သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အာရွရန္ကုန္ဘဏ္ လိုင္စင္ရုပ္သိမ္းခံရတဲ႔ အေၾကာင္းရင္း


ရန္ကုန္ၿမိဳ႕က ဘဏ္တခုမွာ ၀န္ထမ္းေတြ ေငြေရတြက္။ (ဓာတ္ပံု Reuters / Minzayar )

(Zawgyi/ Unicode)

အာရွ ရန္ကုန္ဘဏ္ကို လိုင္စင္ရုပ္သိမ္းေၾကာင္း ဗဟိုဘဏ္က ေၾကညာခဲ႔ေပမယ့္ ဘာအေၾကာင္းေၾကာင့္ လိုင္စင္ ရုပ္သိမ္းလဲ ဆိုတာကိုေတာ့ လူသိရွင္ၾကား ထုတ္ျပန္မထားပါဘူး။ ဘဏ္ဘက္ကလည္း လိုင္စင္ ရုပ္သိမ္းခံရတဲ႔ အေၾကာင္းနဲ႔ ပတ္သက္ၿပီး ေျပာဆိုျခင္း မရွိပါဘူး။ အာရွ ရန္ကုန္ဘဏ္ လိုင္စင္ ရုပ္သိမ္းခံရတာ ဘာေၾကာင့္လဲ ဘဏ္ေလာက အေပၚမွာေရာ ရိုက္ခတ္မႈ ရွိေနလားဆိုတာ သိရဖို႔ ျပည္သူ႔လႊတ္ေတာ္ ဘဏ္မ်ားနဲ႔ ေငြေၾကးဆိုင္ရာ ဖြံ႔ၿဖိဳးတိုးတက္ေရး ေကာ္မတီ အတြင္းေရးမွဴး လႊတ္ေတာ္ အမတ္ ဦးတင္ထြန္းႏုိင္ကို ဆက္သြယ္ေမးျမန္းထားပါတယ္။ အပတ္စဥ္ စီးပြားေရး အစီအစဥ္ အျဖစ္ မသိဂၤ ီထုိက္ တင္ျပထားပါတယ္။

သိဂၤ ီထုိက္ ။ ။ ဆိုေတာ့ မၾကာေသးခင္ကဘဲ အာရွရန္ကုန္ဘဏ္ လီမိတက္ကို ဗဟိုဘဏ္က ထိန္းခ်ဳပ္ၿပီးေတာ့ ရရန္ရွိတဲ႔ သူေတြကို ေပးမယ္၊ သူတို႔ စီမံခန္႔ခြဲမယ္ဆိုၿပီး ေၾကညာပါတယ္။ ဒီဘဏ္ဘက္ကလည္း ဘာေၾကာင့္ ဗဟိုဘဏ္ရဲ႕ ဘယ္လုိ စည္းမ်ဥ္းေတြနဲ႔ မကိုက္ညီလို႔ ဒီလို ရုပ္သိမ္းခံရတယ္ဆိုတာကို မေျပာ သလို ဗဟိုဘဏ္ ဘက္ကလည္း အေၾကာင္းအရာ တိတိက်က် မေျပာပါဘူး။ ဆိုေတာ့ ဆရာ အဲဒီ ကိစၥ ဘာမ်ား ေျပာႏုိင္ပါလဲ။ ဒီကိစၥက ဘာခ်ိဳးေဖာက္မႈ ျဖစ္ပါသလဲ။ အမ်ားျပည္သူ သိရွိထားဖို႔ေရာ လိုအပ္ပါသလား။
ဦးတင္ထြန္းႏုိင္ ။ ။ က်ေနာ္တို႔က အဲဒီ ဥစၥာက ဒီလို အာရွ ရန္ကုန္ဘဏ္နဲ႔ ပတ္သက္တာက က်ေနာ္တို႔ ၂၀၁၆ ေလာက္ ကတည္းက ဒီ အာရွ ရန္ကုန္ဘဏ္နဲ႔ ပတ္သက္တဲ႔ အေၾကာင္းအရာေတြ ရွိခဲ႔တယ္။ ရွိခဲ႔တဲ႔ အခါမွာ ဗဟိုဘဏ္ဘက္ကလည္း အာရွ ရန္ကုန္ဘဏ္ကို သူတို႔ရဲ႕ ဗဟိုဘဏ္ ဥပေဒ အရ ေပါ့ေလ သူတို႔ဘက္ကလည္း ထိန္းေက်ာင္းႏုိင္ဖို႔ ႀကိဳးစားတယ္။
အာရွ ရန္ကုန္ဘဏ္ ဘက္ကလည္း သူတို႔ဘဏ္ ရွင္သန္ ရပ္တည္ႏုိင္ေရး အတြက္ ၂၀၁၆ ေလာက္ ကတည္းက က်ေနာ္တို႔ ေကာ္မတီလည္း လာပါတယ္။ ဗဟိုဘဏ္ကိုလည္း သူတို႔ ေတြ႔ဆံုၿပီးေတာ့ ညွိႏိႈင္းမႈေတြ လုပ္ခဲ႔ပါတယ္။ ဗဟိုဘဏ္ ဘက္ကလည္း ႀကိဳးစားၿပီးေတာ့ သူတို႔နဲ႔ ပူးေပါင္းညွိႏိႈင္း ေဆာင္ရြက္ဖို႔ ႀကိဳးစားခဲ႔တယ္လို႔ဘဲ က်ေနာ္ အၾကမ္းဖ်ဥ္း သိထားပါတယ္။
ဆိုလိုတာက က်ေနာ္ ေျပာခ်င္တာက အာရွ ရန္ကုန္ဘဏ္သည္ ဟိုတေန႔ကမွ ဘဏ္လုပ္ငန္း လိုင္စင္ကို ရုပ္သိမ္းတယ္ ဆိုၿပီးေတာ့ ဗဟိုဘဏ္ဘက္က ထုတ္ျပန္လိုက္တာေပါ့ေနာ္။ ထုတ္ျပန္လိုက္တဲ႔ ကိစၥသည္ လက္တေလာ ျဖစ္ေနတာ မဟုတ္ဘူးဆိုတာ တခ်က္၊ ဒါသည္ က်ေနာ္တို႔ စတာ၀န္ယူစဥ္ ကတည္းက ျဖစ္ေနတဲ႔ ကိစၥ တခု ေပါ့ေလ။ ဒီကိစၥကို ၂၀၁၆ ကေန လြန္ခဲ႔တဲ႔ ၄ ႏွစ္တာ ကာလ လံုးလံုး ႏွစ္ဦး ႏွစ္ဖက္ အျပန္အလွန္ ညွိႏိႈင္းၿပီးေတာ့ ေျပလည္ေအာင္ဘဲ ဆိုမလား ဒါမွမဟုတ္ တဖက္နဲ႔ တဖက္ တဖက္ကလည္း စည္းမ်ဥ္း စည္းကမ္း လိုက္နာႏုိင္ဖို႔ ႀကိဳးစားတယ္။ တဖက္ကလည္း ဗဟိုဘဏ္ ညႊန္ၾကားခ်က္ အတိုင္း လိုက္ပါ ေဆာင္ရြက္ႏုိင္ဖို႔ ႀကိဳးစားခဲ႔တဲ႔ ကာလ တခုေတာ့ ရွိတယ္။
ဒါေပမယ့္ ေနာက္ဆံုး အေျခအေန အထိ ဗဟိုဘဏ္ ေမွ်ာ္လင့္သေလာက္ ေပါ့ေလ ဗဟိုဘဏ္ ဘက္က ေနၿပီးေတာ့ ေမွ်ာ္လင့္သေလာက္ထိ ဘဏ္ဘက္က မေဆာင္ရြက္ႏုိင္ ခဲ႔ဘူးလို႔လည္း အၾကမ္းဖ်ဥ္းေတာ့ ေျပာရမွာေပါ့ေနာ္။ အဲဒါေၾကာင့္ လတ္တေလာမွာေတာ့ ဒီလိုမ်ိဳး ေနာက္ဆံုးပိတ္မွာ Final Decision ေပါ့ ဒီေလာက္ ဆံုးျဖတ္ခ်က္ကို ဗဟိုဘဏ္ အေနနဲ႔ ခက္ခက္ခဲခဲ ခ်လိုက္ရတယ္ဗ်။
ခ်လိုက္ရတဲ႔ အခါမွာ ခုန မသိဂၤ ီထုိက္ ေမးတဲ႔ အထဲမွာ ဘာပါလဲ ဆိုေတာ့ ဘာေတြ ခ်ိဳးေဖာက္လို႔တုန္း။ ဘာေတြ ခ်ိဳးေဖာက္လို႔တုန္း ဗဟိုဘဏ္ ဘက္ကလည္း မထုတ္ျပန္ဘူး။ ဘဏ္ဘက္ကလည္း မထုတ္ျပန္ဘူး ဆိုတဲ႔ အခါက်ေတာ့ က်ေနာ္တို႔လည္း အထိုက္အေလ်ာက္ေတာ့ သိပါတယ္။ အထိုက္အေလ်ာက္ သိေပမယ္လုိ႔ အဲဒါက်ေတာ့ က်ေနာ္႔ အေနနဲ႔လည္း ဘာေတြ ခ်ိဳးေဖာက္လုိ႔တုန္း ဆိုတာထက္ ဗဟိုဘဏ္ ထုတ္ျပန္တဲ႔ အတိုင္းေပါ့ေနာ္ ေငြေရး ေၾကးေရး သူက ဥပေဒေၾကာင္းအရ ေငြေရး ေၾကးေရး တည္ၿငိမ္ေအာင္ ဗဟိုဘဏ္က ထိန္းေက်ာင္း ေဆာင္ရြက္ရတဲ႔ တာ၀န္ရွိတယ္။
ဘဏ္ေတြကလည္း လိုက္နာရန္ တာ၀န္ရွိတယ္။ ဒီဥစၥာကိုမလိုက္နာလို႔ လိုင္စင္ ရုပ္သိမ္းလိုက္တယ္လုိ႔ ဒီေလာက္ဘဲက်ေနာ္တို႔ ေျပာလို႔ ရမယ္။ ဒါေပမယ့္ ျပည္သူ လူထု အေနနဲ႔ေတာ့ ဗဟိုဘဏ္က ဒီဘဏ္ကို လိုင္စင္ ဖ်က္သိမ္း လိုက္တဲ႔ ေနာက္မွာ ျပည္သူ လူထုရဲ႕ အပ္ႏွံေငြကို ဗဟိုဘဏ္က တာ၀န္ယူ ၿပီးေတာ့ ေျဖရွင္းေပးပါတယ္။ ေျဖရွင္းေပးတဲ႔ အတြက္ေၾကာင့္ မို႔လို႔ ဘာမွလည္း ျပည္သူ လူထု အေနနဲ႔ေတာ့ ဒီဘဏ္နဲ႔ ပတ္သက္ၿပီးေတာ့ စိုးရိမ္စရာေတာ့ မရွိဘူးေပါ့ဗ်ာ။
မရွိတဲ႔ အခါ ျပည္သူေတြ သိသင့္သလား လို႔ ေမးလို႔ပါ။ ျပည္သူေတြ သိသင့္သလားဆိုေတာ့ ဂဃနဏေတာ့ တကယ္ေတာ့ သတင္းထုတ္ျပန္ဖို႔ တာ၀န္ရွိတဲ႔ အဖြဲ႔ကေတာ့ ဗဟိုဘဏ္ဘဲဗ်။
သိဂၤ ီထုိက္ ။ ။ ဒီဘဏ္ တခုတည္းဘဲလား။ ဘဏ္ေလာကထဲမွာ ဒီလိုမ်ိဳး ေျဖရွင္းေနရတဲ႔ အရပ္စကားနဲ႔ ေျပာရင္ ဆရာတို႔ အေပၚပိုင္းမွာ ႀကိတ္ၿပီး ေျဖရွင္းေနရတဲ႔ ကိစၥေတြမ်ား ရွိပါသလား။ ဆရာတို႔ ဒီ ဘဏ္ေလာကထဲမွာ။

ဦးတင္ထြန္းႏုိင္ ။ ။ အဲဒါကေတာ့ မသိဂၤ ီထုိက္လည္း အာရွ ရန္ကုန္ဘဏ္ဆိုတာ လူေတြ အေနနဲ႔ က်ေနာ္ထင္တယ္ သိပ္ၿပီးေတာ့ လူေတြ လိုင္စင္ ဖ်က္သိမ္းမွ ၾကားဖူးတဲ႔ လူက ပိုမ်ား မလားလို႔။ ဆိုေတာ့ အခါက်ေတာ့ ခုနက မသိဂၤ ီထိုက္ ေမးတဲ႔ အထဲမွာ ပါတဲ႔ ဥစၥာေပါ့။ အခု လူသိမ်ားတဲ႔ ဘဏ္ေတြေပါ့ KBZ တို႔ ဧရာ၀တီတို႔ CB ဘဏ္တို႔ ထားပါေတာ့ ျမန္မာ့ ေရွ႕ေဆာင္တို႔ ဒီလိုဘဏ္ေတြကို ႀကိတ္ ေျဖရွင္းေနရတာေတြ ရွိသလားဆိုေတာ့ ပြင့္ပြင့္လင္းလင္း ေျပာရရင္ေတာ့ ခုန အာရွ ရန္ကုန္ဘဏ္ ကဲ႔သို႔ ေပါ့ေလ ႀကိတ္ေျဖရွင္းေနရတဲ႔ ကိစၥေတြေတာ့ မရွိပါဘူး။

သိဂၤ ီထုိက္ ။ ။ ဟုတ္ကဲ႔။ ဆရာတို႔ ဒီ ဘဏ္ေတြရဲ႕ လုပ္ထံုး လုပ္နည္း စည္းမ်ဥ္းစည္းကမ္းေတြနဲ႔ ပတ္သက္ၿပီး ေတာ္ေတာ္ေလး သတိထားၿပီး ေဆာင္ရြက္ရတယ္ ဆိုေတာ့ အခုေရာ လမ္းေၾကာင္းမွန္ေပၚ ေရာက္လာပါၿပီလား။

ဦးတင္ထြန္းႏုိင္ ။ ။ အရင္တုန္းကေတာ့ လမ္းကို လြဲေနတာေပါ့ေလ။ လြဲေနတဲ႔ အခါမွာ အခု က်ေနာ္တို႔က ႏုိင္ငံျခား ဘဏ္ေတြလည္း ဘဏ္ခြဲေတြလည္း ဒီမွာ ဖြင့္ခြင့္ ေပးလိုက္တာမ်ိဳးေတြ ရွိလာတယ္။ ရွိလာၿပီးေတာ့ တခါ သူတို႔လည္း ဘဏ္လုပ္ငန္း အကန္႔အသတ္နဲ႔ တခ်ိဳ႕ ဘဏ္လုပ္ငန္းေတြကို ျမန္မာႏုိင္ငံေတာ္ ဗဟိုဘဏ္ဘက္က ေနၿပီးေတာ့ ခြင့္ျပဳတာေတြ ရွိတဲ႔ အခါက်ေတာ့ ျမန္မာႏုိင္ငံရဲ႕ ဘဏ္လုပ္ငန္းသည္ ျပည္တြင္းဘဏ္ေတြတင္ ရွိေတာ့တဲ႔ လုပ္ငန္းမ်ိဳး မဟုတ္ေတာ့ဘူး။
မဟုတ္ေတာ့တဲ႔ အခါက်ေတာ့ က်ေနာ္တို႔က ႏုိင္ငံျခား ဘဏ္ေတြပါ ပါလာတဲ႔ အခါက်ေတာ့ ႏုိင္ငံတကာ စံခ်ိန္ စံညႊန္းေတြနဲ႔ ညီဖို႔ ဆိုတဲ႔ ခုန က်ေနာ္ ေျပာတဲ႔ လမ္းေၾကာင္းမွန္ဘက္ကိုေပါ့ေလ U Turn ေတာ့ ေကြ႔လို႔ မရဘူးေပါ့ မသိဂၤ ီထုိက္ရယ္။ U Turn ေတာ့ ေကြ႔လို႔ မရဘူး။ ဒါေပမယ့္ ဟိုဘက္ကို သြားေနတဲ႔ ဟာကေန ဒီဘက္ကို ျပန္ၿပီးေတာ့ ဆြဲ ဆြဲ ေခၚရတဲ႔ အေနအထား ကေတာ့ ၄ ႏွစ္တာ ကာလမွာ ေတာ္ေတာ္ေလးေတာ့ ခုန က်ေနာ္ ေျပာသလိုဘဲ လမ္းေၾကာင္းမွန္ ေပၚေတာ့ ေဒါင္ေဒါင္ျမည္ေအာင္ မေရာက္ေသးသည့္ တိုင္ေအာင္ လမ္းပုခံုးေပၚ ေလာက္ေတာ့ ေရာက္ၿပီလို႔ဘဲ ဆိုရမွာေပါ့ဗ်ာ။
သိဂၤ ီထုိက္ ။ ။ ျပည္သူ႔လႊတ္ေတာ္ ဘဏ္မ်ားနဲ႔ ေငြေၾကးဆိုင္ရာ ေကာ္မတီ အတြင္းေရးမွဴး ဆရာ ဦးတင္ထြန္းႏုိင္ အထူးဘဲ ေက်းဇူးတင္ပါတယ္။
ဦးတင္ထြန္းႏုိင္ ။ ။ ဗီြအိုေအကိုလည္း က်ေနာ္ ေက်းဇူးတင္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

(Unicode)

အာရှရန်ကုန်ဘဏ် လိုင်စင်ရုပ်သိမ်းခံရတဲ့ အကြောင်းရင်း

အာရှ ရန်ကုန်ဘဏ်ကို လိုင်စင်ရုပ်သိမ်းကြောင်း ဗဟိုဘဏ်က ကြေညာခဲ့ပေမယ့် ဘာအကြောင်းကြောင့် လိုင်စင် ရုပ်သိမ်းလဲ ဆိုတာကိုတော့ လူသိရှင်ကြား ထုတ်ပြန်မထားပါဘူး။ ဘဏ်ဘက်ကလည်း လိုင်စင် ရုပ်သိမ်းခံရတဲ့ အကြောင်းနဲ့ ပတ်သက်ပြီး ပြောဆိုခြင်း မရှိပါဘူး။ အာရှ ရန်ကုန်ဘဏ် လိုင်စင် ရုပ်သိမ်းခံရတာ ဘာကြောင့်လဲ ဘဏ်လောက အပေါ်မှာရော ရိုက်ခတ်မှု ရှိနေလားဆိုတာ သိရဖို့ ပြည်သူ့လွှတ်တော် ဘဏ်များနဲ့ ငွေကြေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ အတွင်းရေးမှူး လွှတ်တော် အမတ် ဦးတင်ထွန်းနိုင်ကို ဆက်သွယ်မေးမြန်းထားပါတယ်။ အပတ်စဉ် စီးပွားရေး အစီအစဉ် အဖြစ် မသိင်္ဂ ီထိုက် တင်ပြထားပါတယ်။

သိင်္ဂ ီထိုက် ။ ။ ဆိုတော့ မကြာသေးခင်ကဘဲ အာရှရန်ကုန်ဘဏ် လီမိတက်ကို ဗဟိုဘဏ်က ထိန်းချုပ်ပြီးတော့ ရရန်ရှိတဲ့ သူတွေကို ပေးမယ်၊ သူတို့ စီမံခန့်ခွဲမယ်ဆိုပြီး ကြေညာပါတယ်။ ဒီဘဏ်ဘက်ကလည်း ဘာကြောင့် ဗဟိုဘဏ်ရဲ့ ဘယ်လို စည်းမျဉ်းတွေနဲ့ မကိုက်ညီလို့ ဒီလို ရုပ်သိမ်းခံရတယ်ဆိုတာကို မပြော သလို ဗဟိုဘဏ် ဘက်ကလည်း အကြောင်းအရာ တိတိကျကျ မပြောပါဘူး။ ဆိုတော့ ဆရာ အဲဒီ ကိစ္စ ဘာများ ပြောနိုင်ပါလဲ။ ဒီကိစ္စက ဘာချိုးဖောက်မှု ဖြစ်ပါသလဲ။ အများပြည်သူ သိရှိထားဖို့ရော လိုအပ်ပါသလား။
ဦးတင်ထွန်းနိုင် ။ ။ ကျနော်တို့က အဲဒီ ဥစ္စာက ဒီလို အာရှ ရန်ကုန်ဘဏ်နဲ့ ပတ်သက်တာက ကျနော်တို့ ၂၀၁၆ လောက် ကတည်းက ဒီ အာရှ ရန်ကုန်ဘဏ်နဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေ ရှိခဲ့တယ်။ ရှိခဲ့တဲ့ အခါမှာ ဗဟိုဘဏ်ဘက်ကလည်း အာရှ ရန်ကုန်ဘဏ်ကို သူတို့ရဲ့ ဗဟိုဘဏ် ဥပဒေ အရ ပေါ့လေ သူတို့ဘက်ကလည်း ထိန်းကျောင်းနိုင်ဖို့ ကြိုးစားတယ်။
အာရှ ရန်ကုန်ဘဏ် ဘက်ကလည်း သူတို့ဘဏ် ရှင်သန် ရပ်တည်နိုင်ရေး အတွက် ၂၀၁၆ လောက် ကတည်းက ကျနော်တို့ ကော်မတီလည်း လာပါတယ်။ ဗဟိုဘဏ်ကိုလည်း သူတို့ တွေ့ဆုံပြီးတော့ ညှိနှိုင်းမှုတွေ လုပ်ခဲ့ပါတယ်။ ဗဟိုဘဏ် ဘက်ကလည်း ကြိုးစားပြီးတော့ သူတို့နဲ့ ပူးပေါင်းညှိနှိုင်း ဆောင်ရွက်ဖို့ ကြိုးစားခဲ့တယ်လို့ဘဲ ကျနော် အကြမ်းဖျဉ်း သိထားပါတယ်။
ဆိုလိုတာက ကျနော် ပြောချင်တာက အာရှ ရန်ကုန်ဘဏ်သည် ဟိုတနေ့ကမှ ဘဏ်လုပ်ငန်း လိုင်စင်ကို ရုပ်သိမ်းတယ် ဆိုပြီးတော့ ဗဟိုဘဏ်ဘက်က ထုတ်ပြန်လိုက်တာပေါ့နော်။ ထုတ်ပြန်လိုက်တဲ့ ကိစ္စသည် လက်တလော ဖြစ်နေတာ မဟုတ်ဘူးဆိုတာ တချက်၊ ဒါသည် ကျနော်တို့ စတာဝန်ယူစဉ် ကတည်းက ဖြစ်နေတဲ့ ကိစ္စ တခု ပေါ့လေ။ ဒီကိစ္စကို ၂၀၁၆ ကနေ လွန်ခဲ့တဲ့ ၄ နှစ်တာ ကာလ လုံးလုံး နှစ်ဦး နှစ်ဖက် အပြန်အလှန် ညှိနှိုင်းပြီးတော့ ပြေလည်အောင်ဘဲ ဆိုမလား ဒါမှမဟုတ် တဖက်နဲ့ တဖက် တဖက်ကလည်း စည်းမျဉ်း စည်းကမ်း လိုက်နာနိုင်ဖို့ ကြိုးစားတယ်။ တဖက်ကလည်း ဗဟိုဘဏ် ညွှန်ကြားချက် အတိုင်း လိုက်ပါ ဆောင်ရွက်နိုင်ဖို့ ကြိုးစားခဲ့တဲ့ ကာလ တခုတော့ ရှိတယ်။
ဒါပေမယ့် နောက်ဆုံး အခြေအနေ အထိ ဗဟိုဘဏ် မျှော်လင့်သလောက် ပေါ့လေ ဗဟိုဘဏ် ဘက်က နေပြီးတော့ မျှော်လင့်သလောက်ထိ ဘဏ်ဘက်က မဆောင်ရွက်နိုင် ခဲ့ဘူးလို့လည်း အကြမ်းဖျဉ်းတော့ ပြောရမှာပေါ့နော်။ အဲဒါကြောင့် လတ်တလောမှာတော့ ဒီလိုမျိုး နောက်ဆုံးပိတ်မှာ Final Decision ပေါ့ ဒီလောက် ဆုံးဖြတ်ချက်ကို ဗဟိုဘဏ် အနေနဲ့ ခက်ခက်ခဲခဲ ချလိုက်ရတယ်ဗျ။
ချလိုက်ရတဲ့ အခါမှာ ခုန မသိင်္ဂ ီထိုက် မေးတဲ့ အထဲမှာ ဘာပါလဲ ဆိုတော့ ဘာတွေ ချိုးဖောက်လို့တုန်း။ ဘာတွေ ချိုးဖောက်လို့တုန်း ဗဟိုဘဏ် ဘက်ကလည်း မထုတ်ပြန်ဘူး။ ဘဏ်ဘက်ကလည်း မထုတ်ပြန်ဘူး ဆိုတဲ့ အခါကျတော့ ကျနော်တို့လည်း အထိုက်အလျောက်တော့ သိပါတယ်။ အထိုက်အလျောက် သိပေမယ်လို့ အဲဒါကျတော့ ကျနော့် အနေနဲ့လည်း ဘာတွေ ချိုးဖောက်လို့တုန်း ဆိုတာထက် ဗဟိုဘဏ် ထုတ်ပြန်တဲ့ အတိုင်းပေါ့နော် ငွေရေး ကြေးရေး သူက ဥပဒေကြောင်းအရ ငွေရေး ကြေးရေး တည်ငြိမ်အောင် ဗဟိုဘဏ်က ထိန်းကျောင်း ဆောင်ရွက်ရတဲ့ တာဝန်ရှိတယ်။
ဘဏ်တွေကလည်း လိုက်နာရန် တာဝန်ရှိတယ်။ ဒီဥစ္စာကိုမလိုက်နာလို့ လိုင်စင် ရုပ်သိမ်းလိုက်တယ်လို့ ဒီလောက်ဘဲကျနော်တို့ ပြောလို့ ရမယ်။ ဒါပေမယ့် ပြည်သူ လူထု အနေနဲ့တော့ ဗဟိုဘဏ်က ဒီဘဏ်ကို လိုင်စင် ဖျက်သိမ်း လိုက်တဲ့ နောက်မှာ ပြည်သူ လူထုရဲ့ အပ်နှံငွေကို ဗဟိုဘဏ်က တာဝန်ယူ ပြီးတော့ ဖြေရှင်းပေးပါတယ်။ ဖြေရှင်းပေးတဲ့ အတွက်ကြောင့် မို့လို့ ဘာမှလည်း ပြည်သူ လူထု အနေနဲ့တော့ ဒီဘဏ်နဲ့ ပတ်သက်ပြီးတော့ စိုးရိမ်စရာတော့ မရှိဘူးပေါ့ဗျာ။
မရှိတဲ့ အခါ ပြည်သူတွေ သိသင့်သလား လို့ မေးလို့ပါ။ ပြည်သူတွေ သိသင့်သလားဆိုတော့ ဂဃနဏတော့ တကယ်တော့ သတင်းထုတ်ပြန်ဖို့ တာဝန်ရှိတဲ့ အဖွဲ့ကတော့ ဗဟိုဘဏ်ဘဲဗျ။
သိင်္ဂ ီထိုက် ။ ။ ဒီဘဏ် တခုတည်းဘဲလား။ ဘဏ်လောကထဲမှာ ဒီလိုမျိုး ဖြေရှင်းနေရတဲ့ အရပ်စကားနဲ့ ပြောရင် ဆရာတို့ အပေါ်ပိုင်းမှာ ကြိတ်ပြီး ဖြေရှင်းနေရတဲ့ ကိစ္စတွေများ ရှိပါသလား။ ဆရာတို့ ဒီ ဘဏ်လောကထဲမှာ။

ဦးတင်ထွန်းနိုင် ။ ။ အဲဒါကတော့ မသိင်္ဂ ီထိုက်လည်း အာရှ ရန်ကုန်ဘဏ်ဆိုတာ လူတွေ အနေနဲ့ ကျနော်ထင်တယ် သိပ်ပြီးတော့ လူတွေ လိုင်စင် ဖျက်သိမ်းမှ ကြားဖူးတဲ့ လူက ပိုများ မလားလို့။ ဆိုတော့ အခါကျတော့ ခုနက မသိင်္ဂ ီထိုက် မေးတဲ့ အထဲမှာ ပါတဲ့ ဥစ္စာပေါ့။ အခု လူသိများတဲ့ ဘဏ်တွေပေါ့ KBZ တို့ ဧရာဝတီတို့ CB ဘဏ်တို့ ထားပါတော့ မြန်မာ့ ရှေ့ဆောင်တို့ ဒီလိုဘဏ်တွေကို ကြိတ် ဖြေရှင်းနေရတာတွေ ရှိသလားဆိုတော့ ပွင့်ပွင့်လင်းလင်း ပြောရရင်တော့ ခုန အာရှ ရန်ကုန်ဘဏ် ကဲ့သို့ ပေါ့လေ ကြိတ်ဖြေရှင်းနေရတဲ့ ကိစ္စတွေတော့ မရှိပါဘူး။

သိင်္ဂ ီထိုက် ။ ။ ဟုတ်ကဲ့။ ဆရာတို့ ဒီ ဘဏ်တွေရဲ့ လုပ်ထုံး လုပ်နည်း စည်းမျဉ်းစည်းကမ်းတွေနဲ့ ပတ်သက်ပြီး တော်တော်လေး သတိထားပြီး ဆောင်ရွက်ရတယ် ဆိုတော့ အခုရော လမ်းကြောင်းမှန်ပေါ် ရောက်လာပါပြီလား။

ဦးတင်ထွန်းနိုင် ။ ။ အရင်တုန်းကတော့ လမ်းကို လွဲနေတာပေါ့လေ။ လွဲနေတဲ့ အခါမှာ အခု ကျနော်တို့က နိုင်ငံခြား ဘဏ်တွေလည်း ဘဏ်ခွဲတွေလည်း ဒီမှာ ဖွင့်ခွင့် ပေးလိုက်တာမျိုးတွေ ရှိလာတယ်။ ရှိလာပြီးတော့ တခါ သူတို့လည်း ဘဏ်လုပ်ငန်း အကန့်အသတ်နဲ့ တချို့ ဘဏ်လုပ်ငန်းတွေကို မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဘက်က နေပြီးတော့ ခွင့်ပြုတာတွေ ရှိတဲ့ အခါကျတော့ မြန်မာနိုင်ငံရဲ့ ဘဏ်လုပ်ငန်းသည် ပြည်တွင်းဘဏ်တွေတင် ရှိတော့တဲ့ လုပ်ငန်းမျိုး မဟုတ်တော့ဘူး။
မဟုတ်တော့တဲ့ အခါကျတော့ ကျနော်တို့က နိုင်ငံခြား ဘဏ်တွေပါ ပါလာတဲ့ အခါကျတော့ နိုင်ငံတကာ စံချိန် စံညွှန်းတွေနဲ့ ညီဖို့ ဆိုတဲ့ ခုန ကျနော် ပြောတဲ့ လမ်းကြောင်းမှန်ဘက်ကိုပေါ့လေ U Turn တော့ ကွေ့လို့ မရဘူးပေါ့ မသိင်္ဂ ီထိုက်ရယ်။ U Turn တော့ ကွေ့လို့ မရဘူး။ ဒါပေမယ့် ဟိုဘက်ကို သွားနေတဲ့ ဟာကနေ ဒီဘက်ကို ပြန်ပြီးတော့ ဆွဲ ဆွဲ ခေါ်ရတဲ့ အနေအထား ကတော့ ၄ နှစ်တာ ကာလမှာ တော်တော်လေးတော့ ခုန ကျနော် ပြောသလိုဘဲ လမ်းကြောင်းမှန် ပေါ်တော့ ဒေါင်ဒေါင်မြည်အောင် မရောက်သေးသည့် တိုင်အောင် လမ်းပုခုံးပေါ် လောက်တော့ ရောက်ပြီလို့ဘဲ ဆိုရမှာပေါ့ဗျာ။
သိင်္ဂ ီထိုက် ။ ။ ပြည်သူ့လွှတ်တော် ဘဏ်များနဲ့ ငွေကြေးဆိုင်ရာ ကော်မတီ အတွင်းရေးမှူး ဆရာ ဦးတင်ထွန်းနိုင် အထူးဘဲ ကျေးဇူးတင်ပါတယ်။
ဦးတင်ထွန်းနိုင် ။ ။ ဗွီအိုအေကိုလည်း ကျနော် ကျေးဇူးတင်ပါတယ်။

XS
SM
MD
LG