သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ျမန္မာ့ေခါင္းေဆာင္ေတြ ႏွစ္သစ္ႀကိဳမိန္႔ခြန္း ၿငိမ္းခ်မ္းေရးကိစၥ အဓိကေျပာ


ႏိုင္ငံေတာ္၏အတိုင္ပင္ခံ ပုဂၢိဳလ္ေဒၚေအာင္ဆန္းစုၾကည္ (ဝဲ)၊ ႏိုင္ငံေတာ္သမၼတ ဦးဝင္းျမင့္ (လယ္)၊ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ (ညာ)။ (ဓာတ္ပံု - Myanmar State Counsellor Office, တပ္မေတာ္သတင္းမွန္ ျပန္ၾကားေရးအဖြဲ႕)

[Zawgyi/Unicode]

၂၀၂၁ ႏွစ္သစ္ကူးတဲ့အခ်ိန္ ျမန္မာႏိုင္ငံ ေခါင္းေဆာင္အသီးသီးရဲ႕ ႏိုင္ငံကိုေျပာၾကားတဲ့ ႏွစ္သစ္ကူးႏႈတ္ခြန္းဆက္လႊာေတြထဲ တိုင္းျပည္တည္ၿငိမ္ေအးခ်မ္းေရး တရားဥပေဒစိုးမိုးေရးနဲ႔ ၿငိမ္းခ်မ္းေရးရဖို႔ အဓိကထားေဆာင္ၾကဥ္းေပးသြားမယ္လို႔ ျပည္သူကို ကတိျပဳၾကသလို ျပည္သူေတြဘက္ကလည္း ႏိုင္ငံ့အေရး ပူးေပါင္းပါဝင္ေပးၾကဖို႔ ေမတၱာရပ္ခံတိုက္တြန္းၾကပါတယ္။ ဗြီအိုေအျမန္မာပိုင္းသတင္းေထာက္ မဆုမြန္က စုစည္းတင္ျပေပးထားပါတယ္။

၂၀၂၀ လြန္လို႔ ၂၀၂၁ ခုႏွစ္ကူးေျပာင္းတဲ့ ႏွစ္သစ္ကူးအခါသမယမွာ ျမန္မာႏိုင္ငံႀကီး ေအးခ်မ္းတည္ၿငိမ္ ၿငိမ္းခ်မ္းပါေစေၾကာင္း ႏိုင္ငံ့ေခါင္းေဆာင္အသီးသီးက ႏွစ္သစ္ကူးႏႈတ္ခြန္းဆက္ဆုေတာင္းေပးၾကရင္း ၿငိမ္းခ်မ္းေရး တိုင္းျပည္ဖြံ႕ၿဖိဳးတိုးတက္ေရးေတြ ကပ္ေရာဂါကိုဗစ္ကာလ ျပည္သူေတြရဲ႕ လူမႈစီးပြားဘဝေတြ ျပန္လည္ထူေထာင္ေရး စြမ္းစြမ္းတမံ ေဆာင္ၾကဥ္းေပးမယ့္အေၾကာင္း ေခါင္းေဆာင္ေတြဘက္ကႏိုင္ငံကို ကိုယ္စီကတိျပဳေျပာဆိုခဲ့ၾကတာပါ။

၂၀၂၁ ခုႏွစ္မွာ အထူးသျဖင့္ ႏိုင္ငံတြင္း ကိုယ္စားျပဳမႈနဲ႔ ထိေရာက္မႈ ဟန္ခ်က္ ဘက္ညီ မွ်တေစမယ့္ "၂၀၂၀အလြန္ ၿငိမ္းခ်မ္းေရး ဖြဲ႕စည္းတည္ေဆာက္မႈအသစ္" ကို အရွိန္အဟုန္နဲ႔ အေကာင္အထည္ေဖာ္ သြားမယ့္အေၾကာင္း ႏိုင္ငံေတာ္၏အတိုင္ပင္ခံ ပုဂၢိဳလ္ေဒၚေအာင္ဆန္းစုၾကည္က ၂၀၂၁ ႏိုင္ငံတကာႏွစ္သစ္ကူး အထိမ္းအမွတ္ အခါသမယမွာ ႏႈတ္ခြန္းဆက္ေျပာၾကားပါတယ္။

"၂၀၂၁ ခုႏွစ္ ႏွစ္သစ္မွာ ျပည္ေထာင္စုသမၼတႏိုင္ငံေတာ္ ျပည္သူျပည္သားအေပါင္း က်န္းမာၾကပါေစ အခ်င္းခ်င္းေမတၱာပြားႏိုင္ၾကပါေစ ႏွလုံးစိတ္ဝမ္းေအးခ်မ္းၾကပါေစ။ အခုဆိုရင္ ၂၀၂၀အလြန္ ေရွ႕ဆက္သြားမယ့္ လမ္းေၾကာင္း အထင္အရွား အဆင္သင့္ရွိေနၿပီျဖစ္တဲ့အခ်ိန္မွာ NCA လက္မွတ္ေရးထိုးထားတဲ့ အဖြဲ႕ေတြအျပင္ NCA လက္မွတ္မထိုးရေသးတဲ့အဖြဲ႕ေတြ ပူးေပါင္းပါဝင္လာဖို႔အတြက္ ၂၀၂၀ အလြန္ ၿငိမ္းခ်မ္းေရး လုပ္ငန္းစဥ္ေတြကို က်မတို႔ ခ်ဥ္းကပ္မႈအသစ္ေတြနဲ႔ ဘက္စုံေထာင့္စုံ ႀကိဳးပမ္းေဆာင္႐ြက္ သြားမွာပါ။ ဒီလိုေဆာင္႐ြက္ႏိုင္ဖို႔အတြက္ ပညာရပ္ဆိုင္ရာ စီမံခန႔္ခြဲမႈဆိုင္ရာ အေထာက္အကူျပဳအဖြဲ႕ေတြ ႏိုင္ငံေရးပါတီေတြ အရပ္ဘက္အဖြဲ႕အစည္းေတြကအစ ျပည္သူေတြအပါအဝင္ အဓိက အင္အားစုေတြအဆုံး အေက်အလည္ေဆြးေႏြး ညႇိႏႈိင္းႏိုင္မယ့္ ျပန္လည္သုံးသပ္ေရးလုပ္ငန္းစဥ္ကို က်ယ္က်ယ္ျပန႔္ျပန႔္ ဘက္စုံစဥ္းစားၿပီး ကိုယ္စားျပဳမႈနဲ႔ ထိေရာက္မႈ ဟန္ခ်က္ဘက္ညီမွ်တေစမယ့္ "၂၀၂၀ အလြန္ ၿငိမ္းခ်မ္းေရးဖြဲ႕စည္း တည္ေဆာက္မႈ အသစ္ (New Peace Architecture)" ကို အရွိန္အဟုန္နဲ႔ေဖာ္ေဆာင္ သြားမွာျဖစ္ပါတယ္။ က်မတို႔ျပည္သူျပည္သားမ်ား သာမက ကမာၻသူကမာၻသားမ်ားအားလုံး ၂၀၂၁ ခုႏွစ္မွာ ၿငိမ္းခ်မ္းမႈေပးႏိုင္ပါေစ၊ ၿငိမ္းခ်မ္းမႈ ရယူႏိုင္ၾကပါေစ၊ ႐ႊင္လန္းမႈေပးႏိုင္ၾကပါေစ ႐ႊင္လန္းမႈ ရယူႏိုင္ၾကပါေစ ေမတၱာေပးႏိုင္ၾကပါေစ ေမတၱာ ရယူႏိုင္ၾကပါေစ ႏွလုံးစိတ္ဝမ္းေအးခ်မ္းၾကပါေစ။"

ႏိုင္ငံေတာ္သမၼတ ဦးဝင္းျမင့္ကလည္း ႏိုင္ငံကိုေျပာၾကားတဲ့ႏွစ္သစ္ကူး ႏႈတ္ခြန္းဆက္ အမွာစကားထဲမွာ တိုင္းျပည္ တည္ၿငိမ္ေအးခ်မ္းေရးနဲ႔ တရားဥပေဒစိုးမိုးေရး ႏိုင္ငံ့အေရးမွာ ႏိုင္ငံသူႏိုင္ငံသားေတြ တခဲနက္ ပါဝင္ေပးၾကပါလို႔ ျပည္သူကို ပန္ၾကားပါတယ္။

"၂၀၂၁ ခုႏွစ္ ႏွစ္သစ္အခါသမယမွာ ႏိုင္ငံသူႏိုင္ငံသားမ်ားအားလုံး ကိုယ္ေရာစိတ္ပါ က်န္းမာ ခ်မ္းသာပါေစေၾကာင္း ဆုမြန္ေကာင္းေတာင္းရင္း ႏႈတ္ခြန္းဆက္သအပ္ပါတယ္။ လာမယ့္ႏွစ္မ်ားအတြင္းမွာ ေဆာင္႐ြက္ဆဲ လုပ္ငန္းေတြၿပီးစီး႐ုံသာမက ႏိုင္ငံေရး စီးပြားေရး လူမႈေရး စတဲ့ က႑နယ္ပယ္အသီးသီးမွာ ႏိုင္ငံသူႏိုင္ငံသားေတြ အတြက္ ပိုမိုေကာင္းမြန္တဲ့အေနအထား အခြင့္အလမ္းသစ္ေတြ ေဖာ္ေဆာင္ေပးႏိုင္ဖို႔ ျပည္သူမ်ားနဲ႔လက္တြဲၿပီး ဆက္လက္ အားထုတ္ႀကိဳးပမ္းသြားမွာျဖစ္ပါတယ္။ ႏိုင္ငံတခု တိုးတက္ေအာင္ျမင္ေရး အတြက္ အေရးႀကီးဆုံး အေျခခံအခ်က္က တိုင္းျပည္တည္ၿငိမ္ေအးခ်မ္းေရးနဲ႔ တရားဥပေဒ စိုးမိုးေရးျဖစ္ ပါတယ္။ ဒီအတြက္ေဆာင္႐ြက္ရာမွာ ျပည္သူေတြရဲ႕စုေပါင္းအင္အားဟာ အလြန္ကို အေရးပါပါတယ္။ ဒါေၾကာင့္ ႏိုင္ငံေတာ္ရဲ႕ အေရးမွာ ႏိုင္ငံသူႏိုင္ငံသားမ်ားအားလုံး တခဲနက္ ပါဝင္ေဆာင္႐ြက္ေပးၾကဖို႔ ပန္ၾကားလိုပါတယ္။ မဂၤလာအေပါင္း နဲ႔ ခေညာင္းျပည့္စုံတဲ့ ႏွစ္သစ္အခါသမယမွာ မိဘျပည္သူအားလုံး ကပ္ေရာဂါေဘး ကင္းေဝးကာ ကိုယ္စိတ္ႏွစ္ျဖာ က်န္းမာခ်မ္းသာၾကပါေစ ျပည္သူလူထုရဲ႕ စုေပါင္းစြမ္းအားနဲ႔ ႏိုင္ငံေတာ္ႀကီး ၿငိမ္းခ်မ္းသာယာၿပီး ဖြံ႕ၿဖိဳးတိုးတက္ပါေစလို႔ ဆုမြန္ေကာင္းေတာင္းအပ္ပါတယ္။"

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ရဲ႕ ၂၀၂၁ ခုႏွစ္ ႏွစ္သစ္ကူး ႏႈတ္ခြန္းဆက္ စကားထဲမွာေတာ့ ႏိုင္ငံရဲ႕အနာဂတ္ မ်ိဳးဆက္သစ္ ကေလးသူငယ္ေတြရဲ႕ဘဝ ဖြံ႕ၿဖိဳးတိုးတက္ေရး ႏိုင္ငံမွာ ထာဝရၿငိမ္းခ်မ္းေရး ရေအာင္ တပ္မေတာ္အေနနဲ႔ တိုင္းရင္းသားေတြနဲ႔လက္တြဲၿပီး အေကာင္းဆုံးေဆာင္ၾကဥ္းေပးသြားမယ္လို႔ ျပည္သူကိုကတိျပဳေျပာၾကားခဲ့ပါတယ္။

"ခ်စ္ခင္ေလးစားအပ္တဲ့ တိုင္းရင္းသားညီအစ္ကို ေမာင္ႏွမမ်ားအားလုံး - ၂၀၂၁ ခုႏွစ္ ႏွစ္သစ္ အခါသမယမွာ ကိုယ္၏ က်န္းမာျခင္း၊ စိတ္၏ ခ်မ္းသာျခင္းစတဲ့ က်က္သေရမဂၤလာအေပါင္းႏွင့္ ျပည့္စုံပါေစေၾကာင္း ႏႈတ္ခြန္း ဆက္သလိုက္ရပါတယ္။ တပ္မေတာ္အေနျဖင့္ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္မ်ား ေအာင္ျမင္ေစရန္အတြက္ ၿငိမ္းခ်မ္းေရးကို အေႏွာင့္အယွက္၊ အဟန႔္အတားျဖစ္ေစမည့္ မည္သည့္ကိစၥမဆိုေရွာင္ရွားၿပီး ထာဝရၿငိမ္းခ်မ္းေရးကို အေကာင္အထည္ေဖာ္ေဆာင္႐ြက္ႏိုင္ဖို႔အတြက္ တိုင္းစစ္ဌာနခ်ဳပ္နယ္ေျမ ၅ ခုမွာ ၂၀၁၈ ခုႏွစ္၊ ဒီဇင္ဘာလ ၂၁ ရက္ကစၿပီး ၂၀၂၀ ျပည့္ႏွစ္၊ ဒီဇင္ဘာလ ၃၁ ရက္ေန႔ထိ ၂ ႏွစ္ၾကာ အပစ္ အခတ္ ရပ္စဲေပးခဲ့ပါတယ္။ ဆက္လက္ၿပီး အျဖစ္ႏိုင္ဆုံး ေဆာင္႐ြက္ေပးသြားမွာ ျဖစ္ပါတယ္။ ၂၀၂၀ ျပည့္ႏွစ္ အလြန္ကာလမွာ ႏိုင္ငံေတာ္ကို ဒီမိုကေရစီႏွင့္ ဖက္ဒရယ္စနစ္ကိုအေျခခံတဲ့ ႏိုင္ငံေရးလမ္းေၾကာင္းကို ဆက္လက္ေလွ်ာက္လွမ္းႏိုင္ဖို႔ တိုင္းရင္းသားလက္နက္ကိုင္ အဖြဲ႕အစည္းမ်ားအေနနဲ႔ NCA လမ္းေၾကာင္းကို မလြဲမေသြေလွ်ာက္လွမ္းၾကရမွာပဲ ျဖစ္ပါတယ္။ ထာဝရၿငိမ္းခ်မ္းေရးရရွိမွသာ တိုင္းျပည္ေအးခ်မ္း သာယာမႈ ရွိၿပီး မိမိတို႔ ေဒသ၊ မိမိတို႔ရဲ႕ အနာဂတ္ မ်ိဳးဆက္သစ္ ကေလးသူငယ္မ်ားရဲ႕ လူမႈဘဝဖြံ႕ၿဖိဳး တိုးတက္မည္ ဆိုတာကို ေမွ်ာ္ေတြးေဆာင္႐ြက္ သြားၾကေစလိုပါတယ္။ တပ္မေတာ္အေနနဲ႔ တိုင္းရင္းသား ညီအစ္ကိုေမာင္ႏွမမ်ား နဲ႔ လက္တြဲၿပီး ထာဝရၿငိမ္းခ်မ္းေရးနဲ႔ ႏိုင္ငံေတာ္ဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္ အေကာင္းဆုံး ျဖစ္ေအာင္ ေဆာင္ၾကဥ္း လုပ္ေဆာင္သြားပါမယ္လို႔ေျပာၾကားရင္း မိဘျပည္သူမ်ားအားလုံး ေကာင္းက်ိဳး လိုအင္ဆႏၵေတြ ျပည့္ဝၾကပါေစေၾကာင္း ထပ္မံ ဆုေတာင္းအပ္ပါတယ္ခင္ဗ်ား။"

ဒီလိုႏိုင္ငံ့ေခါင္းေဆာင္ေတြရဲ႕ ႏွစ္သစ္ကူးႏႈတ္ခြန္းဆက္လႊာေတြထဲ ျပည္သူကို အေလးအနက္ ထပ္ၿပီး ကတိေပးေျပာဆိုခဲ့တာကေတာ့ အခုလက္ရွိ ကမာၻတဝန္း ရင္ဆိုင္ျဖတ္သန္းေနရတဲ့ COVID-19 ကပ္ေရာဂါေဘးအႏၲရာယ္က ရင္ဆိုင္ေက်ာ္လႊားႏိုင္ေရး ပူးေပါင္းေဆာင္႐ြက္ခ်က္ေတြနဲ႔အတူ ကိုဗစ္ကာလအတြင္းနဲ႔ ကပ္ေရာဂါအလြန္ကာလ ျပည္သူေတြရဲ႕လူမႈစီးပြားဘဝ ျပန္လည္ေကာင္းမြန္လာေရး၊ စီးပြားေရးျပန္လည္ ကုစားမႈအစီအစဥ္ စီမံကိန္းေတြ ထိထိေရာက္ေရာက္ အေကာင္အထည္ေဖာ္သြားမယ့္အေၾကာင္း အသီးသီး ကတိျပဳခဲ့ၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

မြန်မာ့ခေါင်းဆောင်တွေ နှစ်သစ်ကြိုမိန့်ခွန်း ငြိမ်းချမ်းရေးကိစ္စ အဓိကပြော

၂၀၂၁ နှစ်သစ်ကူးတဲ့အချိန် မြန်မာနိုင်ငံ ခေါင်းဆောင်အသီးသီးရဲ့ နိုင်ငံကိုပြောကြားတဲ့ နှစ်သစ်ကူးနှုတ်ခွန်းဆက်လွှာတွေထဲ တိုင်းပြည်တည်ငြိမ်အေးချမ်းရေး တရားဥပဒေစိုးမိုးရေးနဲ့ ငြိမ်းချမ်းရေးရဖို့ အဓိကထားဆောင်ကြဉ်းပေးသွားမယ်လို့ ပြည်သူကို ကတိပြုကြသလို ပြည်သူတွေဘက်ကလည်း နိုင်ငံ့အရေး ပူးပေါင်းပါဝင်ပေးကြဖို့ မေတ္တာရပ်ခံတိုက်တွန်းကြပါတယ်။ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မဆုမွန်က စုစည်းတင်ပြပေးထားပါတယ်။

၂၀၂၀ လွန်လို့ ၂၀၂၁ ခုနှစ်ကူးပြောင်းတဲ့ နှစ်သစ်ကူးအခါသမယမှာ မြန်မာနိုင်ငံကြီး အေးချမ်းတည်ငြိမ် ငြိမ်းချမ်းပါစေကြောင်း နိုင်ငံ့ခေါင်းဆောင်အသီးသီးက နှစ်သစ်ကူးနှုတ်ခွန်းဆက်ဆုတောင်းပေးကြရင်း ငြိမ်းချမ်းရေး တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးတွေ ကပ်ရောဂါကိုဗစ်ကာလ ပြည်သူတွေရဲ့ လူမှုစီးပွားဘဝတွေ ပြန်လည်ထူထောင်ရေး စွမ်းစွမ်းတမံ ဆောင်ကြဉ်းပေးမယ့်အကြောင်း ခေါင်းဆောင်တွေဘက်ကနိုင်ငံကို ကိုယ်စီကတိပြုပြောဆိုခဲ့ကြတာပါ။

၂၀၂၁ ခုနှစ်မှာ အထူးသဖြင့် နိုင်ငံတွင်း ကိုယ်စားပြုမှုနဲ့ ထိရောက်မှု ဟန်ချက် ဘက်ညီ မျှတစေမယ့် "၂၀၂၀အလွန် ငြိမ်းချမ်းရေး ဖွဲ့စည်းတည်ဆောက်မှုအသစ်" ကို အရှိန်အဟုန်နဲ့ အကောင်အထည်ဖော် သွားမယ့်အကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က ၂၀၂၁ နိုင်ငံတကာနှစ်သစ်ကူး အထိမ်းအမှတ် အခါသမယမှာ နှုတ်ခွန်းဆက်ပြောကြားပါတယ်။

"၂၀၂၁ ခုနှစ် နှစ်သစ်မှာ ပြည်ထောင်စုသမ္မတနိုင်ငံတော် ပြည်သူပြည်သားအပေါင်း ကျန်းမာကြပါစေ အချင်းချင်းမေတ္တာပွားနိုင်ကြပါစေ နှလုံးစိတ်ဝမ်းအေးချမ်းကြပါစေ။ အခုဆိုရင် ၂၀၂၀အလွန် ရှေ့ဆက်သွားမယ့် လမ်းကြောင်း အထင်အရှား အဆင်သင့်ရှိနေပြီဖြစ်တဲ့အချိန်မှာ NCA လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့တွေအပြင် NCA လက်မှတ်မထိုးရသေးတဲ့အဖွဲ့တွေ ပူးပေါင်းပါဝင်လာဖို့အတွက် ၂၀၂၀ အလွန် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေကို ကျမတို့ ချဉ်းကပ်မှုအသစ်တွေနဲ့ ဘက်စုံထောင့်စုံ ကြိုးပမ်းဆောင်ရွက် သွားမှာပါ။ ဒီလိုဆောင်ရွက်နိုင်ဖို့အတွက် ပညာရပ်ဆိုင်ရာ စီမံခန့်ခွဲမှုဆိုင်ရာ အထောက်အကူပြုအဖွဲ့တွေ နိုင်ငံရေးပါတီတွေ အရပ်ဘက်အဖွဲ့အစည်းတွေကအစ ပြည်သူတွေအပါအဝင် အဓိက အင်အားစုတွေအဆုံး အကျေအလည်ဆွေးနွေး ညှိနှိုင်းနိုင်မယ့် ပြန်လည်သုံးသပ်ရေးလုပ်ငန်းစဉ်ကို ကျယ်ကျယ်ပြန့်ပြန့် ဘက်စုံစဉ်းစားပြီး ကိုယ်စားပြုမှုနဲ့ ထိရောက်မှု ဟန်ချက်ဘက်ညီမျှတစေမယ့် "၂၀၂၀ အလွန် ငြိမ်းချမ်းရေးဖွဲ့စည်း တည်ဆောက်မှု အသစ် (New Peace Architecture)" ကို အရှိန်အဟုန်နဲ့ဖော်ဆောင် သွားမှာဖြစ်ပါတယ်။ ကျမတို့ပြည်သူပြည်သားများ သာမက ကမ္ဘာသူကမ္ဘာသားများအားလုံး ၂၀၂၁ ခုနှစ်မှာ ငြိမ်းချမ်းမှုပေးနိုင်ပါစေ၊ ငြိမ်းချမ်းမှု ရယူနိုင်ကြပါစေ၊ ရွှင်လန်းမှုပေးနိုင်ကြပါစေ ရွှင်လန်းမှု ရယူနိုင်ကြပါစေ မေတ္တာပေးနိုင်ကြပါစေ မေတ္တာ ရယူနိုင်ကြပါစေ နှလုံးစိတ်ဝမ်းအေးချမ်းကြပါစေ။"

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ကလည်း နိုင်ငံကိုပြောကြားတဲ့နှစ်သစ်ကူး နှုတ်ခွန်းဆက် အမှာစကားထဲမှာ တိုင်းပြည် တည်ငြိမ်အေးချမ်းရေးနဲ့ တရားဥပဒေစိုးမိုးရေး နိုင်ငံ့အရေးမှာ နိုင်ငံသူနိုင်ငံသားတွေ တခဲနက် ပါဝင်ပေးကြပါလို့ ပြည်သူကို ပန်ကြားပါတယ်။

"၂၀၂၁ ခုနှစ် နှစ်သစ်အခါသမယမှာ နိုင်ငံသူနိုင်ငံသားများအားလုံး ကိုယ်ရောစိတ်ပါ ကျန်းမာ ချမ်းသာပါစေကြောင်း ဆုမွန်ကောင်းတောင်းရင်း နှုတ်ခွန်းဆက်သအပ်ပါတယ်။ လာမယ့်နှစ်များအတွင်းမှာ ဆောင်ရွက်ဆဲ လုပ်ငန်းတွေပြီးစီးရုံသာမက နိုင်ငံရေး စီးပွားရေး လူမှုရေး စတဲ့ ကဏ္ဍနယ်ပယ်အသီးသီးမှာ နိုင်ငံသူနိုင်ငံသားတွေ အတွက် ပိုမိုကောင်းမွန်တဲ့အနေအထား အခွင့်အလမ်းသစ်တွေ ဖော်ဆောင်ပေးနိုင်ဖို့ ပြည်သူများနဲ့လက်တွဲပြီး ဆက်လက် အားထုတ်ကြိုးပမ်းသွားမှာဖြစ်ပါတယ်။ နိုင်ငံတခု တိုးတက်အောင်မြင်ရေး အတွက် အရေးကြီးဆုံး အခြေခံအချက်က တိုင်းပြည်တည်ငြိမ်အေးချမ်းရေးနဲ့ တရားဥပဒေ စိုးမိုးရေးဖြစ် ပါတယ်။ ဒီအတွက်ဆောင်ရွက်ရာမှာ ပြည်သူတွေရဲ့စုပေါင်းအင်အားဟာ အလွန်ကို အရေးပါပါတယ်။ ဒါကြောင့် နိုင်ငံတော်ရဲ့ အရေးမှာ နိုင်ငံသူနိုင်ငံသားများအားလုံး တခဲနက် ပါဝင်ဆောင်ရွက်ပေးကြဖို့ ပန်ကြားလိုပါတယ်။ မင်္ဂလာအပေါင်း နဲ့ ခညောင်းပြည့်စုံတဲ့ နှစ်သစ်အခါသမယမှာ မိဘပြည်သူအားလုံး ကပ်ရောဂါဘေး ကင်းဝေးကာ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ ပြည်သူလူထုရဲ့ စုပေါင်းစွမ်းအားနဲ့ နိုင်ငံတော်ကြီး ငြိမ်းချမ်းသာယာပြီး ဖွံ့ဖြိုးတိုးတက်ပါစေလို့ ဆုမွန်ကောင်းတောင်းအပ်ပါတယ်။"

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ ၂၀၂၁ ခုနှစ် နှစ်သစ်ကူး နှုတ်ခွန်းဆက် စကားထဲမှာတော့ နိုင်ငံရဲ့အနာဂတ် မျိုးဆက်သစ် ကလေးသူငယ်တွေရဲ့ဘဝ ဖွံ့ဖြိုးတိုးတက်ရေး နိုင်ငံမှာ ထာဝရငြိမ်းချမ်းရေး ရအောင် တပ်မတော်အနေနဲ့ တိုင်းရင်းသားတွေနဲ့လက်တွဲပြီး အကောင်းဆုံးဆောင်ကြဉ်းပေးသွားမယ်လို့ ပြည်သူကိုကတိပြုပြောကြားခဲ့ပါတယ်။

"ချစ်ခင်လေးစားအပ်တဲ့ တိုင်းရင်းသားညီအစ်ကို မောင်နှမများအားလုံး - ၂၀၂၁ ခုနှစ် နှစ်သစ် အခါသမယမှာ ကိုယ်၏ ကျန်းမာခြင်း၊ စိတ်၏ ချမ်းသာခြင်းစတဲ့ ကျက်သရေမင်္ဂလာအပေါင်းနှင့် ပြည့်စုံပါစေကြောင်း နှုတ်ခွန်း ဆက်သလိုက်ရပါတယ်။ တပ်မတော်အနေဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ အောင်မြင်စေရန်အတွက် ငြိမ်းချမ်းရေးကို အနှောင့်အယှက်၊ အဟန့်အတားဖြစ်စေမည့် မည်သည့်ကိစ္စမဆိုရှောင်ရှားပြီး ထာဝရငြိမ်းချမ်းရေးကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ဖို့အတွက် တိုင်းစစ်ဌာနချုပ်နယ်မြေ ၅ ခုမှာ ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်ကစပြီး ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ ၃၁ ရက်နေ့ထိ ၂ နှစ်ကြာ အပစ် အခတ် ရပ်စဲပေးခဲ့ပါတယ်။ ဆက်လက်ပြီး အဖြစ်နိုင်ဆုံး ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။ ၂၀၂၀ ပြည့်နှစ် အလွန်ကာလမှာ နိုင်ငံတော်ကို ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ နိုင်ငံရေးလမ်းကြောင်းကို ဆက်လက်လျှောက်လှမ်းနိုင်ဖို့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအနေနဲ့ NCA လမ်းကြောင်းကို မလွဲမသွေလျှောက်လှမ်းကြရမှာပဲ ဖြစ်ပါတယ်။ ထာဝရငြိမ်းချမ်းရေးရရှိမှသာ တိုင်းပြည်အေးချမ်း သာယာမှု ရှိပြီး မိမိတို့ ဒေသ၊ မိမိတို့ရဲ့ အနာဂတ် မျိုးဆက်သစ် ကလေးသူငယ်များရဲ့ လူမှုဘဝဖွံ့ဖြိုး တိုးတက်မည် ဆိုတာကို မျှော်တွေးဆောင်ရွက် သွားကြစေလိုပါတယ်။ တပ်မတော်အနေနဲ့ တိုင်းရင်းသား ညီအစ်ကိုမောင်နှမများ နဲ့ လက်တွဲပြီး ထာဝရငြိမ်းချမ်းရေးနဲ့ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကောင်းဆုံး ဖြစ်အောင် ဆောင်ကြဉ်း လုပ်ဆောင်သွားပါမယ်လို့ပြောကြားရင်း မိဘပြည်သူများအားလုံး ကောင်းကျိုး လိုအင်ဆန္ဒတွေ ပြည့်ဝကြပါစေကြောင်း ထပ်မံ ဆုတောင်းအပ်ပါတယ်ခင်ဗျား။"

ဒီလိုနိုင်ငံ့ခေါင်းဆောင်တွေရဲ့ နှစ်သစ်ကူးနှုတ်ခွန်းဆက်လွှာတွေထဲ ပြည်သူကို အလေးအနက် ထပ်ပြီး ကတိပေးပြောဆိုခဲ့တာကတော့ အခုလက်ရှိ ကမ္ဘာတဝန်း ရင်ဆိုင်ဖြတ်သန်းနေရတဲ့ COVID-19 ကပ်ရောဂါဘေးအန္တရာယ်က ရင်ဆိုင်ကျော်လွှားနိုင်ရေး ပူးပေါင်းဆောင်ရွက်ချက်တွေနဲ့အတူ ကိုဗစ်ကာလအတွင်းနဲ့ ကပ်ရောဂါအလွန်ကာလ ပြည်သူတွေရဲ့လူမှုစီးပွားဘဝ ပြန်လည်ကောင်းမွန်လာရေး၊ စီးပွားရေးပြန်လည် ကုစားမှုအစီအစဉ် စီမံကိန်းတွေ ထိထိရောက်ရောက် အကောင်အထည်ဖော်သွားမယ့်အကြောင်း အသီးသီး ကတိပြုခဲ့ကြပါတယ်။

XS
SM
MD
LG