[Zawgyi/Unicode]
ျမန္မာႏိုင္ငံမွာ ၿပီးခဲ့တဲ့ ၂၄ နာရီအတြင္း COVID-19 ေရာဂါကူးစက္သူ ၆၀၅ ေယာက္ ထပ္တိုးၿပီး ေသဆုံးသူ ၁၀ ေယာက္ ထပ္တိုးတဲ့အေၾကာင္း က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနရဲ႕ ဒီကေန႔ည ၈ နာရီ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။
ဒီေန႔ထုတ္ျပန္ခ်က္မွာပါတဲ့ ေသဆုံးသူေတြထဲမွာ ၈ ေယာက္က ေရာဂါအခံရွိသူေတြျဖစ္ပါတယ္။
ဓာတ္ခြဲနမူနာေပါင္း ၁၈,၈၂၀ ခုကို စစ္ေဆးခဲ့တဲ့ထဲက အခုလို ေနာက္ထပ္ ေရာဂါပိုးကူးစက္ထားသူေတြ ေတြ႕ရတာျဖစ္ၿပီး ဒီကေန႔အထိဆိုရင္ စစ္ေဆးခဲ့တဲ့ ဓာတ္ခြဲနမူနာေပါင္း ၂,၀၇၄,၅၇၇ ခု ရွိသြားၿပီျဖစ္ပါတယ္။
ေသဆုံးသူအေရအတြက္က ၂,၉၁၂ ေယာက္ရွိၿပီျဖစ္ၿပီး ေရာဂါပိုး ကူးစက္သူေပါင္းကေတာ့ ၁၃၂,၈၆၅ ေယာက္ ရွိသြားပါၿပီ။
ဒီကေန႔ညထုတ္ျပန္ခ်က္မွာ ေဆး႐ုံဆင္းခြင့္ရရွိသူ အေရအတြက္ ၄၇၉ ေယာက္ရွိၿပီး ေရာဂါေပ်ာက္ကင္းသူ စုစုေပါင္းကေတာ့ ၁၁၆,၁၀၀ ေယာက္ ရွိသြားပါၿပီ။
က်န္းမာေရးနဲ႔အားကစားဝန္ႀကီးဌာန၊ သတင္းထုတ္ျပန္ေရးအဖြဲ႕ဝင္၊ ဗဟိုကူးစက္ေရာဂါ တိုက္ဖ်က္ေရးဌာနခြဲ ၫႊန္ၾကားေရးမႉး ေဒါက္တာခင္ခင္ႀကီးက သူ႔ရဲ႕ေဖ့စ္ဘုတ္မွာ မၾကာေသးခင္ အခ်ိန္ပိုင္းအတြင္းက ေရးထားတာအရဆိုရင္ ဒီကေန႔ ဓာတ္ခြဲစစ္ေဆးတဲ့ နမူနာအေရအတြက္ စုစုေပါင္းထဲမွာ ပိုးေတြ႕သူ ၃.၂၁% ရွိၿပီး ျပန္ေကာင္းလာသူ ၈၇.၃၈% ၊ ေသဆုံးႏႈန္းက ၂.၁၉% ရွိပါတယ္။
ေသဆုံးသူေတြထဲမွာ ေနာက္ခံေရာဂါရွိသူက ၈၀% ရွိပါတယ္။
မေန႔ကနဲ႔ ႏိႈင္းယွဥ္မယ္ဆိုရင္ ဒီကေန႔မွာ စစ္ေဆးတဲ့ ဓာတ္ခြဲနမူနာအေရအတြက္ ပိုမ်ားၿပီး ကူးစက္သူကလည္း ပိုမ်ားပါတယ္။ ေသဆံုးသူအေရအတြက္ကေတာ့ မေန႔ကေအာက္ ထက္ဝက္နီးပါး ပိုနည္းပါတယ္။
[Unicode Version]
မြန်မာ COVID-19 ရောဂါကူးစက်သူ ၆၀၅ ယောက်၊ သေဆုံးသူ ၁၀ ယောက် ထပ်တိုး
မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း COVID-19 ရောဂါကူးစက်သူ ၆၀၅ ယောက် ထပ်တိုးပြီး သေဆုံးသူ ၁၀ ယောက် ထပ်တိုးတဲ့အကြောင်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဒီကနေ့ည ၈ နာရီ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒီနေ့ထုတ်ပြန်ချက်မှာပါတဲ့ သေဆုံးသူတွေထဲမှာ ၈ ယောက်က ရောဂါအခံရှိသူတွေဖြစ်ပါတယ်။
ဓာတ်ခွဲနမူနာပေါင်း ၁၈,၈၂၀ ခုကို စစ်ဆေးခဲ့တဲ့ထဲက အခုလို နောက်ထပ် ရောဂါပိုးကူးစက်ထားသူတွေ တွေ့ရတာဖြစ်ပြီး ဒီကနေ့အထိဆိုရင် စစ်ဆေးခဲ့တဲ့ ဓာတ်ခွဲနမူနာပေါင်း ၂,၀၇၄,၅၇၇ ခု ရှိသွားပြီဖြစ်ပါတယ်။
သေဆုံးသူအရေအတွက်က ၂,၉၁၂ ယောက်ရှိပြီဖြစ်ပြီး ရောဂါပိုး ကူးစက်သူပေါင်းကတော့ ၁၃၂,၈၆၅ ယောက် ရှိသွားပါပြီ။
ဒီကနေ့ညထုတ်ပြန်ချက်မှာ ဆေးရုံဆင်းခွင့်ရရှိသူ အရေအတွက် ၄၇၉ ယောက်ရှိပြီး ရောဂါပျောက်ကင်းသူ စုစုပေါင်းကတော့ ၁၁၆,၁၀၀ ယောက် ရှိသွားပါပြီ။
ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာန၊ သတင်းထုတ်ပြန်ရေးအဖွဲ့ဝင်၊ ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲ ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက သူ့ရဲ့ဖေ့စ်ဘုတ်မှာ မကြာသေးခင် အချိန်ပိုင်းအတွင်းက ရေးထားတာအရဆိုရင် ဒီကနေ့ ဓာတ်ခွဲစစ်ဆေးတဲ့ နမူနာအရေအတွက် စုစုပေါင်းထဲမှာ ပိုးတွေ့သူ ၃.၂၁% ရှိပြီး ပြန်ကောင်းလာသူ ၈၇.၃၈% ၊ သေဆုံးနှုန်းက ၂.၁၉% ရှိပါတယ်။
သေဆုံးသူတွေထဲမှာ နောက်ခံရောဂါရှိသူက ၈၀% ရှိပါတယ်။
မနေ့ကနဲ့ နှိုင်းယှဉ်မယ်ဆိုရင် ဒီကနေ့မှာ စစ်ဆေးတဲ့ ဓာတ်ခွဲနမူနာအရေအတွက် ပိုများပြီး ကူးစက်သူကလည်း ပိုများပါတယ်။ သေဆုံးသူအရေအတွက်ကတော့ မနေ့ကအောက် ထက်ဝက်နီးပါး ပိုနည်းပါတယ်။