သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာလူထုလူမႈစီးပြား စိုးရိမ္ဖြယ္ အရပ္ဘက္အဖဲြ႔ေတြ ထုတ္ျပန္


ရန္ကုန္ၿမိဳ႕ထဲက ေနရာ တခုမွာ ေတြ႔ရတဲ့ ျမင္ကြင္း။ (ဇြန္ ၂၀၊ ၂၀၂၀)

[Zawgyi/Unicode]

ကိုဗစ္ကပ္ေဘးသင့္ခ်ိန္ ျမန္မာျပည္သူေတြရဲ႕ စိုးရိမ္စရာ လူမႈစီးပြားေရး ဘဝ လံုျခံဳေရးအေျခအေနေတြ သံုးသပ္ တင္ျပလုိက္တဲ့ အရပ္ဘက္အဖြဲ႔အစည္းေတြရဲ႕ အသံေတြကို စုစည္းတင္ျပေပးခ်င္ပါတယ္။ ဗီြအိုေအျမန္မာပိုင္း သတင္းေထာက္ မဆုမြန္က တင္ဆက္ေပးပါမယ္။

ကမာၻ႔ကပ္ေရာဂါ COVID 19 ျမန္မာျပည္မွာပါ ကူးစက္ျပန္႔ပြားမႈ ျဖစ္လာတဲ့အခ်ိန္ ဒီကပ္ေဘးကာလအတြင္း ျမန္မာႏုိင္ငံ ေဒသအသီးသီးက ျပည္သူေတြရဲ႕ က်န္းမာေရး လူမႈစီးပြားဘဝ သတင္းအခ်က္အလက္ရယူခြင့္ ႏုိင္ငံသားတို႔ရဲ႕ အသက္အႏၱရာယ္ လံုၿခံဳကာကြယ္ႏုိင္တဲ့ တရားဥပေဒစိုးမိုးေရးမဲ့ လာေနတဲ့ အေျခအေနေတြဟာ ထိခိုက္မႈေတြနဲ႔ စိုးရိမ္စရာအေနအထားေတြ ျဖစ္လာေနတယ္လို႔ ျပည္နယ္တိုင္းအသီးသီးက အရပ္ဘက္အဖြဲ႔အစည္းေပါင္း ၇၀ ေက်ာ္က ေျပာဆိုလုိက္ပါတယ္။ အာဏာပိုင္ေတြရဲ႕ ေရာဂါကာကြယ္ေရးနဲ႔ထိန္းခ်ဳပ္ေရး ေဆာင္ရြက္ခ်က္ေတြနဲ႔ ျပည္သူေတြရဲ႕ တုံ႔ျပန္သံေတြကို စုစည္းၿပီး ကိုဗစ္ကပ္ေဘးအတြင္း အရပ္ဘက္အဖြဲ႔အစည္းေတြရဲ႕ အသံမ်ားဆိုတဲ့ အိတ္ဖြင့္ေပးစာ ဒီကေန႔ထုတ္ျပန္လိုက္တာပါ။

ကိုဗစ္ကာလတြင္းမွာေတာ့- အဓိက စစ္ေဘးသင့္ေဒသေတြကျပည္သူေတြရဲ႕လံုျခံဳေရး က်မ္းမာေရးအေျခအေနကေတာ့ အရပ္ဘက္အဖြဲ႔အစည္းေတြအားလံုးရဲ႕ အစိုးရိမ္ဆံုးအေျခအေနျဖစ္တယ္လို႔ အရပ္ဘက္အဖြဲ႔အစည္း ရွမ္းျပည္နယ္အေျခစိုက္ ျမန္မာ့ၿငိမ္းခ်မ္းေရးနဲ႔ လံုျခံဳေရးသိပၸံ (Myanmar Institute of Peace and Security Studies) က ဒါ႐ိုက္တာ ကိုဝင့္ထည္ေကာင္းျမတ္က ေျပာပါတယ္။

"အဓိကကေတာ့ စစ္ပြဲကိစၥပါ ဒါကေတာ့ အရပ္ဘက္အဖြဲ႔အစည္းအားလံုးရဲ႕ စိုးရိမ္တဲ့ကိစၥျဖစ္တယ္။ ကိုဗစ္ကာလမွာ ကမာၻအရပ္ရပ္ေရာ ႏုိင္ငံအသီးသီးကပါ ကိုဗစ္ကာကြယ္ေရး အားသြန္ခြန္စိုက္ ကာကြယ္ေရးလုပ္ငန္းေတြ လုပ္ေဆာင္ေနတဲ့အခ်ိန္မွာ စစ္ပြဲေတြဖန္တီးေနတဲ့ကိစၥက အမ်ားၾကီး စိုးရိမ္စရာအေျခအေနပါ။ အခုဆိုရင္ ရခိုင္မွာေရာ ခ်င္းမွာေရာ အခုဆိုရင္ ရွမ္းေျမာက္မွာပါ ျဖစ္ေနတယ္။ ကိုဗစ္ကာလမွာ စစ္ပြဲေတြ အျမန္ဆံုးရပ္တန္႔ေပးဖို႔ အရမ္းကို လိုလားတဲ့ကိစၥျဖစ္ပါတယ္။ စစ္ပြဲက တဘက္ ကိုဗစ္က တဘက္ဆိုရင္ ျပည္သူလူထုမွာလည္း တကယ္ကို ဒုကၡမ်ားတယ္။ သူမ်ားေတြ Stay At Home ေနရခ်ိန္ သူတို႔မွာ အိမ္ကိုပစ္ၿပီး စစ္ေျပးရတဲ့ အေျခအေနမ်ိဳးေတြဟာ တႏုိင္ငံလံုးနဲ႔ သက္ဆိုင္တဲ့အေျခအေနျဖစ္ပါတယ္။

ေနာက္ လူမႈစီးပြားဘဝေတြေပါ့ေနာ္ ေနာက္ဆက္တြဲဆိုးက်ိဳးေတြအေနနဲ႔ အလုပ္လက္မဲ့ေတြျဖစ္တယ္ သက္ဆုိင္ရာႏုိင္ငံေတြမွာ အလုပ္သြားလုပ္တဲ့သူေတြကလည္း အလုပ္မရွိေတာ့ဘူး။ ျပန္လာၾကတယ္ ျပန္လာတဲ့အခ်ိန္မွာ ဘယ္ေလာက္ၾကာၾကာေနရမွာမွန္းလည္း မသိဘူး။ ဆိုေတာ့ အလုပ္လက္မဲ့ျပႆနာေပါ့။ ဒါေၾကာင့္ ျဖစ္ေစခ်င္တာက အလုပ္လက္မဲ့ျပႆနာေတြကိုေရာ လူမႈစီးပြားဘဝေတြအတြက္ေရာ အစိုးရဘက္က ဘယ္လိုအစီစဥ္ေတြရွိမလဲေပါ့ေနာ္။ ဟုတ္ၿပီ New Normal ကိုသြားမယ္ဆိုရင္ ျပည္သူေတြရဲ႕အခြင့္အလမ္းက ဘာျဖစ္မလဲေပါ့။ အစိုးရအေနနဲ႔ အစီစဥ္တရပ္ေသခ်ာခ်မွတ္လုပ္ေဆာင္ေစခ်င္တယ္။ ကိုဗစ္နဲ႔ပတ္သက္ၿပီး ေနာက္ဆက္တြဲ လူမႈစီးပြားဘဝေတြ ႏိုင္ငံေရး ၿငိမ္းခ်မ္းေရးဆုိင္ရာကိစၥေတြကို က်ေနာ္တို႔ အေတာ္ေလးစိတ္ပူၿပီး ဒါေတြကို ေတာင္းဆိုၾကတာပါ။"

COVID 19 ကပ္ေဘးသင့္ကာလ သတင္းအခ်က္အလက္ လ်င္ျမန္စြာ စီးဆင္းနိုင္ဖို႔ကို အဟန္႔အတားေတြ လုပ္တာ၊ စစ္ျဖစ္ေနတဲ့ေဒသေတြမွာ လံုျခံဳေရးအေၾကာင္းျပ အင္တာနက္ျဖတ္ေတာက္တဲ့ကိစၥေတြဟာ ႏုိင္ငံသားေတြရဲ႕ သတင္းအခ်က္အလက္ရယူခြင့္ အေျခခံလူ႔အခြင့္အေရးကို အၾကီးဆံုးခ်ိဳးေဖာက္မႈအျဖစ္ အရပ္ဘက္အဖြဲ႔အစည္းေတြဘက္က ရႈ႕ျမင္တယ္လို႔ ကိုဝင့္ထည္ေကာင္းျမတ္က ဆက္ေျပာပါတယ္။

"စစ္ျဖစ္ေနလို႔ဆိုၿပီး Rights to Information သတင္းအခ်က္အလက္ရပိုင္ခြင့္ကို ခ်ိဳးေဖာက္တာက ပံုမွန္အခ်ိန္မွာေတာင္ မသင့္ေလ်ာ္တဲ့ ကိစၥပါ။ ကိုဗစ္ျဖစ္ေနခ်ိန္ ပိုၿပီးေတာင္ မသင့္ေလ်ာ္ဘူးေပါ့ေနာ္။ စစ္ပြဲေတြျဖစ္တယ္ လူေသဆံုးမႈေတြ ရွိတယ္။ ေန႔စဥ္ ဒဏ္ရာရတာေတြရွိတယ္ ေန႔စဥ္ ေပၚတာဆြဲခံရတာေတြ ရွိတယ္။ ဒါေတြကို ဒီလိုျပည္သူလူထုအေန နဲ႔ ဒီသတင္းအခ်က္အလက္ကို မရတဲ့အခ်ိန္မွာ စိုးရိမ္ထိတ္လန္႔ေနၾကရတဲ့ အေျခအေနကိုသူတို႔အေနနဲ႔ ဘယ္ေလာက္မ်ား ခံစားေနၾကရမလဲဆိုေတာ့ ဟိုးအရင္တုန္းက ရွမ္းျပည္တို႔ ကရင္ျပည္နယ္တို႔က ျဖတ္ေလးျဖတ္လိုကိစၥမ်ိဳးကို သြားျမင္ေစပါတယ္။ နယ္ေျမရွင္းလင္းေရးလိုလုပ္တယ္ဆိုတဲ့စကားလံုး စစ္ပြဲကို တြန္းအားေပးတာမ်ိဳးေတြက ျပည္သူကို အမ်ားၾကီးထိခုိက္ေစပါတယ္။ ဒါေတြမျဖစ္ေအာင္ ျပည္သူေတြ ဒုကၡမေရာက္ေအာင္ ဒါေတြမျဖစ္ေအာင္ တားဆီးေပးဖို႔ အစိုးရမွာ တာဝန္လံုးလံုးလ်ားလ်ား ရွိတယ္လို႔ က်ေနာ္တို႔အေနနဲ႔ျမင္တယ္ေပါ့ေနာ္။ ဒါေပမဲ့ ဒီအခြင့္အေရးေတြကို ေတာင္းဆိုေပးတဲ့သူေတြကိုေတာင္ ဖမ္းေနတယ္ဆိုေတာ့ တကယ့္ကို လူ႔အခြင့္အေရးခ်ိဳးေဖာက္မႈ ရွိေနတဲ့အေပၚမွာ ထပ္ဆင့္ၿပီး လူ႔အခြင့္အေရးခ်ိဳးေဖာက္မႈ ျဖစ္ေနတယ္လို႔ က်ေနာ္တို႔အေနနဲ႔ သံုးသပ္မိပါတယ္။"

ဒီလို ကိုဗစ္ကာလ ျပည္သူလူထုရင္ဆိုင္ေနရတဲ့ အခက္အခဲေတြ ျပည္သူလူထုရဲ႕အသံကို စုစည္းတင္ျပေပးတဲ့ အရပ္ဘက္အဖြဲ႔အစည္းေတြရဲ႕ ေတာင္းဆိုတင္ျပ အၾကံျပဳခ်က္ေတြကို သက္ဆိုင္ရာ အစိုးရတာဝန္ရွိသူေတြဘက္ အေလးအနက္ထားေဆာင္ရြက္ေပးသင့္တယ္လို႔လည္း အရပ္ဘက္အဖြဲ႔အစည္း COMREG Community Response Group က ပ႐ိုဂရမ္မန္ေနဂ်ာ ကိုသတိုးေအာင္ကေတာ့ တုိက္တြန္းပါတယ္။

"ဒီကိုဗစ္ကာလမွာ အုပ္ခ်ဳပ္ေရးယႏၱယားေတြရဲ႕ အမိန္႔ေတြ ညႊန္ၾကားခ်က္ေတြ ကိုဗစ္ဆိုင္ရာထုတ္ျပန္ခ်က္ေတြမွာ ျပည္သူေတြရဲ႕အသံေတြ ပါဝင္မေနဘူးလို႔ခံစားရတယ္ အခုေျမျပင္မွာ အခ်က္အလက္ေတြေကာက္တယ္။ အဲ့ဒါေတြကို အရပ္ဘက္အဖြဲ႔အစည္းေတြဘက္က ေတာက္ေလွ်ာက္ ေဆြးေႏြးခဲ့ၾကၿပီးေတာ့ အၾကံျပဳခ်က္ေတြေပးပို႔တာပါ ျပည္သူလူထု အေျချပဳ ရပ္ရြာေတြရဲ႕အသံကို CSO ေတြက ႏုိင္ငံေတာ္ကိုေပးပို႔ျခင္းျဖစ္တယ္။ ဒါေတြသည္ တကယ့္ေျမျပင္က ျပည္သူေတြရဲ႕အသံကို ထင္ဟပ္ေစတာျဖစ္တဲ့အတြက္ သက္ဆုိင္ရာ ဒါေတြကို အေကာင္အထည္ေဖာ္ေပးႏုိင္တဲ့ အုပ္ခ်ဳပ္ေရး ယႏၱယားကေနၿပီးေတာ့ အသိအမွတ္ျပဳၿပီးေတာ့ အျမန္ဆံုးအေကာင္အထည္ေဖာ္ေပးပါလို႔ ေျပာခ်င္ပါတယ္။ ၿပီးေတာ့ ကိုဗစ္သည္ ေရရွည္တုိက္ရမယ့္တုိက္ပြဲလို႔ က်ေနာ္တို႔ျမင္တယ္။ ေနာက္ ၂၀၂၀ ေရြးေကာက္ပြဲကလည္း လာေတာ့မယ္ ကိုဗစ္ေရာ ေရြးေကာက္ပြဲမွာေရာ ျပည္သူေတြရဲ႕အသံက အင္မတန္မွကို အေရးၾကီးတဲ့အတြက္ ဆက္လက္ၿပီးေတာ့ ကုိဗစ္ကာလအလြန္ အတားအဆီးေတြမရွိဘူးဆိုရင္ အစိုးရတာဝန္ရွိသူေတြအထိ သြားေရာက္ေတြ႔ဆံုေဆြးေႏြးသြားဖို႔ရွိပါတယ္။"

ျမန္မာႏုိင္ငံတြင္း ကိုဗစ္ကပ္ေဘးသင့္ခ်ိန္ ျပည္သူေတြရဲ႕ ဒုကၡအခက္အခဲ အၾကပ္အတည္းေတြကို အျမန္ဆံုးေျဖရွင္းေပးဖို႔ အစိုးရအဖြဲ႔ေတြရဲ႕ တာဝန္ယူမႈ တာဝန္ခံမႈနဲ႔ အစီမံေတြစနစ္တက်ေဆာင္ရြက္ႏုိင္ဖို႔ ႏုိင္ငံေတာ္အတုိင္ပင္ခံပုဂၢိဳလ္၊ ႏုိင္ငံေတာ္သမၼတ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္အပါအဝင္ ျပည္နယ္တုိင္းဝန္ၾကီးခ်ဳပ္ေတြဆီကို အၾကံျပဳစာေပးပို႔သြားမွာျဖစ္သလို ဒီအၾကံျပဳခ်က္ေတြကိုလည္း အျမန္ဆံုးအေကာင္အထည္ေဖာ္ဖို႔ ကိုလည္း တိုင္းရင္းသားေဒသေတြကပါဝင္တဲ့ အရပ္ဘက္အဖြဲ႔အစည္းေတြဘက္က ေမွ်ာ္လင့္ေနၾကေၾကာင္းပါရွင္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

မြန်မာလူထုလူမှုစီးပွား စိုးရိမ်ဖွယ် အရပ်ဘက်အဖွဲ့တွေ ထုတ်ပြန်

ကိုဗစ်ကပ်ဘေးသင့်ချိန် မြန်မာပြည်သူတွေရဲ့ စိုးရိမ်စရာ လူမှုစီးပွားရေး ဘဝ လုံခြုံရေးအခြေအနေတွေ သုံးသပ် တင်ပြလိုက်တဲ့ အရပ်ဘက်အဖွဲ့အစည်းတွေရဲ့ အသံတွေကို စုစည်းတင်ပြပေးချင်ပါတယ်။ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မဆုမွန်က တင်ဆက်ပေးပါမယ်။

ကမ္ဘာ့ကပ်ရောဂါ COVID 19 မြန်မာပြည်မှာပါ ကူးစက်ပြန့်ပွားမှု ဖြစ်လာတဲ့အချိန် ဒီကပ်ဘေးကာလအတွင်း မြန်မာနိုင်ငံ ဒေသအသီးသီးက ပြည်သူတွေရဲ့ ကျန်းမာရေး လူမှုစီးပွားဘဝ သတင်းအချက်အလက်ရယူခွင့် နိုင်ငံသားတို့ရဲ့ အသက်အန္တရာယ် လုံခြုံကာကွယ်နိုင်တဲ့ တရားဥပဒေစိုးမိုးရေးမဲ့ လာနေတဲ့အခြေအနေတွေဟာ ထိခိုက်မှုတွေနဲ့ စိုးရိမ်စရာအနေအထားတွေ ဖြစ်လာနေတယ်လို့ ပြည်နယ်တိုင်းအသီးသီးက အရပ်ဘက်အဖွဲ့အစည်းပေါင်း ၇၀ ကျော်က ပြောဆိုလိုက်ပါတယ်။ အာဏာပိုင်တွေရဲ့ ရောဂါကာကွယ်ရေးနဲ့ထိန်းချုပ်ရေး ဆောင်ရွက်ချက်တွေနဲ့ ပြည်သူတွေရဲ့ တုံ့ပြန်သံတွေကို စုစည်းပြီး ကိုဗစ်ကပ်ဘေးအတွင်း အရပ်ဘက်အဖွဲ့အစည်းတွေရဲ့ အသံများဆိုတဲ့ အိတ်ဖွင့်ပေးစာ ဒီကနေ့ထုတ်ပြန်လိုက်တာပါ။

ကိုဗစ်ကာလတွင်းမှာတော့- အဓိက စစ်ဘေးသင့်ဒေသတွေကပြည်သူတွေရဲ့လုံခြုံရေး ကျမ်းမာရေးအခြေအနေကတော့ အရပ်ဘက်အဖွဲ့အစည်းတွေအားလုံးရဲ့ အစိုးရိမ်ဆုံးအခြေအနေဖြစ်တယ်လို့ အရပ်ဘက်အဖွဲ့အစည်း ရှမ်းပြည်နယ်အခြေစိုက် မြန်မာ့ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးသိပ္ပံ (Myanmar Institute of Peace and Security Studies) က ဒါရိုက်တာ ကိုဝင့်ထည်ကောင်းမြတ်က ပြောပါတယ်။

"အဓိကကတော့ စစ်ပွဲကိစ္စပါ ဒါကတော့ အရပ်ဘက်အဖွဲ့အစည်းအားလုံးရဲ့ စိုးရိမ်တဲ့ကိစ္စဖြစ်တယ်။ ကိုဗစ်ကာလမှာ ကမ္ဘာအရပ်ရပ်ရော နိုင်ငံအသီးသီးကပါ ကိုဗစ်ကာကွယ်ရေး အားသွန်ခွန်စိုက် ကာကွယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်နေတဲ့အချိန်မှာ စစ်ပွဲတွေဖန်တီးနေတဲ့ကိစ္စက အများကြီး စိုးရိမ်စရာအခြေအနေပါ။ အခုဆိုရင် ရခိုင်မှာရော ချင်းမှာရော အခုဆိုရင် ရှမ်းမြောက်မှာပါ ဖြစ်နေတယ်။ ကိုဗစ်ကာလမှာ စစ်ပွဲတွေ အမြန်ဆုံးရပ်တန့်ပေးဖို့ အရမ်းကို လိုလားတဲ့ကိစ္စဖြစ်ပါတယ်။ စစ်ပွဲက တဘက် ကိုဗစ်က တဘက်ဆိုရင် ပြည်သူလူထုမှာလည်း တကယ်ကို ဒုက္ခများတယ်။ သူများတွေ Stay At Home နေရချိန် သူတို့မှာ အိမ်ကိုပစ်ပြီး စစ်ပြေးရတဲ့ အခြေအနေမျိုးတွေဟာ တနိုင်ငံလုံးနဲ့ သက်ဆိုင်တဲ့အခြေအနေဖြစ်ပါတယ်။

နောက် လူမှုစီးပွားဘဝတွေပေါ့နော် နောက်ဆက်တွဲဆိုးကျိုးတွေအနေနဲ့ အလုပ်လက်မဲ့တွေဖြစ်တယ် သက်ဆိုင်ရာနိုင်ငံတွေမှာ အလုပ်သွားလုပ်တဲ့သူတွေကလည်း အလုပ်မရှိတော့ဘူး။ ပြန်လာကြတယ် ပြန်လာတဲ့အချိန်မှာ ဘယ်လောက်ကြာကြာနေရမှာမှန်းလည်း မသိဘူး။ ဆိုတော့ အလုပ်လက်မဲ့ပြဿနာပေါ့။ ဒါကြောင့် ဖြစ်စေချင်တာက အလုပ်လက်မဲ့ပြဿနာတွေကိုရော လူမှုစီးပွားဘဝတွေအတွက်ရော အစိုးရဘက်က ဘယ်လိုအစီစဉ်တွေရှိမလဲပေါ့နော်။ ဟုတ်ပြီ New Normal ကိုသွားမယ်ဆိုရင် ပြည်သူတွေရဲ့အခွင့်အလမ်းက ဘာဖြစ်မလဲပေါ့။ အစိုးရအနေနဲ့ အစီစဉ်တရပ်သေချာချမှတ်လုပ်ဆောင်စေချင်တယ်။ ကိုဗစ်နဲ့ပတ်သက်ပြီး နောက်ဆက်တွဲ လူမှုစီးပွားဘဝတွေ နိုင်ငံရေး ငြိမ်းချမ်းရေးဆိုင်ရာကိစ္စတွေကို ကျနော်တို့ အတော်လေးစိတ်ပူပြီး ဒါတွေကို တောင်းဆိုကြတာပါ။"

COVID 19 ကပ်ဘေးသင့်ကာလ သတင်းအချက်အလက် လျင်မြန်စွာ စီးဆင်းနိုင်ဖို့ကို အဟန့်အတားတွေ လုပ်တာ၊ စစ်ဖြစ်နေတဲ့ဒေသတွေမှာ လုံခြုံရေးအကြောင်းပြ အင်တာနက်ဖြတ်တောက်တဲ့ကိစ္စတွေဟာ နိုင်ငံသားတွေရဲ့ သတင်းအချက်အလက်ရယူခွင့် အခြေခံလူ့အခွင့်အရေးကို အကြီးဆုံးချိုးဖောက်မှုအဖြစ် အရပ်ဘက်အဖွဲ့အစည်းတွေဘက်က ရှု့မြင်တယ်လို့ ကိုဝင့်ထည်ကောင်းမြတ်က ဆက်ပြောပါတယ်။

"စစ်ဖြစ်နေလို့ဆိုပြီး Rights to Information သတင်းအချက်အလက်ရပိုင်ခွင့်ကို ချိုးဖောက်တာက ပုံမှန်အချိန်မှာတောင် မသင့်လျော်တဲ့ ကိစ္စပါ။ ကိုဗစ်ဖြစ်နေချိန် ပိုပြီးတောင် မသင့်လျော်ဘူးပေါ့နော်။ စစ်ပွဲတွေဖြစ်တယ် လူသေဆုံးမှုတွေ ရှိတယ်။ နေ့စဉ် ဒဏ်ရာရတာတွေရှိတယ် နေ့စဉ် ပေါ်တာဆွဲခံရတာတွေ ရှိတယ်။ ဒါတွေကို ဒီလိုပြည်သူလူထုအနေ နဲ့ ဒီသတင်းအချက်အလက်ကို မရတဲ့အချိန်မှာ စိုးရိမ်ထိတ်လန့်နေကြရတဲ့ အခြေအနေကိုသူတို့အနေနဲ့ ဘယ်လောက်များ ခံစားနေကြရမလဲဆိုတော့ ဟိုးအရင်တုန်းက ရှမ်းပြည်တို့ ကရင်ပြည်နယ်တို့က ဖြတ်လေးဖြတ်လိုကိစ္စမျိုးကို သွားမြင်စေပါတယ်။ နယ်မြေရှင်းလင်းရေးလိုလုပ်တယ်ဆိုတဲ့စကားလုံး စစ်ပွဲကို တွန်းအားပေးတာမျိုးတွေက ပြည်သူကို အများကြီးထိခိုက်စေပါတယ်။ ဒါတွေမဖြစ်အောင် ပြည်သူတွေ ဒုက္ခမရောက်အောင် ဒါတွေမဖြစ်အောင် တားဆီးပေးဖို့ အစိုးရမှာ တာဝန်လုံးလုံးလျားလျား ရှိတယ်လို့ ကျနော်တို့အနေနဲ့မြင်တယ်ပေါ့နော်။ ဒါပေမဲ့ ဒီအခွင့်အရေးတွေကို တောင်းဆိုပေးတဲ့သူတွေကိုတောင် ဖမ်းနေတယ်ဆိုတော့ တကယ့်ကို လူ့အခွင့်အရေးချိုးဖောက်မှု ရှိနေတဲ့အပေါ်မှာ ထပ်ဆင့်ပြီး လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်နေတယ်လို့ ကျနော်တို့အနေနဲ့ သုံးသပ်မိပါတယ်။"

ဒီလို ကိုဗစ်ကာလ ပြည်သူလူထုရင်ဆိုင်နေရတဲ့ အခက်အခဲတွေ ပြည်သူလူထုရဲ့အသံကို စုစည်းတင်ပြပေးတဲ့ အရပ်ဘက်အဖွဲ့အစည်းတွေရဲ့ တောင်းဆိုတင်ပြ အကြံပြုချက်တွေကို သက်ဆိုင်ရာ အစိုးရတာဝန်ရှိသူတွေဘက် အလေးအနက်ထားဆောင်ရွက်ပေးသင့်တယ်လို့လည်း အရပ်ဘက်အဖွဲ့အစည်း COMREG Community Response Group က ပရိုဂရမ်မန်နေဂျာ ကိုသတိုးအောင်ကတော့ တိုက်တွန်းပါတယ်။

"ဒီကိုဗစ်ကာလမှာ အုပ်ချုပ်ရေးယန္တယားတွေရဲ့ အမိန့်တွေ ညွှန်ကြားချက်တွေ ကိုဗစ်ဆိုင်ရာထုတ်ပြန်ချက်တွေမှာ ပြည်သူတွေရဲ့အသံတွေ ပါဝင်မနေဘူးလို့ခံစားရတယ် အခုမြေပြင်မှာ အချက်အလက်တွေကောက်တယ်။ အဲ့ဒါတွေကို အရပ်ဘက်အဖွဲ့အစည်းတွေဘက်က တောက်လျှောက် ဆွေးနွေးခဲ့ကြပြီးတော့ အကြံပြုချက်တွေပေးပို့တာပါ ပြည်သူလူထု အခြေပြု ရပ်ရွာတွေရဲ့အသံကို CSO တွေက နိုင်ငံတော်ကိုပေးပို့ခြင်းဖြစ်တယ်။ ဒါတွေသည် တကယ့်မြေပြင်က ပြည်သူတွေရဲ့အသံကို ထင်ဟပ်စေတာဖြစ်တဲ့အတွက် သက်ဆိုင်ရာ ဒါတွေကို အကောင်အထည်ဖော်ပေးနိုင်တဲ့ အုပ်ချုပ်ရေး ယန္တယားကနေပြီးတော့ အသိအမှတ်ပြုပြီးတော့ အမြန်ဆုံးအကောင်အထည်ဖော်ပေးပါလို့ ပြောချင်ပါတယ်။ ပြီးတော့ ကိုဗစ်သည် ရေရှည်တိုက်ရမယ့်တိုက်ပွဲလို့ ကျနော်တို့မြင်တယ်။ နောက် ၂၀၂၀ ရွေးကောက်ပွဲကလည်း လာတော့မယ် ကိုဗစ်ရော ရွေးကောက်ပွဲမှာရော ပြည်သူတွေရဲ့အသံက အင်မတန်မှကို အရေးကြီးတဲ့အတွက် ဆက်လက်ပြီးတော့ ကိုဗစ်ကာလအလွန် အတားအဆီးတွေမရှိဘူးဆိုရင် အစိုးရတာဝန်ရှိသူတွေအထိ သွားရောက်တွေ့ဆုံဆွေးနွေးသွားဖို့ရှိပါတယ်။"

မြန်မာနိုင်ငံတွင်း ကိုဗစ်ကပ်ဘေးသင့်ချိန် ပြည်သူတွေရဲ့ ဒုက္ခအခက်အခဲ အကြပ်အတည်းတွေကို အမြန်ဆုံးဖြေရှင်းပေးဖို့ အစိုးရအဖွဲ့တွေရဲ့ တာဝန်ယူမှု တာဝန်ခံမှုနဲ့ အစီမံတွေစနစ်တကျဆောင်ရွက်နိုင်ဖို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံတော်သမ္မတ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အပါအဝင် ပြည်နယ်တိုင်းဝန်ကြီးချုပ်တွေဆီကို အကြံပြုစာပေးပို့သွားမှာဖြစ်သလို ဒီအကြံပြုချက်တွေကိုလည်း အမြန်ဆုံးအကောင်အထည်ဖော်ဖို့ ကိုလည်း တိုင်းရင်းသားဒေသတွေကပါဝင်တဲ့ အရပ်ဘက်အဖွဲ့အစည်းတွေဘက်က မျှော်လင့်နေကြကြောင်းပါရှင်။

XS
SM
MD
LG