သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာ့အေသးစားနဲ႔ အလတ္စား စီးပြားေရးေတြ ျပန္စဖို႔ ျပင္ဆင္


ရန္ကုန္ၿမိဳ႕က ေစ်းဝယ္စင္တာတခုမွာ ေတြ႔ရတဲ့ အဝတ္အထည္ဆိုင္တခ်ိဳ႕။ (ေမ ၁၇၊ ၂၀၂၀)

[Zawgyi/Unicode]

ျမန္မာႏုိင္ငံမွာ ကုိဗစ္ကပ္ေရာဂါ ထိန္းခ်ဳပ္ေရး ကန္႔သတ္ခ်က္ေတြကုိ မၾကာေသးခင္လေတြကစလုိ႔ ေလွ်ာ့ေပါ့ေပးခဲ့တာေၾကာင့္ အေသးစားနဲ႔ အလတ္စား စီးပြားေရးလုပ္ငန္းေတြ ျပန္လည္စတင္ဖို႔ ျပင္ဆင္ေနတဲ့အေၾကာင္းကို ဗီြအိုေအျမန္မာပိုင္း သတင္းေထာက္ မစုစုက ေျပာျပပါမယ္။

ကပ္ေရာဂါကာလ ယာယီရပ္နားထားခဲ့တာေၾကာင့္ ထိခုိက္မႈေတြ ႀကံဳခဲ့ရတဲ့ အေသးစားနဲ႔ အလတ္စား စီးပြားေရးလုပ္ငန္းေတြ ျပန္လည္စတင္ႏုိင္ဖုိ႔ တာ၀န္ရွိသူေတြ စီစဥ္ေနတာ ျဖစ္ပါတယ္။ လုပ္ငန္းေတြ ျပန္လည္စတင္ရာမွာ ကပ္ေရာဂါေၾကာင့္ ေျပာင္းလဲလာတဲ့ စီးပြားေရး ပုံစံနဲ႔ ကုိက္ညီေအာင္ ျပင္ဆင္ေနတယ္လုိ႔လည္း အေသးစားနဲ႔ အလတ္စား စီးပြားေရးလုပ္ငန္း SME ဖြံ႔ၿဖိဳးတိုးတက္ေရး လုပ္ငန္းေကာ္မတီ အဖြဲ႔ဝင္ ေဒါက္တာေအာင္သိန္းက ေျပာပါတယ္။

"အဓိကေတာ့ ေနာက္ပိုင္းမွာ ဒစ္ဂ်စ္တယ္စီးပြားေရးကို ပိုအားေပးဖို႔၊ ဒါေတြကို ပိုၿပီးေတာ့ ေဆာင္႐ြက္ဖို႔၊ ဒီလမ္းေၾကာင္းေပၚပဲ ေရာက္လာၾကမွာေပါ့ေလ။ အခုလည္း ဒီကိုဗစ္ကာလမွာအြန္လိုင္းကေတာ္ေတာ္ေလး ေခတ္စားလာေတာ့ ေနာက္ပိုင္းက ဒီဒစ္ဂ်စ္တယ္ဘက္ကို SMEs ေတြရဲ႕ Transformation ေပါ့၊ ကူးေျပာင္းမႈေတြ လုပ္လာရမယ္။ ႏိုင္ငံေတာ္ကလည္း ဒီ plan (အစီအစဥ္) ထဲမွာ အဲဒီအတြက္ကို ပံ့ပိုးကူညီမယ္၊ အားေပးမယ္ဆိုတဲ့ plan ေတြေတာ့ ပါပါတယ္။"

အစိုးရက ခြင့္ျပဳတာနဲ႔ လုပ္ငန္းေတြ စတင္ႏိုင္ဖို႔အတြက္ ျပင္ဆင္ထားတယ္ဆိုေပမဲ့ ႏိုင္ငံလူဦးေရထက္ဝက္ေက်ာ္ေလာက္ ကိုဗစ္ကာကြယ္ေဆး ထိုးႏွံၿပီးမွသာ လုပ္ငန္းလည္ပတ္ဖို႔ ျဖစ္ႏိုင္တယ္လို႔လည္း ေဒါက္တာေအာင္သိန္းက ေျပာပါတယ္။ အစိုးရအေနနဲ႔ လုပ္ငန္းေတြလည္ပတ္ဖို႔နဲ႔ ဝန္ထမ္းလစာေပးဖို႔ ပထမပိုင္းမွာ ေခ်းေငြထုတ္ေပးခဲ့ၿပီး ထိခိုက္သြားတဲ့လုပ္ငန္းေတြ စီးပြားေရးျပန္လည္နာလန္ထူလာေအာင္ ေရတိုေရရွည္ စီမံကိန္းေတြေဆာင္႐ြက္ေပးဖို႔ရွိတယ္လို႔လည္း ေျပာပါတယ္။

"ၿခဳံငုံၿပီးေျပာရင္ SMEs ေတြကေတာ့ သူ႔ရဲ႕သေဘာသဘာဝအရ ျပင္လြယ္ေျပာင္းလြယ္ျဖစ္ေပမယ့္ သူက ထိခိုက္လြယ္တယ္ေပါ့ေနာ္။ ျပင္လြယ္ေျပာင္းလြယ္ဆိုတာက သူကအခက္အခဲ အၾကပ္အတည္း ႀကဳံလာလို႔ သူ႔မွာအခြင့္အလမ္းေပၚလာရင္လည္း လုပ္ငန္းႀကီးေတြထက္ ျမန္ျမန္ဆန္ဆန္သူက ေျပာင္းလဲၿပီးေဆာင္႐ြက္ႏိုင္သလို၊ ခ်က္ခ်င္းမတုံ႔ျပန္ႏိုင္တဲ့လုပ္ငန္းေတြကလည္း ထိခိုက္ၿပီးေတာ့ ရပ္စဲသြားႏိုင္တယ္ေပါ့ေနာ္။ ဆိုေတာ့ SMEs ေတြရဲ႕ သေဘာသဘာဝကိုက အဲလိုရွိတဲ့အတြက္ေၾကာင့္ ဒီကာလမွာ က်ေနာ္တို႔ႏိုင္ငံမွာအမ်ားစုရွိတဲ့ SMEs ေတြကို ပိုၿပီးေတာ့ၾကည့္ရႈေစာင့္ေရွာက္ေပးဖို႔ လိုမယ္လို႔ က်ေနာ့္အေနနဲ႔ျမင္ပါတယ္။"

ျမန္မာႏုိင္ငံမွာ ကုိဗစ္ကပ္ေရာဂါ ကူးစက္မႈေတြေၾကာင့္ သြားလာလႈပ္ရွားမႈေတြနဲ႔ လုပ္ငန္းေတြကုိ ရပ္ဆုိင္းထားဖုိ႔ ကန္႔သတ္ခ်က္ေတြကုိေတာ့ ၿပီးခဲ့တဲ့ႏွစ္ထဲမွာပဲ ျပန္လည္ ေလွ်ာ့ေပါ့ေပးခဲ့တာပါ။ ၂၀၂၀ ျပည့္ႏွစ္ေႏွာင္းပုိင္း လေတြမွာ လုပ္ငန္းမွတ္ပုံတင္ ေလွ်ာက္ထားသူ ပုံမွန္အေျခအေန ျပန္ေရာက္လာတယ္လို႔လည္း အေသးစားစက္မႈလက္မႈ လုပ္ငန္းဦးစီးဌာန (ရန္ကုန္)က လက္ေထာက္အင္ဂ်င္နီယာ ဦးရဲေဇာ္ထြန္းက ေျပာပါတယ္။

"ေလာေလာဆယ္ကေတာ့ သင္တန္းေတြကေတာ့ ဒီကိုဗစ္ေၾကာင့္ ခဏရပ္ထားရတာေပါ့။ ႐ုံးကေတာ့ အၿမဲတမ္းဖြင့္တယ္၊ မွတ္ပုံတင္လုပ္ငန္းတခုပဲ လတ္တေလာကေတာ့ ေဆာင္႐ြက္ေပးေသးတယ္ဗ်။ က်ေနာ္တို႔ဆီမွာ လာတင္တဲ့လုပ္ငန္းေတြကေတာ့ အမ်ားစုကေတာ့ ဒီအြန္လိုင္းမွာေရာင္းတယ္၊ ေရာင္းရင္းနဲ႔မွ သူကမွတ္ပုံတင္လုပ္ငန္းလုပ္ခ်င္တယ္ဆိုရင္ က်ေနာ္တို႔ဆီလာ လုပ္တာေတာ့ရွိတယ္။"

ျမန္မာႏိုင္ငံရဲ႕ စီးပြားေရးတိုးတက္မႈႏႈန္းဟာ ကိုဗစ္ကပ္ေရာဂါေၾကာင့္ ထိခိုက္ခဲ့ရၿပီး ၿပီးခဲ့တဲ့ႏွစ္မွာ ျပည္တြင္းအသားတင္ထုတ္လုပ္မႈ GDP တန္ဖိုး ၆.၈ ရွိရာကေန အခု ၂၀၁၉- ၂၀၂၀ ဘ႑ာႏွစ္မွာေတာ့ ၁.၇ ရာခိုင္ႏႈန္းအထိ က်ဆင္းသြားေၾကာင္း ျမန္မာႏုိင္ငံစီးပြားေရး ခန္႔မွန္းခ်က္ အစီရင္ခံစာသစ္ ထုတ္ျပန္ရာမွာ ကမာၻ႔ဘဏ္က ေျပာဆုိထားပါတယ္။ ျမန္မာႏုိင္ငံမွာ ကပ္ေရာဂါ ကူးစက္မႈ ေလ်ာ့နည္းသြားၿပီး အသြားအလာ အကန႔္အသတ္ေတြကို ေျဖေလ်ာ့လိုက္ရင္ေတာ့ လာမယ့္ ၂၀၂၁ မတ္လကစၿပီး စီးပြားေရး ျပန္နာလန္ထူႏိုင္လိမ့္မယ္လို႔ ကမာၻ႔ဘဏ္က ခန္႔မွန္းထားပါတယ္။ ဒါေပမဲ့လည္း ျပည္တြင္း၊ ျပည္ပမွာ ကပ္ေရာဂါေၾကာင့္ ေနာက္ဆက္တဲြ ႀကံဳရမယ့္ အေျခအေနေတြ မေရရာ မေသခ်ာေသးတာေၾကာင့့္ စီးပြားေရးအတြက္ ၿခိမ္းေျခာက္မႈေတြ ရွိေနဆဲ ျဖစ္တယ္လုိ႔လည္း ကမာၻ႔ဘဏ္က သတိေပးထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

မြန်မာ့အသေးစားနဲ့ အလတ်စားစီးပွားရေးတွေ ပြန်စဖို့ ပြင်ဆင်

မြန်မာနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါ ထိန်းချုပ်ရေး ကန့်သတ်ချက်တွေကို မကြာသေးခင်လတွေကစလို့ လျှော့ပေါ့ပေးခဲ့တာကြောင့် အသေးစားနဲ့ အလတ်စား စီးပွားရေးလုပ်ငန်းတွေ ပြန်လည်စတင်ဖို့ ပြင်ဆင်နေတဲ့အကြောင်းကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မစုစုက ပြောပြပါမယ်။

ကပ်ရောဂါကာလ ယာယီရပ်နားထားခဲ့တာကြောင့် ထိခိုက်မှုတွေ ကြုံခဲ့ရတဲ့ အသေးစားနဲ့ အလတ်စား စီးပွားရေးလုပ်ငန်းတွေ ပြန်လည်စတင်နိုင်ဖို့ တာဝန်ရှိသူတွေ စီစဉ်နေတာ ဖြစ်ပါတယ်။ လုပ်ငန်းတွေ ပြန်လည်စတင်ရာမှာ ကပ်ရောဂါကြောင့် ပြောင်းလဲလာတဲ့ စီးပွားရေး ပုံစံနဲ့ ကိုက်ညီအောင် ပြင်ဆင်နေတယ်လို့လည်း အသေးစားနဲ့ အလတ်စား စီးပွားရေးလုပ်ငန်း SME ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကော်မတီ အဖွဲ့ဝင် ဒေါက်တာအောင်သိန်းက ပြောပါတယ်။

"အဓိကတော့ နောက်ပိုင်းမှာ ဒစ်ဂျစ်တယ်စီးပွားရေးကို ပိုအားပေးဖို့၊ ဒါတွေကို ပိုပြီးတော့ ဆောင်ရွက်ဖို့၊ ဒီလမ်းကြောင်းပေါ်ပဲ ရောက်လာကြမှာပေါ့လေ။ အခုလည်း ဒီကိုဗစ်ကာလမှာအွန်လိုင်းကတော်တော်လေး ခေတ်စားလာတော့ နောက်ပိုင်းက ဒီဒစ်ဂျစ်တယ်ဘက်ကို SMEs တွေရဲ့ Transformation ပေါ့၊ ကူးပြောင်းမှုတွေ လုပ်လာရမယ်။ နိုင်ငံတော်ကလည်း ဒီ plan (အစီအစဉ်) ထဲမှာ အဲဒီအတွက်ကို ပံ့ပိုးကူညီမယ်၊ အားပေးမယ်ဆိုတဲ့ plan တွေတော့ ပါပါတယ်။"

အစိုးရက ခွင့်ပြုတာနဲ့ လုပ်ငန်းတွေ စတင်နိုင်ဖို့အတွက် ပြင်ဆင်ထားတယ်ဆိုပေမဲ့ နိုင်ငံလူဦးရေထက်ဝက်ကျော်လောက် ကိုဗစ်ကာကွယ်ဆေးထိုးနှံပြီးမှသာ လုပ်ငန်းလည်ပတ်ဖို့ ဖြစ်နိုင်တယ်လို့လည်း ဒေါက်တာအောင်သိန်းက ပြောပါတယ်။ အစိုးရအနေနဲ့ လုပ်ငန်းတွေလည်ပတ်ဖို့နဲ့ ဝန်ထမ်းလစာပေးဖို့ ပထမပိုင်းမှာ ချေးငွေထုတ်ပေးခဲ့ပြီး ထိခိုက်သွားတဲ့လုပ်ငန်းတွေ စီးပွားရေးပြန်လည်နာလန်ထူလာအောင် ရေတိုရေရှည် စီမံကိန်းတွေဆောင်ရွက်ပေးဖို့ရှိတယ်လို့လည်း ပြောပါတယ်။

"ခြုံငုံပြီးပြောရင် SMEs တွေကတော့ သူ့ရဲ့သဘောသဘာဝအရ ပြင်လွယ်ပြောင်းလွယ်ဖြစ်ပေမယ့် သူက ထိခိုက်လွယ်တယ်ပေါ့နော်။ ပြင်လွယ်ပြောင်းလွယ်ဆိုတာက သူကအခက်အခဲ အကြပ်အတည်း ကြုံလာလို့ သူ့မှာအခွင့်အလမ်းပေါ်လာရင်လည်း လုပ်ငန်းကြီးတွေထက် မြန်မြန်ဆန်ဆန်သူက ပြောင်းလဲပြီးဆောင်ရွက်နိုင်သလို၊ ချက်ချင်းမတုံ့ပြန်နိုင်တဲ့လုပ်ငန်းတွေကလည်း ထိခိုက်ပြီးတော့ ရပ်စဲသွားနိုင်တယ်ပေါ့နော်။ ဆိုတော့ SMEs တွေရဲ့ သဘောသဘာဝကိုက အဲလိုရှိတဲ့အတွက်ကြောင့် ဒီကာလမှာ ကျနော်တို့နိုင်ငံမှာအများစုရှိတဲ့ SMEs တွေကို ပိုပြီးတော့ကြည့်ရှုစောင့်ရှောက်ပေးဖို့ လိုမယ်လို့ ကျနော့်အနေနဲ့မြင်ပါတယ်။"

မြန်မာနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါ ကူးစက်မှုတွေကြောင့် သွားလာလှုပ်ရှားမှုတွေနဲ့ လုပ်ငန်းတွေကို ရပ်ဆိုင်းထားဖို့ ကန့်သတ်ချက်တွေကိုတော့ ပြီးခဲ့တဲ့နှစ်ထဲမှာပဲ ပြန်လည် လျှော့ပေါ့ပေးခဲ့တာပါ။ ၂၀၂၀ ပြည့်နှစ်နှောင်းပိုင်း လတွေမှာ လုပ်ငန်းမှတ်ပုံတင် လျှောက်ထားသူ ပုံမှန်အခြေအနေ ပြန်ရောက်လာတယ်လို့လည်း အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာန (ရန်ကုန်)က လက်ထောက်အင်ဂျင်နီယာ ဦးရဲဇော်ထွန်းက ပြောပါတယ်။

"လောလောဆယ်ကတော့ သင်တန်းတွေကတော့ ဒီကိုဗစ်ကြောင့် ခဏရပ်ထားရတာပေါ့။ ရုံးကတော့ အမြဲတမ်းဖွင့်တယ်၊ မှတ်ပုံတင်လုပ်ငန်းတခုပဲ လတ်တလောကတော့ ဆောင်ရွက်ပေးသေးတယ်ဗျ။ ကျနော်တို့ဆီမှာ လာတင်တဲ့လုပ်ငန်းတွေကတော့ အများစုကတော့ ဒီအွန်လိုင်းမှာရောင်းတယ်၊ ရောင်းရင်းနဲ့မှ သူကမှတ်ပုံတင်လုပ်ငန်းလုပ်ချင်တယ်ဆိုရင် ကျနော်တို့ဆီလာ လုပ်တာတော့ရှိတယ်။"

မြန်မာနိုင်ငံရဲ့ စီးပွားရေးတိုးတက်မှုနှုန်းဟာ ကိုဗစ်ကပ်ရောဂါကြောင့် ထိခိုက်ခဲ့ရပြီး ပြီးခဲ့တဲ့နှစ်မှာ ပြည်တွင်းအသားတင်ထုတ်လုပ်မှု GDP တန်ဖိုး ၆.၈ ရှိရာကနေ အခု ၂၀၁၉- ၂၀၂၀ ဘဏ္ဍာနှစ်မှာတော့ ၁.၇ ရာခိုင်နှုန်းအထိ ကျဆင်းသွားကြောင်း မြန်မာနိုင်ငံစီးပွားရေး ခန့်မှန်းချက် အစီရင်ခံစာသစ် ထုတ်ပြန်ရာမှာ ကမ္ဘာ့ဘဏ်က ပြောဆိုထားပါတယ်။ မြန်မာနိုင်ငံမှာ ကပ်ရောဂါ ကူးစက်မှု လျော့နည်းသွားပြီး အသွားအလာ အကန့်အသတ်တွေကို ဖြေလျော့လိုက်ရင်တော့ လာမယ့် ၂၀၂၁ မတ်လကစပြီး စီးပွားရေး ပြန်နာလန်ထူနိုင်လိမ့်မယ်လို့ ကမ္ဘာ့ဘဏ်က ခန့်မှန်းထားပါတယ်။ ဒါပေမဲ့လည်း ပြည်တွင်း၊ ပြည်ပမှာ ကပ်ရောဂါကြောင့် နောက်ဆက်တွဲ ကြုံရမယ့် အခြေအနေတွေ မရေရာ မသေချာသေးတာကြောင့် စီးပွားရေးအတွက် ခြိမ်းခြောက်မှုတွေ ရှိနေဆဲ ဖြစ်တယ်လို့လည်း ကမ္ဘာ့ဘဏ်က သတိပေးထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG