သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့အရေး အလွတ်သဘောဆွေးနွေးဖို့ အာဆီယံ စီစဉ်


မြန်မာနိုင်ငံ၊ နေပြည်တော်မှာ အာဆီယံအစည်းအဝေးကျင်းပခဲ့စဥ်က။ (နိုဝင်ဘာ ၁၀၊ ၂၀၁၄)
မြန်မာနိုင်ငံ၊ နေပြည်တော်မှာ အာဆီယံအစည်းအဝေးကျင်းပခဲ့စဥ်က။ (နိုဝင်ဘာ ၁၀၊ ၂၀၁၄)

အာဆီယံအလှည့်ကျဥက္ကဋ္ဌ လာအိုနိုင်ငံရဲ့ တောင်းဆိုချက်အရ မြန်မာ့အရေး အလွတ်သဘောဆွေးနွေးပွဲ ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပဖို့ စီစဉ်နေပြီး လာမယ့် ဒီဇင်ဘာ ၁၉ ရက်နဲ့ ၂၀ ရက်တွေမှာ ကျင်းပဖို့ စီစဉ်ထားကြောင်း ဒီအကြောင်းအရာနဲ့ နီးစပ်သူတဦးက VOA ကို ပြောဆိုပါတယ်။

ဒီဇင်ဘာလအတွင်း မြန်မာ့အရေးဆွေးနွေးပွဲကို ထိုင်းနိုင်ငံမှာကျင်းပမယ့်အကြောင်း အာဆီယံ အတွင်းရေးမှူးချုပ် Kao Kim Hourn ကိုယ်တိုင်ပြောထားပေမဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက ရက်အတိအကျကို ကြေညာခြင်း မရှိသေးပါဘူး။ ASEAN Troika Plus ခေါ် အာဆီယံ အလှည့်ကျ လက်ရှိဥက္ကဋ္ဌအပါအဝင် အရင်နဲ့ လာမယ့် အလှည့်ကျဥက္ကဋ္ဌသုံးနိုင်ငံနဲ့ တခြားနိုင်ငံတွေ အလွတ်သဘော ဆွေးနွေးပွဲကျင်းပဖို့ အဆိုပြုထားတာပါ။

မြန်မာ့အရေး စိတ်ဝင်စားတဲ့ အာဆီယံနိုင်ငံတွေ ပါဝင်ဆွေးနွေးကြမယ့်အကြောင်း လာအိုနိုင်ငံ အာဆီယံရေးရာဌာန ညွှန်ကြားရေးမှူး Chatoulong Bouasisavath ကလည်း မကြာခင်က ကျင်းပခဲ့တဲ့ ၈ ကြိမ်မောက် အာဆီယံ မီဒီယာ နှီးနှောဖလှယ်ပွဲမှာ ပြောပါတယ်။ အစည်းအဝေးဟာ မြန်မာ့အရေး အာဆီယံရဲ့ ဘုံသဘောတူညီချက်တွေကို အကောင်အထည်ဖေါ်နိုင်အောင် ပံ့ပိုးဖို့ ဖြစ်တယ်လို့ သူက ပြောပါတယ်။

ဒါပေမဲ့လည်း မြန်မာ့အရေး ဆွေးနွေးပွဲမှာ NUG အမျိုးသားညီညွတ်ရေး အစိုးရနဲ့ တိုင်းရင်းသား ကိုယ်စားလှယ်ကို ဖိတ်ကြားဖို့ ရှိမရှိ အာဆီယံ အတွင်းရေးမှူးချုပ်အပါအဝင် ခေါင်းဆောင်တွေ တိတိုကျကျ ပြောဆိုတာ မတွေ့ရသေးပါဘူး။ စစ်ကောင်စီဘက်က ကိုယ်စားလှယ် ပါဝင်မလား။ ဖိတ်ကြားရင်ရော နိုင်ငံရေးအရ ကိုယ်စားမပြုတဲ့သူပဲ ဖြစ်မလား၊ ဘယ်အဆင့်ကို ဖိတ်ကြားမယ်ဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

မြန်မာ့အရေး အလွတ်သဘောဆွေးနွေးဖို့ အာဆီယံ စီစဉ်
please wait

No media source currently available

0:00 0:01:18 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG