သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

"မြန်မာ့ပဋိပက္ခ ကမ္ဘာ့အညွှန်းကိန်း အဆင့်နံပါတ် ၂ မှာ ရှိနေ" ALCED 


ကမ္ဘာ့ပဋိပက္ခအညွှန်းကိန်းအဆင့် နံပါတ် (၂) မှာရှိနေကြောင်းပြထားတဲ့ မြန်မာနိုင်ငံ။ (Crd: ACLED/ သြဂုတ် ၆၊ ၂၀၂၄)
ကမ္ဘာ့ပဋိပက္ခအညွှန်းကိန်းအဆင့် နံပါတ် (၂) မှာရှိနေကြောင်းပြထားတဲ့ မြန်မာနိုင်ငံ။ (Crd: ACLED/ သြဂုတ် ၆၊ ၂၀၂၄)

မြန်မာနိုင်ငံဟာ ကမ္ဘာ့ပဋိပက္ခအညွှန်းကိန်းအဆင့် နံပါတ် (၂) မှာရှိပြီး မြန်မာ့ပြည်တွင်းစစ်ဟာ ကမ္ဘာမှာ တတိယ အသေအပျောက်အများဆုံးဖြစ်တယ်လို့ လက်နက်ကိုင်ပဋိပက္ခတွေကို စောင့်ကြည့်လေ့လာနေတဲ့ ACLED အဖွဲ့ က ဩဂုတ်လ ၆ ရက်နေ့ နှစ်ပတ်လည် သုံးသပ်ချက်ပုံပြမှာ ပြောပါတယ်။

၂၀၂၄ ဇန်နဝါရီလမှာ မြန်မာ့ပဋိပက္ခက ညွှန်းကိန်းအဆင့် (၁) မှာရှိခဲ့တာမို့ အဆင့် တဆင့်ကျသွားခဲ့တာပါ။ ပဋိပက္ခပျံ့နှံ့ရာမှာ ကမ္ဘာမှာ နံပါတ် (၉) ရှိပြီး ကမ္ဘာမှာ အပိုင်းပိုင်းအဖြစ်ဆုံးပဋိပက္ခလည်း ဖြစ်နေတယ်လို့ ACLED အဖွဲ့ရဲ့အင်တာနက် စာမျက်နှာမှာ ပြထားပါတယ်။ အရပ်သားတွေအတွက် ကမ္ဘာမှာ အန္တရာယ်အများဆုံး အညွှန်းအဆင့်အားဖြင့် စတုတ္ထ ဖြစ်ပါတယ်။

တိုင်းပြည်လူဦးရေရဲ့ ၄၃ ရာနှုန်း၊ လူဦးရေအားဖြင့် ၂၂ သန်း ၈ သိန်းကျော်ဟာ ပဋိပက္ခနယ်မြေထဲမှာ ရှိနေကြ တာပါ။ ရခိုင်ပြည်နယ်၊ စစ်ကိုင်းတိုင်းနဲ့ ရှမ်းပြည်နယ်တို့မှာ ပဋိပက္ခဖြစ်ရပ်တွေ အများဆုံးဖြစ်ခဲ့တာကို ပြနေ ပါတယ်။ တိုက်ပွဲ၊ ပေါက်ကွဲမှုနဲ့ အရပ်သားတွေအပေါ် အကြမ်းဖက်မှုတွေကို ပဋိပက္ခဖြစ်ရပ်တွေအဖြစ် ACLED က သုံးနှုန်းပြောဆိုပြီး ၂၀၂၄ ဒီဇင်ဘာအထိ လာမယ့် ၆ လမှာ မန္တလေးတိုင်းမှာ ၂၃ ရာနှုန်း၊ ရခိုင်ပြည်နယ်မှာတော့ ၃ ရာနှုန်းတိုးမယ်လို့ ခန့်မှန်းပါတယ်။ စစ်ကိုင်းနဲ့ ကချင်မှာတော့ ပဋိပက္ခဖြစ်ရပ်တွေ ၃၇ ရာနှုန်းနဲ့ ၂၆ ရာနှုန်း၊ ရှမ်းမြောက်မှာ ၈ ရာနှုန်း အသီးသီးကျမယ်လို့ ACLED က ခန့်မှန်းထားပါတယ်။

 "မြန်မာ့ပဋိပက္ခ ကမ္ဘာ့အညွှန်းကိန်း အဆင့်နံပါတ် ၂ မှာ ရှိနေ" ALCED 
please wait

No media source currently available

0:00 0:01:12 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG