သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း






{{Zawgyi/Unicode}}





တိုက်ရိုက် လင့်ခ်

..................................................

မြဝတီမြို့ စတိုးဆိုင် တိုက်ခိုက်မှု ထိခိုက်ဒဏ်ရာရသူတချို့ရှိ

{{Zawgyi/Unicode}}
ထိုင်းနိုင်ငံနဲ့ နယ်စပ် မြန်မာနိုင်ငံ ၊ ကရင်ပြည်နယ်၊ မြဝတီမြို့က စတိုးဆိုင်တဆိုင်မှာ အင်္ဂါနေ့ ညနေပိုင်းက တိုက်ခိုက်ခံရတာကြောင့် ထိခိုက်မှုတွေ ရှိခဲ့ကြောင်း မြို့ခံတယောက်က ပြောပါတယ်။

" ဒီနေ့ည ၇နာရီ ထိုးလောက်မှာ မြဝတီတံတား အမှတ် ၁ နားက ရပ်ကွက်မှာရှိတဲ့ ဂျပန်ကြီးစတိုးဆိုင်မှာ အထဲမှာရှိတဲ့ ကလေးတယောက် ထိသွားတယ်။ အပြင်ကနေ ဝင်ပစ်သွားတယ်။ ဘယ်သူပစ်သွားလဲမသိဘူး ။ အထဲက အသက် ၁၈နှစ် ၂၀ အရွယ်ကလေးတဦးထိသွားတယ်"

ပစ်ခတ်မူ ဖြစ်ပွားခဲ့တဲ့ နေရာတဝိုက် လမ်းတွေကိုပိတ်ပြီး ပစ်ခတ်သူကို ရဲတွေက လိုက်လံရှာဖွေနေတယ်လို့လည်း ပြောပါတယ်။
မဲဆောက် မြဝတီ ချစ်ကြည်ရေးတံတား အမှတ် ၁ အနီးမှာရှိတဲ့ စတိုးဆိုင် တိုက်ခိုက်မှုကြောင့် ပိုင်ရှင်မိသားစုဝင်တချို့ ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ပြောပေမဲ့ သီးခြား အတည်ပြုလို့တော့ မရပါဘူး။

ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး အသေးစိတ်သိရအောင် မြဝတီမြို့ အာဏာပိုင်တွေကို မေးမြန်းဖို့ ကြိုးစားပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။

မြဝတီမြို့ဟာ လက်နက်ကိုင်အဖွဲ့၅ ဖွဲ့ထက်မနည်း အခြေချ နေထိုင်တဲ့ မြို့ဖြစ်ပြီး မကြာခဏ ပစ်ခတ်မှုတွေ၊ ဗုံးပေါက်ကွဲမှုတွေ ကြုံနေရသလို သေဆုံး ဒဏ်ရာရမှုတွေလည်း ရှိနေတာပါ။

XS
SM
MD
LG