သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

မဲစာရင္းလုပ္ဖို႔ လူဦးေရစာရင္း စစ္ေကာင္စီေကာက္ခံ 


၂၀၁၄ ခုႏွစ္က ရန္ကုန္ၿမိဳ႕မွာေတြ႔ရတဲ့ သန္းေခါင္စာရင္းေကာက္ခံေရး ဝန္ထမ္းမ်ား (ဧၿပီ ၁၀၊ ၂၀၁၄)

ႏိုင္ငံအႏွံ႔ မတည္မၿငိမ္အေျခအေနအတြင္းမွာဘဲ ၂၀၂၃ ေ႐ြးေကာက္ပြဲအတြက္ လူဦးေရစာရင္း ေကာက္ယူမႈေတြ တအိမ္တက္ဆင္း စတင္လုပ္ေဆာင္ေနပါတယ္။ ရန္ကုန္အပါအဝင္ တႏိုင္ငံလုံးမွာ အခုလိုမဲစာရင္းအတြက္ လူဦးေရစာရင္းေကာက္ယူမႈေတြ လုပ္ေနတာျဖစ္ပါတယ္။ ေဒသခံအေတာ္မ်ားမ်ားကေတာ့ ဒီလူဦးေရစာရင္းေကာက္ခံမႈအေပၚ စိတ္ဝင္စားမႈနည္းသလို ယုံၾကည္မႈလည္းနည္းပါတယ္။ ရန္ကုန္က စုံစမ္းေမးျမန္းသတင္းေပးပို႔ခ်က္ကို မစုျမတ္မြန္က တင္ျပပါမယ္။

မဲစာရင္းအတြက္ လူဦးေရစာရင္းေကာက္ခံမႈကို ဇန္နဝါရီလဆန္းကစၿပီး ႏိုင္ငံတဝန္း လုပ္ေဆာင္ေနပါတယ္။ ေကာက္ယူပုံကေတာ့ အိမ္မွာ အမွန္တကယ္ေနထိုင္တဲ့ လူစာရင္းကို နာမည္မွတ္ပုံတင္နဲ႔တကြ စီစစ္ေကာက္ယူတာျဖစ္တယ္လို႔ ကိုယ္တိုင္ႀကဳံရတဲ့ ရန္ကုန္ၿမိဳ႕အင္းစိန္ၿမိဳ႕ခံတဦးက ဗြီအိုေအကို ေျပာျပပါတယ္။

"အစ္မတို႔က နယ္မွာေနတာ ရန္ကုန္မွာအလုပ္နဲ႔ အိမ္ငွားေနတာ နယ္မွာသန္းေခါင္စာရင္းရွိေတာ့ အဲဘက္ကေကာက္ရင္ မိသားစုကေပးမွာဆိုတာေျပာေပမယ့္ သူတို႔ကမဆိုင္ဘူး ဒီအိမ္မွာ တကယ္ေနတဲ့သူပဲ ေကာက္တယ္ေျပာတယ္။ က်န္တာေတာ့မေမးဘူး။ ဘာအတြက္ေကာက္လဲလည္း ေသခ်ာမေျပာပါဘူး။ သူတို႔ဘာဘဲလုပ္လုပ္ေလ က်မတို႔ကေတာ့ စိတ္လည္းမဝင္စားသလို သူတို႔ေ႐ြးေကာက္ပြဲလဲ မယုံဘူး။ မဲေပးဖို႔လဲစိတ္ကူးမရွိဘူး။ မတတ္သာလို႔သာ ေပးရတာ။ ေနာက္သူတို႔ေကာက္တဲ့ စာရင္းလည္း မယုံဘူး။"

ျမန္မာႏိုင္ငံမွာ ႏိုင္ငံေရးအေျပာင္းအလဲစတင္တဲ့ ၂၀၁၀ ေနာက္ပိုင္းမွာ အေထြေထြေ႐ြးေကာက္ပြဲ ၃ ႀကိမ္ ျပဳလုပ္ခဲ့ၿပီးပါၿပီ။ သုံးႀကိမ္စလုံးမွာ မဲစာရင္းမွားတာေတြ မျပည့္စုံတာေတြ ေနရာအေတာ္မ်ားမ်ား ႀကဳံခဲ့ရပါတယ္။ NLD ပါတီက အျပတ္အသတ္အႏိုင္ရတဲ့ ၂၀၂၀ ေ႐ြးေကာက္ပြဲမွာ မဲစာရင္းမွားတာကို ေထာက္ၿပီး၊ စစ္တပ္က အာဏာသိမ္းယူခဲ့တာပါ။ အခု စစ္ေကာင္စီကက်င္းပဖို႔ ျပင္ေနတဲ့ ေ႐ြးေကာက္ပြဲကိုေရာ အခုမဲစာရင္းေကာက္ခံမႈကိုပါ စိတ္ဝင္စားမႈနည္းၾကတယ္လို႔ ရန္ကုန္လႈိင္သာယာၿမိဳ႕နယ္က ေဒသခံတဦးက ေျပာပါတယ္။

"ထြက္လာတဲ့စာရင္းက်မွပဲ မွန္တယ္မွားတယ္ေျပာလို႔ရမွာ။ သိပ္ၿပီးေတာ့ပတ္ဝန္းက်င္ ေမးၾကည့္တာေတာ့ သူတို႔ကေတာ့ မဲသြားမထည့္ၾကမွာ မ်ားတယ္။ အဲစာရင္းမွန္ႏိုင္မလားဆိုေတာ့ ပထမေတာ့ ၁၂လပိုင္းေလာက္က သန္းေခါင္စာရင္းေတြအိမ္တိုင္းလိုလိုေတာင္းတယ္။ ခုက်ေတာ့နယ္ေျမ ကြင္းဆင္းၿပီးေတာ့ သန္းေခါင္စာရင္းမွာပါတဲ့ လူဘယ္ႏွစ္ေယာက္ရွိလဲ အဲလိုေပါ့ nearly (အနီးစပ္ဆုံး) ေတာ့မွန္ႏိုင္မယ္ ထင္တာဘဲ။ ဘယ္လိုေခၚမလဲဆိုေတာ့ မယုံတာေတာ့မယုံရဘူးေပါ့ေလ ဒါေပမယ့္ မွန္လားဆိုေတာ့ စာရင္းထြက္လာမွမဲေပးတဲ့သူေတြစာရင္းထြက္လာမွဘဲ ပိုၿပီး က်ိန္းေသေျပာလို႔ရမွာေပါ့"

အခု လူဦးေရစာရင္းေကာက္ယူမႈကို စစ္ေကာင္စီအဖြဲ႕ ႐ုံးစိုက္ရာ ေနျပည္ေတာ္ေကာင္စီနယ္ေျမ၊ ရန္ကုန္တိုင္း၊ မႏၲေလးတိုင္းနဲ႔ ရခိုင္ျပည္နယ္က ၿမိဳ႕နယ္၊ ရပ္ကြက္၊ ေက်း႐ြာေတြမွာ အရင္ဆုံး စတင္ၿပီး၊ တႏိုင္ငံလုံးမွာ ဇန္နဝါရီ ၉ ရက္ကေန ၃၁ ရက္ေန႔အထိ ေကာက္ယူသြားမယ္လို႔ အမည္မေဖာ္လိုတဲ့ လဝက အရာရွိတဦးက ဗြီအိုေအကိုအတည္ျပဳပါတယ္။ အခုေကာက္ယူတဲ့ လူဦးေရစာရင္းဟာ ၿပီးခဲ့တဲ့ႏွစ္တုန္းက စစ္ေကာင္စီရဲ႕ အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာနက လူဝင္မႈႀကီးၾကပ္ေရးဌာနကို ေပးပို႔ခဲ့တဲ့ အိမ္ေထာင္စုစာရင္းကို အေျခခံၿပီး၊ ေျမျပင္အခ်က္အလက္နဲ႔ စိစစ္လုပ္ေဆာင္တာျဖစ္တယ္လို႔ အဲဒီလဝက အရာရွိကေျပာပါတယ္။ ၂၀၂၀ ေ႐ြးေကာက္ပြဲ မဲစာရင္းမွာ အမွားမ်ားစြာရွိခဲ့တဲ့အတြက္ အခုလို ေျမျပင္ကြင္းဆင္းေကာက္ယူတဲ့စနစ္ကို လုပ္ေဆာင္တာျဖစ္တယ္လို႔ ေ႐ြးေကာက္ပြဲေကာ္မရွင္ဘက္ကလည္း ေျပာဆိုထားပါတယ္။ ေခတ္အဆက္ဆက္ မမွန္ခဲ့တဲ့ လူဦးေရစာရင္းကို အတင္းေကာက္ယူလည္း ျမန္မာျပည္ရဲ႕ လက္ရွိအေနအထားအရ စာရင္းမွန္ရဖို႔ ခက္မယ္လို႔ ေစာင့္ၾကည့္ေလ့လာသူတဦးက ေျပာပါတယ္။

"လူဦးေရစာရင္းျဖစ္ျဖစ္ဘာစာရင္းျဖစ္ျဖစ္ က်ေနာ္တို႔ျမန္မာျပည္မွာ မည္ကာမတၱပဲ။ သုံးစားလို႔ကို မရဘူး။ မဲမသာမာမႈျဖစ္တယ္ မဲစာရင္းေတြထပ္တယ္ အျပစ္ေတြေျပာၾကတာေပါ့ေနာ္။ ဘယ္အစိုးရတက္တက္ ဘယ္သူျဖစ္ျဖစ္ မျပဳျပင္ မေျပာင္းလဲသေ႐ႊ႕ ကိန္းဂဏန္းေတြကမွားေနမွာဘဲ။ ႏိုင္ငံသားတ ေယာက္အေနနဲ႔ေျပာရင္ တိုင္းျပည္ေအးခ်မ္းတည္ၿငိမ္မွ ေ႐ြးေကာက္ပြဲေအာင္ျမင္ေအာင္လုပ္လို႔ရမွာကိုး က်ေနာ္တို႔က ေ႐ြးေကာက္ပြဲေတြလည္းျဖတ္ခဲ့ၿပီးၿပီ။ ပြင့္ပြင့္လင္းလင္းေျပာရင္မွ်တဖို႔မျဖစ္ႏိုင္ဘူး။ ဘယ္လိုမွမျဖစ္ႏိုင္ဘူး လာမယ့္သူတို႔ေမာင္းတင္ထားတဲ့ေ႐ြးေကာက္ပြဲသူတို႔ေၾကျငာထားတဲ့ ေ႐ြးေကာက္ပြဲက အင္မတန္ perfect (ၿပီးျပည့္စံု) ျဖစ္ရပါမယ္။ မဲစာရင္းမွန္ရမယ္ေျပာတယ္ ျဖစ္ႏိုင္ဖို႔အားမရွိပါဘူး။ အဲဒါအေပၚ အားမထားပါဘူး။"

အာဏာသိမ္းမႈကို ဆန႔္က်င္တဲ့ ေတာ္လွန္ေရးအင္အားစုေတြကေတာ့ စစ္ေကာင္စီရဲ႕ ေ႐ြးေကာက္ပြဲကို ဆန႔္က်င္ဖို႔ ပန္ၾကားခ်က္ေတြ ထုတ္ၿပီး တိုက္တြန္းထားပါတယ္။ ျပည္သူေတြအေနနဲ႔ စစ္ေကာင္စီရဲ႕ လူဦးေရစာရင္းေကာက္ယူမႈနဲ႔ ေ႐ြးေကာက္ပြဲ လုပ္ငန္းစဥ္ေတြမွာ ပူးေပါင္း ေဆာင္႐ြက္ျခင္း မျပဳဖို႔တိုက္တြန္းၾကတာပါ။ ရန္ကုန္ မႏၲေလးၿမိဳ႕ျပလိုေနရာေတြမွာ အခုလို လူဦးေရစစ္တမ္းေကာက္ခံမႈေတြက လြယ္ကူႏိုင္ေပမယ့္၊ ပဋိပကၡေတြရွိေနတဲ့ စစ္ကိုင္း၊ မေကြးနဲ႔ တိုင္းရင္းသားေဒသအေတာ္မ်ားမ်ားမွာေတာ့ အခုလို စစ္တမ္းေကာက္ယူဖို႔ အခက္အခဲရွိေနပါတယ္။ စစ္အာဏာသိမ္းၿပီးေနာက္ပိုင္း ပဋိပကၡေတြေၾကာင့္ ထြက္ေျပးေနရတဲ့ ျပည္တြင္းဒုကၡသည္ ဦးေရေတြလည္း တိုးလာတာမို႔ ဒီလူေတြကို စာရင္းဘယ္လို ေကာက္ခံယူႏိုင္မလဲ ေရေရရာရာမရွိေသးပါဘူး။ ေ႐ြးေကာက္ပြဲကို အခုႏွစ္ ၾသဂုတ္လမွာ က်င္းပဖို႔ စစ္ေကာင္စီက မူလက စီစဥ္ထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode]

မဲစာရင်းလုပ်ဖို့ လူဦးရေစာရင်း စစ်ကောင်စီကောက်ခံ

နိုင်ငံအနှံ့ မတည်မငြိမ်အခြေအနေအတွင်းမှာဘဲ ၂၀၂၃ ရွေးကောက်ပွဲအတွက် လူဦးရေစာရင်း ကောက်ယူမှုတွေ တအိမ်တက်ဆင်း စတင်လုပ်ဆောင်နေပါတယ်။ ရန်ကုန်အပါအဝင် တနိုင်ငံလုံးမှာ အခုလိုမဲစာရင်းအတွက် လူဦးရေစာရင်းကောက်ယူမှုတွေ လုပ်နေတာဖြစ်ပါတယ်။ ဒေသခံအတော်များများကတော့ ဒီလူဦးရေစာရင်းကောက်ခံမှုအပေါ် စိတ်ဝင်စားမှုနည်းသလို ယုံကြည်မှုလည်းနည်းပါတယ်။ ရန်ကုန်က စုံစမ်းမေးမြန်းသတင်းပေးပို့ချက်ကို မစုမြတ်မွန်က တင်ပြပါမယ်။

မဲစာရင်းအတွက် လူဦးရေစာရင်းကောက်ခံမှုကို ဇန်နဝါရီလဆန်းကစပြီး နိုင်ငံတဝန်း လုပ်ဆောင်နေပါတယ်။ ကောက်ယူပုံကတော့ အိမ်မှာ အမှန်တကယ်နေထိုင်တဲ့ လူစာရင်းကို နာမည်မှတ်ပုံတင်နဲ့တကွ စီစစ်ကောက်ယူတာဖြစ်တယ်လို့ ကိုယ်တိုင်ကြုံရတဲ့ ရန်ကုန်မြို့အင်းစိန်မြို့ခံတဦးက ဗွီအိုအေကို ပြောပြပါတယ်။

"အစ်မတို့က နယ်မှာနေတာ ရန်ကုန်မှာအလုပ်နဲ့ အိမ်ငှားနေတာ နယ်မှာသန်းခေါင်စာရင်းရှိတော့ အဲဘက်ကကောက်ရင် မိသားစုကပေးမှာဆိုတာပြောပေမယ့် သူတို့ကမဆိုင်ဘူး ဒီအိမ်မှာ တကယ်နေတဲ့သူပဲ ကောက်တယ်ပြောတယ်။ ကျန်တာတော့မမေးဘူး။ ဘာအတွက်ကောက်လဲလည်း သေချာမပြောပါဘူး။ သူတို့ဘာဘဲလုပ်လုပ်လေ ကျမတို့ကတော့ စိတ်လည်းမဝင်စားသလို သူတို့ရွေးကောက်ပွဲလဲ မယုံဘူး။ မဲပေးဖို့လဲစိတ်ကူးမရှိဘူး။ မတတ်သာလို့သာ ပေးရတာ။ နောက်သူတို့ကောက်တဲ့ စာရင်းလည်း မယုံဘူး။"

မြန်မာနိုင်ငံမှာ နိုင်ငံရေးအပြောင်းအလဲစတင်တဲ့ ၂၀၁၀ နောက်ပိုင်းမှာ အထွေထွေရွေးကောက်ပွဲ ၃ ကြိမ် ပြုလုပ်ခဲ့ပြီးပါပြီ။ သုံးကြိမ်စလုံးမှာ မဲစာရင်းမှားတာတွေ မပြည့်စုံတာတွေ နေရာအတော်များများ ကြုံခဲ့ရပါတယ်။ NLD ပါတီက အပြတ်အသတ်အနိုင်ရတဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာ မဲစာရင်းမှားတာကို ထောက်ပြီး၊ စစ်တပ်က အာဏာသိမ်းယူခဲ့တာပါ။ အခု စစ်ကောင်စီကကျင်းပဖို့ ပြင်နေတဲ့ ရွေးကောက်ပွဲကိုရော အခုမဲစာရင်းကောက်ခံမှုကိုပါ စိတ်ဝင်စားမှုနည်းကြတယ်လို့ ရန်ကုန်လှိုင်သာယာမြို့နယ်က ဒေသခံတဦးက ပြောပါတယ်။

"ထွက်လာတဲ့စာရင်းကျမှပဲ မှန်တယ်မှားတယ်ပြောလို့ရမှာ။ သိပ်ပြီးတော့ပတ်ဝန်းကျင် မေးကြည့်တာတော့ သူတို့ကတော့ မဲသွားမထည့်ကြမှာ များတယ်။ အဲစာရင်းမှန်နိုင်မလားဆိုတော့ ပထမတော့ ၁၂လပိုင်းလောက်က သန်းခေါင်စာရင်းတွေအိမ်တိုင်းလိုလိုတောင်းတယ်။ ခုကျတော့နယ်မြေ ကွင်းဆင်းပြီးတော့ သန်းခေါင်စာရင်းမှာပါတဲ့ လူဘယ်နှစ်ယောက်ရှိလဲ အဲလိုပေါ့ nearly (အနီးစပ်ဆုံး) တော့မှန်နိုင်မယ် ထင်တာဘဲ။ ဘယ်လိုခေါ်မလဲဆိုတော့ မယုံတာတော့မယုံရဘူးပေါ့လေ ဒါပေမယ့် မှန်လားဆိုတော့ စာရင်းထွက်လာမှမဲပေးတဲ့သူတွေစာရင်းထွက်လာမှဘဲ ပိုပြီး ကျိန်းသေပြောလို့ရမှာပေါ့"

အခု လူဦးရေစာရင်းကောက်ယူမှုကို စစ်ကောင်စီအဖွဲ့ ရုံးစိုက်ရာ နေပြည်တော်ကောင်စီနယ်မြေ၊ ရန်ကုန်တိုင်း၊ မန္တလေးတိုင်းနဲ့ ရခိုင်ပြည်နယ်က မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာတွေမှာ အရင်ဆုံး စတင်ပြီး၊ တနိုင်ငံလုံးမှာ ဇန်နဝါရီ ၉ ရက်ကနေ ၃၁ ရက်နေ့အထိ ကောက်ယူသွားမယ်လို့ အမည်မဖော်လိုတဲ့ လဝက အရာရှိတဦးက ဗွီအိုအေကိုအတည်ပြုပါတယ်။ အခုကောက်ယူတဲ့ လူဦးရေစာရင်းဟာ ပြီးခဲ့တဲ့နှစ်တုန်းက စစ်ကောင်စီရဲ့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက လူဝင်မှုကြီးကြပ်ရေးဌာနကို ပေးပို့ခဲ့တဲ့ အိမ်ထောင်စုစာရင်းကို အခြေခံပြီး၊ မြေပြင်အချက်အလက်နဲ့ စိစစ်လုပ်ဆောင်တာဖြစ်တယ်လို့ အဲဒီလဝက အရာရှိကပြောပါတယ်။ ၂၀၂၀ ရွေးကောက်ပွဲ မဲစာရင်းမှာ အမှားများစွာရှိခဲ့တဲ့အတွက် အခုလို မြေပြင်ကွင်းဆင်းကောက်ယူတဲ့စနစ်ကို လုပ်ဆောင်တာဖြစ်တယ်လို့ ရွေးကောက်ပွဲကော်မရှင်ဘက်ကလည်း ပြောဆိုထားပါတယ်။ ခေတ်အဆက်ဆက် မမှန်ခဲ့တဲ့ လူဦးရေစာရင်းကို အတင်းကောက်ယူလည်း မြန်မာပြည်ရဲ့ လက်ရှိအနေအထားအရ စာရင်းမှန်ရဖို့ ခက်မယ်လို့ စောင့်ကြည့်လေ့လာသူတဦးက ပြောပါတယ်။

"လူဦးရေစာရင်းဖြစ်ဖြစ်ဘာစာရင်းဖြစ်ဖြစ် ကျနော်တို့မြန်မာပြည်မှာ မည်ကာမတ္တပဲ။ သုံးစားလို့ကို မရဘူး။ မဲမသာမာမှုဖြစ်တယ် မဲစာရင်းတွေထပ်တယ် အပြစ်တွေပြောကြတာပေါ့နော်။ ဘယ်အစိုးရတက်တက် ဘယ်သူဖြစ်ဖြစ် မပြုပြင် မပြောင်းလဲသရွှေ့ ကိန်းဂဏန်းတွေကမှားနေမှာဘဲ။ နိုင်ငံသားတ ယောက်အနေနဲ့ပြောရင် တိုင်းပြည်အေးချမ်းတည်ငြိမ်မှ ရွေးကောက်ပွဲအောင်မြင်အောင်လုပ်လို့ရမှာကိုး ကျနော်တို့က ရွေးကောက်ပွဲတွေလည်းဖြတ်ခဲ့ပြီးပြီ။ ပွင့်ပွင့်လင်းလင်းပြောရင်မျှတဖို့မဖြစ်နိုင်ဘူး။ ဘယ်လိုမှမဖြစ်နိုင်ဘူး လာမယ့်သူတို့မောင်းတင်ထားတဲ့ရွေးကောက်ပွဲသူတို့ကြေငြာထားတဲ့ ရွေးကောက်ပွဲက အင်မတန် perfect (ပြီးပြည့်စုံ) ဖြစ်ရပါမယ်။ မဲစာရင်းမှန်ရမယ်ပြောတယ် ဖြစ်နိုင်ဖို့အားမရှိပါဘူး။ အဲဒါအပေါ် အားမထားပါဘူး။"

အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ တော်လှန်ရေးအင်အားစုတွေကတော့ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို ဆန့်ကျင်ဖို့ ပန်ကြားချက်တွေ ထုတ်ပြီး တိုက်တွန်းထားပါတယ်။ ပြည်သူတွေအနေနဲ့ စစ်ကောင်စီရဲ့ လူဦးရေစာရင်းကောက်ယူမှုနဲ့ ရွေးကောက်ပွဲ လုပ်ငန်းစဉ်တွေမှာ ပူးပေါင်း ဆောင်ရွက်ခြင်း မပြုဖို့တိုက်တွန်းကြတာပါ။ ရန်ကုန် မန္တလေးမြို့ပြလိုနေရာတွေမှာ အခုလို လူဦးရေစစ်တမ်းကောက်ခံမှုတွေက လွယ်ကူနိုင်ပေမယ့်၊ ပဋိပက္ခတွေရှိနေတဲ့ စစ်ကိုင်း၊ မကွေးနဲ့ တိုင်းရင်းသားဒေသအတော်များများမှာတော့ အခုလို စစ်တမ်းကောက်ယူဖို့ အခက်အခဲရှိနေပါတယ်။ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပဋိပက္ခတွေကြောင့် ထွက်ပြေးနေရတဲ့ ပြည်တွင်းဒုက္ခသည် ဦးရေတွေလည်း တိုးလာတာမို့ ဒီလူတွေကို စာရင်းဘယ်လို ကောက်ခံယူနိုင်မလဲ ရေရေရာရာမရှိသေးပါဘူး။ ရွေးကောက်ပွဲကို အခုနှစ် သြဂုတ်လမှာ ကျင်းပဖို့ စစ်ကောင်စီက မူလက စီစဉ်ထားပါတယ်။

XS
SM
MD
LG