သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

ဘင်္ဂလားဒေ့ရှ်ရောက် ဒုက္ခသည် ၈ ထောင်စာရင်း မြန်မာစိစစ်နေဆဲ


ဒုက္ခသည် ပြန်ပို့ရေးနဲ့ ပတ်သက်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်က အတိအကျ လူဦးရေးစရင်း၊ အချက်အလက်နဲ့ ပေးပို့တာ မရှိသေးတဲ့အကြောင်း မြန်မာအစိုးရ နိုင်ငံခြားရေး ၀န်ကြီးဌာန အရာရှိတဦးက VOA ကို ပြောပါတယ်။ ဒုက္ခသည် ရှစ်ထောင်ကို ပြန်လည် လက်ခံဖို့ မြန်အမာအစိုးရဘက်က အတည်ပြုထားပြီးပြီဖြစ်တဲအ့ကြောင်း တနလာင်္နေ့က Dhaka မှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေး ၀န်ကြီးပြောဆိုတာကို bdnews24.com သတင်းမှာ ဖေါ်ပြထားပါတယ်။ မြန်မာအစိုးရဘက်ကတော့ ဒီလကုန် မြန်မာကိုယ်စားလှယ်အဖွဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို သွားရောက်ပြီး ဒုက္ခသည်တွေ စီစစ်လက်ခံရေး ကိစ္စကို အသေးစိတ်ဆွေးနွေးမယ်လို့ ဆိုပါတယ်။ ဒီသတင်းကိုဗွီအိုအေ မြန်မာပိုင်း သတင်းထောက် မေခက သတင်းပေးပို့ထားပါတယ်။

ဒုက္ခ သည် ၈,၀၀၀ ရဲ့ အမည်စာရင်းကို မြန်မာ အစိုးရဘက်က စိစစ်ပြီး ဖြစ် တာကြောင့် မကြာခင်မှာ မြန်မာနိုင်ငံဘက် ပထမအသုတ်အဖြစ်နဲ့ ပြန်ပို့မယ်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေး ၀န်ကြီး AH Mahmood Ali က ပြောဆိုသွားတာပါ။
ရိုဟင်ဂျာတွေ ပြန်ပို့ရေးနဲ့ဆိုင်တဲ့ ကိစ္စရပ်တွေကို ဆွေးနွေးမယ့် ပူးတွဲ လုပ်ငန်းအဖွဲ့ (JWG) စည်းဝေးပွဲတက်ဖို့ မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာ အမြဲတမ်းအတွင်းဝန် ဦး ဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ ဒါကာမြို့ကို အခုလကုန်ပိုင်းမှာ ၂ရက်ကြာ သွား ရောက်ဖို့ ပြင်ဆင်နေပါတယ်။ အဲဒီအချိန်မှ စီစစ်လက်ခံရေးကိစ္စတွေကို ညှိုနှိုင်းလပ်ဆောင်မယ့်အကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန အပြည်ပြည် ဆိုင်ရာ အဖွဲ့အစည်းများနဲ့ စေ့စပ်ဆွေးနွေးရေးဌာန ညွှန်ကြားရေးမှုးချုပ် ဦးချမ်းအေး ဗွီအိုအေ ကို ပြောပြပါ တယ်။

"ကျနော်တို့လည်း ဘင်္ဂလားဒေရှ့်ဝန်ကြီးပြောတာတွေ သတင်းတွေမှာဖတ်ရပါ တယ်။ ဒါပေမယ့်ကျနော်တို့ဆီတရားဝင်အကြောင်းကြားတာမရှိသေးဘူး။ ကျနော် တို့ဒီလကုန်မှာ အမြဲတမ်းအတွင်းဝန်ဦးဆောင်တဲ့ Joint Working Group သွားဖို့ ရှိပါတယ်။ သူတို့နိုင်ငံခြားရေးဝန်ကြီးပြောတဲ့အထဲမှာလဲ ပါပါတယ်။ တကယ်တမ်းတော့ ကျနော်ထင်တယ် သူကပြန်ပို့ဖို့ အဲဆွေးနွေးပွဲမှာ ဆွေးနွေးဖို့ ရှိတာ ကို ပြောတာ။ ၂၉ ၊ ၃၀ လောက်ဖြစ်မယ်ထင်တယ်။ ကျနော်တို့ဘက်က ဝန်ကြီးဌာန ပေါင်းစုံ ပါမှာပါ။"

မြန်မာအစိုးရဘက်က ပူးတွဲ လုပ်ငန်းအဖွဲ့ဝင်တွေဟာ Cox’s Bazar မှာရှိတဲ့ ဒုက္ခသည် စခန်းကိုလည်း သွားရောက်ဖိုရှိတယ်လို့ ဆိုပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်က ရိုဟင်ဂာလို့ သုံးနှုံးတဲ့ ထောင်နဲ့ချီတဲ့ ဒုက္ခသည်တွေ နေရပ်ပြန်ပို့ရေးမှာ နှစ်နိုင်ငံ အကြား နားလည်မှု စာချွန်လွှာ သဘောတူထားပေမဲ့ နှောင့်နှေးနေတာတွေနဲ့ ပတ်သက်လို့ တဖက်နဲ့တဖက် အပြစ်တင်ပြောဆိုနေပါယ်။ မြန်မာအစိုးရက ဒုက္ခသည်တွကို စီစစ်လက်ခံဖို့ သဘောတူထားပေမဲ့ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုံးကို လက်မခံပါဘူး။

စီစစ်ပြီး လက်ခံနိုင်တဲ့အရေအတွက် ပြန်ပြီး အကြောင်းပြန်ထားတဲ့ စာရင်းနဲ့ ပတ်သက်လိုပလည်း အပြည်ပြည် ဆိုင်ရာ အဖွဲ့အစည်းများနဲ့ စေ့စပ်ဆွေးနွေးရေးဌာန ညွှန်ကြားရေးမှုးချုပ် ဦးချမ်းအေး အခုလို ပြောပါတယ်။

"၂၀၁၈ ဖေဖော်ဝါရီတုန်းက ပြည်တဲရေးဝန်ကြီး ဘင်္ဂလားဒေရှ့်သွားတော့ သူတို့ ကလူ ၈၀၀၀ကျော်စာရင်းပေးလိုက်တယ်။ အဲ ၈၀၀၀ကျော်စာရင်းကိုစိစစ်လိုက်တဲ့ အခါ မှာ လောလောဆယ်စိစစ်ပြီးတာပေါ့ ကျန်တဲ့ဟာကမသိသေးဘူး။ စိစစ်ပြီးတာက ၄၀၀၀ ကျော်လောက်က ကျနော်တို့ဘက်မှာနေဖူးတဲ့ မှတ်တမ်းတွေရှိတယ်။ အဲဒီ၄၀၀၀ ကျော်စာရင်းကို သူတို့ဘက်ကိုပြန်ပို့ထားတယ်။ စိစစ်ပြီး လက်ခံလို့ရတာ ၄၀၀၀ကျော် ရှိတယ်။ နောက်အစောပိုင်းတုန်းက ကျနော်တို့သူတို့ဘက်ကို ပို့ထားတာရှိတယ်။ စိစစ် ပြီးလက်ခံနိုင်တဲ့ ဟိန္ဒူ ၄၀၀ကျော်နဲ့ မွတ်စလင် ၇၀၀ကျော်စုစုပေါင်း ၁၂၀၀ကျော်ရှိ တယ်။ အဲဒါအစောပိုင်းကပေါ့။ အခုအားလုံးပေါင်းရင်တော့ ၅၀၀၀ကျော် ၆၀၀၀နီးပါးရှိ ပါတယ်။ သူတို့က အတိအကျဘာမှပြောတာမရှိသေးဘူး ကျတော်တို့ ၂ ဖက်ပြောထား အကြောင်းကြားထားတာရှိတယ်။ ဒီလူတွေတော့လက်ခံဖို့ စိစစ်ပြီးသွားပြီဆိုတာ"

၂ နိုင်ငံ ညှိုနှိုင်းထားတဲ့ ပြန်လက်ခံ ရေးမှာ ဖြည့် စွက်ရမယ့် အချက်အလက်တချို့ကို ဘင်္ဂလားဒေရှ့်ဘက်က ဖြည့်စွက်ပေး ခဲ့တာ မရှိ တာကြောင့် ဒုက္ခသည် လက်ခံရေး အစီအစဉ် နှောင့်နှေးနေတယ်ဆိုပြီး မြန်မာအစိုးရဘက်က ပြောဆိုနေပါတယ်။

ဒုက္ခသည် နေရပ်ရင်း ပြန်ရေးအတွက် ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာ ၂ နိုင်ငံကြား နားလည်မှုစာချွန်လွှာ ချုပ်ဆိုခဲတာ ၉ လကြာတဲ့အထိ ဒုက္ခသည်တွေ နေရပ်ပြန်ရေးကို မစနိုင်သေးပဲ ဖြစ်နေပါတယ်။ မြန်မာအစိုးရဘက်က ဒုက္ခသည်တွေ နေရပ်ပြန်လည်လက်ခ့ရေးမှာ နှောင့်နှေးကျန့်ကြအောင် စနစ်တကျ လုပ်ဆောင်နေတယ်လို့ ဘင်္ဂလားဒေရှ်နိုင်ငံဘက်က စွပ်စွဲထားပေမဲ့ ဒီစွပ်စွဲချက်ကို မြန်မာအစိုးရဘက်က ပယ်ချထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG