ပထမပြောတဲ့ အမြန်လုပ်တဲ့ PCR က လက်ဝင်တဲ့ အတွက်ကြောင့်မို့လို့ ခွဲစိတ်ရမယ့် surgery လုပ်ရမယ့် လူနာတို့ဘာတို့ ဆိုရင် အမြန် PCR ကိုသုံးတယ်။ out patient ပြင်ပလူနာ တို့ဘာတို့ ဆိုရင် batch (အတွဲလိုက်) နဲ့လုပ်တဲ့ PCR ။ အဲဒါကတော့ ဒီ swab ကရတဲ့ နမူနာကို သုံးတယ်။ ကျနော်တို့ ဒီဆေးရုံတွေရဲ့ out patient clinic ပြင်ပလူနာဌာန တွေ ရှိတယ်။ အဲဒီမှာတော့ Antigen test တွေ ထားထားတာ ပေါ့နော် clinic တွေမှာ။ ဒီ ၂ ခုကိုပဲအဓိက ထားတယ်။ လောလောဆယ်ကတော့ အဲဒီ lab ထဲမှာ တံတွေးစံနစ်ကို စမ်းသပ်ဖို့ အတွက်ကို experiment စမ်းသပ်မှုတွေ လုပ်နေပါတယ်။”
မေး။. ။“Saliva test လို့ခေါ်တဲ့ တံတွေးနမူနာစမ်းတဲ့ နည်းလေးကို ပြောပြပေးပါ။ ဘယ်နေရာက နမူနာယူပြီးတော့ ဘယ်လိုပုံစံနဲ့ စမ်းတယ်ဆိုတာ”
ဒေါက်တာဖြူမြတ်သွယ်။. ။“Saliva နည်းက ကောင်းတာ တခုကတော့ ကိုယ့်ဟာကိုယ် တံတွေးကို collect လုပ်ရုံ - စုပေးရုံပဲ ပေါ့နော်။ lab ဓါတ်ခွဲခန်းတွေ ဘာတွေကနေ ပြီးတော့ နမူနာ sample ကို ယူစရာမလိုပဲနဲ့ ရိုးရိုး သန့်ရှင်းတဲ့ ခွက်ထဲမှာ တံတွေးကိုယူ။ ယူပြီးတော့ ဥပမာ - Yale Protocol ရဲ့ နည်းနဲ့ အခြေခံပြီး ယူတာဆိုလို့ရှိရင် ဒီ တံတွေးနမူနာကို extraction လို့ ခေါ်တာပေါ့နော်။ extract လုပ်တယ် ဆိုတာ ဒီ နမူနာကနေပြီးတော့ ဗိုင်းရပ်စ်ရှိရင် ဗိုင်းရပ်စ်ကို extract လုပ်တယ် ထုတ်ယူတယ်။ အဲဒီကနေမှ နျူကလီရစ် အက်ဆစ် ၊ RNA ကိုပဲ တခါ ပြန်ထုတ်တာပေါ့နော်။ တံတွေးထဲမှာRNA ရှိရင် ဗိုင်းရပ်စ်ရဲ့ RNA ကိုပဲ ထုတ်ပြီးတော့ အဲဒါကို PCR methods နည်းကိုပဲ ပြန်သုံးတာဖြစ်ပါတယ်။”
မေး။. .။“တံတွေးထဲမှာ ပါတဲ့ ဗိုင်းရပ်စ်ကို ထုတ်ယူတာပဲ ပေါ့နော်။”
ဒေါက်တာဖြူမြတ်သွယ်။. ။“ဟုတ်တယ်။ ဟုတ်ပါတယ်။”
မေး။. ။“ဒီ တံတွေးနမူနာယူတာက သိပ်ပြီးတော့ မတိကျဘူးလို့ ပြောတာ အဲဒါ ဘာကြောင့် ပြောနိုင်တာပါလဲ။”
ဒေါက်တာဖြူမြတ်သွယ်။. ။“ဘာလို့လည်း ဆိုတော့ အဲဒါက တံတွေး ဘယ်လိုထွေးလဲ ဆိုတာပေါ် မူတည်ပါတယ်။ အမှန်ဆို တံတွေးက ပုံမှန်ဆိုရင် ဒီလ ျှာအောက်ကနေပြီးတော့ ရိုးရိုး တံတွေးအကြည်ဖြစ်ရမယ်။ အဲဒါ ဆိုလို့ရှိရင် sample ကိုစမ်းသပ်ရတာကလည်း အဆင်ပြေတယ် ပေါ့နော်။ အခုက တံတွေးက မတိကျဘူး ဆိုတာက လူနာတွေက တံတွေး ထွေးနည်းကို မသိတဲ့ အတွက်ကြောင့်မို့လို့ တံတွေးချည်းပဲ ဒီအတိုင်း အကြည်ချည်းပဲ ရရမယ့် အစား ချောင်းဆိုးပလိုက်တာတို့၊ အဲဒီလိုမျိုး။ အဲဒီအခါကျလို့ရှိရင် ချွဲတွေ ပါလာတာတို့ အဲဒီလိုမျိုးတွေ ပါလာတဲ့ အတွက်ကြောင့် test စစ်ဆေးမှု လုပ်တဲ့ တကယ်တမ်းအချိန် ကျတော့ အခက်အခဲ ဖြစ်တာပေါ့။ အဲဒီအချက်ကြောင့်မို့လို့ဖြစ်တာလဲ ပါပါတယ် ပေါ့နော်။ ပြီးတော့ ဗိုင်းရပ်စ်က ဘယ်လောက်လောက် ပါးစပ်အာခေါင်မှာ နေလဲ၊ အဲဒီမှာ နေတာက သိပ်ပြီးတော့ concentrate မဖြစ်တဲ့ အတွက်ကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဒါဆိုတော့ saliva test က variation အရမ်း များပါတယ်။ ဒီ နှာခေါင်းကနေ အတွင်းပိုင်းကို ထိုးတဲ့ swab sample အာခေါင်တို့ဖတ် နမူနာ ထက် စာလို့ ရှိရင်ပေါ့နော်။”
မေး။. ။“တံတွေးနမူနာ မယူပဲနဲ့ တခြား ပိုတိကျကောင်းမွန်တဲ့နည်း ဘယ်နည်းက သုံးလို့ အကောင်းဆုံးလည်း ပြောပြပေးပါ။”
ဒေါက်တာဖြူမြတ်သွယ်။. ။“ပထမဆုံး ထွက်တဲ့ ဒီနှာခေါင်း အဆုံးအထိထိုးယူရတဲ့ swab နှာခေါင်းတို့ဖတ် ကိုသုံးတာက အတိကျဆုံး။ ဒါပေမယ့် ဒီ sample ကို ကောက်ယူတဲ့လူက ကောက်တာနည်းမမှန် လို့ရှိရင် ဘယ်လောက်ပဲ စမ်းသပ်တာက တိကျဆုံး ဆိုပေမယ့်လည်း ဒါက ပိုးမတွေ့တဲ့ negative တွေလည်း ဖြစ်နိုင်တယ် ပေါ့နော်။”
ဒေါက်တာဖြူမြတ်သွယ်ပါ။