[Zawgyi/Unicode]
ျမန္မာႏိုင္ငံမွာ COVID-19 အတည္ျပဳလူနာ ဒီေန႔ ၁,၃၃၀ ေယာက္ ထပ္တုိးပါတယ္။ ေသဆံုးသူကလည္း ေနာက္ထပ္ ၂၆ ေယာက္႐ွိတယ္လို႔ က်န္းမာေရးန႔ဲ အားကစားဝန္ႀကီးဌာနရဲ႕ ည ၈ နာရီ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။ ေသဆံုးသူေတြထဲမွာ ၂၃ ေယာက္က တျခားေရာဂါအခံ႐ွိသူေတြ ျဖစ္ၾကပါတယ္။ ဒီေန႔အတြက္ စစ္ေဆးခဲ့တဲ့ စုစုေပါင္း ဓါတ္ခဲြနမူနာက ၁၇,၃၄၇ ခုျဖစ္ပါတယ္။
ေရာဂါေပ်ာက္ကင္းလို႔ ေဆး႐ံုက ဆင္းခြင့္ရသူ ၁,၀၇၀ ဦး ထပ္တိုးၿပီး စုစုေပါင္း ၆၃,၃၆၆ ဦး ေရာဂါေပ်ာက္ကင္းသြားၿပီျဖစ္ပါတယ္။
ႏိုဝင္ဘာ ၂၅ ရက္ ဒီေန႔အထိ ျမန္မာႏိုင္ငံမွာ အတည္ျပဳလူနာ စုစုေပါင္း ၈၃,၅၆၆ ေယာက္ ေသဆံုးသူ စုစုေပါင္း ၁,၈၁၀ ေယာက္ျဖစ္ပါတယ္။
အခုရက္ပိုင္းေတြ႔႐ွိတဲ့ ကိုဗစ္အတည္ျပဳလူနာသစ္ေတြထဲမွာ ႏိုဝင္ဘာ ၈ ရက္ေန႔က က်င္းပခဲ့တဲ့ေ႐ြးေကာက္ပြဲအတြင္း တာဝန္ယူခ့ဲသူ မဲ႐ံုဝန္ထမ္းတခ်ုိ႕လည္း ပါဝင္ပါတယ္။
ဂ်ပန္မွာ ေနထိုင္ေနၾကတဲ့ ျမန္မာႏိုင္ငံသားေတြထဲက တခ်ဳိ႕လည္း ကိုဗစ္ေရာဂါ ကူးစက္ေနၾကပါတယ္။
[Unicode Version]
မြန်မာ COVID-19 ရောဂါကူးစက်သူ ၈၃,၅၆၆၊ သေဆုံးသူ ၁,၈၁၀ ဦးရှိပြီ
မြန်မာနိုင်ငံမှာ COVID-19 အတည်ပြုလူနာ ဒီနေ့ ၁,၃၃၀ ယောက် ထပ်တိုးပါတယ်။ သေဆုံးသူကလည်း နောက်ထပ် ၂၆ ယောက်ရှိတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ည ၈ နာရီ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ သေဆုံးသူတွေထဲမှာ ၂၃ ယောက်က တခြားရောဂါအခံရှိသူတွေ ဖြစ်ကြပါတယ်။ ဒီနေ့အတွက် စစ်ဆေးခဲ့တဲ့ စုစုပေါင်း ဓါတ်ခွဲနမူနာက ၁၇,၃၄၇ ခုဖြစ်ပါတယ်။
ရောဂါပျောက်ကင်းလို့ ဆေးရုံက ဆင်းခွင့်ရသူ ၁,၀၇၀ ဦး ထပ်တိုးပြီး စုစုပေါင်း ၆၃,၃၆၆ ဦး ရောဂါပျောက်ကင်းသွားပြီဖြစ်ပါတယ်။
နိုဝင်ဘာ ၂၅ ရက် ဒီနေ့အထိ မြန်မာနိုင်ငံမှာ အတည်ပြုလူနာ စုစုပေါင်း ၈၃,၅၆၆ ယောက် သေဆုံးသူ စုစုပေါင်း ၁,၈၁၀ ယောက်ဖြစ်ပါတယ်။
အခုရက်ပိုင်းတွေ့ရှိတဲ့ ကိုဗစ်အတည်ပြုလူနာသစ်တွေထဲမှာ နိုဝင်ဘာ ၈ ရက်နေ့က ကျင်းပခဲ့တဲ့ရွေးကောက်ပွဲအတွင်း တာဝန်ယူခဲ့သူ မဲရုံဝန်ထမ်းတချို့လည်း ပါဝင်ပါတယ်။
ဂျပန်မှာ နေထိုင်နေကြတဲ့ မြန်မာနိုင်ငံသားတွေထဲက တချို့လည်း ကိုဗစ်ရောဂါ ကူးစက်နေကြပါတယ်။