သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာကိုဗစ္ ဓါတ္ခဲြအတည္ျပဳစုစုေပါင္း ၁၂၂,၅၃၄ ဦး၊ ေသဆံုး ၂,၆၁၈ ဦး


ရန္ကုန္ၿမိဳ႕ရွိ လမ္းတခုမွာ ေတြ႔ရတဲ့ စက္ဘီးနဲ႔ သြားလာေနၾကသူတခ်ိဳ႕။ (ဒီဇင္ဘာ ၀၇၊ ၂၀၂၀)

[Zawgyi/Unicode]

ျမန္မာႏိုင္ငံမွာ ဒီေန႔ ကို႐ိုနာဗိုင္းရပ္စ္ပိုး ကူးစက္သူ ၆၄၈ ေယာက္ ထပ္အတည္ျပဳခဲ့တာေၾကာင့္၊ ကူးစက္သူစုစုေပါင္း ၁၂၂,၅၃၄ ေယာက္ရွိလာပါၿပီ။ ဒီဇင္ဘာလ ၂၈ ရက္မွာ ဓာတ္ခြဲနမူနာေပါင္း ၁၉,၁၀၈ ခု စစ္ခဲ့ကာ၊ ပိုးေတြႏႈန္း ၃.၄% အျဖစ္၊ ၄% ေအာက္ ၄ ရက္ဆက္တိုက္က်လာေနတာပါ။

ၿပီးခဲ့တဲ့ ၂၄ နာရီအတြင္း COVID-19 ေၾကာင့္ ေသဆုံးသူ ၁၇ ေယာက္ရွိတာေၾကာင့္၊ ေသဆုံးသူစုစုေပါင္းကလည္း ၂,၆၁၈ ေယာက္ရွိလာပါၿပီ။ ဒီေန႔ေသဆုံးသူေတြထဲမွာ ေရာဂါအခံရွိတဲ့သူ ၁၂ ေယာက္ ပါတယ္လို႔၊ က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနက ထုတ္ျပန္ထားပါတယ္။

ျမန္မာႏိုင္ငံမွာ ဒီေရာဂါစေတြ႔ခဲ့တဲ့ မတ္လကေန အခုထိ ဓာတ္ခြဲနာမူနာေပါင္း ၁,၇၅၉,၀၄၅ ခု စစ္ေဆးၿပီးခဲ့ၿပီး၊ အတည္ျပဳလူနာေတြထဲ ျပန္က်န္းမာလာသူက ၁၀၄,၃၅၁ ေယာက္အထိရွိလာေနပါတယ္။

မေန႔ကအထိေတာ့ ရန္ကုန္တိုင္းအတြင္း ကူးစက္သူ ၂၂၈ ေယာက္နဲ႔ အမ်ားဆုံးျဖစ္ၿပီး၊ မႏၲေလးတိုင္းက ၁၂၁ ေယာက္နဲ႔ ဒုတိယအမ်ားဆုံး ျဖစ္ပါတယ္။

ခုလိုအခ်ိန္မွာ ကိုဗစ္ကာကြယ္ေဆး အိႏိၵယကိုသြားဝယ္တဲ့ ျမန္မာႏိုင္က်န္းမာေရးကိုယ္စားလွယ္အဖြဲ႔အေနနဲ႔လည္း အခုျမန္မာႏိုင္ငံကို ျပန္ေရာက္ေနၿပီး အဖြဲ႔ေခါင္းေဆာင္ ေဆးသုေတသနဦးစီးဌာန ညႊန္ၾကားေရးမွဴးခ်ဳပ္ ေဒါက္တာေဇာ္သန္းထြန္းက မၾကာခင္ ဒီအေၾကာင္းတရားဝင္သတင္းထုတ္ဖို႔ရွိတယ္လို႔ ဆိုပါတယ္။

ဒါ့အျပင္ ဒီအဖြဲ႔မွာပါတဲ့ တိုးခ်ဲ႕ကာကြယ္ေဆးထိုးလုပ္ငန္းစီမံခ်က္က ညႊန္ၾကားေရးမွဴး ေဒါက္တာထားထားလင္းကလည္း၊ အခုရက္ပိုင္းအတြင္း ဒီသတင္းေကာင္းၾကားရေတာ့မွာျဖစ္ၿပီး၊ ဒီကာကြယ္ေဆးေတြက အသုတ္လိုက္ေရာက္လာဖို႔ရွိခါ ပထမဆံုးေဆးထိုးေပးမဲ့လူစာရင္း ျပဳစုေနၿပီလို႔ ဆိုပါတယ္။

အိႏိၵယရွိ ျမန္မာသံအမတ္ႀကီး ဦးမိုးေက်ာ္ေအာင္ကလည္း အိႏိၵယႏိုင္ငံ Serum Institute ကေနဝယ္ထားတဲ့ ဒီကာကြယ္ေဆး လာမဲ့ ၂၀၂၁ မတ္လမတိုင္ခင္ ရရိွႏိုင္ဖို႔ အိႏိၵယျပည္ပေရးရာတြဲဖက္အတြင္းဝန္နဲ႔ ဒီေန႔သြားေဆြးေႏြးခဲ့တယ္လို႔ သံရံုးအင္တာနက္ Web Site မွာေျပာထားပါတယ္။

[Unicode Version]

မြန်မာကိုဗစ် ဓါတ်ခွဲအတည်ပြုစုစုပေါင်း ၁၂၂,၅၃၄ ဦး၊ သေဆုံး ၂,၆၁၈ ဦး

မြန်မာနိုင်ငံမှာ ဒီနေ့ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်သူ ၆၄၈ ယောက် ထပ်အတည်ပြုခဲ့တာကြောင့်၊ ကူးစက်သူစုစုပေါင်း ၁၂၂,၅၃၄ ယောက်ရှိလာပါပြီ။ ဒီဇင်ဘာလ ၂၈ ရက်မှာ ဓာတ်ခွဲနမူနာပေါင်း ၁၉,၁၀၈ ခု စစ်ခဲ့ကာ၊ ပိုးတွေနှုန်း ၃.၄% အဖြစ်၊ ၄% အောက် ၄ ရက်ဆက်တိုက်ကျလာနေတာပါ။

ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း COVID-19 ကြောင့် သေဆုံးသူ ၁၇ ယောက်ရှိတာကြောင့်၊ သေဆုံးသူစုစုပေါင်းကလည်း ၂,၆၁၈ ယောက်ရှိလာပါပြီ။ ဒီနေ့သေဆုံးသူတွေထဲမှာ ရောဂါအခံရှိတဲ့သူ ၁၂ ယောက် ပါတယ်လို့၊ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

မြန်မာနိုင်ငံမှာ ဒီရောဂါစတွေ့ခဲ့တဲ့ မတ်လကနေ အခုထိ ဓာတ်ခွဲနာမူနာပေါင်း ၁,၇၅၉,၀၄၅ ခု စစ်ဆေးပြီးခဲ့ပြီး၊ အတည်ပြုလူနာတွေထဲ ပြန်ကျန်းမာလာသူက ၁၀၄,၃၅၁ ယောက်အထိရှိလာနေပါတယ်။

မနေ့ကအထိတော့ ရန်ကုန်တိုင်းအတွင်း ကူးစက်သူ ၂၂၈ ယောက်နဲ့ အများဆုံးဖြစ်ပြီး၊ မန္တလေးတိုင်းက ၁၂၁ ယောက်နဲ့ ဒုတိယအများဆုံး ဖြစ်ပါတယ်။

ခုလိုအချိန်မှာ ကိုဗစ်ကာကွယ်ဆေး အိန္ဒိယကိုသွားဝယ်တဲ့ မြန်မာနိုင်ကျန်းမာရေးကိုယ်စားလှယ်အဖွဲ့အနေနဲ့လည်း အခုမြန်မာနိုင်ငံကို ပြန်ရောက်နေပြီး အဖွဲ့ခေါင်းဆောင် ဆေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဇော်သန်းထွန်းက မကြာခင် ဒီအကြောင်းတရားဝင်သတင်းထုတ်ဖို့ရှိတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဒီအဖွဲ့မှာပါတဲ့ တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်းစီမံချက်က ညွှန်ကြားရေးမှူး ဒေါက်တာထားထားလင်းကလည်း၊ အခုရက်ပိုင်းအတွင်း ဒီသတင်းကောင်းကြားရတော့မှာဖြစ်ပြီး၊ ဒီကာကွယ်ဆေးတွေက အသုတ်လိုက်ရောက်လာဖို့ရှိခါ ပထမဆုံးဆေးထိုးပေးမဲ့လူစာရင်း ပြုစုနေပြီလို့ ဆိုပါတယ်။

အိန္ဒိယရှိ မြန်မာသံအမတ်ကြီး ဦးမိုးကျော်အောင်ကလည်း အိန္ဒိယနိုင်ငံ Serum Institute ကနေဝယ်ထားတဲ့ ဒီကာကွယ်ဆေး လာမဲ့ ၂၀၂၁ မတ်လမတိုင်ခင် ရရှိနိုင်ဖို့ အိန္ဒိယပြည်ပရေးရာတွဲဖက်အတွင်းဝန်နဲ့ ဒီနေ့သွားဆွေးနွေးခဲ့တယ်လို့ သံရုံးအင်တာနက် Web Site မှာပြောထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG