သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

မီးဖြားခ်ိန္ ထိခိုက္ပုတ္ခတ္ခံရသူေတြထဲ ျမန္မာအမ်ဳိးသမီးေတြလည္းပါဝင္


၂၀၁၅ ႏို၀င္ဘာေရြးေကာက္ပြဲ က်င္းပခ်ိန္ မဲထည့္ရန္ ေစာင့္ေနေသာ ကိုယ္၀န္ေဆာင္အမ်ိဳးသမီးတဦး

ျမန္မာႏုိင္ငံအပါအဝင္ ဆင္းရဲတဲ့ႏုိင္္ငံ ၄ ႏုိင္ငံက ပထမဆံုးရင္ေသြးေမြးဖြားသူ မိခင္ေတြရဲ႕ သံုးပံုတပံုေက်ာ္ဟာ မီးဖြားခ်ိန္အတြင္း အၾကမ္းပတမ္း ျပဳမူ ေျပာဆို ဆက္ဆံတာကို ခံၾကရတယ္လို႔ ဗုဒၶဟူးေန႔ထုတ္ The Lancet ေဆးပညာဆိုင္ရာဂ်ာနယ္ထဲမွာပါတဲ့ ေလ့လာခ်က္တခုမွာ ေဖာ္ျပထားပါတယ္။

ဒီေလ့လာခ်က္ကို ကမာၻ႔က်န္းမာေရးအဖြဲ႔ (WHO) က ျမန္မာ၊ ဂါနာ၊ ဂီနီနဲ႔ ႏုိင္ဂ်ီးရီးယား ႏုိင္ငံ ၄ ႏုိင္ငံမွာ လုပ္ခဲ့တာပါ။ သုေတသန မွာပါတဲ့ အမ်ဳိးသမီး ၄၂% ဟာ ကိုယ္ဝန္ေဆာင္ ေစာင့္ေရွာက္မႈဆိုင္ရာ က်န္းမာေရးဌာနေတြမွာ ကိုယ္ထိလက္ေရာက္ အၾကမ္းပတမ္း ျပဳမူခံရတာ ဒါမွမဟုတ္ ႏႈတ္အားျဖင့္ ပုတ္ခတ္ေျပာဆိုခံရတာ ဒါမွမဟုတ္ အရွက္ရေစႏုိင္တဲ့ ဒါမွမဟုတ္ တနည္းနည္းနဲ႔ ခြဲျခား ဆက္ဆံတာမ်ဳိး ၾကံဳခဲ့ရတယ္ဆိုတာ ေလ့လာခ်က္ကေန ေတြ႔ခဲ့ရပါတယ္။

ကာယကံရွင္ အမ်ဳိးသမီးရဲဲ႕သေဘာထား ရယူတာမ်ဳိးမရွိဘဲ ဗိုက္ခြဲေမြးတာ၊ မိန္းမကိုယ္အဂၤါကို စမ္းသပ္စစ္ေဆးတာနဲ႔ တျခား လုပ္ေဆာင္ခ်က္ေတြ လုပ္တဲ့အေရအတြက္ အေတာ္မ်ားမ်ားရွိခဲ့တာကိုလည္း ေလ့လာခ်က္မွာေတြ႔ရပါတယ္။

သုေတသနစစ္တမ္းမွာပါတဲ့ အမ်ဳိးသမီး ၂,၀၁၆ ေယာက္မွာ ၁၄% က သူတို႔မီးဖြားခ်ိန္အတြင္း အ႐ိုက္ခံရတာ ဒါမွမဟုတ္ ပါး႐ိုက္ ခံရတာ ဒါမွမဟုတ္ လက္သီးနဲဲ႔ အထိုးခံရတာေတြ ၾကံဳခဲ့ရတယ္လို႔ ေျပာၾကပါတယ္။ အမ်ဳိးသမီး ၃၈% ေလာက္ကေတာ့ ႏႈတ္အား ျဖင့္ ပုတ္ခတ္ေစာ္ကားတာမ်ဳိး ၾကံဳခဲ့ရတယ္လုိ႔ ေျပာၾကၿပီး အမ်ားအားျဖင့္ကေတာ့ ေအာ္ဟစ္ခံရ၊ ေလွာင္ေျပာင္ခံရ ဒါမွမဟုတ္ ဆူပူႀကိမ္းေမာင္းခံရတယ္လို႔ ေျပာၾကပါတယ္။

မီးဖြားခ်ိန္အတြင္း အမ်ဳိးသမီးေတြကို ကိုယ္အမူအရာ ႏႈတ္အမူအရာပိုင္း ထိခိုက္ ပုတ္ခတ္သူေတြကို အေရးယူဖို႔ အစီရင္ခံစာ ေရးသားျပဳစုသူေတြက တာဝန္ရွိသူေတြကို တုိုက္တြန္းထားပါတယ္။

ဒီစစ္္တမ္းမွာ ျမန္မာႏုိင္ငံက အမ်ဳိးသမီး ဘယ္ႏွေယာက္ပါတယ္ဆိုတာကိုေတာ့ အတိအက် ေဖာ္ျပမထားပါဘူး။

.....................

{Unicode}

မီးဖွားချိန် ထိခိုက်ပုတ်ခတ်ခံရသူတွေထဲ မြန်မာအမျိုးသမီးတွေလည်းပါဝင်

မြန်မာနိုင်ငံအပါအဝင် ဆင်းရဲတဲ့နိုင်ငံ ၄ နိုင်ငံက ပထမဆုံးရင်သွေးမွေးဖွားသူ မိခင်တွေရဲ့ သုံးပုံတပုံကျော်ဟာ မီးဖွားချိန်အတွင်း အကြမ်းပတမ်း ပြုမူ ပြောဆို ဆက်ဆံတာကို ခံကြရတယ်လို့ ဗုဒ္ဓဟူးနေ့ထုတ် The Lancet ဆေးပညာဆိုင်ရာဂျာနယ်ထဲမှာပါတဲ့ လေ့လာချက်တခုမှာ ဖော်ပြထားပါတယ်။

ဒီလေ့လာချက်ကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က မြန်မာ၊ ဂါနာ၊ ဂီနီနဲ့ နိုင်ဂျီးရီးယား နိုင်ငံ ၄ နိုင်ငံမှာ လုပ်ခဲ့တာပါ။ သုတေသန မှာပါတဲ့ အမျိုးသမီး ၄၂% ဟာ ကိုယ်ဝန်ဆောင် စောင့်ရှောက်မှုဆိုင်ရာ ကျန်းမာရေးဌာနတွေမှာ ကိုယ်ထိလက်ရောက် အကြမ်းပတမ်း ပြုမူခံရတာ ဒါမှမဟုတ် နှုတ်အားဖြင့် ပုတ်ခတ်ပြောဆိုခံရတာ ဒါမှမဟုတ် အရှက်ရစေနိုင်တဲ့ ဒါမှမဟုတ် တနည်းနည်းနဲ့ ခွဲခြား ဆက်ဆံတာမျိုး ကြုံခဲ့ရတယ်ဆိုတာ လေ့လာချက်ကနေ တွေ့ခဲ့ရပါတယ်။

ကာယကံရှင် အမျိုးသမီးရဲ့သဘောထား ရယူတာမျိုးမရှိဘဲ ဗိုက်ခွဲမွေးတာ၊ မိန်းမကိုယ်အင်္ဂါကို စမ်းသပ်စစ်ဆေးတာနဲ့ တခြား လုပ်ဆောင်ချက်တွေ လုပ်တဲ့အရေအတွက် အတော်များများရှိခဲ့တာကိုလည်း လေ့လာချက်မှာတွေ့ရပါတယ်။

သုတေသနစစ်တမ်းမှာပါတဲ့ အမျိုးသမီး ၂,၀၁၆ ယောက်မှာ ၁၄% က သူတို့မီးဖွားချိန်အတွင်း အရိုက်ခံရတာ ဒါမှမဟုတ် ပါးရိုက် ခံရတာ ဒါမှမဟုတ် လက်သီးနဲ့ အထိုးခံရတာတွေ ကြုံခဲ့ရတယ်လို့ ပြောကြပါတယ်။ အမျိုးသမီး ၃၈% လောက်ကတော့ နှုတ်အား ဖြင့် ပုတ်ခတ်စော်ကားတာမျိုး ကြုံခဲ့ရတယ်လို့ ပြောကြပြီး အများအားဖြင့်ကတော့ အော်ဟစ်ခံရ၊ လှောင်ပြောင်ခံရ ဒါမှမဟုတ် ဆူပူကြိမ်းမောင်းခံရတယ်လို့ ပြောကြပါတယ်။

မီးဖွားချိန်အတွင်း အမျိုးသမီးတွေကို ကိုယ်အမူအရာ နှုတ်အမူအရာပိုင်း ထိခိုက် ပုတ်ခတ်သူတွေကို အရေးယူဖို့ အစီရင်ခံစာ ရေးသားပြုစုသူတွေက တာဝန်ရှိသူတွေကို တိုက်တွန်းထားပါတယ်။

ဒီစစ်တမ်းမှာ မြန်မာနိုင်ငံက အမျိုးသမီး ဘယ်နှယောက်ပါတယ်ဆိုတာကိုတော့ အတိအကျ ဖော်ပြမထားပါဘူး။

XS
SM
MD
LG