သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံက အစ္စလာမ်ဘာသာဝင်တွေ ရာမာဒါန် ဥပုသ်လ


ရန်ကုန်မြို့ နွယ်အေးဗလီအတွင်း ဝတ်ပြုနေသူများကို တွေ့ရစဉ် (မတ် ၁၂၊ ၂၀၂၄)
ရန်ကုန်မြို့ နွယ်အေးဗလီအတွင်း ဝတ်ပြုနေသူများကို တွေ့ရစဉ် (မတ် ၁၂၊ ၂၀၂၄)

ကမ္ဘာတဝန်းမှာရှိတဲ့ အစ္စလာမ်ဘာသာဝင်တွေနည်းတူ မြန်မာနိုင်ငံမှာရှိတဲ့ အစ္စလာမ်ဘာသာဝင်တွေရဲ့ ရာမာဒါန် ဥပုသ်လဟာ မတ်လ ၁၂ ရက် မနေ့ကပဲ စတင်နေပါပြီ။

ရာမာဒါန်လဟာ အစ္စလာမ်သာသာဝင်တွေရဲ့ ဥပုသ်လဖြစ်ပြီး ရန်ကုန်မြို့အပါအဝင် မြန်မာနိုင်ငံ နေရာအနှံ့မှာရှိတဲ့ အစ္စလာမ်ဘာသာဝင်တွေရဲ့ စုပေါင်းဝတ်ပြုဆုတောင်းပွဲတွေကို သက်ဆိုင်ရာ ဗလီတွေမှာ ပြုလုပ်နေကြတာပါ။

ဥပုသ်လရောက်တိုင်း အစ္စလာမ်ဘာသာဝင်တွေဟာ နေထွက်ကနေ နေဝင်ချိန်အထိ အစာမစားဘဲ ဥပုသ်စောင့်ထိန်းကြရပြီး၊ ဥပုသ်ထွက်ချိန်မှာတော့ အာဟာရဒါနလှူဒါန်းပွဲတွေကိုလည်း စုပေါင်းလုပ်လေ့ရှိကြပါတယ်။ ရန်ကုန်တိုင်း၊ ဒေါပုံမြို့နယ်မှာရှိတဲ့ နွယ်အေးဗလီမှာလည်း ဥပုသ်လ ပထမနေ့မှာ အစ္စလာမ်ဘာသာဝင်တွေရဲ့ စုပေါင်း ဝတ်ပြုဆုတောင်းပွဲတွေကို ပြုလုပ်ခဲ့ကြပြီး၊ ဥပုသ်ချိန်အပြီး ဝါဖြေချိန်မှာလည်း အစားအသောက် စုပေါင်းလှူဒါန်းမှုတွေ ပြုလုပ်နေတာကို တွေ့ရပါတယ်။

ရန်ကုန်မြို့ နွယ်အေးဗလီအတွင်း ဝါဖြည်စာ စားသုံးနေကြတဲ့ကလေးငယ်များကို တွေ့ရစဉ် (မတ် ၁၂၊ ၂၀၂၄)
ရန်ကုန်မြို့ နွယ်အေးဗလီအတွင်း ဝါဖြည်စာ စားသုံးနေကြတဲ့ကလေးငယ်များကို တွေ့ရစဉ် (မတ် ၁၂၊ ၂၀၂၄)

ရာမာဒါန် ဥပုသ်လဟာ အစ္စလာမ်ဘာသာဝင်တွေရဲ့ ပြက္ခဒိန်မှာ ကိုးလမြောက်လဖြစ်ပြီး နိုင်ငံတခုချင်းစီကနေ လမြင်ရတဲ့ အချိန်ပေါ်မူတည်ပြီး ဥပုသ်ရက်အစကို သတ်မှတ်တာဖြစ်တဲ့အတွက် တနိုင်ငံနဲ့တနိုင်ငံ အချိန်ကွာခြားမှုတော့ ရှိတတ်ကြပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG