(Zawgyi / Unicode)
ရေသ့ေတာင္မွာ အေျခခ်ထားတဲ့ အစိုးရစစ္တပ္ တပ္ရင္း ၃ ခုကို ရခိုင္လက္နက္ကိုင္ AA အဖြဲ႔က မေန႔က ပစ္ခတ္မႈဟာ သတိေပးပစ္ခတ္မႈ ျဖစ္တယ္လို႔ AA အဖြဲ႔ရဲ႕ ေျပာခြင့္ရသူ ခိုင္သုခက ေျပာပါတယ္။ အဲဒီေနာက္ အျပန္အလွန္ပစ္ခတ္မႈ ျဖစ္ပြားၿပီး အနီးအနားေက်းရြာက အရပ္သားေတြ ထိခိုက္ဒဏ္ရာရတာေတြ ရွိပါတယ္။ ဒီသတင္းအျပည့္အစံုကိုေတာ့ ဗီြအုိေအသတင္းေထာက္ ကိုသက္ႏိုင္က ေပးပို႔ထားပါတယ္။
ရခိုင္ျပည္နယ္ေျမာက္ပိုင္း ရေသ့ေတာင္မွာ အေျခခ်ထားတဲ့ ျမန္မာစစ္တပ္ဘက္က တပ္ရင္းသံုးခုကို မေန႔ ေသာၾကာည ၁၁ နာရီေက်ာ္ေလာက္မွာ AA အဖြဲ႔က လက္နက္ႀကီးေတြနဲ႔ စတင္ပစ္ခတ္ခဲ့တာေၾကာင့္ တပ္နဲ႔ AA ၄ နာရီၾကာ အျပန္အလွန္ ပစ္ခတ္မႈ ျဖစ္ပြားခဲ့ပါတယ္။ ျမန္မာတပ္ေတြဘက္က မၾကာခဏဆိုသလို လက္နက္ႀကီးနဲ႔ ပစ္ခတ္တာေတြ လုပ္ေနတဲ့အတြက္ AA တပ္ဘက္က အခုလို တုံ႔ျပန္သတိေပးတာျဖစ္တယ္လို႔ AA ေျပာခြင့္ရသူ ခိုင္သုခက ေျပာပါတယ္။
"မေန႔က ႏိုဝင္ဘာလ ၁၅ ရက္ေန႔ည ၁၁ နာရီေလာက္မွာ ရေသ့ေတာင္အေျခစိုက္ ခမရ ၅၃၆၊ ၅၃၇၊ ၅၃၈ အဲဒီတပ္ရင္းဌာနခ်ဳပ္ေတြကို က်ေနာ္တို႔ ရခုိင့္တပ္ေတာ္ AA ကေနၿပီးေတာ့ သတိေပးပစ္ခတ္မႈေတြ လုပ္ခဲ့တာရွိတယ္။ ဘာေၾကာင့္ သတိေပးပစ္ခတ္မႈ လုပ္ရတာလဲဆိုေတာ့ ဗမာစစ္တပ္ဟာ ဒီတပ္ရင္းဌာနခ်ဳပ္ေတြက ေနၿပီးေတာ့ လက္နက္ႀကီးေတြနဲ႔ မဆင္မျခင္ ရမ္းကား ပစ္ခတ္တာေတြကို ပိုၿပီးေတာ့ လုပ္လာတာ ျဖစ္တဲ့အတြက္ေၾကာင့္ က်ေနာ္တို႔ဘက္ကလည္း သာမန္သတိေပး ပစ္ခတ္တာကို လုပ္ေဆာင္ခဲ့ရတာျဖစ္တယ္။ ထိခိုက္က်ဆံုးမႈကေတာ့ အေသးစိတ္ မသိရေသးဘူး၊ စံုစမ္းေနတုန္းပဲ ရွိေသးတယ္။"
AA ဘက္ကပစ္တာ သိပ္မၾကာေပမယ့္ စစ္တပ္ဘက္ကေတာ့ မနက္ ၃ နာရီေလာက္အထိ ေက်းရြာအနီးအနား ေတာင္တန္းေတြကို ပစ္ခတ္ေနတာျဖစ္တယ္လို႔ ခိုင္သုခက ဆက္ေျပာပါတယ္။
"က်ေနာ္တို႔ဘက္က သတိေပး ပစ္ခတ္တာက အခ်ိန္က သိပ္မၾကာဘူးဗ်ာ။ က်ေနာ္တို႔ သတိေပးပစ္ခတ္တာေလာက္ပဲ လုပ္တာ။ ဗမာစစ္တပ္ဘက္ကေတာ့ သူတို႔ ဒီမနက္ မုိးလင္း အ႐ုဏ္ ၃ နာရီေလာက္ထိေအာင္ သူတို႔ရဲ႕ စခန္းေတြကေနၿပီးေတာ့ လက္နက္ႀကီးေတြနဲ႔ ေက်းရြာအနီးအနားေတြကို ရမ္းသန္းပစ္ခတ္မႈေတြ တညလံုး လုပ္ခဲ့တယ္လို႔ သိရတယ္။ ဆိုေတာ့ ေက်းရြာသားေတြ ထိခိုက္မႈ အေျခအေနကိုေတာ့ အခုထိ စံုစမ္းေနတုန္းပဲ ရွိေသးတယ္။"
အခုလို ပစ္ခတ္ခံရတာ မွန္ေပမယ့္ AA အဖြဲ႔က ပစ္လိုက္တဲ့ လက္နက္ႀကီးေတြဟာ စစ္တပ္စခန္းေတြဆီ သြားမထိဘဲ ပတ္ဝန္းက်င္က ေက်းရြာေတြကိုပဲ သြားက်တယ္လို႔ ျမန္မာစစ္တပ္ဘက္က ျပန္ေျပာပါတယ္။
အေနာက္ပိုင္းတုိင္းစစ္ဌာနခ်ဳပ္ ေျပာခြင့္ရ ဗိုလ္မွဴးႀကီး ဝင္းေဇာ္ဦးက "စခန္းကို ဝင္တိုက္တာေတာ့ မဟုတ္ပါဘူး။ အဲဒီ ရေသ့ေတာင္ရဲ႕ အေရွ႕ဘက္ ကီလိုမီတာ ၈၀၀၀ ေလာက္ အကြာအေဝးမွာရွိတဲ့ ဂြေျခတုန္ကေနၿပီးေတာ့ ေရွာ့တိုက္ဒံုးလို႔ ယူဆရတဲ့ ဟာေတြနဲ႔ ဒီေကာင္ေတြ လွမ္းပစ္တာ။ အဲဒီကေန လွမ္းပစ္တဲ့အခါမွာ သူတို႔ပစ္လိုက္တဲ့ ဒံုးသီးက တပ္ေနရာကို မက်ဘဲနဲ႔ အဲဒီနားမွာ ရြာႏွစ္ရြာရွိတယ္၊ ငေတာက္တူေခ်နဲ႔ ငေတာက္တူရြာေဟာင္းဆိုၿပီးေတာ့၊ အဲရြာကိုက်တယ္၊ ရခိုင္ေတြ ေလးငါးေျခာက္ဦးေလာက္ ဒဏ္ရာရတယ္လို႔ သိရတယ္။" လုိ႔ ေျပာပါတယ္။
ဘယ္သူပစ္တယ္ဆိုတာကို ေသခ်ာမသိရေပမယ့္ ႏွစ္ဖက္ အျပန္အလွန္ ပစ္ခတ္တာေတြေၾကာင့္ တိုက္ပြဲျဖစ္တဲ့ အနီးပတ္ဝန္းက်င္ေက်းရြာမွာ အရပ္သားထိခိုက္မႈ ရွိသြားခဲ့ပါတယ္။ ငေတာက္တူေခ်ေက်းရြာ အုပ္ခ်ဳပ္ေရးမွဴး ဦးေမာင္ျမေအးက အေျခအေနကို အခုလို ေျပာျပပါတယ္။
“က်ေနာ္တို႔ ငေတာက္တူေခ် ရြာေဟာင္းက အမ်ိဳးသမီးတေယာက္မွာ သူ႔ဒဏ္ရာကေတာ့ လက္ေမာင္း ပခံုးနားက က်တာ။ ေဆး႐ုံကေတာ့ ဆရာဝန္က အဲဒီက်ည္စေတြကို ခြဲထုတ္ၿပီးမွ သက္သာတဲ့ အေနအထားကိုေရာက္မွ ေဆး႐ုံကေန ျပန္လႊတ္လုိက္တယ္။ ဒဏ္ရာကေတာ့ စိုးရိမ္စရာမရွိပါဘူး၊ မေတာ္တဆ ထိတာပါ။”
လက္ရွိအခ်ိန္မွာေတာ့ တပ္နဲ႔နီးတဲ့ ေက်းရြာေတြက ေဒသခံေတြကေတာ့ ေၾကာက္လန္႔ၿပီး တျခား ေဘးလြတ္ရာ ေက်းရြာေတြကို ထြက္ေျပးေနၾကပါတယ္။
ဒီပစ္ခတ္မႈေတြမျဖစ္ခင္ မေန႔က ေန႔လယ္ပုိင္းမွာလည္း ရေသ့ေတာင္ၿမိဳ႕နယ္နဲ႔ ေျမာက္ဦးၿမိဳ႕နယ္ေတြမွာ တပ္နဲ႔ AA အဖြဲ႔ၾကား တုိက္ပြဲေတြ ျဖစ္ခဲ့ေသးၿပီး ေက်ာက္ေတာ္ၿမိဳ႕နယ္ သရက္တပင္ေက်းရြာနဲ႔ တျခား အနီးအနားရြာက ေဒသခံေတြကို တပ္မေတာ္ဘက္က ဖမ္းဆီးစစ္ေဆးေနတာေတြလည္း ရွိပါတယ္။
အခုဆိုရင္ ရခိုင္ေျမာက္ပိုင္းေဒသမွာ တပ္နဲ႔ AA ၾကား တိုက္ပြဲေတြ ျပင္းထန္လာသလို စစ္ေဘးေရွာင္ဦးေရဟာလည္း ရခိုင္တိုင္းရင္းသားမ်ိဳးႏြယ္စုမ်ား အစည္းအ႐ုံး (REC) ရဲ႕ စစ္တမ္းအရ ၇ ေသာင္းနီးပါးရွိေနၿပီး အရပ္သားေသဆံုးသူ၊ ထိခိုက္ဒဏ္ရာရသူေတြနဲ႔ ႏွစ္ဖက္ ဖမ္းဆီး စစ္ေဆးခံေနရသူေတြလည္း အမ်ားအျပား ရွိေနပါတယ္။
------------------------------------
(Unicode)
AA နဲ့ စစ်တပ် လက်နက်ကြီး အပြန်အလှန်ပစ်မှု ဒေသခံတွေ ထွက်ပြေးရ
ရသေ့တောင်မှာ အခြေချထားတဲ့ အစိုးရစစ်တပ် တပ်ရင်း ၃ ခုကို ရခိုင်လက်နက်ကိုင် AA အဖွဲ့က မနေ့က ပစ်ခတ်မှုဟာ သတိပေးပစ်ခတ်မှု ဖြစ်တယ်လို့ AA အဖွဲ့ရဲ့ ပြောခွင့်ရသူ ခိုင်သုခက ပြောပါတယ်။ အဲဒီနောက် အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားပြီး အနီးအနားကျေးရွာက အရပ်သားတွေ ထိခိုက်ဒဏ်ရာရတာတွေ ရှိပါတယ်။ ဒီသတင်းအပြည့်အစုံကိုတော့ ဗွီအိုအေသတင်းထောက် ကိုသက်နိုင်က ပေးပို့ထားပါတယ်။
ရခိုင်ပြည်နယ်မြောက်ပိုင်း ရသေ့တောင်မှာ အခြေချထားတဲ့ မြန်မာစစ်တပ်ဘက်က တပ်ရင်းသုံးခုကို မနေ့ သောကြာည ၁၁ နာရီကျော်လောက်မှာ AA အဖွဲ့က လက်နက်ကြီးတွေနဲ့ စတင်ပစ်ခတ်ခဲ့တာကြောင့် တပ်နဲ့ AA ၄ နာရီကြာ အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့ပါတယ်။ မြန်မာတပ်တွေဘက်က မကြာခဏဆိုသလို လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေ လုပ်နေတဲ့အတွက် AA တပ်ဘက်က အခုလို တုံ့ပြန်သတိပေးတာဖြစ်တယ်လို့ AA ပြောခွင့်ရသူ ခိုင်သုခက ပြောပါတယ်။
"မနေ့က နိုဝင်ဘာလ ၁၅ ရက်နေ့ည ၁၁ နာရီလောက်မှာ ရသေ့တောင်အခြေစိုက် ခမရ ၅၃၆၊ ၅၃၇၊ ၅၃၈ အဲဒီတပ်ရင်းဌာနချုပ်တွေကို ကျနော်တို့ ရခိုင့်တပ်တော် AA ကနေပြီးတော့ သတိပေးပစ်ခတ်မှုတွေ လုပ်ခဲ့တာရှိတယ်။ ဘာကြောင့် သတိပေးပစ်ခတ်မှု လုပ်ရတာလဲဆိုတော့ ဗမာစစ်တပ်ဟာ ဒီတပ်ရင်းဌာနချုပ်တွေက နေပြီးတော့ လက်နက်ကြီးတွေနဲ့ မဆင်မခြင် ရမ်းကား ပစ်ခတ်တာတွေကို ပိုပြီးတော့ လုပ်လာတာ ဖြစ်တဲ့အတွက်ကြောင့် ကျနော်တို့ဘက်ကလည်း သာမန်သတိပေး ပစ်ခတ်တာကို လုပ်ဆောင်ခဲ့ရတာဖြစ်တယ်။ ထိခိုက်ကျဆုံးမှုကတော့ အသေးစိတ် မသိရသေးဘူး၊ စုံစမ်းနေတုန်းပဲ ရှိသေးတယ်။"
AA ဘက်ကပစ်တာ သိပ်မကြာပေမယ့် စစ်တပ်ဘက်ကတော့ မနက် ၃ နာရီလောက်အထိ ကျေးရွာအနီးအနား တောင်တန်းတွေကို ပစ်ခတ်နေတာဖြစ်တယ်လို့ ခိုင်သုခက ဆက်ပြောပါတယ်။
"ကျနော်တို့ဘက်က သတိပေး ပစ်ခတ်တာက အချိန်က သိပ်မကြာဘူးဗျာ။ ကျနော်တို့ သတိပေးပစ်ခတ်တာလောက်ပဲ လုပ်တာ။ ဗမာစစ်တပ်ဘက်ကတော့ သူတို့ ဒီမနက် မိုးလင်း အရုဏ် ၃ နာရီလောက်ထိအောင် သူတို့ရဲ့ စခန်းတွေကနေပြီးတော့ လက်နက်ကြီးတွေနဲ့ ကျေးရွာအနီးအနားတွေကို ရမ်းသန်းပစ်ခတ်မှုတွေ တညလုံး လုပ်ခဲ့တယ်လို့ သိရတယ်။ ဆိုတော့ ကျေးရွာသားတွေ ထိခိုက်မှု အခြေအနေကိုတော့ အခုထိ စုံစမ်းနေတုန်းပဲ ရှိသေးတယ်။"
အခုလို ပစ်ခတ်ခံရတာ မှန်ပေမယ့် AA အဖွဲ့က ပစ်လိုက်တဲ့ လက်နက်ကြီးတွေဟာ စစ်တပ်စခန်းတွေဆီ သွားမထိဘဲ ပတ်ဝန်းကျင်က ကျေးရွာတွေကိုပဲ သွားကျတယ်လို့ မြန်မာစစ်တပ်ဘက်က ပြန်ပြောပါတယ်။
အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် ပြောခွင့်ရ ဗိုလ်မှူးကြီး ဝင်းဇော်ဦးက "စခန်းကို ဝင်တိုက်တာတော့ မဟုတ်ပါဘူး။ အဲဒီ ရသေ့တောင်ရဲ့ အရှေ့ဘက် ကီလိုမီတာ ၈၀၀၀ လောက် အကွာအဝေးမှာရှိတဲ့ ဂွခြေတုန်ကနေပြီးတော့ ရှော့တိုက်ဒုံးလို့ ယူဆရတဲ့ ဟာတွေနဲ့ ဒီကောင်တွေ လှမ်းပစ်တာ။ အဲဒီကနေ လှမ်းပစ်တဲ့အခါမှာ သူတို့ပစ်လိုက်တဲ့ ဒုံးသီးက တပ်နေရာကို မကျဘဲနဲ့ အဲဒီနားမှာ ရွာနှစ်ရွာရှိတယ်၊ ငတောက်တူချေနဲ့ ငတောက်တူရွာဟောင်းဆိုပြီးတော့၊ အဲရွာကိုကျတယ်၊ ရခိုင်တွေ လေးငါးခြောက်ဦးလောက် ဒဏ်ရာရတယ်လို့ သိရတယ်။" လို့ ပြောပါတယ်။
ဘယ်သူပစ်တယ်ဆိုတာကို သေချာမသိရပေမယ့် နှစ်ဖက် အပြန်အလှန် ပစ်ခတ်တာတွေကြောင့် တိုက်ပွဲဖြစ်တဲ့ အနီးပတ်ဝန်းကျင်ကျေးရွာမှာ အရပ်သားထိခိုက်မှု ရှိသွားခဲ့ပါတယ်။ ငတောက်တူချေကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်မြအေးက အခြေအနေကို အခုလို ပြောပြပါတယ်။
“ကျနော်တို့ ငတောက်တူချေ ရွာဟောင်းက အမျိုးသမီးတယောက်မှာ သူ့ဒဏ်ရာကတော့ လက်မောင်း ပခုံးနားက ကျတာ။ ဆေးရုံကတော့ ဆရာဝန်က အဲဒီကျည်စတွေကို ခွဲထုတ်ပြီးမှ သက်သာတဲ့ အနေအထားကိုရောက်မှ ဆေးရုံကနေ ပြန်လွှတ်လိုက်တယ်။ ဒဏ်ရာကတော့ စိုးရိမ်စရာမရှိပါဘူး၊ မတော်တဆ ထိတာပါ။”
လက်ရှိအချိန်မှာတော့ တပ်နဲ့နီးတဲ့ ကျေးရွာတွေက ဒေသခံတွေကတော့ ကြောက်လန့်ပြီး တခြား ဘေးလွတ်ရာ ကျေးရွာတွေကို ထွက်ပြေးနေကြပါတယ်။
ဒီပစ်ခတ်မှုတွေမဖြစ်ခင် မနေ့က နေ့လယ်ပိုင်းမှာလည်း ရသေ့တောင်မြို့နယ်နဲ့ မြောက်ဦးမြို့နယ်တွေမှာ တပ်နဲ့ AA အဖွဲ့ကြား တိုက်ပွဲတွေ ဖြစ်ခဲ့သေးပြီး ကျောက်တော်မြို့နယ် သရက်တပင်ကျေးရွာနဲ့ တခြား အနီးအနားရွာက ဒေသခံတွေကို တပ်မတော်ဘက်က ဖမ်းဆီးစစ်ဆေးနေတာတွေလည်း ရှိပါတယ်။
အခုဆိုရင် ရခိုင်မြောက်ပိုင်းဒေသမှာ တပ်နဲ့ AA ကြား တိုက်ပွဲတွေ ပြင်းထန်လာသလို စစ်ဘေးရှောင်ဦးရေဟာလည်း ရခိုင်တိုင်းရင်းသားမျိုးနွယ်စုများ အစည်းအရုံး (REC) ရဲ့ စစ်တမ်းအရ ၇ သောင်းနီးပါးရှိနေပြီး အရပ်သားသေဆုံးသူ၊ ထိခိုက်ဒဏ်ရာရသူတွေနဲ့ နှစ်ဖက် ဖမ်းဆီး စစ်ဆေးခံနေရသူတွေလည်း အများအပြား ရှိနေပါတယ်။