[Zawgyi/Unicode]
ျမန္မာႏိုင္ငံမွာ ၿပီးခဲ့တဲ့ ၂၄ နာရီအတြင္း COVID-19 ေရာဂါကူးစက္သူ ၁,၂၃၃ ဦး ထပ္တိုးၿပီး ေသဆုံးသူက ၂၇ ဦး ထပ္တိုးတဲ့အေၾကာင္း က်န္းမာေရးနဲ႔အားကစားဝန္ႀကီးဌာနရဲ႕ ဒီကေန႔ည ၈ နာရီ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။
ေသဆုံးသူေတြထဲမွာ အေယာက္ ၂၀ က ေရာဂါအခံရွိသူေတြျဖစ္တယ္လို႔ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။
ဓာတ္ခြဲနမူနာေပါင္း ၂၃,၁၀၉ ခုကို စစ္ေဆးခဲ့တဲ့ထဲက အခုလို ေနာက္ထပ္ ေရာဂါပိုးကူးစက္ထားသူေတြ ေတြ႕ရတာျဖစ္ၿပီး ဒီကေန႔အထိဆိုရင္ စစ္ေဆးခဲ့တဲ့ ဓာတ္ခြဲနမူနာေပါင္း ၁,၅၀၃,၈၄၉ ခု ရွိသြားၿပီျဖစ္ပါတယ္။
ေသဆုံးသူအေရအတြက္က ၂,၃၄၆ ဦး ရွိၿပီျဖစ္ၿပီး ေရာဂါပိုး ကူးစက္သူေပါင္းကေတာ့ ၁၁၁,၉၀၀ ဦး ရွိသြားပါၿပီ။
ဒီကေန႔ညထုတ္ျပန္ခ်က္မွာ ေဆး႐ုံဆင္းခြင့္ရရွိသူအေရအတြက္ ၁,၀၃၅ ဦးရွိတယ္လို႔ ေဖာ္ျပထားတာေၾကာင့္ ေရာဂါေပ်ာက္ကင္းသြားသူေပါင္း ၉၀,၄၅၃ ဦး ရွိသြားၿပီျဖစ္ပါတယ္။
က်န္းမာေရးနဲ႔အားကစားဝန္ႀကီးဌာန၊ သတင္းထုတ္ျပန္ေရးအဖြဲ႕ဝင္၊ ဗဟိုကူးစက္ေရာဂါ တိုက္ဖ်က္ေရးဌာနခြဲ ၫႊန္ၾကားေရးမႉး ေဒါက္တာခင္ခင္ႀကီးက သူ႔ရဲ႕ေဖ့စ္ဘုတ္မွာ မၾကာေသးခင္ အခ်ိန္ပိုင္းအတြင္းက ေရးထားတာအရဆိုရင္ ဒီကေန႔ ဓာတ္ခြဲစစ္ေဆးတဲ့ နမူနာအေရအတြက္ စုစုေပါင္းထဲမွာ ပိုးေတြ႕သူ ၅.၃% ရွိၿပီး ျပန္ေကာင္းလာသူ ၈၀.၈% ၊ ေသဆုံးႏႈန္းက ၂.၁% ရွိပါတယ္။
ေသဆုံးသူေတြထဲမွာ ေနာက္ခံေရာဂါရွိသူက ၇၄% ရွိတယ္လို႔လည္း ေဒါက္တာခင္ခင္ႀကီးက ေရးထားပါတယ္။
ဒီကိန္းဂဏန္းေတြအရဆိုရင္ ေရာဂါကူးစက္မႈႏႈန္း အနည္းငယ္ က်ဆင္းလာေနေပမဲ့ ေသဆံုးႏႈန္းက ေလ်ာ့က်မသြားေသးဘဲ ေန႔စဥ္လို ၂% အထက္မွာခ်ည္း ရွိေနဆဲျဖစ္ပါတယ္။
[Unicode Version]
မြန်မာကိုဗစ် ဓါတ်ခွဲအတည်ပြုစုစုပေါင်း ၁၁၁,၉၀၀ ဦး၊ သေဆုံး ၂,၃၄၆ ဦး
မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း COVID-19 ရောဂါကူးစက်သူ ၁,၂၃၃ ဦး ထပ်တိုးပြီး သေဆုံးသူက ၂၇ ဦး ထပ်တိုးတဲ့အကြောင်း ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနရဲ့ ဒီကနေ့ည ၈ နာရီ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
သေဆုံးသူတွေထဲမှာ အယောက် ၂၀ က ရောဂါအခံရှိသူတွေဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဓာတ်ခွဲနမူနာပေါင်း ၂၃,၁၀၉ ခုကို စစ်ဆေးခဲ့တဲ့ထဲက အခုလို နောက်ထပ် ရောဂါပိုးကူးစက်ထားသူတွေ တွေ့ရတာဖြစ်ပြီး ဒီကနေ့အထိဆိုရင် စစ်ဆေးခဲ့တဲ့ ဓာတ်ခွဲနမူနာပေါင်း ၁,၅၀၃,၈၄၉ ခု ရှိသွားပြီဖြစ်ပါတယ်။
သေဆုံးသူအရေအတွက်က ၂,၃၄၆ ဦး ရှိပြီဖြစ်ပြီး ရောဂါပိုး ကူးစက်သူပေါင်းကတော့ ၁၁၁,၉၀၀ ဦး ရှိသွားပါပြီ။
ဒီကနေ့ညထုတ်ပြန်ချက်မှာ ဆေးရုံဆင်းခွင့်ရရှိသူအရေအတွက် ၁,၀၃၅ ဦးရှိတယ်လို့ ဖော်ပြထားတာကြောင့် ရောဂါပျောက်ကင်းသွားသူပေါင်း ၉၀,၄၅၃ ဦး ရှိသွားပြီဖြစ်ပါတယ်။
ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာန၊ သတင်းထုတ်ပြန်ရေးအဖွဲ့ဝင်၊ ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲ ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက သူ့ရဲ့ဖေ့စ်ဘုတ်မှာ မကြာသေးခင် အချိန်ပိုင်းအတွင်းက ရေးထားတာအရဆိုရင် ဒီကနေ့ ဓာတ်ခွဲစစ်ဆေးတဲ့ နမူနာအရေအတွက် စုစုပေါင်းထဲမှာ ပိုးတွေ့သူ ၅.၃% ရှိပြီး ပြန်ကောင်းလာသူ ၈၀.၈% ၊ သေဆုံးနှုန်းက ၂.၁% ရှိပါတယ်။
သေဆုံးသူတွေထဲမှာ နောက်ခံရောဂါရှိသူက ၇၄% ရှိတယ်လို့လည်း ဒေါက်တာခင်ခင်ကြီးက ရေးထားပါတယ်။
ဒီကိန်းဂဏန်းတွေအရဆိုရင် ရောဂါကူးစက်မှုနှုန်း အနည်းငယ် ကျဆင်းလာနေပေမဲ့ သေဆုံးနှုန်းက လျော့ကျမသွားသေးဘဲ နေ့စဉ်လို ၂% အထက်မှာချည်း ရှိနေဆဲဖြစ်ပါတယ်။