သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်နယ်စပ် ချင်းရွှေဟော် မြန်မာနိုင်ငံတံခါးပေါက်ဖြစ်လာမည်


မူဆယ်ကုန်သွယ်ရေးဇုံ
မူဆယ်ကုန်သွယ်ရေးဇုံ

တရုတ် မြန်မာနယ်စပ် က ချင်းရွှေဟော် နယ်စပ်ဂိတ်ကို နိုင်ငံတကာ ဝင်ပေါက်အဖြစ် အဆင့်မြှင့်တင်ဖို့ မြန်မာ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အား ဝန်ကြီး ဦးသိန်းဆွေကပြောပါတယ်။

ချင်းရွှေဟော် ဟာ မြန်မာနိုင်ငံ အရှေ့မြောက်ပိုင်း ရှမ်းပြည်နယ် အတွင်းမှာရှိပြီး တရုတ်မြန်မာနယ်စပ်မှာ မူဆယ်ပြီးရင် ဒုတိယ အကြီးဆုံး နယ်စပ်ဂိတ်ဖြစ်သလို ဝင်ပေါက် ၈ ခုရှိပြီး ကုန်သွယ်မှုနဲ့ ခရီးသွားလာရေး လုပ်ငန်းတွေအတွက် အလားအလာကောင်းတဲ့ အရပ်ဖြစ်ပါတယ်။

ဒေသတွင်းက ကုန်သည်တွေက ပြည်ဝင်ခွင့် ဗီဇာ၊ ပတ်စပို့၊ တခြားသက်ဆိုင်ရာ စာရွက်စာတမ်းတွေနဲ့ ခရီးသွားတွေကို နယ်စပ်ဖြတ်ကျော် သွားလာခွင့်ပြုပေးဖို့ အစိုးရကို တောင်းဆိုနေကြပါတယ်။ ချင်းရွှေဟော်ကိုသာ နိုင်ငံတကာ ဝင်ထွက်ခွင့်ပြုတဲ့ နယ်စပ်ဂိတ်အဖြစ် အသိအမှတ်ပြုလိုက်မယ်ဆိုရင် နယ်စပ်ကုန်သွယ်မှုဟာ တဟုန်ထိုး တိုးတက်လာဖွယ်ရှိတယ်လို့လည်း ပြောဆိုမှုတွေရှိနေတာပါ။

၂၀၁၃ - ၂၀၁၄ ဘဏ္ဍာနှစ်ကစလို့ ချင်းရွှေဟော် နယ်စပ် ကုန်သွယ်မှုဟာ ထိုးတက်လာခဲ့ပြီး ၂၀၁၆-၁၇ ဘဏ္ဍာနှစ်မှာ အမေရိကန်ဒေါ်လာ ၅၃၇ သန်း ရှိလာခဲ့ပါတယ်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွင်း ချင်းရွှေဟော်နယ်စပ် ကုန်သွယ်ရေးဟာ အမေရိကန်ဒေါ်လာ သန်း ၄၆၀ ကျော်အထိ ရှိလာလိမ့်မယ်လို့ မျှော်လင့်ထားပါတယ်။

စီးပွားကူးသန်း ဝန်ကြီးဌာနက ထုတ်ပြန်တဲ့ စာရင်းဇယားတွေအရ ၂၀၁၆ - ၂၀၁၇ အတွင်း တရုတ်နဲ့ မြန်မာ ၂ နိုင်ငံကြား ကုန်သွယ်မှုဟာ အမေရိကန် ဒေါ်လာ ၁၀ ဒသမ ၇ ဘီလီယံ ရှိခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG