သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ဗဟိုဘဏ္ ေဒၚလာသန္း ၂၀၀ ေထာက္ပံ့မယ္႔ ကိစၥ ေစ်းကြက္ အေပၚ႐ိုက္ခတ္မႈ 


(Zawgyi / Unicode)

ျမန္မာႏိုင္ငံမွာ ေဒၚလာေဈးနဲ႔ ကုန္ေဈးႏႈန္း စံခ်ိန္တင္ တက္လာခ်ိန္မွာ ဗဟိုဘဏ္က ေဒၚလာသန္း ရာခ်ီ ေထာက္ပံ႔ေပးမယ့္ သတင္း ထြက္လာၿပီး ေဒၚလာေဈးနဲ႔ ေ႐ႊေဈး ခ်က္ခ်င္း ျပန္က်စ ျပဳလာပါတယ္။

စက္သုံးဆီေစ်းႏႈန္း ႀကီးျမင့္မႈေၾကာင့္ ကုန္ေစ်းႏႈန္း ႀကီးျမင့္မႈဒဏ္ကို သက္သာရာရေစဖို႔ ႏိုင္ငံျခားေငြေၾကးေစ်းကြက္ကတဆင့္ အေမရိကန္ေဒၚလာ သန္း ၂၀၀ ေက်ာ္ ေထာက္ပံ့ေပးမယ့္အေၾကာင္း ျမန္မာႏိုင္ငံ ဗဟိုဘဏ္က ၾသဂုတ္လ ၃၁ ရက္ေန႔က ေၾကညာခဲ့တာေၾကာင့္ ဒါဟာ စစ္ေကာင္စီနဲ႔ နီးစပ္သူ လုပ္ငန္းရွင္ေတြနဲ႔ ႐ုရွားဆီက ေလာင္စာဆီ တင္သြင္းေရးအတြက္သာ ျဖစ္ေလမလားလို႔လည္း တခ်ိဳ႕က သံသယ ရွိေနၿပီး ေနာက္ဆက္တဲြ ေဒၚလာေစ်း မတည္မၿငိမ္ ဆက္ ျဖစ္လာမွာကို စိုးရိမ္ေနၾကပါတယ္။

ေဒၚလာေစ်းႏႈန္း ေရႊေစ်းႏႈန္းနဲ႔ ေစ်းကြက္ တခုလုံး ပါ ျပန္ တည္ၿငိမ္လာေစေရး လက္ေတြ႕ ဘယ္လို လုပ္ေဆာင္သင့္ပါလဲ။ လုပ္ငန္းရွင္ေတြကို ေမးျမန္းထားတဲ့ ကိုဝင္းမင္းက တင္ျပထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

(Unicode)

ဗဟိုဘဏ် ဒေါ်လာသန်း ၂၀၀ ထောက်ပံ့မယ့် ကိစ္စ ဈေးကွက် အပေါ်ရိုက်ခတ်မှု

မြန်မာနိုင်ငံမှာ ဒေါ်လာဈေးနဲ့ ကုန်ဈေးနှုန်း စံချိန်တင် တက်လာချိန်မှာ ဗဟိုဘဏ်က ဒေါ်လာသန်း ရာချီ ထောက်ပံ့ပေးမယ့် သတင်း ထွက်လာပြီး ဒေါ်လာဈေးနဲ့ ရွှေဈေး ချက်ချင်း ပြန်ကျစ ပြုလာပါတယ်။

စက်သုံးဆီဈေးနှုန်း ကြီးမြင့်မှုကြောင့် ကုန်ဈေးနှုန်း ကြီးမြင့်မှုဒဏ်ကို သက်သာရာရစေဖို့ နိုင်ငံခြားငွေကြေးဈေးကွက်ကတဆင့် အမေရိကန်ဒေါ်လာ သန်း ၂၀၀ ကျော် ထောက်ပံ့ပေးမယ့်အကြောင်း မြန်မာနိုင်ငံ ဗဟိုဘဏ်က သြဂုတ်လ ၃၁ ရက်နေ့က ကြေညာခဲ့တာကြောင့် ဒါဟာ စစ်ကောင်စီနဲ့ နီးစပ်သူ လုပ်ငန်းရှင်တွေနဲ့ ရုရှားဆီက လောင်စာဆီ တင်သွင်းရေးအတွက်သာ ဖြစ်လေမလားလို့လည်း တချို့က သံသယ ရှိနေပြီး နောက်ဆက်တွဲ ဒေါ်လာဈေး မတည်မငြိမ် ဆက် ဖြစ်လာမှာကို စိုးရိမ်နေကြပါတယ်။

ဒေါ်လာဈေးနှုန်း ရွှေဈေးနှုန်းနဲ့ ဈေးကွက် တခုလုံး ပါ ပြန် တည်ငြိမ်လာစေရေး လက်တွေ့ ဘယ်လို လုပ်ဆောင်သင့်ပါလဲ။ လုပ်ငန်းရှင်တွေကို မေးမြန်းထားတဲ့ ကိုဝင်းမင်းက တင်ပြထားပါတယ်။

XS
SM
MD
LG