သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့စီးပါွးရေးနှင့် အဂတိ လိုက်စားမှုပြဿ နာ


မြန်မာနိုင်ငံသုံး ကျပ်ငွေ။
မြန်မာနိုင်ငံသုံး ကျပ်ငွေ။
မြန်မာနိုင်ငံ စီးပွားရေးအတွက် အဓိကစိန်ခေါ်မှုဟာ အကျင့်ပျက်ခြစားမှု ပြဿနာ ဖြစ်တာကိုတွေ့ရတဲ့ အကြောင်း ကုလသမဂ္ဂနဲ့ ပူးတွဲလေ့လာခဲ့တဲ့ စစ်တမ်းသစ်က တွေ့ရှိခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ ရာစုနှစ် တဝက်လောက် စစ်တပ်ရဲ့ အုပ်စိုးမှုတွေ ၂၀၁၁ ခုနှစ်မှာ အဆုံးသတ်ခဲ့ပြီးနောက် နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေမှာ အဂတိလိုက်စားမှု ပြဿနာကို ထိရောက်အောင် ဖြေရှင်းနိုင်တာမျိုး မတွေ့ရဘူးလို့လည်း ၂၀၁၄ ခုနှစ် မြန်မာနိုင်ငံ စီးပွားရေး သဘောထား စစ်တမ်းမှာ ဖော်ပြခဲ့တာပါ။

စစ်တမ်းမှာ ပါဝင်ခဲ့တဲ့ လုပ်ငန်းတွေထဲက ၆၀% ကတော့ မှတ်ပုံတင်ခွင့်ရဖို့၊ လိုင်စင်ခွင့်ပြုချက်တွေ ရနိုင်ဖို့ လာဘ်ထိုးနေရတဲ့ အကြောင်း သဘောထား ပေးခဲ့ကြတယ်လို့လည်း ကုလသမဂ္ဂ စီးပွားရေးနဲ့ လူမှုရေးကော်မရှင် (UNESCAP) စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ (OECD) နဲ့ မြန်မာနိုင်ငံ ကုန်သည်များနဲ့ စက်မှုလက်မှုလုပ်ငန်းရှင်များ အဖွဲ့ချုပ် တို့ရဲ့ ပူးတွဲလေ့လာချက်က ထောက်ပြခဲ့ပါတယ်။

စစ်တမ်းအတွက် မေးမြန်းခဲ့တဲ့ လုပ်ငန်းပေါင်း ၃ ထောင်ကျော်အနက် ၂၀% ကလည်း စီးပွားရေး လုပ်ကိုင်ရာမှာ အဂတိ လိုက်စားမှု ပြဿနာဟာ အဆိုးရွားဆုံး အဟန့်အတား ဖြစ်နေတဲ့အကြောင်း ပြောဆိုခဲ့ကြတာပါ။ မြန်မာနိုင်ငံမှာ စီးပွားရေး လုပ်ဖို့အတွက် နောက်ထပ် စိန်ခေါ်မှုတွေ အဖြစ်နဲ့လည်း ကျွမ်းကျင် လုပ်သားနဲ့၊ နည်းပညာ လိုအပ်ချက် ဖြစ်တာကို တွေ့ရှိခဲ့ကြပါတယ်။

အဂတိလိုက်စားမှု တိုက်ဖျက်ရေးအတွက် လွှတ်တော်ကတော့ ပြီးခဲ့တဲ့ နှစ်ထဲမှာပဲ ဥပဒေတရပ် ပြဋ္ဌာန်းခဲ့ပြီး ဖေဖော်ဝါရီလထဲမှာပဲ ကော်မရှင်တရပ်ကိုလည်း ဖွဲ့စည်းထားတာပါ။ ကမ္ဘာ့ဘဏ်က နောက်ဆုံးထုတ်ပြန်ခဲ့တဲ့ စီးပွားရေး လုပ်ကိုင်နိုင်တဲ့ အဆင့်အတန်း သတ်မှတ်ရာမှာတော့ အကျင့်ပျက် ခြစားမှု ပြဿနာတွေကြောင့် ကမ္ဘာတဝှမ်း နိုင်ငံပေါင်း ၁၈၉ နိုင်ငံမှာ မြန်မာနိုင်ငံကို ၁၈၂ အဆင့်မှာပဲ ထည့်သွင်းခဲ့ပါတယ်။
XS
SM
MD
LG