သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာကိုဗစ္ ဓါတ္ခဲြအတည္ျပဳ ၁၀၉,၅၁၂ ဦး၊ ေသဆံုး၂,၂၉၂ ဦး


ရန္ကုန္ၿမိဳ႕တြင္ ကိုဗစ္ေၾကာင့္ေသဆံုးသူတစ္ဦးကို သၿဂိဳၤဟ္ဖို႔ သယ္ေဆာင္ေနၾကတဲ့ PPE ဝတ္စံုဝတ္ ပရဟိတလုပ္သားမ်ား။ (ႏိုဝင္ဘာ ၂၅၊ ၂၀၂၀)

[Zawgyi/Unicode]

ျမန္မာႏုိင္ငံမွာဒီကေန႔ ကို႐ုိနာဗုိင္းရပ္စ္ပိုးကူးခံရသူ ၁,၁၇၀ ဦး အတည္ျပဳေတြ႔ရွိခဲ့တာေၾကာင့္ ဒီဇင္ဘာ ၁၄ ရက္ေန႔ထိ ပိုးကူးခံရသူ ၁၀၉,၅၁၂ ဦးရွိေၾကာင္းျမန္မာအားကစားနဲ႔က်န္းမာေရး၀န္ႀကီးဌာနက ဒီကေန႔ည ၈နာရီ ထုတ္ျပန္ခ်က္မွာေဖာ္ျပထားပါတယ္။ ဓာတ္ခြဲနာမူနာေပါင္း ၁၉,၀၀၀ ေက်ာ္ထဲက အတည္ျပဳလူနာ ၁,၀၀၀ ေက်ာ္ေတြ႔ရွိခဲ့တာပါ။

ၿပီးခဲ့တဲ့ ၂၄ နာရီအတြင္း ကိုဗစ္ေၾကာင့္ေသဆုံးသူ ၂၄ ဦးရွိၿပီး ေရာဂါခံရွိသူ ၂၁ ဦးပါ၀င္တယ္လို႔လည္း ေၾကျငာခ်က္မွာေဖာ္ျပထားပါတယ္။ ဒီကေန႔ ေဆး႐ုံဆင္းခြင့္ရသူက ၁,၃၃၆ ဦးရွိတဲ့အတြက္ ျပန္လည္ေနေကာင္းသက္သာသြားတဲ့ လူနာစုစုေပါင္းက ၈၈,၀၀၀ ေက်ာ္ရွိပါတယ္။ ျမန္မာႏုိင္ငံမွာ ဒီဇင္ဘာလ ၅ ရက္ေန႔ကေန ၁၄ ရက္ေန႔ထိ ပွ်မ္းမ ွ်ေန႔စဥ္ ဓာတ္ခြဲစစ္ေဆးမႈေပါင္း ၂၁,၀၀၀ ေက်ာ္လုပ္ေနတာမွာ ပိုးေတြ႔မႈက ၆ ရာခုိင္ႏႈန္း၀န္းက်င္ရွိေၾကာင္း က်န္းမာေရး၀န္ႀကီးဌာနရဲ ႔ အင္တာနက္ဟာမ်က္ႏွာမွာ ေဖာ္ျပထားပါတယ္။

ကို႐ိုနာဗိုင္းရပ္စ္ပိုး ကူးစက္ပ်ံ႕ႏွံ႔မႈေတြကို ဆက္ျပီး ထိန္းခ်ဳပ္ႏုိင္ဖို႔အတြက္ ဒီဇင္ဘာလ ၁၅ ရက္ေန႔အထိ အစိုးရက ခ်မွတ္ထားတဲ့ ညႊန္ၾကားခ်က္ေတြ၊ အမိန္႔ ေၾကာ္ျငာစာေတြကို ဒီဇင္ဘာလ ၃၁ ရက္ေန႔အထိ ရက္တိုးသတ္မွတ္ထားတာပါ။ ကိုဗစ္ ေရာဂါကူးစက္မႈက်ဆင္းသြားေအာင္ ျပည္သူလူထုအေနနဲ႔ က်န္းမာေရးနဲ႔ အားကစား၀န္ႀကီးဌာနရဲ ႔ ညႊန္ၾကားခ်က္ေတြကို ခုထက္ပိုၿပိီး တိတိက်က်လိုက္နာဖို႔လည္း တုိက္တြန္းႏိႈးေဆာ္ထားပါတယ္။

[Unicode Version]

မြန်မာကိုဗစ် ဓါတ်ခွဲအတည်ပြု ၁၀၉,၅၁၂ ဦး၊ သေဆုံး၂,၂၉၂ ဦး

မြန်မာနိုင်ငံမှာဒီကနေ့ ကိုရိုနာဗိုင်းရပ်စ်ပိုးကူးခံရသူ ၁,၁၇၀ ဦး အတည်ပြုတွေ့ရှိခဲ့တာကြောင့် ဒီဇင်ဘာ ၁၄ ရက်နေ့ထိ ပိုးကူးခံရသူ ၁၀၉,၅၁၂ ဦးရှိကြောင်းမြန်မာအားကစားနဲ့ကျန်းမာရေးဝန်ကြီးဌာနက ဒီကနေ့ည ၈နာရီ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ ဓာတ်ခွဲနာမူနာပေါင်း ၁၉,၀၀၀ ကျော်ထဲက အတည်ပြုလူနာ ၁,၀၀၀ ကျော်တွေ့ရှိခဲ့တာပါ။

ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ကိုဗစ်ကြောင့်သေဆုံးသူ ၂၄ ဦးရှိပြီး ရောဂါခံရှိသူ ၂၁ ဦးပါဝင်တယ်လို့လည်း ကြေငြာချက်မှာဖော်ပြထားပါတယ်။ ဒီကနေ့ ဆေးရုံဆင်းခွင့်ရသူက ၁,၃၃၆ ဦးရှိတဲ့အတွက် ပြန်လည်နေကောင်းသက်သာသွားတဲ့ လူနာစုစုပေါင်းက ၈၈,၀၀၀ ကျော်ရှိပါတယ်။ မြန်မာနိုင်ငံမှာ ဒီဇင်ဘာလ ၅ ရက်နေ့ကနေ ၁၄ ရက်နေ့ထိ ပျှမ်းမ ျှနေ့စဉ် ဓာတ်ခွဲစစ်ဆေးမှုပေါင်း ၂၁,၀၀၀ ကျော်လုပ်နေတာမှာ ပိုးတွေ့မှုက ၆ ရာခိုင်နှုန်းဝန်းကျင်ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနရဲ့ အင်တာနက်ဟာမျက်နှာမှာ ဖော်ပြထားပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ပျံ့နှံ့မှုတွေကို ဆက်ပြီး ထိန်းချုပ်နိုင်ဖို့အတွက် ဒီဇင်ဘာလ ၁၅ ရက်နေ့အထိ အစိုးရက ချမှတ်ထားတဲ့ ညွှန်ကြားချက်တွေ၊ အမိန့် ကြော်ငြာစာတွေကို ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ ရက်တိုးသတ်မှတ်ထားတာပါ။ ကိုဗစ် ရောဂါကူးစက်မှုကျဆင်းသွားအောင် ပြည်သူလူထုအနေနဲ့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်တွေကို ခုထက်ပိုပြီး တိတိကျကျလိုက်နာဖို့လည်း တိုက်တွန်းနှိုးဆော်ထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG