[Zawgyi/Unicode]
ျမန္မာႏိုင္ငံမွာ ဒီေန႔ ည ၈ နာရီအထိ COVID-19 ဓာတ္ခဲြနမူနာ ၁,၁၀၀ ေက်ာ္ စစ္ေဆးခဲ့တဲ့ထဲမွာ ေရာဂါပုိးကူးစက္ထားသူ ႏွစ္ ေယာက္ ေတြ႕႐ွိခဲ့တာေၾကာင့္ စုစုေပါင္း အတည္ျပဳလူနာ ၂၃၆ ေယာက္ ႐ွိသြားပါၿပီ။
အခု ေရာဂါပိုးေတြ႕႐ွိသူ ႏွစ္ ေယာက္ဟာ အိႏၵိယႏိုင္ငံက ျပန္လာၾကတဲ့ စစ္ကိုင္းၿမိဳ႕က အမ်ဳိးသားေတြျဖစ္ၾကတယ္လို႔ က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနရဲ႕ ည ၈ နာရီထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။
ဘဂၤလားေဒ႐ွ္႕ႏိုင္ငံကေန ျပန္လာလို႔ ရခိုင္ျပည္နယ္ ေမာင္ေတာၿမိဳ႕မွာ အသြားအလာ ကန္႔သတ္ ေစာင့္ၾကည့္ခံေနရသူ အမ်ဳိးသား တေယာက္မွာလည္း ေရာဂါပိုးေတြ႔႐ွိေၾကာင္း ဒီေန႔မနက္ ၈ နာရီထုတ္ျပန္ခ်က္မွာ ေျပာထားပါတယ္။
ဒီေန႕ ၾကာသပေတးေန႔အတြက္ ေဆးသုေတသနဦးစီးဌာနမွာ ဓာတ္ခြဲနမူနာ ၁၀၇ ခု၊ ရန္ကုန္ အမ်ိဳးသားက်န္းမာေရးဓာတ္ခြဲဌာနမွာ ပထမအသုတ္ ဓာတ္ခြဲ နမူနာ ၇၄၂ ခု၊ မႏၱေလးၿမိဳ႕ျပည္သူ႔က်န္းမာေရးဓာတ္ခြဲဌာနမွာ ဓာတ္ခြဲနမူနာ ၂၄၄ ခုနဲ႔ ေမာ္လၿမိဳင္ၿမိဳ႕ ျပည္သူ႔က်န္းမာေရးဓာတ္ခြဲဌာနမွာ ဓာတ္ခြဲနမူနာ ၉၃ ခု၊ စုစုေပါင္း ၁,၁၈၆ ခုကို စစ္ေဆးခဲ့ၾကတာျဖစ္ပါတယ္။
COVID-19 လူနာေဟာင္းေတြထဲမွာ ေရာဂါပိုး ကင္းစင္သြားသူ စုစုေပါင္းက ၁၄၈ ေယာက္႐ွိသြားၿပီျဖစ္ပါတယ္။ အတည္ျပဳလူနာေတြထဲက ေသဆံုးခဲ့သူကေတာ့ ၆ ေယာက္ျဖစ္ပါတယ္။
[Unicode Version]
မြန်မာ COVID-19 ကူးစက်သူ ၂ ဦးတိုး၊ ကူးစက်သူစုစုပေါင်း ၂၃၆ ယောက်ရှိပြီ
မြန်မာနိုင်ငံမှာ ဒီနေ့ ည ၈ နာရီအထိ COVID-19 ဓာတ်ခွဲနမူနာ ၁,၁၀၀ ကျော် စစ်ဆေးခဲ့တဲ့ထဲမှာ ရောဂါပိုးကူးစက်ထားသူ နှစ် ယောက် တွေ့ရှိခဲ့တာကြောင့် စုစုပေါင်း အတည်ပြုလူနာ ၂၃၆ ယောက် ရှိသွားပါပြီ။
အခု ရောဂါပိုးတွေ့ရှိသူ နှစ် ယောက်ဟာ အိန္ဒိယနိုင်ငံက ပြန်လာကြတဲ့ စစ်ကိုင်းမြို့က အမျိုးသားတွေဖြစ်ကြတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ည ၈ နာရီထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဘင်္ဂလားဒေရှ့်နိုင်ငံကနေ ပြန်လာလို့ ရခိုင်ပြည်နယ် မောင်တောမြို့မှာ အသွားအလာ ကန့်သတ် စောင့်ကြည့်ခံနေရသူ အမျိုးသား တယောက်မှာလည်း ရောဂါပိုးတွေ့ရှိကြောင်း ဒီနေ့မနက် ၈ နာရီထုတ်ပြန်ချက်မှာ ပြောထားပါတယ်။
ဒီနေ့ ကြာသပတေးနေ့အတွက် ဆေးသုတေသနဦးစီးဌာနမှာ ဓာတ်ခွဲနမူနာ ၁၀၇ ခု၊ ရန်ကုန် အမျိုးသားကျန်းမာရေးဓာတ်ခွဲဌာနမှာ ပထမအသုတ် ဓာတ်ခွဲ နမူနာ ၇၄၂ ခု၊ မန္တလေးမြို့ပြည်သူ့ကျန်းမာရေးဓာတ်ခွဲဌာနမှာ ဓာတ်ခွဲနမူနာ ၂၄၄ ခုနဲ့ မော်လမြိုင်မြို့ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲဌာနမှာ ဓာတ်ခွဲနမူနာ ၉၃ ခု၊ စုစုပေါင်း ၁,၁၈၆ ခုကို စစ်ဆေးခဲ့ကြတာဖြစ်ပါတယ်။
COVID-19 လူနာဟောင်းတွေထဲမှာ ရောဂါပိုး ကင်းစင်သွားသူ စုစုပေါင်းက ၁၄၈ ယောက်ရှိသွားပြီဖြစ်ပါတယ်။ အတည်ပြုလူနာတွေထဲက သေဆုံးခဲ့သူကတော့ ၆ ယောက်ဖြစ်ပါတယ်။