သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မူဆယ်ဒေသတိုက်ခိုက်မှု သေဆုံးသူ ၈ ဦးရှိ

မူဆယ်ဒေသတိုက်ခိုက်မှုအခြေအနေ မှတ်တမ်းဓါတ်ပုံ (Myanmar president office)
1/12 မူဆယ်ဒေသတိုက်ခိုက်မှုအခြေအနေ မှတ်တမ်းဓါတ်ပုံ (Myanmar president office)
ရှမ်းပြည်နယ်၊ မူဆယ်မြို့နယ်နဲ့ အနီးပတ်ဝန်းကျင်ဒေသတွေက စစ်တပ်နဲ့ ရဲတပ်ဖွဲ့ စခန်းတွေအပြင် ၁၀၅ မိုင် နယ်စပ်ကုန်သွယ်ရေးစခန်းကိုပါ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေပေါင်းပြီး ဒီကနေ့ မနက်ပိုင်းမှာ ပစ်ခတ် တိုက်ခိုက်တာ ကြောင့် တပ်နဲ့ရဲတပ်ဖွဲ့ဝင်တွေအပါအဝင် လူ ၈ ဦးသေဆုံးပြီး ၂၉ ဦး ဒဏ်ရာရတဲ့အကြောင်း အစိုးရက သတင်းထုတ်ပြန်ထားပါ တယ်။
အသေးစိတ် ဖတ်ရှုရန် Show less
မူဆယ်ဒေသတိုက်ခိုက်မှုအခြေအနေ မှတ်တမ်းဓါတ်ပုံ (Myanmar president office)
2/12 မူဆယ်ဒေသတိုက်ခိုက်မှုအခြေအနေ မှတ်တမ်းဓါတ်ပုံ (Myanmar president office)
ရှမ်းပြည်နယ်၊ မူဆယ်မြို့နယ်နဲ့ အနီးပတ်ဝန်းကျင်ဒေသတွေက စစ်တပ်နဲ့ ရဲတပ်ဖွဲ့ စခန်းတွေအပြင် ၁၀၅ မိုင် နယ်စပ်ကုန်သွယ်ရေးစခန်းကိုပါ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေပေါင်းပြီး ဒီကနေ့ မနက်ပိုင်းမှာ ပစ်ခတ် တိုက်ခိုက်တာ ကြောင့် တပ်နဲ့ရဲတပ်ဖွဲ့ဝင်တွေအပါအဝင် လူ ၈ ဦးသေဆုံးပြီး ၂၉ ဦး ဒဏ်ရာရတဲ့အကြောင်း အစိုးရက သတင်းထုတ်ပြန်ထားပါ တယ်။
အသေးစိတ် ဖတ်ရှုရန် Show less
မူဆယ်ဒေသတိုက်ခိုက်မှု ဖြစ်ပွားသည့်နေရာများ (Myanmar president office)
3/12 မူဆယ်ဒေသတိုက်ခိုက်မှု ဖြစ်ပွားသည့်နေရာများ (Myanmar president office)
ရှမ်းပြည်နယ်၊ မူဆယ်မြို့နယ်နဲ့ အနီးပတ်ဝန်းကျင်ဒေသတွေက စစ်တပ်နဲ့ ရဲတပ်ဖွဲ့ စခန်းတွေအပြင် ၁၀၅ မိုင် နယ်စပ်ကုန်သွယ်ရေးစခန်းကိုပါ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေပေါင်းပြီး ဒီကနေ့ မနက်ပိုင်းမှာ ပစ်ခတ် တိုက်ခိုက်တာ ကြောင့် တပ်နဲ့ရဲတပ်ဖွဲ့ဝင်တွေအပါအဝင် လူ ၈ ဦးသေဆုံးပြီး ၂၉ ဦး ဒဏ်ရာရတဲ့အကြောင်း အစိုးရက သတင်းထုတ်ပြန်ထားပါ တယ်။
အသေးစိတ် ဖတ်ရှုရန် Show less
Northern shan state Muse 105 fighting (Myanmar President Office)
4/12 Northern shan state Muse 105 fighting (Myanmar President Office)
ရှမ်းပြည်နယ်၊ မူဆယ်မြို့နယ်နဲ့ အနီးပတ်ဝန်းကျင်ဒေသတွေက စစ်တပ်နဲ့ ရဲတပ်ဖွဲ့ စခန်းတွေအပြင် ၁၀၅ မိုင် နယ်စပ်ကုန်သွယ်ရေးစခန်းကိုပါ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေပေါင်းပြီး ဒီကနေ့ မနက်ပိုင်းမှာ ပစ်ခတ် တိုက်ခိုက်တာ ကြောင့် တပ်နဲ့ရဲတပ်ဖွဲ့ဝင်တွေအပါအဝင် လူ ၈ ဦးသေဆုံးပြီး ၂၉ ဦး ဒဏ်ရာရတဲ့အကြောင်း အစိုးရက သတင်းထုတ်ပြန်ထားပါ တယ်။
အသေးစိတ် ဖတ်ရှုရန် Show less
မူဆယ်ဒေသတိုက်ခိုက်မှုအခြေအနေ မှတ်တမ်းဓါတ်ပုံ (Myanmar president office)
5/12 မူဆယ်ဒေသတိုက်ခိုက်မှုအခြေအနေ မှတ်တမ်းဓါတ်ပုံ (Myanmar president office)
ရှမ်းပြည်နယ်၊ မူဆယ်မြို့နယ်နဲ့ အနီးပတ်ဝန်းကျင်ဒေသတွေက စစ်တပ်နဲ့ ရဲတပ်ဖွဲ့ စခန်းတွေအပြင် ၁၀၅ မိုင် နယ်စပ်ကုန်သွယ်ရေးစခန်းကိုပါ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေပေါင်းပြီး ဒီကနေ့ မနက်ပိုင်းမှာ ပစ်ခတ် တိုက်ခိုက်တာ ကြောင့် တပ်နဲ့ရဲတပ်ဖွဲ့ဝင်တွေအပါအဝင် လူ ၈ ဦးသေဆုံးပြီး ၂၉ ဦး ဒဏ်ရာရတဲ့အကြောင်း အစိုးရက သတင်းထုတ်ပြန်ထားပါ တယ်။
အသေးစိတ် ဖတ်ရှုရန် Show less
6/12

မူဆယ်ဒေသတိုက်ခိုက်မှုကြောင့်ဒေသခံများ ဒဏ်ရာ (Myanmar president office)
7/12 မူဆယ်ဒေသတိုက်ခိုက်မှုကြောင့်ဒေသခံများ ဒဏ်ရာ (Myanmar president office)
ရှမ်းပြည်နယ်၊ မူဆယ်မြို့နယ်နဲ့ အနီးပတ်ဝန်းကျင်ဒေသတွေက စစ်တပ်နဲ့ ရဲတပ်ဖွဲ့ စခန်းတွေအပြင် ၁၀၅ မိုင် နယ်စပ်ကုန်သွယ်ရေးစခန်းကိုပါ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေပေါင်းပြီး ဒီကနေ့ မနက်ပိုင်းမှာ ပစ်ခတ် တိုက်ခိုက်တာ ကြောင့် တပ်နဲ့ရဲတပ်ဖွဲ့ဝင်တွေအပါအဝင် လူ ၈ ဦးသေဆုံးပြီး ၂၉ ဦး ဒဏ်ရာရတဲ့အကြောင်း အစိုးရက သတင်းထုတ်ပြန်ထားပါ တယ်။
အသေးစိတ် ဖတ်ရှုရန် Show less
မူဆယ်ဒေသတိုက်ခိုက်မှုကြောင့်ဒေသခံများထွက်ပြေး (Myanmar president office)
8/12 မူဆယ်ဒေသတိုက်ခိုက်မှုကြောင့်ဒေသခံများထွက်ပြေး (Myanmar president office)
ရှမ်းပြည်နယ်၊ မူဆယ်မြို့နယ်နဲ့ အနီးပတ်ဝန်းကျင်ဒေသတွေက စစ်တပ်နဲ့ ရဲတပ်ဖွဲ့ စခန်းတွေအပြင် ၁၀၅ မိုင် နယ်စပ်ကုန်သွယ်ရေးစခန်းကိုပါ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေပေါင်းပြီး ဒီကနေ့ မနက်ပိုင်းမှာ ပစ်ခတ် တိုက်ခိုက်တာ ကြောင့် တပ်နဲ့ရဲတပ်ဖွဲ့ဝင်တွေအပါအဝင် လူ ၈ ဦးသေဆုံးပြီး ၂၉ ဦး ဒဏ်ရာရတဲ့အကြောင်း အစိုးရက သတင်းထုတ်ပြန်ထားပါ တယ်။
အသေးစိတ် ဖတ်ရှုရန် Show less
မူဆယ်ဒေသတိုက်ခိုက်မှုကြောင့်ဒေသခံများထွက်ပြေး (Myanmar president office)
9/12 မူဆယ်ဒေသတိုက်ခိုက်မှုကြောင့်ဒေသခံများထွက်ပြေး (Myanmar president office)
ရှမ်းပြည်နယ်၊ မူဆယ်မြို့နယ်နဲ့ အနီးပတ်ဝန်းကျင်ဒေသတွေက စစ်တပ်နဲ့ ရဲတပ်ဖွဲ့ စခန်းတွေအပြင် ၁၀၅ မိုင် နယ်စပ်ကုန်သွယ်ရေးစခန်းကိုပါ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေပေါင်းပြီး ဒီကနေ့ မနက်ပိုင်းမှာ ပစ်ခတ် တိုက်ခိုက်တာ ကြောင့် တပ်နဲ့ရဲတပ်ဖွဲ့ဝင်တွေအပါအဝင် လူ ၈ ဦးသေဆုံးပြီး ၂၉ ဦး ဒဏ်ရာရတဲ့အကြောင်း အစိုးရက သတင်းထုတ်ပြန်ထားပါ တယ်။
အသေးစိတ် ဖတ်ရှုရန် Show less
မူဆယ်ဒေသတိုက်ခိုက်မှုကြောင့်ဒေသခံများ ဒဏ်ရာ (Myanmar president office)
10/12 မူဆယ်ဒေသတိုက်ခိုက်မှုကြောင့်ဒေသခံများ ဒဏ်ရာ (Myanmar president office)
ရှမ်းပြည်နယ်၊ မူဆယ်မြို့နယ်နဲ့ အနီးပတ်ဝန်းကျင်ဒေသတွေက စစ်တပ်နဲ့ ရဲတပ်ဖွဲ့ စခန်းတွေအပြင် ၁၀၅ မိုင် နယ်စပ်ကုန်သွယ်ရေးစခန်းကိုပါ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေပေါင်းပြီး ဒီကနေ့ မနက်ပိုင်းမှာ ပစ်ခတ် တိုက်ခိုက်တာ ကြောင့် တပ်နဲ့ရဲတပ်ဖွဲ့ဝင်တွေအပါအဝင် လူ ၈ ဦးသေဆုံးပြီး ၂၉ ဦး ဒဏ်ရာရတဲ့အကြောင်း အစိုးရက သတင်းထုတ်ပြန်ထားပါ တယ်။
အသေးစိတ် ဖတ်ရှုရန် Show less
မူဆယ်ဒေသတိုက်ခိုက်မှုကြောင့်ဒေသခံများ ဒဏ်ရာ (Myanmar president office)
11/12 မူဆယ်ဒေသတိုက်ခိုက်မှုကြောင့်ဒေသခံများ ဒဏ်ရာ (Myanmar president office)
ရှမ်းပြည်နယ်၊ မူဆယ်မြို့နယ်နဲ့ အနီးပတ်ဝန်းကျင်ဒေသတွေက စစ်တပ်နဲ့ ရဲတပ်ဖွဲ့ စခန်းတွေအပြင် ၁၀၅ မိုင် နယ်စပ်ကုန်သွယ်ရေးစခန်းကိုပါ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေပေါင်းပြီး ဒီကနေ့ မနက်ပိုင်းမှာ ပစ်ခတ် တိုက်ခိုက်တာ ကြောင့် တပ်နဲ့ရဲတပ်ဖွဲ့ဝင်တွေအပါအဝင် လူ ၈ ဦးသေဆုံးပြီး ၂၉ ဦး ဒဏ်ရာရတဲ့အကြောင်း အစိုးရက သတင်းထုတ်ပြန်ထားပါ တယ်။
အသေးစိတ် ဖတ်ရှုရန် Show less
12/12

Previous slide
Next slide

ရှမ်းပြည်နယ်၊ မူဆယ်မြို့နယ်နဲ့ အနီးပတ်ဝန်းကျင်ဒေသတွေက စစ်တပ်နဲ့ ရဲတပ်ဖွဲ့ စခန်းတွေအပြင် ၁၀၅ မိုင် နယ်စပ်ကုန်သွယ်ရေးစခန်းကိုပါ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေပေါင်းပြီး ဒီကနေ့ မနက်ပိုင်းမှာ ပစ်ခတ် တိုက်ခိုက်တာ ကြောင့် တပ်နဲ့ရဲတပ်ဖွဲ့ဝင်တွေအပါအဝင် လူ ၈ ဦးသေဆုံးပြီး ၂၉ ဦး ဒဏ်ရာရတဲ့အကြောင်း အစိုးရက သတင်းထုတ်ပြန်ထားပါ တယ်။ ၂၁ ရာစု ပင်လုံညီလာခံပြီးကတည်းက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို တပ်မတော်ရဲ့ထိုးစစ်တွေ ပိုဆိုးလာတယ် လို့ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC က ပြောပြီး တပ်မတော်ရဲ့ထိုးစစ်ကြောင့် ဒေသခံတွေ ဒုက္ခ ရောက်ရတာကိုတော့ အစိုးရဘက်က လျစ်လျူရှုထားတယ်လို့လည်း ဆိုပါတယ်။ အပြည့်အစုံကို ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် မအေးမာက သတင်းပေးပို့ထားပါတယ်။

ရှမ်းပြည်နယ်၊ မူဆယ်မြို့နယ်နဲ့ ကွတ်ခိုင်မြိုနယ် အတွင်းမှာရှိတဲ့ စစ်တပ်ရဲတပ်စခန်းတွေနဲ့ ရဲတပ်ဖွဲ့ ရဲစခန်းတွေ တရုတ်-မြန်မာနယ်စပ် က ကုန်သွယ်ရေးဇုံဖြစ်တဲ့ မူဆယ် ၁၀၅မိုင် ကုန်သွယ်ရေးဇုံတွေနဲ့ တံတားတွေ အပါအဝင်နေရာ ၁၀ ခုလောက်ကို ပစ်မှတ်ထား ပစ်ခတ်ခံ ခဲ့ရတာကြောင့် သေဆုံး ဒဏ်ရာရတဲ့ စာရင်းကို သမ္မတရုံး ဝန်ကြီးဌာန ပြောခွင့်ရ ဦးဇော်ဌေးက ပြောပါတယ်။

“အားလုံးပေါင်း ၈ ဦးသေသွားပါတယ်။တပ်က ၁ ဦးကျဆုံးတယ်၊ ရဲက ၃ ဦးကျဆုံးတယ်၊ ပြည်သူ့စစ် ၁ ဦး ကျဆုံးပါတယ်။ နောက်အရပ်သားပြည်သူလူထုပေါ့နော် ၃ ဦး စုစုပေါင်း ၈ ဦးသေဆုံးတယ်ဆိုပြီးတော့ ကျနော်တို့ ညနေ ၅ နာရီ က သိရပါတယ်။ နောက်တခုက ဒဏ်ရာရရှိမှုကတော့ ကျနော်တို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ကတော့ အားလုံး ၉ ဦးရှိပါတယ်။ နောက် Custom အကောက်ခွန်က ၂ ဦးရှိပါတယ်၊ နောက် အပြစ်မဲ့ အရပ်သားပြည်သူအားလုံးပေါင်း ၁၈ ဦး ၊ စုစုပေါင်းဆိုရင် ဒဏ်ရာရတဲ့စာရင်း ကျနော်တို့ ၅ နာရီအထိဆိုရင် ကျနော်တို့ ၂၃ ဦးရှိပါတယ်။ အခုလောလောဆယ် ၅ နာရီစာရင်းပေါင်းချုပ်ဆိုရင် သေဆုံးတာက ၈ ဦး ရှိပြီးတော့ ဒဏ်ရာရတာ ၂၃ ဦးရှိပါတယ်။”

KIA (ကချင်)အဖွဲ့၊ TNLA (တအောင်းပလောင်) အဖွဲ့ MNDAA ပူးပေါင်းအဖွဲ့တွေဟာ နိုဝင်ဘာလ ၂၀ ရက်နေ့ မနက်အစောကြီးအချိန်မှာ အလစ်အငိုက် ရယူပြီး တစ်ချိန်တည်း တစ်ပြိုင်တည်း ဝင်ရောက် တိုက်ခိုက်ခဲ့ တာလို့ဆိုပါတယ်။ ဒါ့အပြင်အရပ်သားတွေရှိတဲ့နေရာတွေကိုပါ ပစ်မှတ်ထားတယ်လို့ ဦးဇော်ဌေးကဆိုပါတယ်။

“ဒီလိုမျိုးအရပ်သား ပစ်မှတ်တွေကိုထွက်ပြီးတိုက်တယ်ဆိုတဲ့ လုပ်ရပ်နဲ့ ပတ်သက်လို့တော့ လုံး၀ လက်ခံနိုင်ဖွယ်ရာ မရှိပါဘူး။”

လက်နက်ကိုင်းတိုင်းရင်သားတပ်ဖွဲ့ တွေစုစည်းထားတဲ့ ညီညွတ်သောတိုင်းရင်သားလူမျိုးများ ဖယ်ဒရယ်ကောင်စီ UNFC ကတော့ တိုင်းရင်သားတပ်ဖွဲတွေအနေနဲ့ တချိန်လုံး ထိုးစစ်ဆင်တိုက်ခိုက်ခံရတာဖြစ်လို့ ဒါကြောင့် မဟာမိတ်အဖွဲ့ တွေ စုပြီးပြန်တိုက်တဲ့သဘောဖြစ်တယ်လို့ဆိုပါတယ်။

၂၁ ရာစုပင်လုံညီလာခံပြီးကတည်းက တိုင်းရင်သားနယ်မြေတွေမှာဒုက္ခသည်တွေများပြားလာတဲ့အထိ ထိုးစစ်တွေ ရှိနေပေမယ့် အစိုးရဘက်က လှစ်လျုရူခဲ့တယ်လို့လည်း ယူအန်အက်ဖက်စီခေါင်းဆောင်တဦးဖြစ်သူ နိုင်ဟံသာက ပြောပါတယ်။

“အမြဲတမ်းအတိုက်ခံနေရတော့ သူတို့အချင်းချင်းစုပြီးတော့ ပြန်တိုက်တဲ့သဘောပေါ့လေ၊ ဒါကတော့ ကျနော်အဲလိုပဲထင်တယ်။ အမှန်တော့ ဒီဆွေးနွေးရေးကလည်း ပြတ်မသွားစေချင်ဘူးလေ၊ ဒါကိုလည်းထိန်းရမယ်။ ဒါကတော့ ကိုယ်ကတော့ သူ့ကိုတိုက်ရင် ၊ သူကလည်း ကိုယ့်ကို ပြန်တိုက်မှာပေါ့။ ဒါကတော့ ခံစစ်ကြီးပဲ သူတို့လည်း ရေရှည်ဘယ်ခံနိုင်ပါ့မလဲ၊ သူတို့ကလည်း တခါတလေတော့ ထိုးစစ်တော့ လုပ်မှာပေါ့။ အမှန်ကတော့ ဒီ ၂၁ ရာစုပင်လုံဖြစ်ပြီးတဲ့ နောက်မှာမှ အခုက ထိုးစစ်တွေက ပိုပြီးတော့ ပြင်းထန်လာတယ်နော်။ တိုက်ပွဲတွေအဓိက ပြင်းထန်လာတာကတော့ အစိုးရဘက်က ထိုးစစ်တွေဆင်နေတယ်လို့ အဲဒါလေ့လာသိရှိရတယ်။ အဲဒီအပေါ်မှာ ဒါ စစ်တပ်က ထိုးစစ်ဆင်တာပေါ့နော် ၊ အဲဒါကို အစိုးရဘက်က ဘာမှ မပြောဘူး ။ အဲဒီအပေါ်မှာလည်း အခုက လူထုတွေ၊ အန်ကယ်တို့အပါအဝင်ပေါ့ တော်တော်လေးကို အံသြနေတယ်။ အရင်က သမ္မတ သိန်းစိန်တောင် ဒီလိုအနေအထားမျိုးမှာ မကြာမကြာပြောပါတယ်။ နောက်ပိုင်း NLD အစိုးရကတော့ ဘာမှ မပြောဘူး ၊ အရင်ကတော့ သူတို့သွားတိုက်ရင်လည်း ဟိုဘက်က ခံနေရတယ်၊ စစ်ပြေးဒုက္ခသည်တွေလည်း အများကြီးတိုးတိုးလာနေတယ်၊ ဒါတွေကို သူတို့က လုံးဝကို ဂရုမစိုက်သလိုနေနေတယ်ပေါ့လေ။ အဲလိုအနေအထားမျိုးကတော့ အခြေအနေကတော့ မဖြစ်သင့်ဘူးလို့တော့ မြင်တယ်။”

အခုဖြစ်စဉ်မှာ အဓိက ဦးတည်ချက်ထား တိုက်ခိုက်တာကတော့ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုံဖြစ်ပုံရပါတယ်။ ဒီနေရာဟာ နှစ်နိုင်ငံကြား ကုန်စည် စီးဆင်းမူတွေအဓိကလုပ်နေတဲ့နေရာဖြစ်ပြီး နေ့စဉ်ကုန်သည်ကားအဝင်အထွက်ကသောင်းနဲ့ချီရှိနေတာပါ။ အထူးသဖြင့် ဆန်နဲ့ဒီဇယ်ဆီ အပါအဝင်မြန်မာ ဘက်ကတင်သွင်းတဲ့ ကုန်တွေကော တရုတ်ကုန်ပစည်းတွေကော တင်သွင်းနေတဲ့ အဓိက ဂိတ်ဖြစ်ပြီး မူဆယ် ၁၀၅မိုင်ဟာ တရုတ်-မြန်မာ စီးပွာရေးသမားတွေရဲ့စုရပ်နေရာတခုလည်း ဖြစ်ပါတယ်။

ပစ်ခတ်မူတွေဖြစ်ပွားခဲ့ပြီးတဲ့နောက်မှာတော့ မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုံလည်း ယာယီ ပိတ်လိုက်ရပြီး ကုန်သွယ်စီးဆင်းမူတွေရပ်နားခဲ့ရတယ်လို့လည်း
ကုန်သွယ်ရေးဦးစီးဌာနက တာဝန်ရှိသူတဦးက ပြောပြပါတယ်။

“ ရပ်တာပေါ့။ ဘယ်အချိန်စဖြစ်တာလဲဆိုတော့ ၆ နာရီခွဲ လောက်က ဒီမနက်ပေါ့ ။ KIA နဲ့ ပလောင်နဲ့က မူဆယ် ၁၀၅ မိုင် ဘုရားကုန်းမှရှိတဲ့ လုံခြုံရေးတပ်ကို ပစ်တာ။”

အစိုးရနဲ့ လူမျိုးစုလက်နက်ကိုင်အဖွဲ့တွေကြား အပစ်အခတ်ရပ်စဲရေး၊ ငြိမ်းချမ်းရေးတည်ဆောက်ရေး လုပ်ငန်းစဉ်တွေကို တဘက် မှာလုပ်နေသလို တဘက်မှာလည်း တပ်မတော်နဲ့ လူမျိုးစု လက်နက်ကိုင်တွေကြား တိုက်ပွဲတွေက ဆက်ဖြစ်နေတုန်းပါပဲ။ အခု တိုက်ခိုက်မှုကတော့ အစိုးရအဖွဲ့ အပြောင်းအလဲဖြစ်ပြီးနောက်ပိုင်းမှာ လူမျိုးစုလက်နက်ကိုင်အဖွဲ့ သုံးဖွဲ့ထက်မနည်း ပူးပေါင်းပြီး ညှိနှိုင်းတိုက်ခိုက်တဲ့ ပထမဆုံးဖြစ်စဉ်လို့ ဆိုရမှာပါ။

မူဆယ်ဒေသတိုက်ခိုက်မှု သေဆုံးသူ ၈ ဦးရှိ
please wait

No media source currently available

0:00 0:05:10 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG