[Zawgyi/Unicode]
COVID-19 ကပ္ေရာဂါ ဒုတိယလႈိင္းကို ရင္ဆိုင္ေနရတဲ့ ျမန္မာႏိုင္ငံမွာ အတည္ျပဳလူနာအေရအတြက္ ပထမဆံုးအႀကိမ္အျဖစ္ ၅၀၀ ေအာက္ကို က်ဆင္းသြားပါတယ္။
က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနရဲ႕ ဒီေန႔ ဇန္နဝါရီ ၁ ရက္ ည ၈ နာရီ ထုတ္ျပန္ခ်က္အရ အတည္ျပဳလူနာသစ္က ၄၁၂ ေယာက္ျဖစ္ပါတယ္။ ေသဆံုးသူကေတာ့ ၁၅ ေယာက္႐ွိၿပီး ၁၄ ေယာက္မွာ တျခားေရာဂါအခံ႐ွိသူေတြ ျဖစ္တယ္လို႔ ေဖာ္ျပထားပါတယ္။ ဒီေန႔အတြက္ စစ္ေဆးခဲ့တဲ့ ဓာတ္ခြဲနမူနာေပါင္းကေတာ့ ၁၅,၇၃၅ ခုျဖစ္ပါတယ္။ ေဆး႐ံုက ဆင္းခြင့္ရသူကေတာ့ ဒီေန႔အတြက္ ၇၀၈ ေယာက္ျဖစ္ပါတယ္။
၂၀၂၁ ႏွစ္ဆန္း ၁ ရက္မွာ ကိုဗစ္ အတည္ျပဳလူနာ စုစုေပါင္းစာရင္းက ၁၂၅,၀၄၂ ေယာက္၊ ေသဆံုးသူ စုစုေပါင္း ၂,၆၉၇ ေယာက္ျဖစ္ပါတယ္။ ေဆး႐ံုက ဆင္းခြင့္ရၿပီးသူ စုစုေပါင္းကေတာ့ ၁၇၇,၇၇၇ ေယာက္ပါ။
အိႏိၵယႏိုင္ငံက ဝယ္ယူထားတဲ့ ကိုဗစ္ကာကြယ္ေဆးေတြကို ေဖေဖာ္ဝါရီလေလာက္ကစၿပီး ကိုဗစ္ေရာဂါကုသေပးေနတဲ့ က်န္းမာေရးဝန္ထမ္းေတြကို ထိုးေပးမယ္လို႔ ႏိုင္ငံေတာ္အတုိင္ပင္ခံက ႏွစ္သစ္ကူးမိန္႔ခြန္းထဲမွာ ေျပာၾကားခဲ့ပါတယ္။ ၂၀၂၁ ခုႏွစ္အတြင္း တႏိုင္ငံလံုး အဆင့္လိုက္ ကိုဗစ္ကာကြယ္ေဆးေတြ ထိုးေပးသြားမယ္လို႔ ေဒၚေအာင္ဆန္းစုၾကည္က ေျပာၾကားခဲ့ပါတယ္။
[Unicode Version]
မြန်မာ COVID-19 ကူးစက်သူ ၁၂၅,၀၄၂ ယောက်၊ သေဆုံးသူ ၂,၆၉၇ ယောက်
COVID-19 ကပ်ရောဂါ ဒုတိယလှိုင်းကို ရင်ဆိုင်နေရတဲ့ မြန်မာနိုင်ငံမှာ အတည်ပြုလူနာအရေအတွက် ပထမဆုံးအကြိမ်အဖြစ် ၅၀၀ အောက်ကို ကျဆင်းသွားပါတယ်။
ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဒီနေ့ ဇန်နဝါရီ ၁ ရက် ည ၈ နာရီ ထုတ်ပြန်ချက်အရ အတည်ပြုလူနာသစ်က ၄၁၂ ယောက်ဖြစ်ပါတယ်။ သေဆုံးသူကတော့ ၁၅ ယောက်ရှိပြီး ၁၄ ယောက်မှာ တခြားရောဂါအခံရှိသူတွေ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ ဒီနေ့အတွက် စစ်ဆေးခဲ့တဲ့ ဓာတ်ခွဲနမူနာပေါင်းကတော့ ၁၅,၇၃၅ ခုဖြစ်ပါတယ်။ ဆေးရုံက ဆင်းခွင့်ရသူကတော့ ဒီနေ့အတွက် ၇၀၈ ယောက်ဖြစ်ပါတယ်။
၂၀၂၁ နှစ်ဆန်း ၁ ရက်မှာ ကိုဗစ် အတည်ပြုလူနာ စုစုပေါင်းစာရင်းက ၁၂၅,၀၄၂ ယောက်၊ သေဆုံးသူ စုစုပေါင်း ၂,၆၉၇ ယောက်ဖြစ်ပါတယ်။ ဆေးရုံက ဆင်းခွင့်ရပြီးသူ စုစုပေါင်းကတော့ ၁၇၇,၇၇၇ ယောက်ပါ။
အိန္ဒိယနိုင်ငံက ဝယ်ယူထားတဲ့ ကိုဗစ်ကာကွယ်ဆေးတွေကို ဖေဖော်ဝါရီလလောက်ကစပြီး ကိုဗစ်ရောဂါကုသပေးနေတဲ့ ကျန်းမာရေးဝန်ထမ်းတွေကို ထိုးပေးမယ်လို့ နိုင်ငံတော်အတိုင်ပင်ခံက နှစ်သစ်ကူးမိန့်ခွန်းထဲမှာ ပြောကြားခဲ့ပါတယ်။ ၂၀၂၁ ခုနှစ်အတွင်း တနိုင်ငံလုံး အဆင့်လိုက် ကိုဗစ်ကာကွယ်ဆေးတွေ ထိုးပေးသွားမယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ပါတယ်။