သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ျမင္းၿခံၿမိဳ႕နယ္ ပ်ားေက်းရြာမွာ တိုက္ပြဲျဖစ္ပြါး


(Zawgyi / Unicode)

မႏၱေလးတိုင္းေဒသႀကီး ျမင္းၿခံၿမိဳ႕နယ္ထဲက ပ်ားေက်းရြာမွာ တပ္စြဲထားတဲ့ စစ္တပ္နဲ႔ ေဒသခံကာကြယ္ေရးတပ္ဖြဲ႕ေတြ တိုက္ပြဲျဖစ္ပြားခဲ့ပါတယ္။ ႏိုဝင္ဘာ ၈ ရက္က တိုက္ပြဲျဖစ္ပြားၿပီးတဲ့ေနာက္ ညပိုင္းမွာ ေနအိမ္ ၄၀ ထက္မနည္း မီး႐ႈိ႕ခံရတယ္လို႔ ရြာခံေတြက ေျပာပါတယ္။ ရြာသား ၃၀၀၀ နီးပါး၊ ေဘးလြတ္ရာ ထြက္ေျပးေနၾကရၿပီး ရြာထဲျပန္သြားသူ တဦးကေတာ့ ပစ္သတ္ခံရတယ္လို႔ ေျပာပါတယ္။ ရန္ကုန္က ေပးပို႔တဲ့ တိုက္ပြဲ အေျခအေန သတင္းကို ကိုရဲမြန္ ကတင္ျပပါမယ္။

ျမင္းၿခံၿမိဳ႕နဲ႔ ၁၆ မိုင္ေ၀းတဲ့ ပ်ားေက်းရြာ စာသင္ေက်ာင္းမွာ တပ္စြဲေနတဲ့ ျမန္မာစစ္တပ္နဲ႔ ေဒသခံကာကြယ္ေရးတပ္ဖြဲ႕ေတြ ႏိုဝင္ဘာ ၈ ရက္ ေန႔လယ္ပိုင္းက ၁ နာရီနီးပါး တိုက္ပြဲျဖစ္ပြားခဲ့ပါတယ္။ ႏို၀င္ဘာ ၆ ရက္ေန႔က စစ္ေကာင္စီတပ္ဖဲြ႕ဝင္ ၄၀ ေလာက္ ပ်ားေက်းရြာကို ေရာက္ရွိ တပ္စြဲေနခဲ့ၿပီး ၂ ရက္အၾကာမွာ တိုက္ပြဲျဖစ္ပြားခဲ့တာပါ။ တိုက္ပြဲအေျခအေနနဲ႔ ပတ္သက္လို႔ ေဒသခံကာကြယ္ေရးတပ္ဖြဲ႕က တာ၀န္ရွိသူတဦးက အခုလိုေျပာပါတယ္။

“ျပင္းထန္တယ္ခင္ဗ်။ ကြ်န္ေတာ္တို႔ ၃ နာရီ ၄၅ ေလာက္ကေန ၀င္စီးတဲ့ပံုစံမ်ိဳးလုပ္တာေပါ့ေနာ္။ ၁ နာရီေလာက္ေတာ့ တိုက္ပြဲျဖစ္တာၾကာမွာ။ အင္အားက ၄၀ ေလာက္ရွိတယ္။ ကြ်န္ေတာ္တို႔ဘက္က လံုး၀ ထိခိုက္တာမရွိဘူး အားလံုးျပန္ဆုတ္ႏိုင္ခဲ့တယ္။”

တိုက္ပြဲအေျခေနနဲ႔ ပတ္သက္လို႔ စစ္ေကာင္စီဘက္က သတင္းထုတ္ျပန္တာမရွိေသးပါဘူး။ တိုက္ပြဲျဖစ္ပြားၿပီးေနာက္ အိမ္ေျခ ၁,၀၀၀ ေက်ာ္ရွိတဲ့ ပ်ားေက်းရြာထဲက ေနအိမ္ေတြကို စစ္တပ္က မီး႐ႈိ႕တဲ့အတြက္ ေနအိမ္ ၄၀ ထက္မနည္း မီးေလာင္ကၽြမ္းခဲ့တယ္လို႔ ရြာသားေတြက ေျပာပါတယ္။ တိုက္ပြဲေတြေၾကာင့္ ေက်းရြာသား ၃,၀၀၀ ေလာက္ ေဘးလြတ္ရာ ထြက္ေျပးေနၾကတဲ့အတြက္ အိမ္ဘယ္ေလာက္ မီးေလာင္သြားတယ္ဆိုတာ အတိအက် မသိရေသးပါဘူး။ ႏို၀င္ဘာ ၉ ရက္ ေသာၾကာေန႔ မနက္ပိုင္းမွာ ေက်းရြာထဲ ျပန္သြားတဲ့ အသက္ ၃၆ ႏွစ္အရြယ္ ေက်းရြာသားတဦးကို စစ္တပ္က ပစ္ခတ္လို႔ ေသဆံုးသြားတယ္လို႔ ပ်ားေက်းရြာသားတဦးက အခုလိုေျပာျပပါတယ္။

“ရြာထဲမွာတေယာက္မွမက်န္ေတာ့ဘူး ရြာထဲမွာ ေတြ႕တဲ့သူဆိုရင္ ဘယ္လိုေတြ႕ေတြ႕ လူေတြ႕ရင္ကို အကုန္လိုက္ပစ္ေနတာ။ မနက္က တေယာက္က လွည္းႏြားကို ျပန္ေကာက္တာခင္ဗ်။ ျပန္ေကာက္ၿပီးေတာ့ ျပန္ေကာက္တဲ့အခ်ိန္ လွည္းေကာက္ေနတဲ့အခ်ိန္ကို လိုက္ပစ္ေတာ့ မနက္ကဘဲ ေကာင္ေလးတေယာက္က ဆံုးသြားတယ္။ ရြာက အခုဆိုရင္ လူဦးေရ ၃,၀၀၀ ေလာက္ရွိတာကို တခ်ိဳ႕က ေတာေတြထဲေနတဲ့သူက ေနၾကတယ္။ အခုကရြာထဲမွာ တေယာက္မွမရွိေတာ့ဘူး။ နီးစပ္ရာေတြသြားၾကတယ္။ တခ်ိဳ႕ဆိုရင္ တျခားၿမိဳ႕ေတြကိုပါ ေရာက္ကုန္ၾကၿပီ။”

အရင္ကလည္း ပ်ားေက်းရြာကို ျမန္မာစစ္တပ္ဟာ မၾကာခဏဆိုသလို လာေရာက္တပ္စြဲေပမယ့္ တိုက္ပြဲျဖစ္ပြားခဲ့တာမ်ဳိး မရွိခဲ့ပါဘူး။ တိုက္ပြဲျဖစ္ၿပီးေနာက္ ျမန္မာစစ္တပ္ဟာ အင္အားထပ္ျဖည့္ၿပီး ပ်ားေက်းရြာထဲမွာပဲ ဆက္ၿပီး တပ္စြဲေနတယ္လို႔ ေဒသခံေတြက ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္

(Unicode)

မြင်းခြံမြို့နယ် ပျားကျေးရွာမှာ တိုက်ပွဲဖြစ်ပွါး

မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့နယ်ထဲက ပျားကျေးရွာမှာ တပ်စွဲထားတဲ့ စစ်တပ်နဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ နိုဝင်ဘာ ၈ ရက်က တိုက်ပွဲဖြစ်ပွားပြီးတဲ့နောက် ညပိုင်းမှာ နေအိမ် ၄၀ ထက်မနည်း မီးရှို့ခံရတယ်လို့ ရွာခံတွေက ပြောပါတယ်။ ရွာသား ၃၀၀၀ နီးပါး၊ ဘေးလွတ်ရာ ထွက်ပြေးနေကြရပြီး ရွာထဲပြန်သွားသူ တဦးကတော့ ပစ်သတ်ခံရတယ်လို့ ပြောပါတယ်။ ရန်ကုန်က ပေးပို့တဲ့ တိုက်ပွဲ အခြေအနေ သတင်းကို ကိုရဲမွန် ကတင်ပြပါမယ်။

မြင်းခြံမြို့နဲ့ ၁၆ မိုင်ဝေးတဲ့ ပျားကျေးရွာ စာသင်ကျောင်းမှာ တပ်စွဲနေတဲ့ မြန်မာစစ်တပ်နဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေ နိုဝင်ဘာ ၈ ရက် နေ့လယ်ပိုင်းက ၁ နာရီနီးပါး တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ နိုဝင်ဘာ ၆ ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၀ လောက် ပျားကျေးရွာကို ရောက်ရှိ တပ်စွဲနေခဲ့ပြီး ၂ ရက်အကြာမှာ တိုက်ပွဲဖြစ်ပွားခဲ့တာပါ။ တိုက်ပွဲအခြေအနေနဲ့ ပတ်သက်လို့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့က တာဝန်ရှိသူတဦးက အခုလိုပြောပါတယ်။

“ပြင်းထန်တယ်ခင်ဗျ။ ကျွန်တော်တို့ ၃ နာရီ ၄၅ လောက်ကနေ ဝင်စီးတဲ့ပုံစံမျိုးလုပ်တာပေါ့နော်။ ၁ နာရီလောက်တော့ တိုက်ပွဲဖြစ်တာကြာမှာ။ အင်အားက ၄၀ လောက်ရှိတယ်။ ကျွန်တော်တို့ဘက်က လုံး၀ ထိခိုက်တာမရှိဘူး အားလုံးပြန်ဆုတ်နိုင်ခဲ့တယ်။”

တိုက်ပွဲအခြေနေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာမရှိသေးပါဘူး။ တိုက်ပွဲဖြစ်ပွားပြီးနောက် အိမ်ခြေ ၁,၀၀၀ ကျော်ရှိတဲ့ ပျားကျေးရွာထဲက နေအိမ်တွေကို စစ်တပ်က မီးရှို့တဲ့အတွက် နေအိမ် ၄၀ ထက်မနည်း မီးလောင်ကျွမ်းခဲ့တယ်လို့ ရွာသားတွေက ပြောပါတယ်။ တိုက်ပွဲတွေကြောင့် ကျေးရွာသား ၃,၀၀၀ လောက် ဘေးလွတ်ရာ ထွက်ပြေးနေကြတဲ့အတွက် အိမ်ဘယ်လောက် မီးလောင်သွားတယ်ဆိုတာ အတိအကျ မသိရသေးပါဘူး။ နိုဝင်ဘာ ၉ ရက် သောကြာနေ့ မနက်ပိုင်းမှာ ကျေးရွာထဲ ပြန်သွားတဲ့ အသက် ၃၆ နှစ်အရွယ် ကျေးရွာသားတဦးကို စစ်တပ်က ပစ်ခတ်လို့ သေဆုံးသွားတယ်လို့ ပျားကျေးရွာသားတဦးက အခုလိုပြောပြပါတယ်။

“ရွာထဲမှာတယောက်မှမကျန်တော့ဘူး ရွာထဲမှာ တွေ့တဲ့သူဆိုရင် ဘယ်လိုတွေ့တွေ့ လူတွေ့ရင်ကို အကုန်လိုက်ပစ်နေတာ။ မနက်က တယောက်က လှည်းနွားကို ပြန်ကောက်တာခင်ဗျ။ ပြန်ကောက်ပြီးတော့ ပြန်ကောက်တဲ့အချိန် လှည်းကောက်နေတဲ့အချိန်ကို လိုက်ပစ်တော့ မနက်ကဘဲ ကောင်လေးတယောက်က ဆုံးသွားတယ်။ ရွာက အခုဆိုရင် လူဦးရေ ၃,၀၀၀ လောက်ရှိတာကို တချို့က တောတွေထဲနေတဲ့သူက နေကြတယ်။ အခုကရွာထဲမှာ တယောက်မှမရှိတော့ဘူး။ နီးစပ်ရာတွေသွားကြတယ်။ တချို့ဆိုရင် တခြားမြို့တွေကိုပါ ရောက်ကုန်ကြပြီ။”

အရင်ကလည်း ပျားကျေးရွာကို မြန်မာစစ်တပ်ဟာ မကြာခဏဆိုသလို လာရောက်တပ်စွဲပေမယ့် တိုက်ပွဲဖြစ်ပွားခဲ့တာမျိုး မရှိခဲ့ပါဘူး။ တိုက်ပွဲဖြစ်ပြီးနောက် မြန်မာစစ်တပ်ဟာ အင်အားထပ်ဖြည့်ပြီး ပျားကျေးရွာထဲမှာပဲ ဆက်ပြီး တပ်စွဲနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

XS
SM
MD
LG