သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်တပ်ဝိုင်းထားတဲ့ ပုဏ္ဏားကျွန်း စစ်ရှောင်စခန်း နောက်ဆုံး အခြေနေ


မြန်မာစစ်တပ် တပ်ဖွဲ့ဝင်များ
မြန်မာစစ်တပ် တပ်ဖွဲ့ဝင်များ

ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ် ပေါက်တောပြင်ရွာက စစ်ရှောင် ဒုက္ခသည် ၃ထောင်ကျော် ခိုလှုံနေရာ ဘုန်းတော်ကြီးကျောင်း အတွင်းနဲ့ အနီးတဝိုက်မှာ မြန်မာ စစ်တပ်က ဆက်ပြီး ဝိုင်းထားတယ်လို့ ဒုက္ခသည်တွေကို အကူအညီပေးနေတဲ့ သဘာဝနဒီ အရှင် ပညာဇောတက မိန့်ပါတယ်။ တနလာၤနေ့ မနက်ပိုင်း ကနေ သန်းခေါင်းကျော်အထိ မြန်မာ့ တပ်မတော်က ဝိုင်းထားတာမို့ စစ်ရှောင် ဒုက္ခသည်တွေရော၊ ဘုန်းကြီးကျောင်းမှာ သတင်းသုံးနေတဲ့ သံဃာတွေရော စိုးရိမ်စိတ်နဲ့ အခြေအနေကို စောင့်ကြည့်နေကြပါတယ်။ တနလာၤနေ့ ညသန်းခေါင်းကျော် အချိန် ဘုန်းတော်ကြီးကျောင်း အခြေအနေကို မသိင်္ဂ ီထိုက် ဆက်သွယ်မေးမြန်းတာမှာ သဘာဝနဒီ အရှင် ပညာဇောတက အခုလို မိန့်ကြားပါတယ်။

အရှင် ပညာဇောတ။ ။ ဒုက္ခသည်တွေရော ကလေးတွေရော၊ မိဘတွေရော သက်ကြီးရွယ်အိုတွေရော ဘယ်သူမှ မအိပ်ရဲကြပါဘူး။ သူတို့ကို အိပ်ခိုင်းပါတယ် လုံလုံခြုံခြုံ အိပ်ကြပါ ကျုပ်စောင့်ပါမယ်ဆိုတာလည်း မရဘူး။ သူတို့ မအိပ်ပဲနဲ့ ထိုင်နေကြပါတယ်။

မသိင်္ဂ ီထိုက်။ ။ သူတို့ဟာ ဘာအတွက် ဝိုင်းထားတယ်လို့ရော ဘုန်းဘုန်းတို့ သိထားပါသလဲ။

အရှင် ပညာဇောတ။ ။ အဲဒါက သူတို့မပြောဘူး သူတို့က စစ်ဆေးမေးမြန်းစရာရှိတယ်။ ကျောင်းထဲကိုမသင်္ကာလို့ စစ်ဆေးမယ်လို့ပဲ ပြောတာလေ။ ဒါစစ်ဆေးမယ်လို့ပြောတယ် သူတို့မှာ စစ်ဆေးရအောင်လည်း ဥပဒေကြောင်းအရ စစ်ဆေးဖို့ ဝရမ်းမပါဘူး။ ရဲတော့ပါလာတယ် ဒါပေမယ့် ဦးပဉ္ဖင်း တို့က စစ်ဆေးခွင့်မပေးတာမဟုတ်ဘူး ပေးတယ်။ ဦးပဉ္ဖင်း တို့တောင်းဆိုတာ တခုပဲရှိတယ်။ စစ်ရှောင်ပြည်သူ ၃၁၂၀ ပေါ့။ ဒီပြည်သူတွေဟာ တိုက်ပွဲဖြစ်လို့ ပြေးတာဆိုတာထက် စစ်သားကို ကြောက်ပြီးတော့ ပြေးလာတာ ၊ စစ်သားကြောက်လို့ပြေးလာသူတွေကို လက်နက်ခဲယမ်းကိုင်ဆောင်ပြီးတော့ သူတို့နေတဲ့နေရာကို ဝင်ရောက်ရှာဖွေမယ် စစ်ဆေးမယ်ဆိုတာကိုတော့ သူတို့ ကြောက်ကြတဲ့အတွက် ဦးပဉ္ဖင်း တို့က အရပ်ဝတ်နဲ့ ဝင်ပြီးစစ်ဆေးဖို့ ဒါလေးတချက်ပဲ တောင်းဆိုပါတယ်။ ပထမပြောတုန်းက ရိုးရိုးတမ်းတမ်းပါပဲ။ ဦးပဉ္ဖင်း တို့က ဒီတောင်းဆိုချက်လေး တောင်းဆိုလိုက်တဲ့အခါမှာ ဦးပဉ္ဖင်း တို့ကျောင်းကို လက်နက်တွေနဲ့ ဝိုင်းတယ်။ နောက်ပြီး ဦးပဉ္ဖင်း တို့မသိခင် ကျောင်းနယ်မြေဖြစ်တဲ့ ဘုန်းကြီးကျောင်းရဲ့ ခြံဝန်းထဲမှာပဲ ရှိတဲ့ တောင်မှာ နေရာအနှံ့ယူထားတယ် ၊ ကျောင်းမြောက်ဘက်အခြမ်းမှာ နေရာအနှံ့ယူထားတယ်။ အရှေ့ဘက်အခြမ်းမှာ နေရာယူထားတယ်။ တောင်ဘက်အခြမ်းမှာ နေရာမယူဘူး သွားမကြည့်တဲ့အတွက်မသိဘူး။

မသိင်္ဂ ီထိုက်။ ။ အင်အားဘယ်လောက်လောက်ရှိပါသလဲ ၊ စစ်သားတွေပဲလား အခုရော ရဲတွေရှိပါသေးလား ဘုန်းဘုန်း။

အရှင် ပညာဇောတ။ ။ ရဲကတော့ အခုညဘက်ကတော့ မသိဘူး ဒါပေမယ့် ရွာတွင်းမှာတော့ ရှိမယ်ထင်တာပဲ။ တပ်မတော်သားတွေက နဂိုကတည်းက ၅ ရက်နေ့ကတည်းက တပ်မ ၁-၂ တံဆိပ်နဲ့ လက်မောင်းကနံပတ်ပေါ့။ နောက်တပ်မကတော့ လက်မောင်း နံပတ် မပါဘူး။ သူတို့ကတော့ သေနတ် ဘောင်ကိုကြည့်တဲ့အခါတော့ ၃၄၆။ တပ်မ ၂ ခုပေါ့ စာသင်ကျောင်းမှာ တစုနေတယ်။ ရွာမြောက်ဘက်ခြမ်း ၅ ဖာလုံလောက်နေရာမှာ ရေတံခွန်ရှိတယ် ရေတံခွန်ဘေးနားမှာ နေနေကြတယ်။ ၂ဖွဲ့ပေါင်း ၇၀၀ လောက်ရှိတယ်။ ဒါပေမယ့် ဘုန်းကြီးကျောင်းအနီးမှာတော့ ၂၀၀ ဝန်းကျင်လောက်နေနေကြတယ်။ လူအပြောင်းအလဲပေါ့ဗျာ ခဏနေကျရင် တယောက်ပြောင်းလိုက် ၊ ခဏနေရင်ပြောင်းလိုက်နဲ့ လုပ်နေတယ်။ မနက် ၉ နာရီကတည်းကနေ အခုအထိ ရှိနေတယ်။ ဒီညလည်း အိပ်ရမယ်မထင်ပါဘူး။ ဒုက္ခသည်တွေလည်းမအိပ်ရပါဘူး။

မသိင်္ဂ ီထိုက်။ ။ ဘုန်းဘုန်းတို့က ပထမ သူတို့ကို အရပ်ဝတ်နဲ့ ဝင်ရှာပါလို့ ပြောတုန်းက သူတို့ အရပ်ဝတ်နဲ့ ဝင်ရှာဖြစ်သေးလား။

အရှင် ပညာဇောတ။ ။ မဝင်ဖြစ်ပါဘူး သူတို့ ဝင်မယ်လို့တော့ပြောတယ်။ ဒါပေမယ့် အခုအချိန်အထိ သူတို့ ဝင်လာတာမရှိသေးပါဘူး။ ဦးပဉ္ဖင်း တို့က ဒကာတို့ အဝတ်မပါရင် ပုဆိုးတွေပေးမယ်လို့ ပြောပါတယ်။ သူတို့က ဝင်မယ်လို့ပြောပြီးတော့ မလာတာကတော့ ဦးပဉ္ဖင်း တို့လည်း မသိဘူး။ စောင့်နေတာပဲ တနေကုန်။

မသိင်္ဂ ီထိုက်။ ။ အန္တရာယ်ပြုမယ့် အရိပ်အရောင်တွေရော တွေ့ပါသလား ဘုန်းဘုန်း။

အရှင် ပညာဇောတ။ ။ ကျောင်းရဲ့ သသနာ့နယ်မြေဖြစ်တဲ့ ဘုန်းကြီးကျောင်းဝန်းထဲမှာရှိတဲ့ တောင်ရှိတယ်။ အဲဒီတောင်ပေါ်မှာ ဦးပဉ္ဖင်းတို့က ကျောင်းခြံထဲကို ယူနီဖောင်းနဲ့ မဝင်ဖို့ မေတ္တာရပ်ခံထားတဲ့ကြားထဲက ဦးပဉ္ဖင်း တို့မသိအောင် အနောက်ဘက်က ပတ်ပြီးတော့ ဝင်တယ်ဆိုကတည်းကိုက ဒါက မသမာတော့ဘူးလို့ ဦးပဉ္ဖင်း တို့မြင်တယ်။ ဒီအတွက်လည်း စိုးရိမ်တယ် ဦးပဉ္ဖင်း ကိုယ်တိုင်လည်း အဲဒီတောင်ရဲ့ မျက်နှာချင်းဆိုင်ဖြစ်တဲ့ ဘုရားတဆူရှိတယ်။ အဲဒီဘုရားပေါ်မှာ ဒီည ဦးပဉ္ဖင်း အဲဒီမှာပဲ အိပ်မှာပါ၊ နေမှာပါ အိပ်မယ့်နေရာလည်း ချထားပါတယ်။

မသိင်္ဂ ီထိုက်။ ။ ဒုက္ခသည်တွေထဲမှာရော အားကောင်းမောင်းသန် အမျိုးသားတွေရှိလား သူတို့က ဘာကို မသင်္ကာ လို့ ဦးပဉ္ဖင်း ထင်ပါသလဲ။

အရှင် ပညာဇောတ။ ။ အမျိုးသားတချို့လည်းပါတယ် ပြေးလာတယ်ဆိုတာ ရွာလုံးကျွတ် ပြေးလာတာရှိတယ် ရွာပေါင်း ၉ ရွာဆိုတော့ လူပေါင်း ၃၀၀၀ ကျော် အဲဒီထဲမှာ အမျိုးသားလည်း ၁၀၀၊ ၂၀၀၊ ၃၀၀ တော့ပါတာပဲ။

မသိင်္ဂ ီထိုက်။ ။ အာဏာပိုင်တွေဘက်ကရော အခုလို စစ်တပ်က တပ်အင်အားနဲ့ လက်နက်နဲ့ ဝိုင်းထားတယ်ဆိုတဲ့ အနေအထားမျိုးရှိတယ်ဆိုတော့ ပုဏ္ဏားကျွန်းမြို့နယ်အာဏာပိုင်တွေ၊ အုပ်ချုပ်ရေးပိုင်းက လာတာတွေ ရှိပါသလား ဘုန်းဘုန်း။

အရှင် ပညာဇောတ။ ။ မရှိဘူးခင်ဗျ မြို့နယ်ထွေအုပ်ကလည်း မသိဘူးလို့ပဲ ပြောတယ်ခင်ဗျ ။ နောက်ပြီးတော့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် ဗိုလ်မှူးချုပ် ဝင်းဇော်ဦးကို ဖုန်းဆက်တော့လည်း မကိုင်ဘူးခင်ဗျ ။ လွှတ်တော်အမတ်တွေကိုတော့ အကူအညီတောင်းထားပါတယ် ။ ဒီနေ့ဆိုရင် ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် မဲဆန္ဒနယ်က ကြားဖြတ်ရွေးကောက်ပွဲမှာနိုင်တဲ့ ဦးတင်မောင်ဝင်းကတော့ ဒီနေ့လာရောက်ပြီးတော့ ကြည့်ရှုတာရှိတယ်။ နောက်ပြီး မြောက်ဦးမြို့ မြတစောင်းဆရာတော်ကလည်း အခုကြွရောက်ပြီးတော့ ကျောင်းမှာ သီတင်းသုံးနေပါတယ်။ နောက်ပြီး ရခိုင်ပြည်နယ် စစ်တွေကနေ ငြိမ်းချမ်းရေးလှုပ်ရှားတဲ့ ဆရာတော်တပါးကလည်း ကြွရောက်ပြီးတော့ ကျောင်းမှာ သီတင်းသုံးနေပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG