သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ျမန္မာကိုဗစ္ ဓါတ္ခဲြအတည္ျပဳစုစုေပါင္း ၁၂၃,၄၇၀ ဦး၊ ေသဆံုး ၂,၆၆၄ ဦး


ရန္ကုန္တိုင္း ေျမာက္ဥကၠလာျပည္သူ႔ေဆး႐ုံႀကီးမွာ ကိုဗစ္-၁၉ ေရာဂါအထူးၾကပ္မတ္ကုသေဆာင္ (ICU) မွာ ေရာဂါျပင္းထန္စြာခံစားရေနသူမ်ားကို ကုသေစာင့္ေရွာက္ေပးေနတဲ့ က်န္းမာေရးဝန္ထမ္းမ်ား။ (ဓာတ္ပံု -Ministry of Health and Sports, Myanmar - ဒီဇင္ဘာ ၂၄၊ ၂၀၂၀)

[Zawgyi/Unicode]

ျမန္မာႏိုင္ငံမွာ ၿပီးခဲ့တဲ့ ၂၄ နာရီအတြင္း COVID-19 ေရာဂါကူးစက္သူ ၅၈၇ ေယာက္ ထပ္တိုးၿပီး ေသဆုံးသူက ၂၇ ေယာက္ ထပ္တိုးတဲ့အေၾကာင္း က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနရဲ႕ ဒီကေန႔ည ၈ နာရီ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

ေသဆုံးသူေတြထဲမွာ ၉ ေယာက္က ေရာဂါအခံမရွိသူေတြျဖစ္တယ္ဆိုတာ ထုတ္ျပန္ခ်က္မွာ ေတြ႕ရပါတယ္။

ဓာတ္ခြဲနမူနာေပါင္း ၁၇,၀၁၀ ခုကို စစ္ေဆးခဲ့တဲ့ထဲက အခုလို ေနာက္ထပ္ ေရာဂါပိုးကူးစက္ထားသူေတြ ေတြ႕ရတာျဖစ္ၿပီး ဒီကေန႔အထိဆိုရင္ စစ္ေဆးခဲ့တဲ့ ဓာတ္ခြဲနမူနာေပါင္း ၁,၇၉၄,၂၅၃ ခု ရွိသြားၿပီျဖစ္ပါတယ္။

ေသဆုံးသူအေရအတြက္က ၂,၆၆၄ ေယာက္ရွိၿပီျဖစ္ၿပီး ေရာဂါပိုး ကူးစက္သူေပါင္းကေတာ့ ၁၂၃,၄၇၀ ေယာက္ ရွိသြားပါၿပီ။

ဒီကေန႔ညထုတ္ျပန္ခ်က္မွာ ေဆး႐ုံဆင္းခြင့္ရရွိသူအေရအတြက္ ၈၄၂ ေယာက္ရွိတယ္လို႔ ေဖာ္ျပထားတာေၾကာင့္ ေရာဂါေပ်ာက္ကင္းသြားသူေပါင္း ၁၀၆,၁၂၁ ေယာက္ ရွိသြားၿပီျဖစ္ပါတယ္။

က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာန၊ သတင္းထုတ္ျပန္ေရးအဖြဲ႕ဝင္၊ ဗဟိုကူးစက္ေရာဂါ တိုက္ဖ်က္ေရးဌာနခြဲ ၫႊန္ၾကားေရးမႉး ေဒါက္တာခင္ခင္ႀကီးက သူ႔ရဲ႕ေဖ့စ္ဘုတ္မွာ မၾကာေသးခင္ အခ်ိန္ပိုင္းအတြင္းက ေရးထားတာအရဆိုရင္ ဒီကေန႔ ဓာတ္ခြဲစစ္ေဆးတဲ့ နမူနာအေရအတြက္ စုစုေပါင္းထဲမွာ ပိုးေတြ႕သူ ၃.၄၅% ရွိၿပီး ျပန္ေကာင္းလာသူ ၈၅.၉% ၊ ေသဆုံးႏႈန္းက ၂.၁၆% ရွိပါတယ္။

ေသဆုံးသူေတြထဲမွာ ေနာက္ခံေရာဂါရွိသူက ၆၆.၇% ရွိတယ္လို႔လည္း ေဒါက္တာခင္ခင္ႀကီးက ေရးထားပါတယ္။

အခုဆိုရင္ ပိုးေတြ႕ႏႈန္း ၄% ေအာက္ က်ဆင္းလာတာ ရက္အနည္းငယ္ရွိလာၿပီ ျဖစ္ေပမဲ့ ေသဆံုးႏႈန္း ေလ်ာ့မသြားေသးသလို အဲဒီထဲမွာေနာက္ခံေရာဂါမရွိသူ ေသဆံုးႏႈန္းကလည္း မ်ားမ်ားေနတာ ေတြ႔ရပါတယ္။

[Unicode Version]

မြန်မာကိုဗစ် ဓါတ်ခွဲအတည်ပြုစုစုပေါင်း ၁၂၃,၄၇၀ ဦး၊ သေဆုံး ၂,၆၆၄ ဦး

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း COVID-19 ရောဂါကူးစက်သူ ၅၈၇ ယောက် ထပ်တိုးပြီး သေဆုံးသူက ၂၇ ယောက် ထပ်တိုးတဲ့အကြောင်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဒီကနေ့ည ၈ နာရီ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

သေဆုံးသူတွေထဲမှာ ၉ ယောက်က ရောဂါအခံမရှိသူတွေဖြစ်တယ်ဆိုတာ ထုတ်ပြန်ချက်မှာ တွေ့ရပါတယ်။

ဓာတ်ခွဲနမူနာပေါင်း ၁၇,၀၁၀ ခုကို စစ်ဆေးခဲ့တဲ့ထဲက အခုလို နောက်ထပ် ရောဂါပိုးကူးစက်ထားသူတွေ တွေ့ရတာဖြစ်ပြီး ဒီကနေ့အထိဆိုရင် စစ်ဆေးခဲ့တဲ့ ဓာတ်ခွဲနမူနာပေါင်း ၁,၇၉၄,၂၅၃ ခု ရှိသွားပြီဖြစ်ပါတယ်။

သေဆုံးသူအရေအတွက်က ၂,၆၆၄ ယောက်ရှိပြီဖြစ်ပြီး ရောဂါပိုး ကူးစက်သူပေါင်းကတော့ ၁၂၃,၄၇၀ ယောက် ရှိသွားပါပြီ။

ဒီကနေ့ညထုတ်ပြန်ချက်မှာ ဆေးရုံဆင်းခွင့်ရရှိသူအရေအတွက် ၈၄၂ ယောက်ရှိတယ်လို့ ဖော်ပြထားတာကြောင့် ရောဂါပျောက်ကင်းသွားသူပေါင်း ၁၀၆,၁၂၁ ယောက် ရှိသွားပြီဖြစ်ပါတယ်။

ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန၊ သတင်းထုတ်ပြန်ရေးအဖွဲ့ဝင်၊ ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲ ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက သူ့ရဲ့ဖေ့စ်ဘုတ်မှာ မကြာသေးခင် အချိန်ပိုင်းအတွင်းက ရေးထားတာအရဆိုရင် ဒီကနေ့ ဓာတ်ခွဲစစ်ဆေးတဲ့ နမူနာအရေအတွက် စုစုပေါင်းထဲမှာ ပိုးတွေ့သူ ၃.၄၅% ရှိပြီး ပြန်ကောင်းလာသူ ၈၅.၉% ၊ သေဆုံးနှုန်းက ၂.၁၆% ရှိပါတယ်။

သေဆုံးသူတွေထဲမှာ နောက်ခံရောဂါရှိသူက ၆၆.၇% ရှိတယ်လို့လည်း ဒေါက်တာခင်ခင်ကြီးက ရေးထားပါတယ်။

အခုဆိုရင် ပိုးတွေ့နှုန်း ၄% အောက် ကျဆင်းလာတာ ရက်အနည်းငယ်ရှိလာပြီ ဖြစ်ပေမဲ့ သေဆုံးနှုန်း လျော့မသွားသေးသလို အဲဒီထဲမှာနောက်ခံရောဂါမရှိသူ သေဆုံးနှုန်းကလည်း များများနေတာ တွေ့ရပါတယ်။

XS
SM
MD
LG