သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

ရိုဟင်ဂျာ ၈၀၀၀ ဌာနေပြန်ပို့ဖို့ Bangladesh အဆင်သင့်ဖြစ်


ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှာ ရောက်နေတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေထဲက ၈,၀၀၀ ရဲ့ အမည်စာရင်းကို မြန်မာ အစိုးရဘက်က စိစစ်ပြီး ဖြစ်တာကြောင့် မကြာခင်မှာ မြန်မာနိုင်ငံဘက် ပထမအသုတ်အဖြစ်နဲ့ ပြန်ပို့တဲ့အစီအစဉ်ကို စတင်နိုင်တော့မှာပါ။

ရိုဟင်ဂျာတွေ ပြန်ပို့ရေးနဲ့ဆိုင်တဲ့ ကိစ္စရပ်တွေကို ဆွေးနွေးမယ့် ပူးတွဲ လုပ်ငန်းအဖွဲ့ (JWG) စည်းဝေးပွဲတက်ဖို့ မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာ အမြဲတမ်းအတွင်းဝန် ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ ဒါကာမြို့ကို အခုလကုန်ပိုင်းမှာ ရောက်လာမှာဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး AH Mahmood Ali က တနင်္လာနေ့မှာ ပြောပါတယ်။

မြန်မာအစိုးရဘက်က ပူးတွဲ လုပ်ငန်းအဖွဲ့ဝင်တွေဟာ Cox’s Bazar မှာရှိတဲ့ ဒုက္ခသည်စခန်းကိုလည်း သွားရောက်ဖိုရှိတယ်လို့ ဆိုပါတယ်။

စာရင်းထဲမှာပါတဲ့ ရိုဟင်ဂျာဒုက္ခသည် ၈,၀၀၀ ရဲ့ မူလနေထိုင်ခဲ့တဲ့ လိပ်စာတွေ တိကျမှု ရှိမရှိဆိုတာနဲ့ သူတို့ ပြန်သွားတဲ့အခါ မူရင်း ကျေးရွာမှာ ပြန်လည် နေထိုင်နိုင်ရေးကိစ္စတွေကို စိစစ်ပြီးစီးသွားပြီဖြစ်ကြောင်း ဘင်္ဂလာဒေ့ရှ်ဝန်ကြီးချုပ် Sheik Hasina ရဲ့ ဆော်ဒီအာရေးဗီးယား ခရီးစဉ်အကြောင်း ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း ၀န်ကြီး Mahmood Ali က အဲဒီလို ပြောကြားလိုက်တာပါ။

ရိုဟင်ဂျာတွေ မြန်မာနိုင်ငံဘက်ကို ပြန်ကြရောက်တဲ့အခါ သူတို့ ဘေးကင်းလုံခြုံစွာ နေထိုင်နိုင်ရေးအတွက် အဆင့်ဆင့် ဘယ်လို လုပ်ဆောင်ထားတယ်ဆိုတာကို ဘင်္ဂလားဒေ့ရှ်ဘက်က တောင်းဆိုသွားမယ်လို့ ဆိုပါတယ်။

ပထမအသုတ်အဖြစ် ပြန်ပို့ခံရတဲ့ ဒုက္ခသည်တွေ သူတို့ကျေးရွာတွေအတွင်းမှာ ကိုယ်ပိုင်အိမ်နဲ့ တခြား လိုအပ်ချက်တွေ အလုံအလောက် ရှိတာမျိုးကို ဘင်္ဂလားဒေ့ရှ်ဘက်က လိုလားနေတာပါ။

မနှစ် သြဂုတ်လက ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ ဖြစ်ပေါ်ခဲ့တဲ့ အကြမ်းဖက်မှုတွေကြောင် တဘက် ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေးသွားကြတဲ့ သိန်းနဲ့ချီတဲ့ ဒုက္ခသည်တွေကို ရိုဟင်ဂျာလို့ ခေါ်ဆိုတာကို မြန်မာအစိုးရဘက်က လက်မခံပေမယ့် သူတို့တွေ မြန်မာနိုင်ငံဘက်ကို ပြန်လာနိုင်ရေးအတွက် ဘင်္ဂလားဒေ့ရှ်အစိုးရနဲ့ နားလည်မှု စာချွန်လွှာ ချုပ်ဆိုပြီး အပြန်အလှန် ညှိနှိုင်း ဆောင်ရွက်နေတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG