သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနဲ့ ကမ္ဘာတဝန်းက မွတ်ဆလင်တွေ ဒီနှစ် ဥပုသ်လအခက်ခဲဆုံးအချိန်တွေကို ရင်ဆိုင်နေရ


ရန်ကုန်မြို့ရှိ နွယ်အေးဗလီမှာ ရာမာဒါန်ဥပုသ်ကာလ ဝတ်ပြုနေကြတဲ့ အစ္စလာမ်ဘာသာဝင်များ (မတ် ၁၂၊ ၂၀၂၄)
ရန်ကုန်မြို့ရှိ နွယ်အေးဗလီမှာ ရာမာဒါန်ဥပုသ်ကာလ ဝတ်ပြုနေကြတဲ့ အစ္စလာမ်ဘာသာဝင်များ (မတ် ၁၂၊ ၂၀၂၄)

လူသားချင်းစာနာမှု အကြပ်အတည်းနဲ့ ပဋိပက္ခတွေအကြား မြန်မာနိုင်ငံအပါအဝင် ကမ္ဘာတဝန်း မွတ်ဆလင်တွေ ဒီနှစ် ဥပုသ်လ အခက်ခဲဆုံးအချိန်တွေကို ဖြတ်သန်း ရင်ဆိုင်နေရတဲ့အကြောင်း ကုလသမဂ္ဂဆိုင်ရာ အမေရိကန် သံအမတ်ကြီး Linda Thomas-Greenfield က မနေ့ ကုလသမဂ္ဂဌာနချုပ်မှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုပါတယ်။

နယူးယောက်မြို့ရှိ ကုလသမဂ္ဂဌာနချုပ် သတင်းစာရှင်းလင်းပွဲအတွင်းတွေ့ရတဲ့ ကုလသမဂ္ဂဆိုင်ရာ အမေရိကန် သံအမတ်ကြီး Linda Thomas-Greenfield (မတ် ၂၈၊ ၂၀၂၄)
နယူးယောက်မြို့ရှိ ကုလသမဂ္ဂဌာနချုပ် သတင်းစာရှင်းလင်းပွဲအတွင်းတွေ့ရတဲ့ ကုလသမဂ္ဂဆိုင်ရာ အမေရိကန် သံအမတ်ကြီး Linda Thomas-Greenfield (မတ် ၂၈၊ ၂၀၂၄)

ဆူဒန်နိုင်ငံ ရင်ဆိုင်နေရတဲ့လူသားချင်းစာနာမှု အကြပ်အတည်း လျော့ချရေး အဓိကထားပြောဆိုရင်း အာဖဂန်နစ္စတန်၊ ဆီးရီးယား၊ Changzhou (ချန်ကျိုး) မြန်မာ၊ ဂါဇာ စတဲ့ ကမ္ဘာတဝန်းက မွတ်ဆလင်တွေအတွက် အထူးထိခိုက်နာကျင်ရတဲ့ ရာမာဒါန် ဥပုသ်လပါလို့ သံအမတ်ကြီး Linda Thomas-Greenfield ပြောဆိုသွားတာပါ။ ဆူဒန်နိုင်ငံ မြောက်ပိုင်း Darfur ဒေသ Zamzam ဒုက္ခသည်စခန်းမှာ ၂ နာရီတိုင်း ကလေးငယ်တဦးနှုန်း သေဆုံးနေပြီး လာမယ့်သီတင်းပတ်တွေအတွင်း နောက်ထပ် ကလေးငယ် နှစ်သိန်းလောက် သေဆုံးနိုင်တယ်လို့ အကူအညီပေးရေးအဖွဲ့တွေနဲ့ ကျွမ်းကျင်သူတွေက သတိပေးနေတာပါ။

လိုအပ်နေတဲ့ အကူအညီရဲ့ ၅ ရာခိုင်နှုန်းပဲ ရရှိပြီး၊ Chad နဲ့ တောင်ဆူဒန်ဒေသက လူ ၇ သန်းအတွက် ကုလသမဂ္ဂစားနပ်ရိက္ခာ အကူအညီတွေ ဖြတ်တောက်ထားရတဲ့အကြောင်းနဲ့ ငတ်မွတ် ခေါင်းပါးတဲ့ ဘေးဒုက္ခအန္တာရယ်ဆိုးကြီး ရင်ဆိုင်ရနိုင်ခြေတွေကို သံအမတ်ကြီးက Linda Thomas-Greenfield သတိပေးပါတယ်။ ဆူဒန်နိုင်ငံမှာ စစ်ခေါင်းဆောင် ၂ ဦးကြား အာဏာလွန်ဆွဲပွဲတွေကနေ လက်နက်ကိုင်ပဋိပက္ခတွေ ကြီးထွားနေပြီး လူပေါင်း ၄၉ သန်းလောက် အတိဒုက္ခရောက်နေတာ၊ စားနပ်ရိက္ခာအကူအညီ လိုအပ်နေသူ ၁၈ သန်းလောက်ရှိတာကို ကုလသမဂ္ဂအဖွဲ့အစည်းတွေက ပြောဆိုထားပါတယ်။

မြန်မာနိုင်ငံမှာလည်း လက်နက်ကိုင်ပဋိပက္ခတွေကြောင့် တိုင်းရင်းသားဒေသတွေ အပါအဝင် နိုင်ငံတဝန်း လူပေါင်း ၂ သန်း ၆သိန်း လောက် အိုးမဲ့အိမ်မဲ့နေရပ်စွန့်ခွာနေရပြီး နိင်ငံ လူဦးရေရဲ့ သုံး၃ ပုံ ၁ပုံ ဟာ လူသားချင်းစာနာမှုအကူအညီတွေ လိုအပ်နေတယ်လို့ ကုလသမဂ္ဂက ခန့်မှန်းထားပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG