သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

စက္သုံးဆီ လုံေလာက္ေရး ႏိုင္ငံျခားသုံးေငြ ရရွိမႈ အေပၚ မူတည္


(Zawgyi / Unicode)
ပုဂၢလိက သြင္းကုန္ လုပ္ငန္းရွင္ေတြရဲ႕ ျပည္ပက မွာယူ တင္သြင္းမႈကို အဓိက မွီခိုေနရတဲ့ ျမန္မာ့ စက္သုံး ေလာင္စာဆီ ေဈးကြက္မွာ ၂ ရက္ၾကာ ဆီျပတ္လပ္မႈ ျဖစ္ခဲ့တဲ့ အေၾကာင္းရင္းက ေငြေပး မေခ်ႏိုင္ခဲ့တာေၾကာင့္ ျဖစ္ပါတယ္။ ျပည္တြင္း ေလာင္စာဆီ လုံေလာက္ေရးက ႏိုင္ငံျခားေငြ ရရွိေရး အေပၚမွာ မူတည္ၿပီး ကမာၻ႔ ေဈးကြက္မွာ ေဈးအတက္ ျဖစ္ေနတာေၾကာင့္ ေဈးကေတာ့ က်မယ့္ အေျခအေန မရွိဘူးလို႔လည္း သုံးသပ္ၾကပါတယ္။ ဒီသီတင္းပတ္ စီးပြားေရး အစီအစဥ္မွာ မသိဂၤ ီထိုက္ တင္ျပေပးပါမယ္။
ပို႔ကုန္ ရေငြ ႏိုင္ငံျခားေငြေၾကး အားလုံးကို ခ်က္ခ်င္း ျမန္မာ က်ပ္ေငြ ေျပာင္းလဲဖို႔ ဗဟိုဘဏ္က ဧၿပီလ ၄ ရက္ေန႔က ၫႊန္ၾကားခဲ့ေပမယ့္ သြင္းကုန္သမားေတြကို ႏိုင္ငံျခားေငြေၾကး ေရာင္းခ်မယ့္ လုပ္ထုံးလုပ္နည္းေတြ မရွိခဲ့တာေၾကာင့္ သြင္းကုန္သမားေတြ စက္သုံးဆီဖိုးေငြ မေခ်ႏိုင္ျဖစ္ၿပီး ႏိုင္ငံတဝန္းမွာ ဧၿပီလ ၁၉ နဲ႔ ၂၀ ရက္တို႔မွာ စက္သုံးဆီ ျပတ္လပ္မႈနဲ႔ ၂ ရက္တာ ႀကဳံခဲ့ရပါတယ္။ ဆိပ္ကမ္းကပ္လာတဲ့ ဆီသေဘာေတၤြကို ေငြေခ်ၿပီးမွ ဆီခ်ခြင့္ရတဲ့ အေျခအေနမွာ သီတင္း ၂ ပတ္ၾကာ ေငြေခ်ဖို႔ အခက္အခဲ ျဖစ္ခဲ့ၿပီး ေဈးကြက္ထဲကို စက္သုံးဆီ ထပ္မျဖည့္ႏိုင္တဲ့ အေျခအေနမွာ ႏိုင္ငံတဝန္းမွာလည္း စိုးရိမ္စိတ္နဲ႔ အလုအယက္ ဝယ္ယူခဲ့ၾကတာပါ။

ဧၿပီလ ၂၀ ရက္ေန႔မွာ စက္သုံးဆီ ၅ ေသာင္းဖိုးေလာက္ ရဖို႔ ဆိုင္ေတြ လွည့္ပတ္ ရွာခဲ့ရတဲ့ အငွားယာဥ္ေမာင္းတဦး က သူ႔အေတြ႕အႀကဳံကို ဗြီအိုေအကို ေျပာျပပါတယ္။

"က်ေနာ္ကိုယ္တိုင္ တညင္းကုန္းအေက်ာ္က ဂတ္စ္ဆိုင္ေရွ႕ကဆိုင္မွာ သြားထည့္ တယ္။ မယုံလို႔ဆိုၿပီးေတာ့ က်ေနာ္တို႔သြားထည့္တယ္။ ထည့္တဲ့အခ်ိန္မွာ 92 နဲ႔ 95 ဆိုရင္ မရပါဘူးဆိုၿပီး ကုန္သြားပါၿပီ၊ ဒီအတိုင္းေျပာလိုက္တယ္။ ၁၂ နာရီ ၁၅ မိနစ္ကပါ။ ကားနည္းတဲ့ဆိုင္မွန္သမွ် က်ေနာ္တို႔ ဝင္ထိုးရတယ္။ က်ေနာ္တို႔ကားေတြက် အခက္အခဲရွိတာေပါ့။"

ဆီေဈးကလည္း တက္သြားပါတယ္။ ဧၿပီလ ၂၀ ရက္ေန႔ စက္သုံးဆီ ေဈးႏႈန္းနဲ႔ ဝယ္လိုအားကို မႏၲေလးက စက္သုံးဆီ လုပ္ငန္းရွင္ တဦးက ဗြီအိုေအကို ေျပာျပခဲ့တာပါ။

"လက္ကားေဈးက ပိုေျမာက္သြားတယ္ ၅၈၀,၀၀၀၊ ၆၀၀,၀၀၀ ပတ္ခ်ာလည္ကို ႀကိဳက္ေရာင္းႀကိဳက္ဝယ္ေတြ ေရာက္သြားတယ္။ သၾကၤန္မတိုင္ခင္က ဆီတပီပါကို ၄၂၀,၀၀၀ ေလာက္ပဲရွိတာ။ ေအာက္တိန္းဆိုရင္ ၅၁၀,၀၀၀ ေလာက္ကို ေရာက္ သြားတယ္။ ေတာ္ေတာ္ကြာသြားတယ္။ ဒီေန႔ တခ်ိဳ႕ဆိုင္ႀကီးေတြက ပိတ္သြားတယ္၊ ဒါေပမဲ့ က်ေနာ္တို႔ကေတာ့ မပိတ္ဘူး။ ဆီျပတ္တဲ့အထိ ေရာင္းလိုက္တယ္။"


ဧၿပီလ ၂၃ ရက္ေန႔မွာ ျမန္မာႏိုင္ငံ အလယ္ပိုင္းက ကုန္စည္ သယ္ယူပို႔ေဆာင္ေရး လုပ္ငန္းရွင္ တဦးကို ဗြီအိုေအက ဆက္သြယ္ေမးျမန္းတာမွာေတာ့ စက္သုံးဆီ ေဈးႀကီးသြားေပမယ့္ စိတ္ႀကိဳက္ ထည့္လို႔ ရၿပီလို႔ ေျပာပါတယ္။


“ ဆီက အမ မေန႔ကေန စလို႔ ပုံမွန္ ျပန္ျဖစ္ပါတယ္။ ေဈးကေတာ့ နည္းနည္း ျပန္တက္သြားတယ္။ ”

“ ေဈးအေျပာင္းအလဲက က်ေနာ္တို႔ ဟိုတေန႔ကေပါ့ေနာ္ ဝယ္ေတာ့ 95 ေပါ့ေနာ္ 95 ကို ဆီေတြ Jam ျဖစ္တဲ့ ေန႔က မနက္ပိုင္းမွာ ၂၁၀၅ က်ပ္၊ ညေနက်ေတာ့ ၂၁၁၀ က်ပ္၊ ဒီေန႔ ထည့္ခဲ့တာလည္း ၂၁၁၀ ဘဲ ျဖစ္မယ္ ထင္တယ္။ အဲဒါေတာ့ စိတ္ႀကိဳက္ထည့္လို႔ ရတယ္။ ”

“ ကားေတြကေတာ့ အရင္ပုံစံ အတိုင္းဘဲ တအားႀကီး မသြားဘူး။ နဂိုက တရက္ကို ၁၀ စီး ထြက္တယ္ဆိုရင္ အခုဟာေတာ့ ၄ စီး၊ ၅ စီးေပါ့။ မျဖစ္မေန သြားရတဲ့ဟာေတြေပါ့။ ”


ျမန္မာႏိုင္ငံရဲ႕ စက္သုံးဆီက ပုဂၢလိ လုပ္ငန္းရွင္ေတြရဲ႕ ျပည္ပက တင္သြင္းမႈကို အဓိက မွီခိုေနရတာ ျဖစ္ၿပီး လက္ရွိ ႏိုင္ငံျခား ေငြေၾကး မူဝါဒ အရ သြင္းကုန္လုပ္ငန္းရွင္ေတြ ႏိုင္ငံျခား ေငြ ဝယ္ယူ ရရွိမႈ အေပၚမွာ အဓိက မူတည္ေနပါတယ္။ စစ္ေကာင္စီရဲ႕ ရင္းႏွီးျမဳပ္ႏွံမူနဲ႔ ႏိုင္ငံျခား စီပြားဆက္သြယ္ေရး ဝန္ႀကီး ဦးေအာင္ႏိုင္ဦးကေတာ့ သြင္းကုန္ လုပ္ငန္းရွင္ေတြ ႏိုင္ငံျခားသုံး ေငြေၾကး ရရွိေရး ေဆာင္႐ြက္မယ့္ အေၾကာင္း ဗြီအိုေအကို ေျပာပါတယ္။


“ ႏိုင္ငံျခားသုံးေငြ ႀကီးၾကပ္မႈ ေကာ္မတီက ျပည္တြင္း လုပ္ငန္းရွင္ေတြ ႏိုင္ငံျခားေငြ လိုအပ္မႈ ရွိလာရင္လည္း ေလွ်ာက္ထားလို႔ ရတယ္။ က်ေနာ္တို႔ ဒီသတ္မွတ္တဲ့ႏႈန္းနဲ႔ဘဲ ဒီ ႏိုင္ငံသား လုပ္ငန္းရွင္ေတြကို ႏိုင္ငံျခားသုံးေငြ ရေအာင္ က်ေနာ္တို႔က လုပ္ေပးမွာဘဲ။ ”


ႏိုင္ငံတြင္း အဓိက က်တဲ့ စက္သုံးဆီနဲ႔ ဓာတ္ေျမၾသဇာလို ပစၥည္းေတြ တင္သြင္းမယ့္ သူေတြကိုေတာ့ ဦးစားေပး အျဖစ္နဲ႔ ႏိုင္ငံျခားေငြ ေရာင္းခ်ေပးေနေၾကာင္း ျပည္တြင္းက ပို႔ကုန္ သြင္းကုန္ လုပ္ငန္းရွင္ အသိုင္းအဝိုင္းက ေျပာပါတယ္။ ဒါေပမဲ့လည္း သြင္းကုန္ လုပ္ငန္းရွင္တိုင္းေတာ့ ႏိုင္ငံျခားေငြ ရဖို႔ ခက္ခဲမယ့္ အေနအထားမွာ ရွိပါတယ္။ စစ္ေကာင္စီရဲ႕ ရင္းႏွီးျမဳပ္ႏွံမူနဲ႔ ႏိုင္ငံျခား စီပြားဆက္သြယ္ေရး ဝန္ႀကီး ဦးေအာင္ႏိုင္ဦးက ဗြီအိုေအကို အခုလို ေျပာပါတယ္။
သြင္းကုန္ေတြနဲ႔ ပတ္သက္လာရင္ က်ေနာ္တို႔ ဦးစားေပးတာေပါ့ေနာ္ က်ေနာ္တို႔ တိုင္းျပည္မွာ မျဖစ္မေန လိုအပ္တဲ့ Essential ေတြကို က်ေနာ္တို႔က ဦးစားေပးမယ္။ တကယ့္ Luxury လို ဟာမ်ိဳးေတြေပါ့ တိုင္းျပည္ အတြက္ မရွိလည္း ျဖစ္တဲ့ ဟာမ်ိဳးေတြ က်ေတာ့ က်ေနာ္တို႔ ဦးစား မေပးဘူးေပါ့။ အဲဒါကိုေတာ့ က်ေနာ္တို႔က Category ေတြ ခြဲထားပါတယ္။ အဓိက ကေတာ့ ဒါ စီးပြားေရးနဲ႔ ကူးသန္းေရာင္းဝယ္ေရး ဝန္ႀကီးဌာနက သြင္းကုန္ေတြ အေပၚမွာ အေျခခံ ၿပီးေတာ့ ခြဲေပးတာပါ။

လက္ရွိမွာေတာ့ ပိုကုန္ ဝင္ေငြကို ဗဟိုဘဏ္ သတ္မွတ္ေဈးႏႈန္း အေမရိကန္ တေဒၚလာကို ၁၈၅၀ က်ပ္ နဲ႔ ေရာင္းရၿပီး သြင္းကုန္လုပ္ငန္းရွင္ေတြကေတာ့ အေမရိကန္ တေဒၚလာကို ၁၈၅၃ က်ပ္နဲ႔ ျပန္ဝယ္ရပါတယ္။ ႏိုင္ငံျခား ေငြလဲႏႈန္းကို စစ္ေကာင္စီက နည္းမ်ိဳးစုံသုံး ထိန္းခ်ဳပ္ဖို႔ ႀကိဳးစားေပမယ့္လည္း စက္သုံးဆီ အပါအဝင္ သြင္းကုန္ေတြမွာေတာ့ ေဈးႏႈန္း ႀကီးျမင့္လာႏိုင္တယ္လို႔လည္း ျပည္တြင္း လုပ္ငန္းရွင္ေတြက ခန႔္မွန္းၾကပါတယ္။
ေရနံနဲ႔ သဘာ၀ ဓာတ္ေငြ႕ အဓိက တင္ပို႔တဲ့ ႐ုရွားရဲ႕ ယူကရိန္း က်ဴးေက်ာ္စစ္ေၾကာင့္ ကမာၻတလႊားမွာလည္း စြမ္းအင္နဲ႔ စားနပ္ရိကၡာ ေဈးေတြ တက္လာၿပီး ဝင္ေငြနည္း မိသားစုေတြ ဒဏ္ခံရမယ္လို႔ ႏိုင္ငံတကာ ေငြေၾကးရန္ပုံေငြ အဖြဲ႕ IMF ကလည္း ၿပီးခဲ့တဲ့ သီတင္းပတ္ အတြင္းမွာ သတိေပးပါတယ္။ အခု ႏွစ္ အတြင္း ကမာၻတလႊား ဖြံ႕ၿဖိဳးမႈ ခန႔္မွန္းခ်က္ေတြကိုလည္း ေလွ်ာ့ခ်လိုက္ပါတယ္။ ႏိုင္ငံတကာ ေငြေၾကးရန္ပုံေငြ အဖြဲ႕ IMF ရဲ႕ စီးပြားေရးပညာရွင္မ်ား အႀကီးအကဲ Pierre-Olivier Gourinchas က သတင္းစာ ရွင္းလင္းပြဲမွာ အခုလို ေျပာပါတယ္။

႐ုရွားဟာ ေရနံနဲ႔ သဘာ၀ ဓာတ္ေငြ႕၊ သတၱဳ အဓိက တင္ပို႔သူ ျဖစ္သလို ယူကရိန္းနဲ႔ အတူ ဂ်ဳံနဲ႔ ေျပာင္း အဓိက တင္ပို႔သူလည္း ျဖစ္ပါတယ္။ ဒီ ကုန္စည္ေတြ တင္ပို႔မႈ ေလ်ာ့က်သြားတာေၾကာင့္ ဒီကုန္စည္ေတြရဲ႕ ေဈးေတြလည္း ထိုးတက္သြားပါတယ္။ ဥေရာပ၊ အေရွ႕ဥေရာပနဲ႔ ဗဟိုအာရွ၊ အေရွ႕အလယ္ပိုင္း၊ ေျမာက္အာဖရိကနဲ႔ ဆာဟာရ သဲကႏၲာရ ေတာင္ပိုင္း အာဖရိက ေဒသေတြက ကုန္စည္ တင္သြင္းသူေတြအေပၚ အမ်ားဆုံး ထိခိုက္ သက္ေရာက္ေစပါတယ္။ ဒါေပမယ့္ စားနပ္ရိကၡာနဲ႔ စက္သုံးဆီ ေဈးႏႈန္းေတြ ႀကီးျမင့္လာမႈဟာ ကမာၻတလႊားက ဝင္ေငြနည္းတဲ့ အိမ္ေထာင္စုေတြကို ထိခိုက္ ေစမွာပါ။ ဒီထဲမွာ အေမရိက တိုက္ႏိုင္ငံမ်ားနဲ႔ အာရွေဒသလည္း ပါဝင္ပါတယ္။ ႐ုရွားနဲ႔ တိုက္႐ိုက္ ကုန္သြယ္မႈနဲ႔ ေငြေၾကးလႊဲေျပာင္းမႈ အခ်ိတ္အဆက္ေတြ အမ်ားအျပား ရွိတဲ့ အေရွ႕ဥေရာပနဲ႔ ဗဟိုအာရွ ေဒသေတြမွာ အခက္အခဲနဲ႔ ႀကဳံေတြ႕မယ္လို႔ ခန႔္မွန္းရပါတယ္။
စြမ္းအင္နဲ႔ ရိကၡာ ကုန္ေဈးႏႈန္း ႀကီးျမင့္လာမႈကေန အက်ိဳးအျမတ္ရေနတဲ့ ကုန္စည္ တင္ပို႔သူမ်ားကလြဲလို႔ က်န္တဲ့ က႑ အားလုံးအတြက္ ကာလလတ္ ဖြံ႕ၿဖိဳးမႈ ခန႔္မွန္းခ်က္ကိုလည္း IMF က ျပန္လည္ ေလွ်ာ့ခ်ထားပါတယ္။

(Unicode)

စက်သုံးဆီ လုံလောက်ရေး နိုင်ငံခြားသုံးငွေ ရရှိမှု အပေါ် မူတည်


ပုဂ္ဂလိက သွင်းကုန် လုပ်ငန်းရှင်တွေရဲ့ ပြည်ပက မှာယူ တင်သွင်းမှုကို အဓိက မှီခိုနေရတဲ့ မြန်မာ့ စက်သုံး လောင်စာဆီ ဈေးကွက်မှာ ၂ ရက်ကြာ ဆီပြတ်လပ်မှု ဖြစ်ခဲ့တဲ့ အကြောင်းရင်းက ငွေပေး မချေနိုင်ခဲ့တာကြောင့် ဖြစ်ပါတယ်။ ပြည်တွင်း လောင်စာဆီ လုံလောက်ရေးက နိုင်ငံခြားငွေ ရရှိရေး အပေါ်မှာ မူတည်ပြီး ကမ္ဘာ့ ဈေးကွက်မှာ ဈေးအတက် ဖြစ်နေတာကြောင့် ဈေးကတော့ ကျမယ့် အခြေအနေ မရှိဘူးလို့လည်း သုံးသပ်ကြပါတယ်။ ဒီသီတင်းပတ် စီးပွားရေး အစီအစဉ်မှာ မသိင်္ဂ ီထိုက် တင်ပြပေးပါမယ်။

ပို့ကုန် ရငွေ နိုင်ငံခြားငွေကြေး အားလုံးကို ချက်ချင်း မြန်မာ ကျပ်ငွေ ပြောင်းလဲဖို့ ဗဟိုဘဏ်က ဧပြီလ ၄ ရက်နေ့က ညွှန်ကြားခဲ့ပေမယ့် သွင်းကုန်သမားတွေကို နိုင်ငံခြားငွေကြေး ရောင်းချမယ့် လုပ်ထုံးလုပ်နည်းတွေ မရှိခဲ့တာကြောင့် သွင်းကုန်သမားတွေ စက်သုံးဆီဖိုးငွေ မချေနိုင်ဖြစ်ပြီး နိုင်ငံတဝန်းမှာ ဧပြီလ ၁၉ နဲ့ ၂၀ ရက်တို့မှာ စက်သုံးဆီ ပြတ်လပ်မှုနဲ့ ၂ ရက်တာ ကြုံခဲ့ရပါတယ်။ ဆိပ်ကမ်းကပ်လာတဲ့ ဆီသဘောၤတွေကို ငွေချေပြီးမှ ဆီချခွင့်ရတဲ့ အခြေအနေမှာ သီတင်း ၂ ပတ်ကြာ ငွေချေဖို့ အခက်အခဲ ဖြစ်ခဲ့ပြီး ဈေးကွက်ထဲကို စက်သုံးဆီ ထပ်မဖြည့်နိုင်တဲ့ အခြေအနေမှာ နိုင်ငံတဝန်းမှာလည်း စိုးရိမ်စိတ်နဲ့ အလုအယက် ဝယ်ယူခဲ့ကြတာပါ။

ဧပြီလ ၂၀ ရက်နေ့မှာ စက်သုံးဆီ ၅ သောင်းဖိုးလောက် ရဖို့ ဆိုင်တွေ လှည့်ပတ် ရှာခဲ့ရတဲ့ အငှားယာဉ်မောင်းတဦး က သူ့အတွေ့အကြုံကို ဗွီအိုအေကို ပြောပြပါတယ်။

"ကျနော်ကိုယ်တိုင် တညင်းကုန်းအကျော်က ဂတ်စ်ဆိုင်ရှေ့ကဆိုင်မှာ သွားထည့် တယ်။ မယုံလို့ဆိုပြီးတော့ ကျနော်တို့သွားထည့်တယ်။ ထည့်တဲ့အချိန်မှာ 92 နဲ့ 95 ဆိုရင် မရပါဘူးဆိုပြီး ကုန်သွားပါပြီ၊ ဒီအတိုင်းပြောလိုက်တယ်။ ၁၂ နာရီ ၁၅ မိနစ်ကပါ။ ကားနည်းတဲ့ဆိုင်မှန်သမျှ ကျနော်တို့ ဝင်ထိုးရတယ်။ ကျနော်တို့ကားတွေကျ အခက်အခဲရှိတာပေါ့။"

ဆီဈေးကလည်း တက်သွားပါတယ်။ ဧပြီလ ၂၀ ရက်နေ့ စက်သုံးဆီ ဈေးနှုန်းနဲ့ ဝယ်လိုအားကို မန္တလေးက စက်သုံးဆီ လုပ်ငန်းရှင် တဦးက ဗွီအိုအေကို ပြောပြခဲ့တာပါ။

"လက်ကားဈေးက ပိုမြောက်သွားတယ် ၅၈၀,၀၀၀၊ ၆၀၀,၀၀၀ ပတ်ချာလည်ကို ကြိုက်ရောင်းကြိုက်ဝယ်တွေ ရောက်သွားတယ်။ သင်္ကြန်မတိုင်ခင်က ဆီတပီပါကို ၄၂၀,၀၀၀ လောက်ပဲရှိတာ။ အောက်တိန်းဆိုရင် ၅၁၀,၀၀၀ လောက်ကို ရောက် သွားတယ်။ တော်တော်ကွာသွားတယ်။ ဒီနေ့ တချို့ဆိုင်ကြီးတွေက ပိတ်သွားတယ်၊ ဒါပေမဲ့ ကျနော်တို့ကတော့ မပိတ်ဘူး။ ဆီပြတ်တဲ့အထိ ရောင်းလိုက်တယ်။"

ဧပြီလ ၂၃ ရက်နေ့မှာ မြန်မာနိုင်ငံ အလယ်ပိုင်းက ကုန်စည် သယ်ယူပို့ဆောင်ရေး လုပ်ငန်းရှင် တဦးကို ဗွီအိုအေက ဆက်သွယ်မေးမြန်းတာမှာတော့ စက်သုံးဆီ ဈေးကြီးသွားပေမယ့် စိတ်ကြိုက် ထည့်လို့ ရပြီလို့ ပြောပါတယ်။

“ ဆီက အမ မနေ့ကနေ စလို့ ပုံမှန် ပြန်ဖြစ်ပါတယ်။ ဈေးကတော့ နည်းနည်း ပြန်တက်သွားတယ်။ ”

“ ဈေးအပြောင်းအလဲက ကျနော်တို့ ဟိုတနေ့ကပေါ့နော် ဝယ်တော့ 95 ပေါ့နော် 95 ကို ဆီတွေ Jam ဖြစ်တဲ့ နေ့က မနက်ပိုင်းမှာ ၂၁၀၅ ကျပ်၊ ညနေကျတော့ ၂၁၁၀ ကျပ်၊ ဒီနေ့ ထည့်ခဲ့တာလည်း ၂၁၁၀ ဘဲ ဖြစ်မယ် ထင်တယ်။ အဲဒါတော့ စိတ်ကြိုက်ထည့်လို့ ရတယ်။ ”

“ ကားတွေကတော့ အရင်ပုံစံ အတိုင်းဘဲ တအားကြီး မသွားဘူး။ နဂိုက တရက်ကို ၁၀ စီး ထွက်တယ်ဆိုရင် အခုဟာတော့ ၄ စီး၊ ၅ စီးပေါ့။ မဖြစ်မနေ သွားရတဲ့ဟာတွေပေါ့။ ”

မြန်မာနိုင်ငံရဲ့ စက်သုံးဆီက ပုဂ္ဂလိ လုပ်ငန်းရှင်တွေရဲ့ ပြည်ပက တင်သွင်းမှုကို အဓိက မှီခိုနေရတာ ဖြစ်ပြီး လက်ရှိ နိုင်ငံခြား ငွေကြေး မူဝါဒ အရ သွင်းကုန်လုပ်ငန်းရှင်တွေ နိုင်ငံခြား ငွေ ဝယ်ယူ ရရှိမှု အပေါ်မှာ အဓိက မူတည်နေပါတယ်။ စစ်ကောင်စီရဲ့ ရင်းနှီးမြုပ်နှံမူနဲ့ နိုင်ငံခြား စီပွားဆက်သွယ်ရေး ဝန်ကြီး ဦးအောင်နိုင်ဦးကတော့ သွင်းကုန် လုပ်ငန်းရှင်တွေ နိုင်ငံခြားသုံး ငွေကြေး ရရှိရေး ဆောင်ရွက်မယ့် အကြောင်း ဗွီအိုအေကို ပြောပါတယ်။


“ နိုင်ငံခြားသုံးငွေ ကြီးကြပ်မှု ကော်မတီက ပြည်တွင်း လုပ်ငန်းရှင်တွေ နိုင်ငံခြားငွေ လိုအပ်မှု ရှိလာရင်လည်း လျှောက်ထားလို့ ရတယ်။ ကျနော်တို့ ဒီသတ်မှတ်တဲ့နှုန်းနဲ့ဘဲ ဒီ နိုင်ငံသား လုပ်ငန်းရှင်တွေကို နိုင်ငံခြားသုံးငွေ ရအောင် ကျနော်တို့က လုပ်ပေးမှာဘဲ။ ”


နိုင်ငံတွင်း အဓိက ကျတဲ့ စက်သုံးဆီနဲ့ ဓာတ်မြေသြဇာလို ပစ္စည်းတွေ တင်သွင်းမယ့် သူတွေကိုတော့ ဦးစားပေး အဖြစ်နဲ့ နိုင်ငံခြားငွေ ရောင်းချပေးနေကြောင်း ပြည်တွင်းက ပို့ကုန် သွင်းကုန် လုပ်ငန်းရှင် အသိုင်းအဝိုင်းက ပြောပါတယ်။ ဒါပေမဲ့လည်း သွင်းကုန် လုပ်ငန်းရှင်တိုင်းတော့ နိုင်ငံခြားငွေ ရဖို့ ခက်ခဲမယ့် အနေအထားမှာ ရှိပါတယ်။ စစ်ကောင်စီရဲ့ ရင်းနှီးမြုပ်နှံမူနဲ့ နိုင်ငံခြား စီပွားဆက်သွယ်ရေး ဝန်ကြီး ဦးအောင်နိုင်ဦးက ဗွီအိုအေကို အခုလို ပြောပါတယ်။

သွင်းကုန်တွေနဲ့ ပတ်သက်လာရင် ကျနော်တို့ ဦးစားပေးတာပေါ့နော် ကျနော်တို့ တိုင်းပြည်မှာ မဖြစ်မနေ လိုအပ်တဲ့ Essential တွေကို ကျနော်တို့က ဦးစားပေးမယ်။ တကယ့် Luxury လို ဟာမျိုးတွေပေါ့ တိုင်းပြည် အတွက် မရှိလည်း ဖြစ်တဲ့ ဟာမျိုးတွေ ကျတော့ ကျနော်တို့ ဦးစား မပေးဘူးပေါ့။ အဲဒါကိုတော့ ကျနော်တို့က Category တွေ ခွဲထားပါတယ်။ အဓိက ကတော့ ဒါ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက သွင်းကုန်တွေ အပေါ်မှာ အခြေခံ ပြီးတော့ ခွဲပေးတာပါ။

လက်ရှိမှာတော့ ပိုကုန် ဝင်ငွေကို ဗဟိုဘဏ် သတ်မှတ်ဈေးနှုန်း အမေရိကန် တဒေါ်လာကို ၁၈၅၀ ကျပ် နဲ့ ရောင်းရပြီး သွင်းကုန်လုပ်ငန်းရှင်တွေကတော့ အမေရိကန် တဒေါ်လာကို ၁၈၅၃ ကျပ်နဲ့ ပြန်ဝယ်ရပါတယ်။ နိုင်ငံခြား ငွေလဲနှုန်းကို စစ်ကောင်စီက နည်းမျိုးစုံသုံး ထိန်းချုပ်ဖို့ ကြိုးစားပေမယ့်လည်း စက်သုံးဆီ အပါအဝင် သွင်းကုန်တွေမှာတော့ ဈေးနှုန်း ကြီးမြင့်လာနိုင်တယ်လို့လည်း ပြည်တွင်း လုပ်ငန်းရှင်တွေက ခန့်မှန်းကြပါတယ်။

ရေနံနဲ့ သဘာ၀ ဓာတ်ငွေ့ အဓိက တင်ပို့တဲ့ ရုရှားရဲ့ ယူကရိန်း ကျူးကျော်စစ်ကြောင့် ကမ္ဘာတလွှားမှာလည်း စွမ်းအင်နဲ့ စားနပ်ရိက္ခာ ဈေးတွေ တက်လာပြီး ဝင်ငွေနည်း မိသားစုတွေ ဒဏ်ခံရမယ်လို့ နိုင်ငံတကာ ငွေကြေးရန်ပုံငွေ အဖွဲ့ IMF ကလည်း ပြီးခဲ့တဲ့ သီတင်းပတ် အတွင်းမှာ သတိပေးပါတယ်။ အခု နှစ် အတွင်း ကမ္ဘာတလွှား ဖွံ့ဖြိုးမှု ခန့်မှန်းချက်တွေကိုလည်း လျှော့ချလိုက်ပါတယ်။ နိုင်ငံတကာ ငွေကြေးရန်ပုံငွေ အဖွဲ့ IMF ရဲ့ စီးပွားရေးပညာရှင်များ အကြီးအကဲ Pierre-Olivier Gourinchas က သတင်းစာ ရှင်းလင်းပွဲမှာ အခုလို ပြောပါတယ်။

ရုရှားဟာ ရေနံနဲ့ သဘာ၀ ဓာတ်ငွေ့၊ သတ္တု အဓိက တင်ပို့သူ ဖြစ်သလို ယူကရိန်းနဲ့ အတူ ဂျုံနဲ့ ပြောင်း အဓိက တင်ပို့သူလည်း ဖြစ်ပါတယ်။ ဒီ ကုန်စည်တွေ တင်ပို့မှု လျော့ကျသွားတာကြောင့် ဒီကုန်စည်တွေရဲ့ ဈေးတွေလည်း ထိုးတက်သွားပါတယ်။ ဥရောပ၊ အရှေ့ဥရောပနဲ့ ဗဟိုအာရှ၊ အရှေ့အလယ်ပိုင်း၊ မြောက်အာဖရိကနဲ့ ဆာဟာရ သဲကန္တာရ တောင်ပိုင်း အာဖရိက ဒေသတွေက ကုန်စည် တင်သွင်းသူတွေအပေါ် အများဆုံး ထိခိုက် သက်ရောက်စေပါတယ်။ ဒါပေမယ့် စားနပ်ရိက္ခာနဲ့ စက်သုံးဆီ ဈေးနှုန်းတွေ ကြီးမြင့်လာမှုဟာ ကမ္ဘာတလွှားက ဝင်ငွေနည်းတဲ့ အိမ်ထောင်စုတွေကို ထိခိုက် စေမှာပါ။ ဒီထဲမှာ အမေရိက တိုက်နိုင်ငံများနဲ့ အာရှဒေသလည်း ပါဝင်ပါတယ်။ ရုရှားနဲ့ တိုက်ရိုက် ကုန်သွယ်မှုနဲ့ ငွေကြေးလွှဲပြောင်းမှု အချိတ်အဆက်တွေ အများအပြား ရှိတဲ့ အရှေ့ဥရောပနဲ့ ဗဟိုအာရှ ဒေသတွေမှာ အခက်အခဲနဲ့ ကြုံတွေ့မယ်လို့ ခန့်မှန်းရပါတယ်။

စွမ်းအင်နဲ့ ရိက္ခာ ကုန်ဈေးနှုန်း ကြီးမြင့်လာမှုကနေ အကျိုးအမြတ်ရနေတဲ့ ကုန်စည် တင်ပို့သူများကလွဲလို့ ကျန်တဲ့ ကဏ္ဍ အားလုံးအတွက် ကာလလတ် ဖွံ့ဖြိုးမှု ခန့်မှန်းချက်ကိုလည်း IMF က ပြန်လည် လျှော့ချထားပါတယ်။

XS
SM
MD
LG