သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ဘူးသီးေတာင္အနီး တပ္မေတာ္နဲ႔ AA တိုက္ပြဲျဖစ္


(Zawgyi/Unicode)

ျမန္မာ့တပ္မေတာ္နဲ႔ ရခိုင္လက္နက္ကိုင္ AA အဖြဲ႕ၾကား စစ္ေရးတင္းမာမႈေတြရွိေနတဲ့ ရခိုင္ျပည္နယ္၊ ဘူးသီးေတာင္ၿမိဳ႕နယ္နားမွာ တပ္မေတာ္စစ္ေၾကာင္း ရီမုမုိင္းခြဲ တုိက္ခိုက္ခံရေပမယ့္ ထိခိုက္မႈႀကီးႀကီးမားမား မရွိဘူးလုိ႔ ဗိုလ္မွဴးႀကီးဝင္းေဇာ္ဦးက ေျပာပါတယ္။ AA ဘက္ကေတာ့ သူတို႔တပ္ဖြဲ႕နဲ႔ ဗမာစစ္တပ္ၾကား ဒီမနက္မွာ တုိက္ပြဲျဖစ္ခဲ့ၿပီး ရြာသား ၁၆ ဦးကို စစ္တပ္က ဖမ္းဆီးေခၚေဆာင္သြားတယ္လုိ႔ ဆုိပါတယ္။ ဒီအေၾကာင္း အျပည့္အစံုကို ဗီြအုိေအသတင္းေထာက္ စုစုကေမးျမန္း ေပးပို႔ထားပါတယ္။

ရခိုင္ျပည္နယ္၊ ဘူးသီးေတာင္ၿမိဳ႕နယ္ အထြက္မွာ တပ္မေတာ္စစ္ေၾကာင္းကုိ ဒီကေန႔မနက္မွာ AA အဖြဲ႔က ရီမုမုိင္းခြဲ တိုက္ခိုက္ခဲ့တယ္လို႔ အေနာက္ပိုင္းတိုင္း စစ္ဌာနခ်ဳပ္ ေျပာခြင့္ရ ဗိုလ္မွဴးႀကီးဝင္းေဇာ္ဦးက ေျပာပါတယ္။

“ဘူးသီးေတာင္အထြက္ ၆ မုိင္အေက်ာ္နားမွာ ရီမုမုိင္း ၁ လံုး အခြဲခံရတယ္။ အခြဲခံရတဲ့အတြက္ေၾကာင့္မုိ႔လို႔ နည္းနည္းပါးပါး အစမွန္တာ ဒီေလာက္ပဲ ရွိပါတယ္။ က်န္တာေတာ့ ဘာမွမျဖစ္ပါဘူး။ ဘာမွတုိက္ပြဲလည္း မျဖစ္ဘူး။ ရြာသားလည္း တပ္မေတာ္က ေခၚတာမရွိဘူး။”

ဒီကေန႔မနက္ အေျခအေနနဲ႔ ပတ္သက္ၿပီး တိုက္ပြဲျဖစ္သြားတာ မရွိသလို ရြာသားေတြကို ဖမ္းဆီးေခၚေဆာင္သြားတာမ်ိဳးလည္း မရွိဘူးလို႔ တပ္မေတာ္ဘက္က ေျပာဆုိမႈအေပၚ AA ျပန္ၾကားေရးတာဝန္ခံ ခိုင္သုခက အခုလုိတံု႔ျပန္ထားပါတယ္။

“ဒီေန႔မနက္မွာ ၅ နာရီ ၄၀ မွာေပါ့ေနာ္။ အငူေမာ္၊ ပု႑ားေက်းရြာနဲ႔ သာစည္ရြာၾကားမွာ တိုက္ပြဲတခုျဖစ္တာရွိတယ္။ ဆုိေတာ့ ဒီဗမာစစ္တပ္ရဲ႕ ဒီစစ္ေၾကာင္းတခုကို က်ေတာ္တုိ႔ဘက္ကေနၿပီးေတာ့ ၾကားေစာင့္တုိက္ခိုက္တာ ရွိတယ္။ တိုက္ပြဲကေတာ့ သိပ္မၾကာဘူး။ ခဏေလးပါပဲ။ ဒါေပမဲ့လုိ႔ တုိက္ပြဲၿပီးသြားၿပီးတဲ့ ေနာက္ပိုင္းမွာ ဒီနယ္ၾကားေစာင့္တပ္နဲ႔ ဗမာစစ္တပ္ပူးေပါင္းထားတဲ့ တပ္ဖြဲ႔ေတြက ေအာင္ဗလရြာသား ၇ ဦး ေနာက္ၿပီးလုိ႔ရွိရင္ ဒီ ဆင္ဘက္ရြာသား ၉ ဦးကို ဖမ္းၿပီးေတာ့မွ ယူသြားတာရွိတယ္။”

ဒီမနက္မွာ ဖမ္းဆီးေခၚေဆာင္ခံရတဲ့ ရြာသားေတြရဲ႕ အေျခအေန ဘယ္လိုျဖစ္ေနလဲဆုိတာ မသိရေသးတာေၾကာင့္ ေဒသခံေတြ အေနနဲ႔စိုးရိမ္ေနၾကၿပီး အျပစ္မရွိတဲ့ ျပည္သူေတြကို တုိက္ပြဲျဖစ္ရာေနရာ ေခၚေဆာင္သြားတာဟာ Geneva Convention ကုိ ေျပာင္ေျပာင္တင္းတင္း ခ်ိဳးေဖာက္တာျဖစ္သလို ဒါဟာ စစ္ရာဇဝတ္မႈလည္း ေျမာက္တယ္လို႔ ခိုင္သုခက ေျပာပါတယ္။

တပ္မေတာ္သတင္းထုတ္ျပန္ခ်က္ေတြအရ အခုႏွစ္ ႏွစ္စပိုင္းကေန ေမလအထိ AA အဖြဲ႕က မိုင္းေထာင္ခဲ့တာ ၁၆ ႀကိမ္ထိရွိေနၿပီး မုိင္း ၄၆ လံုးကို တပ္မေတာ္စစ္ေၾကာင္းေတြက ေဖာ္ထုတ္ဖ်က္စီးႏုိင္ခဲ့တယ္လို႔ ဆုိပါတယ္။

ဘူးသီးေတာင္အနီး တပ္မေတာ္နဲ႔ AA တိုက္ပြဲျဖစ္
please wait

No media source currently available

0:00 0:01:53 0:00
တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ဘူးသီးတောင်အနီး တပ်မတော်နဲ့ AA တိုက်ပွဲဖြစ်

မြန်မာ့တပ်မတော်နဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့ကြား စစ်ရေးတင်းမာမှုတွေရှိနေတဲ့ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်နားမှာ တပ်မတော်စစ်ကြောင်း ရီမုမိုင်းခွဲ တိုက်ခိုက်ခံရပေမယ့် ထိခိုက်မှုကြီးကြီးမားမား မရှိဘူးလို့ ဗိုလ်မှူးကြီးဝင်းဇော်ဦးက ပြောပါတယ်။ AA ဘက်ကတော့ သူတို့တပ်ဖွဲ့နဲ့ ဗမာစစ်တပ်ကြား ဒီမနက်မှာ တိုက်ပွဲဖြစ်ခဲ့ပြီး ရွာသား ၁၆ ဦးကို စစ်တပ်က ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဆိုပါတယ်။ ဒီအကြောင်း အပြည့်အစုံကို ဗွီအိုအေသတင်းထောက် စုစုကမေးမြန်း ပေးပို့ထားပါတယ်။

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် အထွက်မှာ တပ်မတော်စစ်ကြောင်းကို ဒီကနေ့မနက်မှာ AA အဖွဲ့က ရီမုမိုင်းခွဲ တိုက်ခိုက်ခဲ့တယ်လို့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် ပြောခွင့်ရ ဗိုလ်မှူးကြီးဝင်းဇော်ဦးက ပြောပါတယ်။

“ဘူးသီးတောင်အထွက် ၆ မိုင်အကျော်နားမှာ ရီမုမိုင်း ၁ လုံး အခွဲခံရတယ်။ အခွဲခံရတဲ့အတွက်ကြောင့်မို့လို့ နည်းနည်းပါးပါး အစမှန်တာ ဒီလောက်ပဲ ရှိပါတယ်။ ကျန်တာတော့ ဘာမှမဖြစ်ပါဘူး။ ဘာမှတိုက်ပွဲလည်း မဖြစ်ဘူး။ ရွာသားလည်း တပ်မတော်က ခေါ်တာမရှိဘူး။”

ဒီကနေ့မနက် အခြေအနေနဲ့ပတ်သက်ပြီး တိုက်ပွဲဖြစ်သွားတာမရှိသလို၊ ရွာသားတွေကို ဖမ်းဆီးခေါ်ဆောင်သွားတာမျိုးလည်း မရှိဘူးလို့ တပ်မတော်ဘက်က ပြောဆိုမှုအပေါ် AA ပြန်ကြားရေးတာဝန်ခံ ခိုင်သုခက အခုလိုတုံ့ပြန်ထားပါတယ်။

“ဒီနေ့မနက်မှာ ၅ နာရီ ၄၀ မှာပေါ့နော်။ အငူမော်၊ ပုဏ္ဍားကျေးရွာနဲ့ သာစည်ရွာကြားမှာ တိုက်ပွဲတခုဖြစ်တာရှိတယ်။ ဆိုတော့ ဒီဗမာစစ်တပ်ရဲ့ ဒီစစ်ကြောင်းတခုကို ကျတော်တို့ဘက်ကနေပြီးတော့ ကြားစောင့်တိုက်ခိုက်တာ ရှိတယ်။ တိုက်ပွဲကတော့ သိပ်မကြာဘူး။ ခဏလေးပါပဲ။ ဒါပေမဲ့လို့ တိုက်ပွဲပြီးသွားပြီးတဲ့ နောက်ပိုင်းမှာ ဒီနယ်ကြားစောင့်တပ်နဲ့ ဗမာစစ်တပ်ပူးပေါင်းထားတဲ့ တပ်ဖွဲ့တွေက အောင်ဗလရွာသား ၇ ဦး နောက်ပြီးလို့ရှိရင် ဒီ ဆင်ဘက်ရွာသား ၉ ဦးကို ဖမ်းပြီးတော့မှ ယူသွားတာရှိတယ်။”

ဒီမနက်မှာ ဖမ်းဆီးခေါ်ဆောင်ခံရတဲ့ ရွာသားတွေရဲ့ အခြေအနေ ဘယ်လိုဖြစ်နေလဲဆိုတာ မသိရသေးတာကြောင့် ဒေသခံတွေ အနေနဲ့စိုးရိမ်နေကြပြီး အပြစ်မရှိတဲ့ ပြည်သူတွေကို တိုက်ပွဲဖြစ်ရာနေရာ ခေါ်ဆောင်သွားတာဟာ Geneva Convention ကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်တာဖြစ်သလို ဒါဟာ စစ်ရာဇဝတ်မှုလည်း မြောက်တယ်လို့ ခိုင်သုခက ပြောပါတယ်။

တပ်မတော်သတင်းထုတ်ပြန်ချက်တွေအရ အခုနှစ် နှစ်စပိုင်းကနေ မေလအထိ AA အဖွဲ့က မိုင်းထောင်ခဲ့တာ ၁၆ ကြိမ်ထိရှိနေပြီး မိုင်း ၄၆ လုံးကို တပ်မတော်စစ်ကြောင်းတွေက ဖော်ထုတ်ဖျက်စီးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

XS
SM
MD
LG